တိရစ္ဆာန်များအားသတ်ဖြတ်၍ ယာဇ်ပူဇော်တော့မည်မဟုတ်ကြောင်း
ဂဟီမိုင် (Gadhimai) နတ်ဘုရားကျောင်း ဂေါပကအဖွဲ့ပြောကြား...
-----------------------------------------------------------------------
နောက်ဆုံးရရှိသော သတင်းများအရ ၅ နှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်သော အဆိုပါ ဂဟီမိုင် (Gadhimai) နတ်ဘုရားမအား ပူဇော်မည့် ၂၀၁၉ ခုနှစ် ပွဲတော်တွင် သတ္တဝါများအား သတ်ဖြတ်ပြီး ပူဇော်သည့်ဓလေ့ကို ဆက်လက်ပြုလုပ်တော့မည် မဟုတ်ပါကြောင်းကို ဂဟီမိုင် ဘုရားကျောင်း ဂေါပကအဖွဲ့မှ အတိအလင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ယခုလာမည့် ၂၀၁၉ ခုနှစ် ပွဲတော်တွင် နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ကျော်က ပြုလုပ်လာခဲ့သော တိရစ္ဆာန်များကို သတ်ဖြတ်ယာဇ်ပူဇော်သည့် ဓလေ့ထုံးဟောင်းကို စွန့်လွှတ်၍ သတ်ဖြတ်မှုများမပါဝင်သည့် ပွဲတော်ကိုသာ ကျင်းပပြုလုပ်မည်ဟု သတင်းများအရ သိရပါသည်။
အိန္ဒိယနိုင်ငံရှိ နီပေါသံရုံးရှေ့တွင် တိရစ္ဆာန်ချစ်သူများ စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြစဉ်
အဆိုပါ သတ်ဖြတ်ယာဇ်ပူဇော်သည့်ဓလေ့ကို မနှစ်သက်ကြသည့် လူအများစုက နီပေါနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့တွင် ရှေးယခင်ကတည်းက စုပေါင်းတောင်းဆိုခဲ့ကြသည့်အတွက် ကြက်နှင့် ဆိတ် အပါအဝင် ကျွဲများအား အစုလိုက် အပြုံလိုက် ခေါင်းဖြတ်ယာဇ်ပူဇော်သည့် ဓလေ့အား စွန့်လွှတ်ပြီး သတ်ဖြတ်မှုများ မပါဝင်သည့် ပွဲတော်ကိုသာ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့သည်ဟု ယူဆမိပါသည်။
အိန္ဒိယနိုင်ငံရှိ နီပေါသံရုံးရှေ့တွင် တိရစ္ဆာန်ချစ်သူများ စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြစဉ်
ဤသို့အမှန်ဆိုပါလျှင် တိရစ္ဆာန်ပေါင်းများစွာ အသက်ဘေးမှ ချမ်းသာရာရမည်ဖြစ်ပေရာ တိရစ္ဆာန်ချစ်သူများ စုပေါင်းအားထုတ်မှု၏ အကျိုးကျေးဇူးဟု ဆိုရမည်သာ။ သို့ဖြစ်သောကြောင့် လာမည့် ၂၀၁၉ ခုနှစ်အတွင်း နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်း ကျင်းပဖွယ်ရှိသည့် ဂဟီမိုင် (Gadhimai) နတ်ဘုရားမပူဇော်ပွဲအား သွေးမစွန်းသည့် ပွဲတော်တစ်ခုအဖြစ် ဝမ်းမြောက်ဝမ်းသာ စုပေါင်းကြိုဆိုကြရမည်သာဖြစ်ပါသည်။
ဂဟီမိုင် (Gadhimai) နတ်ဘုရားကျောင်း ဂေါပကအဖွဲ့ကြေညာချက်
တိရစ္ဆာန်များအား သတ်ဖြတ်ယာဇ်ပူဇော်သည့်ဓလေ့ကို ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း ဂဟီမိုင် နတ်ဘုရားမဘုရားကျောင်း ဂေါပကအဖွဲ့မှ ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ကြေညာ ထားပြီး ဖြစ်ရာ ယင်းသတင်းဖော်ပြချက်များနှင့် ပတ်သက်၍ အောက်ဖော်ပြပါ လိပ်စာများတွင်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
links -
https://www.peta.org/action/action-alerts/urge-nepal-end-gadhimai-animal-massacre/
http://www.hsi.org/world/india/news/releases/2015/07/gadhimai-festival-animal-sacrifice-cancelled-indefinitely-072815.html
https://www.thedodo.com/the-beginning-of-the-end-of-the-animal-sacrifice-at-gadhimai-festival-1253410321.html
No comments:
Post a Comment