မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, November 14, 2014

မမြင်ရသော ဆေးဝါးများ...


   တနေ့က သတင်းတပုဒ်မှာ ဗြိတိန်နိုင်ငံကို ရေထွက်ပစ္စည်းပို့ကုန်တွေ တင်ပို့တဲ့ မြန်မာကုမ္ပဏီတခုကို မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဒဏ်ငွေဆယ်သိန်း ချမှတ် ပြီးတော့ ပြည်ပနိုင်ငံ ကုန်တင်ပို့ခွင့်ကိုလည်း ၆ လ ပိတ်လိုက်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ အကြောင်းကတော့ အဲဒီကုမ္ပဏီက တင်ပို့တဲ့ ဘာလချောင်ကြော်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ပဋိဇီဝဆေးတမျိုးဖြစ်တဲ့ ကလိုရိုဖယ်နကောလ် အကြွင်းအကျန်တွေ တွေ့ရတယ်ဆိုတဲ့အကြောင်း ဗြိတိန်နိုင်ငံဖက်က အကြောင်းကြားခဲ့လို့ ဖြစ်ပါတယ်-တဲ့။ ဒီဖြစ်စဉ်မှာ အဲဒီဘာလချောင်ကြော်တွေ တင်ပို့တဲ့ ကုမ္ပဏီအနေနဲ့ ဘယ်လောက်အထိ တာဝန်ရှိသလဲလို့ ကျနော်စဉ်းစားကြည့်မိတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ ကလိုရိုဖယ်နကောလ် အပါအဝင် တခြားပဋိဇီဝဆေးတွေကို ပုဇွန်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းတွေမှာ အတော်များများက သုံးကြလို့ ဖြစ်ပါတယ်။ ဆိုတော့ ဘာလချောင်ကြော်တွေ ကို အဲဒီကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်တယ်ပဲ ထားအုံး၊ သူတို့ဝယ်တဲ့ ပုဇွန်ခြောက်တွေထဲမှာ ကလိုရိုဖယ်နကောလ်က ပါလာပြီးသားဆိုရင် ဘယ်လောက်ပဲ သန့်ရှင်းအောင် ထုတ်လုပ်ထုတ်လုပ် ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ ပုဇွန်ခြောက်တွေမှာ အဲဒီလို ဆေးတွေပါတယ်ဆိုတဲ့အကြောင်း ကုမ္ပဏီက လူတွေတောင် သိချင်မှသိလိမ့်မယ်၊ အဲ... ပုဇွန်တွေက သူတို့ကိုယ်ပိုင် မွေးမြူရေးကန်က လာတယ် ဆိုရင်တော့ တမျိုးပေါ့လေ။

Wednesday, November 12, 2014

Wonderful Math Calculation!


 ကြံကြံဖန်ဖန်လေးကို စဉ်းစားထားရမှာပါပဲ

အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂

Voyager ၁ နှင့် ၂



          ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီးရယ်၊  မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေ က ဘယ်လောက်ဝေးလဲ?  ဘယ်နေမှာ ရှိနေတာလဲ?  ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာ တာလဲ?  ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအဝင် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။  နောက်ပြီး ကျွန်တော် တို့ နေမိသားစုဟာ နဂါးငွေ့တန်း ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေး တစ်ခုတဲ့။ အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြဝဋ္ဌာပင်လယ်ကြီးထဲမှာ မျောချင်ရာမျောနေသတဲ့။

Monday, November 3, 2014

သေမယ်ဆိုတာကြိုသိတဲ့အခါ...

သေမယ်ဆိုတာ ကြိုသိတဲ့အခါ (ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ)
===============================


 
      မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုတ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘဝ အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ  ကိုယ်ကျိုး မငဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။