သစ္သီးဝလံေတြမွာပါဝင္တဲ့ အခ်ဳိဓာတ္ဟာ
စုိးရိမ္စရာ ျဖစ္ေနၿပီလား ...
-----------------------------------------------
က်န္းမာေရးအတြက္ သစ္သီး၀လံေတြကေတာ့ စားကိုစားသင့္ပါတယ္။
ဒါေပမဲ့လဲ diet လုပ္တာမ်ိဳးရွိရင္ တခ်ဳိ႕သစ္သီးေတြမွာ အခ်ိဳဓာတ္ေတြ
ရွိတာေၾကာင့္ စားရင္ေကာင္းမလား ၊မေကာင္းဘူးလား ဆိုတာမ်ိဳး
ျဖစ္ေနတတ္ပါတယ္။ သၾကားဓာတ္မ်ားတာေၾကာင့္ diet လုပ္ရာမွာ
အေႏွာက္အယွက္မ်ား ျဖစ္ေနမလားေနာ္။
သစ္သီး၀လံေတြမွာပါ၀င္တဲ့ အာဟာရဓာတ္ေတြက အမ်ိဳးမ်ိဳးကြဲျပား
ပါတယ္။ ဗီတာမင္၊ သတၱဳဓာတ္ေတြအျပင္ အမ်ွင္ဓာတ္ေတြ ပါ၀င္
ပါေသးတယ္။ သိတဲ့အတုိင္းဘဲ အမ်ွင္ဓာတ္ေတြဟာ ကိုလက္စထေရာ
ကိုက်ေစပါတယ္။ ၀ိတ္ခ်ခ်င္တဲ့ သူေတြအတြက္ ရန္သူၾကီးျဖစ္တဲ့
ကိုလက္စထေရာကိုျဖိဳခြင္းေပးမဲ့ အမ်ွင္ဓာတ္ေတြကေတာ့ အမ်ားၾကီး
ပါတယ္ေလ။ အာဟာရဓာတ္ေတြ အမ်ားၾကီးပါ၀င္သလို ကယ္လိုရီ
နည္းပါတယ္။ ဒါေၾကာင့္ ၀ိတ္ခ်ခ်င္တဲ့သူေတြ ေရြးခ်ယ္သင့္တာ က
အသီးအႏွံေတြလို႔ ခိုင္ခိုင္မာမာ ေျပာလို႕ေနပါျပီ။
ေနာက္တစ္ခုအေရးၾကီးတာက ဆီးခ်ိဳသမားေတြပါ။ ဆီးခ်ိဳသမားေတြရဲ႕
တစ္ေန႔တာအတြက္ သီးႏွံအမ်ိဳးမ်ိဳးကိုစားႏိုင္တယ္လို့ဆိုေပမဲ့ တခ်ဳိ႕ေတြ
က သၾကားဓာတ္ကို ေၾကာက္တာေၾကာင့္ ေရွာင္ၾကတယ္ေလ။
ေလ့လာခ်က္ေတြအရဆိုရင္ သစ္သီးတစ္လံုးစားလိုက္ရင္ေတာင္မွ
ကိုယ္တြင္းက သၾကားဓာတ္ပါ၀င္မႈကို အမ်ားၾကီး အက်ိဳးသက္ေရာက္
ေစတာမ်ိဳး မရွိပါဘူး။ အသီးေဖ်ာ္ရည္ေတြ ေသာက္သံုးမွာထက္စာရင္
သစ္သီးေတြကို အလံုးလိုက္သာ စားလိုက္ပါေတာ့ေလ။
ဒါဆိုရင္ အမ်ားၾကီးစားမိရင္ေကာလို႕ ေမးခ်င္ပါလိမ့္မယ္။
အဲ့ဒီအတြက္ကိုလည္း စိတ္မပူပါနဲ႕ေလ။ သစ္သီး၀လံေတြဟာ
အမ်ွင္ဓာတ္ေတြ၊ ေရဓာတ္ေတြ အမ်ားၾကီးပါ၀င္တာေၾကာင့္
ဗိုက္ထဲမွာျပည့္အင့္သြားျပီလို႕ ခံစားရေစႏိုင္ပါတယ္။
အမ်ားၾကီးစားမိတာမ်ိဳး မျဖစ္ပါဘူး။
ေျပာခ်င္တာကေတာ့ အသီးအႏွံေတြမွာပါ၀င္တဲ့ သၾကားဓာတ္
ဆုိတာေတြကို လံုး၀လံုး၀ စိုးရိမ္ပူပန္ေနစရာ မလိုပါဘူးေလ။
ေရာဂါေတြကို ကာကြယ္တယ္၊ ၀ိတ္လည္းက်ေစတယ္၊
ဆီးခ်ိဳေရာဂါသမားေတြလည္း စိတ္ခ်လက္ခ် စားႏိုင္တယ္။
ကဲစိတ္မပူဘဲနဲ႕ ၀ယ္စားဖို႔သာျပင္လိုက္ပါေတာ့ေလ။
Ref:healthline
copy from we.com
===========================
သစ်သီးဝလံတွေမှာပါဝင်တဲ့ အချိုဓာတ်ဟာ
စိုးရိမ်စရာ ဖြစ်နေပြီလား ...
