မိန်းမတစ်ယောက်ကိုယောင်္ကျား ၅ ယောက် ယူခွင့်ပြုတဲ့နေရာ
>:< လူဦးရေပြန့်ပွားခြင်းကို ထိန်းချုပ်ဖို့နဲ့ မိသားစုပိုင် ပစ္စည်းတွေကို ခွဲခြမ်းစရာမလိုအောင် ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဇနီးတစ်ယောက်မှာ ခင်ပွန်းများစွာရှိတဲ့ အိမ်ထောင်ရေးစနစ်ကို ကျင့်သုံးကြတဲ့ အရပ်တစ်ခုရှိပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာ တောင်ကုန်းဒေသနဲ့ တိဘက်ဒေသတွေမှာ ဒီအိမ်ထောင်ရေးစနစ်ကို အများဆုံး ကျင့်သုံးတာတွေ့ရှိရပါတယ်။
RajoVerma ဆိုတဲ့ ၂၁ နှစ်အရွယ် အမျိုးသမီးမှာ ယင်းဓလေ့ထုံးစံအရယောက်ျား ၅ ယောက်ရှိပါတယ်။ ၅ ယောက်စလုံးက ညီအကိုတွေ ဖြစ်ပါတယ်။ သူမက ညီအကိုအားလုံးနဲ့ အတူ အခန်းတစ်ခန်းထဲမှာပဲ အတူနေကြပြီး ကြမ်းပြင်ပေါ်မှာစောင်တွေခြုံပြီး အိပ်လေ့ရှိကြပါတယ်။ သူမမှာ သမီးတစ်ယောက် ရှိပေမဲ့ ညီအကို ၅ ယောက်ထဲက ဘယ်သူက ကလေးအဖေဖြစ်မှန်းကိုတော့ မသိပါဘူးလို့ ပြောပြပါတယ်။
သူမက အကြီးဆုံးအကိုဖြစ်တဲ့ Guddu နဲ့ လွန်ခဲ့တဲ့ ၄ နှစ်က လက်ထပ်ခဲ့ပြီးနောက်မှာ ဓလေ့အတိုင်း ကျန်ညီလေးယောက်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း Dedradun ရွာရဲ့ ဓလေ့က ပထမဆုံးခင်ပွန်းရဲ့ ညီအကိုအားလုံးကို လက်ထပ်ရပါတယ်။ ဒါပေမဲ့ တရားဝင် ခင်ပွန်းအမည်ခံရတာက ပထမဆုံး လက်ထပ်တဲ့သူဖြစ်ပြီး “ ကျွန်တော်တို့အားလုံး သူမနဲ့ ချစ်တင်းနှောကြပေမဲ့ ကျွန်တော်တို့
သဝန်မတိုပါဘူး။ ကျွန်တော်တို့က ပျော်ရွှင်တဲ့ မိသားစုကြီးတစ်ခုကို ဖန်တီးနေကြတာပါလို့” ပထမဆုံး ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။
Rajo က “ကျွန်မခင်ပွန်းရဲ့ ညီအကိုအားလုံးကိုလည်း ခင်ပွန်းအဖြစ် လက်ခံရမယ်ဆိုတာ ကျွန်မမျှော်လင့်ထားပြီးသားပါ။ ကျွန်မရဲ့ ယောက္ခမတုန်းကလည်း သူ့ခင်ပွန်းရဲ့ ညီအကို ၃ ယောက်နဲ့ လက်ထပ်ခဲ့ရတာပါပဲလို့” ပြောပြပါတယ်။ ဒီအိမ်ထောင်ရေးစနစ်က အချစ်ကိုဦးစားပေးတဲ့ အယူအဆမျိုးမဟုတ်ဘဲ လက်တွေ့ကျမှုနဲ့ အကျိုးစီးပွားကိုပဲအဓိကထားတဲ့ အိမ်ထောင်ရေးစနစ်ဖြစ်ပြီး
တစ်ချိန်က အိန္ဒိယနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပေမယ့် အခုအချိန်မှသာ လူနည်းစု ဖြစ်သွား
ရခြင်း ဖြစ်ပါတယ်။ ၄င်းတို့အတွက် ဒီလို အိမ်ထောင်ပြုခြင်းက မိသားစုပိုင် ပစ္စည်းတွေကို ခွဲခြမ်း စိတ်ဖြာစရာမလိုဘဲ ထိန်းသိမ်းထားနိုင်တဲ့ နည်းလို့ ယုံကြည်ထားကြပြီး ကျင့်သုံးကြတာ ဖြစ်ပါတယ်။
ခင်သူဇာ
Ref:caravanalive
http://www.trend.com.mm/2016/07/22/lifestyle-10085

No comments:
Post a Comment