ကြံကြံဖန်ဖန်လေးကို စဉ်းစားထားရမှာပါပဲ
Wednesday, November 12, 2014
အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂
Voyager ၁ နှင့် ၂
ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီးရယ်၊ မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို လသာတဲ့
ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေ က ဘယ်လောက်ဝေးလဲ?
ဘယ်နေမှာ ရှိနေတာလဲ? ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာ တာလဲ?
ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို လှည့်ပတ်နေပြီးတော့
သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအဝင် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။
နောက်ပြီး ကျွန်တော် တို့ နေမိသားစုဟာ နဂါးငွေ့တန်း ဂလက်ဆီဆိုတဲ့ အရာကြီးထဲက
အစိတ်အပိုင်းလေး တစ်ခုတဲ့။ အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြဝဋ္ဌာပင်လယ်ကြီးထဲမှာ မျောချင်ရာမျောနေသတဲ့။
Wednesday, November 5, 2014
Monday, November 3, 2014
သေမယ်ဆိုတာကြိုသိတဲ့အခါ...
သေမယ်ဆိုတာ ကြိုသိတဲ့အခါ (ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ)
===============================
မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုတ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘဝ အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုး မငဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။

Thursday, October 30, 2014
မင်းကွတ်သီးခွံရဲ့ဆေးဖက်ဝင်အာနိသင်
မင်းကွတ်သီးရဲ့ဆေးဖက်ဝင်အာနိသင်
========================
========================
မင်းကွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ
စိုက်ပျိုးပင်အဖြစ် အများဆုံးတွေ့ရှိရပါတယ်။
စိုက်ပျိုးပင်အဖြစ် အများဆုံးတွေ့ရှိရပါတယ်။
မင်းကွတ်တစ်ပင်လုံး ဆေးဖက်ဝင်ပမယ့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့မင်းကွတ်သီးရဲ့ အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာအရ မင်းကွတ်သီးခွံရဲ့အရသာဟာ "အေးဖန်" အရသာ ရှိတဲ့အတွက်ကြောင့်
ဆီး၊ ဝမ်း၊ သွေး၊ လေကို ချုပ်စေတဲ့ အာနိသင်များရှိပြီး အထူးသဖြင့် ဝမ်းနဲ့သွေးကို ချုပ်စေပါတယ်။
မင်းကွတ်သီးခွံကို ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊
ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ အမျိုးသမီး မီးယပ်ရောဂါနဲ့ ပတ်သက်ပြီး မီးယပ်သွေးလွန်ရောဂါနဲ့ မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိရောက်စွာ သက်သာ ပျောက်ကင်းစေပါတယ်။

Subscribe to:
Posts (Atom)