မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Tuesday, November 18, 2014

ပျိုမေတို့သတိပြုစရာ...

အလှပြင်ပစ္စည်းများတွင် ပါဝင်သည့် Triclosan ဓာတ်ကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်
========================================================
(ကယ်လီဖိုးနီးယား သြဂုတ် ၁၄)
========================================================

နှုတ်ခမ်းနီ၊ မျက်နှာ သစ်ဆေး၊ သွား တိုက်ဆေး အပါအဝင် အိမ်သုံး ပစ္စည်း အများစုတွင် ပါဝင်သည့် Triclosan  ဓာတ်သည် နှလုံးကို ထိခိုက်ပျက်စီးစေ နိုင်ကြောင်း ကယ်လီဖိုးနီးယား သိပ္ပံ ပညာရှင်များက
ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ Triclosan ဓာတ်ကို သုတေသီများက ကြွက်များတွင် စမ်းသပ်ကြည့်ရာ ၄င်းဓာတ် ထိုးသွင်းပြီး မိနစ် ၂ဝ အကြာတွင် အဆိုပါကြွက် များ၏ နှလုံးလုပ်ဆောင်ရည် ၂၅ ရာခိုင်နှုန်း ကျဆင်းသွား ကြောင်း သိရသည်။ ယခင် တွေ့ရှိချက် များအရ Triclosan ဓာတ်သည် သိုင်းရွိုက် အကြိတ်နှင့် မျိုးပွားမှုဆိုင်ရာ
ပြဿနာများ ဖြစ်ပွားစေ သော်လည်း ယခုတစ်ကြိမ် တွေ့ရှိမှုတွင် ကြွက်သားများကို  ထိခိုက်စေနိုင်သည်။

သို့ရာတွင် အဆိုပါ လူသုံးကုန် ပစ္စည်းများတွင် ပါဝင်သည့် Triclosan ဓာတ်သည် ဘေးအန္တရာယ် ကင်းရှင်းကြောင်းနှင့် ကြွက်များတွင် ထိုးသွင်းသည့် ပမာဏများ ၍သာ ဖြစ်ကြောင်း အခြားကျွမ်းကျင်သူ များက ပြောကြား ထားသည်။ သို့သော် အဆိုပါ သုတေသနကို ဦးဆောင်သူ ပါမောက္ခ အိုင် စက်ဝ် ပတ်စ်ဆာ့ခ်ျက ယခုတွေ့ရှိ ချက်သည် လူသားများနှင့် ပတ်ဝန်းကျင် အတွက်ပါ များစွာ အထောက် အကူပြုကြောင်း ပြောကြား ခဲ့သည်။ ဥရောပ သမဂ္ဂ၏ ဥပဒေအရ သွားတိုက် ဆေးနှင့် အလှပြင် ပစ္စည်းများ တွင် Triclosan ဓာတ်ကို သုည ဒသမ သုံးရာခိုင်နှုန်း သာ အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။       
Credit:mwdmedia.net
=================================

Monday, November 17, 2014

သူတို့မြင်တဲ့ ကိုယ်တို့ပုံရိပ်...



ဒီ Video Clip လေး စတင်ကတည်းက သဘောကျလို့ ခဏခဏ ကြည့်ပါတယ်။ Artist Thomas Leveritt က Ultra Violet ခရမ်းလွန်ရောင်ခြည်သုံး Camera နဲ့ ပန်းခြံတစ်ခုမှာ ဖြတ်သွား ဖြတ်လာတဲ့ လူတွေကို အမှတ်တမဲ့ မှတ်တမ်းတင်ကြည့်တာလို့ ပြောပါတယ်။ ခရမ်းလွန်ရောင်ခြည် Camera က ကျနော်တို့တွေ သာမန်မမြင်ရနိုင်တဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ တင်းတိပ်လို အကွက်အပြောက်လေးတွေ၊ အခြားအရာတွေ အားလုံးကို ဖော်ထုတ်နိုင်စွမ်းပါတယ်။ မွေးစကလေးငယ်ရဲ့ ကျန်းမာသန်စွမ်းတဲ့ အရေပြားနဲ့ အသက်အရွှယ်တဖြည်းဖြည်း ကြီးရင့်လာတဲ့အခါ ပြောင်းလဲသွားတဲ့ ပုံကိုလည်း စိတ်ဝင်တစားတွေ့ရပါတယ် ။ ခရမ်းလွန်ရောင်ခြည် အောက်မှာတော့ ကျန်းမာသန်စွမ်းတဲ့ အသားအရေက ဘယ်လို ဆိုတာကိုလည်း ချက်ချင်းပြောပြနိုင်ပါတယ် ။ UV protection ဖြစ်တဲ့ နေကာမျက်မှန်တွေ ဘာလို့ လူတွေရွှေးချယ် တပ်ဆင်ကြတယ်။ makeup တို့ Sun block lotion တို့ ဘာကြောင့် လိမ်းခြယ် သုံးစွဲကြတယ် ဆိုတာကို ဒီVideo လေးကြည့်ပီးမှ ပိုသဘောပေါက်သွားတော့တယ်။ အသားအရေ
ဂရုစိုက်တတ်တဲ့သူတိုင်း ဒီ Video လေးက အကျိုးရှိမယ် ထင်ပါတယ် ။
အချိန်ရရင် ကြည့်စေချင်ပါတယ်။

မူရင်းဆိုက်လေးကို မမှတ်မိတော့လို့ Credit မပေးနိုင်တာကို နားလည်ပေးစေလိုပါသည်။

=====================================

Sunday, November 16, 2014

သွေးကြောများထဲ သွေးမခဲစေရန် စားသင့်သည့် အစားအသောက်များ




သကြားပါဝင်မှုများသော အချိုရည်များ သောက်သုံးမှုကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း ၁၈၀,၀၀၀ သေဆုံးနေပြီး ၎င်းတို့အနက် လူပေါင်း၄၅၀၀၀ခန့်မှာ နှလုံးရောဂါကြောင့်
 သေဆုံးသူများ ဖြစ်သည်။ အချိုရည်များစွာ သောက်ခြင်းကြောင့် ကိုယ်အလေးချိန် တိုးလာနိုင်ပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ကာ နှလုံးသွေးကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်သည်။

နေပြည်တော်အမြန်လမ်း ကားတာယာ ဘာကြောင့်ပွင့်

သတိပြုစေချင်ပါသည်...


ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီးမှာ ကားတာယာတွေ ခဏခဏပွင့်ကြောင်း ကြားမိတာကြာပါပြီ
အစကတော့ လမ်းက ကွန်ကရစ်လမ်းဖြစ်ခြင်းကြောင့်လို့ အလွယ်ပဲထင်မိပါတယ်. နောက်မှကျွန်တော့်ကား
တာယာလဲစဉ်က ဖတ်မိတာကိုသတိရပြီး သူငယ်ချင်းတို့လဲ သတိထားမိအောင် share ပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နဂါးမောက်သီး



ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီ ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရ ဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်းစုံပြီး အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ လေ့လာကြည့် ရအောင်။ နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေ ပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီး နဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြား အရောင်တွေကလည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။