အသက်ရာကျော် ဘိုးကံပေါ်...
Malaysian centenarian ready to wed again
--------------------------------------------------------
Malaysian centenarian ready to wed again
--------------------------------------------------------
■ အသက် ၁၁၀ ရှိ အဘိုး အာမက်မိုဟာမက် အီဆာ က သူဟာ မိန်းမတစ်ယောက်ကို ဇနီးသည်အဖြစ် အလိုရှိနေကြောင်း ကော့ စ်မို သတင်းစာကို ပြောပြခဲ့ ပြီးနောက် အသက် ၈၂ နှစ်အရွယ်ရှိ အဘွား
တစ်ဦးက သူ့ ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တုံ့ ပြန်လာခဲ့တာမို့ အဘိုးရဲ့ လိုအင်တွေ ပြည့်ဝတော့ မှာ ဖြစ်ပါတယ်.။
မြေး အယောက် ၂၀၊ မြစ် အယောက် ၄၀ ရှိတဲ့ အဘိုးအာမက်က သူ့ ကိုကြည့်ရှု စောင့် ရှောက်ကာ အဖော်ပြုပေးမယ့် ဇနီးမယားတစ်ဦး အလိုရှိနေခဲ့ တယ်လို့  မလေးဘာသာဖြင့် ထုတ်ဝေသည့် သတင်းဂျာနယ် တစ်စောင်ကို ယခုသီတင်းပါတ် အစောပိုင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါသတင်းဟာ အနှစ် ၃၀ ကြာ မုဆိုးမဖြစ်နေခဲ့ တဲ့ သားသမီး ၉ ဦး တို့ ရဲ့ မိခင် အဘွား ဆနာအာမက် ကိုသတိပြုမိစေခဲ့ ပြီး သူမအနေနဲ့ အဘိုးကဲ့ သို့ လက်တွဲဖော် လိုအပ်နေတာမို့ အဘိုးအာမက်ရဲ့ မိသားစုကို
ဆက်သွယ်ပြီး မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်ဖို့ သူမရဲ့ သားသမီးများကို ပြောကြားခဲ့ လိုက်ပါတာ့တယ်။
" အဲဒီအမျိုးသမီးဟာ ဘယ်သူပဲဖြစ်ဖြစ်အရေးမကြီးပါဘူး...
ကျူပ်အတွက် ချက်ကျွေး နိုင်ယင်ပြီးတာပါပဲ..."လို့ လည်း အဘိုးက အဆိုပါသတင်းစာကို လွန်ခဲ့ သည့် တနင်္ဂနွေနေ့ က ပြောကြားခဲ့ ပြီး ၎င်းရဲ့ သမီးက အဘွားဆနာ ရဲ့ မိသားစုနဲ့ မင်္ဂလာကိစ္စနဲ့ ပါတ်သက်ပြီး ဆွေးနွေးနေတယ်ဆိုလို့  အဘိုးအနေနဲ့ အံ့ သြ၀မ်းသာ ဖြစ်နေတယ်လို့ လည်း ဆိုပါတယ်...
" တစ်ယောက်တည်းနေရတာ သိပ်ပြီး အထီးကျန်ဆန်လွန်လှပြီး တစ်ယောက်တည်း အိပ်ရမှာကိုလည်း စိုးရိမ် ကြောက်ရွံ့ နေမိပါတယ်... တစ်ကယ်လို့ အဘိုးကို ပြုစုစောင့် ရှောက်၊ ဂရုစိုက်မယ့် မိန်းမ
ရှိခဲ့ ရင်တော့ ဒါတွေမရှိတော့ ဘူးပေါ့ ..." ဟု အိမ်ထောင်ဆက် ငါးဆက်ရှိခဲ့ ပြီး နားလည်းကောင်းစွာ မကြား၊ မျက်စေ့ လည်းကောင်းစွာ မမြင်နိုင်တော့သည့် အသက် ရာကျော်ရှည်သည့် အဘိုးက အစောပိုင်းကပြုလုပ်ခဲ့ သည့် တွေ့ ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ ပါတယ်...
၎င်း၏ ဇနီးလေးယောက်မှာ သေဆုံးသွားခဲ့ ပြီဖြစ်ပြီး ငါးယောက်မြောက် ဇနီးနဲ့ တော့ ကွာရှင်းပြတ်စဲခဲ့ တာ ဖြစ်ပါတယ်... အဘွား ဆနာ ကတော့ သူမဟာ အဘိုးကို သူမရဲ့ ကွယ်လွန်သွားခဲ့ တဲ့ ခင်ပွန်းဖြစ်သူနဲ့  နာမည်လည်းတူ ၊ ပုံသဏ္ဍာန်၊ ရုပ်ရည်ချင်းလည်း ဆင်တူလို့ စိတ်ဝင်စားသွားမိတာဖြစ်တယ်လို့ 
ဆိုခဲ့ ပါတယ်....
အသက် ၁၁၀ တောင်ရှိတဲ့ အဘိုးတောင် တစ်ယောက်တည်းအိပ်ရတာ ကြောက်တယ်ဆိုတော့ အခုမှ ဘ၀တောင် မစရသေးတဲ့ ကိုပီတာလည်း တစ်ယောက်တည်းအိပ်ရတာ ကြောက်လှပါပြီဗျာ...
အိမ်အမြန်ပြန်မှပါပဲ....
Posted by peter kyaw (ကိုပီတာရဲ့အတွေးပုံရိပ်များ)
Source: www.kosmo.com.my
https://archive.siasat.com/news/man-110-ready-wed-wife-number-six-153406/
https://energy2change.blogspot.com/2011/01/ahmad-mohamad-isa-110-who-told-kosmo.html
facebook link -
https://www.facebook.com/permalink.php?story_fbid=2013597398921885&id=100008149329661
No comments:
Post a Comment