မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, May 8, 2014

ဆီးအိမ်၊ ရင်သား ကင်ဆာနှင့် တစ်ခြားသော ရောဂါများ အတွက် ကောင်းမွန်တဲ့ ဂေါ်ဇီထုပ်


အစိမ်းစားနိုင်ရင် ပိုမိုကောင်း မွန်ပါတယ်။ ဂေါ်ဖီထုပ်ဟာ ဟင်းချက်ရာမှာ အသုံးဝင်လှတဲ့ အသီးအနှံ့ဖြစ်ပါတယ်။ အသုပ်ထဲမှာလည်း ထည့်ပြီးစားနိုင်တဲ့ အပြင် ဟင်းချိုများနှင့် အခြားသော နေရာတွေမှာပါ
သုံးလို့ရတဲ့ စားသုံး အသီးအနှံ တစ်မျိုးဖြစ်လို့ မျှဝေလိုက်ရပါတယ်။
ဂေါ်ဖီထုပ်ဟာ အမျိုးသမီးများ အတွက် အထူးပင် ကောင်းမွန်ပါတယ်။ ဂေါ်ဖီထုပ်ဟာဆီးအိမ် ၊ ရင်သားကင်ဆာနှင့် တစ်ခြားသော ရောဂါများ အတွက် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အစာအိမ်ရောဂါ များအတွက် ကောင်းမွန်တာကြောင့် အစာမမှန်လို့ အစာအိမ်ဖြစ်မှာကိုစိုးရိမ်သူများ စားသင့်ပါတယ်။ ကိုလက်စရော ဓာတ်များကို
လျော့ကျပေးနိုင်စွမ်းလည်း အပြည့်အဝ ရှိပါတယ်။
ဒါကြောင့် ဂေါ်ဖီထုပ်ဟာ စားသုံးသင့်တဲ့ အသီးအနှံ့ တစ်မျိုး ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ






ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကိုပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။
၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

သင့်ကျန်းမာရေး (ပါးချိတ်ရောင် ရောဂါ)


ပါးချိတ်ရောင် ရောဂါသည် မန့် (Mumps) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီရောဂါဟာ ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလတွေမှာ အဓိကကူးစက် ဖြစ်ပွား တတ်ပါတယ်။

ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး


ဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသားလိုက်ရပါတယ်။

(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။
(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။
(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)


အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

ယခုတစ်ပတ်တွင် အသည်းနှင့် ပတ်သက်၍ အသုံးပြုရန် ရေးသား တင်ပြလိုသော အပင်မှာ မုန်လာဥပင် ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။