-----------------------------------------------
ကျန်းမာရေးအတွက် သစ်သီးဝလံတွေကတော့ စားကိုစားသင့်ပါတယ်။
ဒါပေမဲ့လဲ diet လုပ်တာမျိုးရှိရင် တချို့သစ်သီးတွေမှာ အချိုဓာတ်တွေ
ရှိတာကြောင့် စားရင်ကောင်းမလား ၊မကောင်းဘူးလား ဆိုတာမျိုး
ဖြစ်နေတတ်ပါတယ်။ သကြားဓာတ်များတာကြောင့် diet လုပ်ရာမှာ
အနှောက်အယှက်များ ဖြစ်နေမလားနော်။
သစ်သီးဝလံတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အမျိုးမျိုးကွဲပြား
ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်တွေအပြင် အမျှင်ဓာတ်တွေ ပါဝင်
ပါသေးတယ်။ သိတဲ့အတိုင်းဘဲ အမျှင်ဓာတ်တွေဟာ ကိုလက်စထရော
ကိုကျစေပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက် ရန်သူကြီးဖြစ်တဲ့
ကိုလက်စထရောကိုဖြိုခွင်းပေးမဲ့ အမျှင်ဓာတ်တွေကတော့ အများကြီး
ပါတယ်လေ။ အာဟာရဓာတ်တွေ အများကြီးပါဝင်သလို ကယ်လိုရီ
နည်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ ရွေးချယ်သင့်တာ က
အသီးအနှံတွေလို့ ခိုင်ခိုင်မာမာ ပြောလို့နေပါပြီ။
နောက်တစ်ခုအရေးကြီးတာက ဆီးချိုသမားတွေပါ။ ဆီးချိုသမားတွေရဲ့
တစ်နေ့တာအတွက် သီးနှံအမျိုးမျိုးကိုစားနိုင်တယ်လို့ဆိုပေမဲ့ တချို့တွေ
က သကြားဓာတ်ကို ကြောက်တာကြောင့် ရှောင်ကြတယ်လေ။
လေ့လာချက်တွေအရဆိုရင် သစ်သီးတစ်လုံးစားလိုက်ရင်တောင်မှ
ကိုယ်တွင်းက သကြားဓာတ်ပါဝင်မှုကို အများကြီး အကျိုးသက်ရောက်
စေတာမျိုး မရှိပါဘူး။ အသီးဖျော်ရည်တွေ သောက်သုံးမှာထက်စာရင်
သစ်သီးတွေကို အလုံးလိုက်သာ စားလိုက်ပါတော့လေ။
ဒါဆိုရင် အများကြီးစားမိရင်ကောလို့ မေးချင်ပါလိမ့်မယ်။
အဲ့ဒီအတွက်ကိုလည်း စိတ်မပူပါနဲ့လေ။ သစ်သီးဝလံတွေဟာ
အမျှင်ဓာတ်တွေ၊ ရေဓာတ်တွေ အများကြီးပါဝင်တာကြောင့်
ဗိုက်ထဲမှာပြည့်အင့်သွားပြီလို့ ခံစားရစေနိုင်ပါတယ်။
အများကြီးစားမိတာမျိုး မဖြစ်ပါဘူး။
ပြောချင်တာကတော့ အသီးအနှံတွေမှာပါဝင်တဲ့ သကြားဓာတ်
ဆိုတာတွေကို လုံးဝလုံး၀ စိုးရိမ်ပူပန်နေစရာ မလိုပါဘူးလေ။
ရောဂါတွေကို ကာကွယ်တယ်၊ ဝိတ်လည်းကျစေတယ်၊
ဆီးချိုရောဂါသမားတွေလည်း စိတ်ချလက်ချ စားနိုင်တယ်။
ကဲစိတ်မပူဘဲနဲ့ ဝယ်စားဖို့သာပြင်လိုက်ပါတော့လေ။
Ref:healthline
copy from we.com
http://we.com.mm/detail/4633

No comments:
Post a Comment