ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်
(လက်ဘနွန် နိုင်ငံသူ ခရီးသွား စာရေးဆရာမ အီလင်း ယူဆွတ် ရဲ့ စာကို ဘာသာပြန်တယ်)
"ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်" — ဗုဒ္ဓ
ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ
ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။
ကမ္ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့်
ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို
ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်ထိ
တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။




