မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, November 3, 2014

သေမယ်ဆိုတာကြိုသိတဲ့အခါ...

သေမယ်ဆိုတာ ကြိုသိတဲ့အခါ (ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ)
===============================


 
      မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုတ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘဝ အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ  ကိုယ်ကျိုး မငဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။

Thursday, October 30, 2014

မင်းကွတ်သီးခွံရဲ့ဆေးဖက်ဝင်အာနိသင်

မင်းကွတ်သီးရဲ့ဆေးဖက်ဝင်အာနိသင်
========================


        မင်းကွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ
စိုက်ပျိုးပင်အဖြစ် အများဆုံးတွေ့ရှိရပါတယ်။
မင်းကွတ်တစ်ပင်လုံး ဆေးဖက်ဝင်ပမယ့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့မင်းကွတ်သီးရဲ့ အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။
    မြန်မာ့တိုင်းရင်းဆေးပညာအရ မင်းကွတ်သီးခွံရဲ့အရသာဟာ "အေးဖန်" အရသာ ရှိတဲ့အတွက်ကြောင့်
ဆီး၊ ဝမ်း၊ သွေး၊ လေကို ချုပ်စေတဲ့ အာနိသင်များရှိပြီး အထူးသဖြင့် ဝမ်းနဲ့သွေးကို ချုပ်စေပါတယ်။
    မင်းကွတ်သီးခွံကို ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊
ဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ အမျိုးသမီး မီးယပ်ရောဂါနဲ့ ပတ်သက်ပြီး မီးယပ်သွေးလွန်ရောဂါနဲ့ မီးယပ်ဖြူဆင်းရောဂါတွေကိုလည်း ထိရောက်စွာ သက်သာ ပျောက်ကင်းစေပါတယ်။

ရောဂါအမည် မှားယွင်းတပ်ကြသောအခါ

                          မြန်မာနိုင်ငံတွင် ကိန်းဂဏန်း၊ စာရင်းဇယား အတိအကျ ပြုစုထားခြင်းမရှိသော်လည်း
 ရောဂါအမည် မှားယွင်းစွာဆုံးဖြတ်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် နေ့စဉ်ကြုံတွေ့နေရသော
ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေသည်။

သင်၏မိသားစုဝင်တစ်ဦး (သို့မဟုတ်) နီးစပ်ရာပတ်ဝန်းကျင်မှ အသိအကျွမ်းတစ်ဦးတွင်
ရောဂါလက္ခဏာတစ်ခု ခံစားရသောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသည့်အခါ
ကျွမ်းကျင်သည့်ဆေးပညာရှင်က ရောဂါအမည် မှားယွင်းစွာဆုံးဖြတ်မှုကို ကြုံဖူးပါသလား။

AIDS ရောဂါအတွက်...

ကြက်သွန်နီနှင့် ရှားစောင်းလက်ပတ်

          ပည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တစ်သိန်းနှစ်သောင်းကျော် ရှိတဲ့အနက်
ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး) မပေးနိုင်သူ
နှစ်သောင်းကျော်ရှိနေတော့ စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိ စောင့်နေစရာမလိုပါဘူး။
ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေ တိုးလာကြတာများတယ်၊တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း
 ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။

Friday, October 24, 2014

သစ်သီးစားဖို့လိုအပ်တယ်...


အဆိပ်အပုတ် ရှင်းထုတ်ပေးခြင်း
လူတွေနေ့စဉ် အစာစားမှုကြောင့် အူထဲမှာ မနည်းလှတဲ့ အညစ်အကြေးများ ဖြစ်ပေါ်ရပါတယ်။ ယင်းမှ အဆိပ်အပုပ်များကို ခန္ဓာကိုယ်က အပြန်ပြန်အထပ်ထပ် စုပ်ယူမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် စားလိုက်တဲ့ အစာများကို နေ့စဉ် ရှင်းလင်းပေးဖို့လိုတယ်။ သစ်သီးထဲမှာပါတဲ့ အချို့ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေသလို အဆိပ်အပုပ် ရှင်းထုတ်ပေးနိုင်စွမ်းလဲ ရှိနေပါတယ်။ ဒါကြောင့် သစ်သီး များများ စားပေးပါတဲ့။

စတော်ဘယ်ရီသီး။ အဆိပ်အပုပ် ရှင်းထုတ်နိုင်စွမ်းရှိတဲ့ သစ်သီးတွေအနက် ဦးစားပေးစားရမယ့်အသီးပါပဲ။ ပါဝင်မှု ကယ်လိုရီမမြင့်ပေမယ့် ဗီတာမင်စီတော့ ကြွယ်ဝစွာပါရှိပါတယ်။ သဘာဝကုထုံးနည်းအဖြစ် စတော်ဘယ်ရီသီးကို အစာအိမ်နဲ့အူလမ်းကြောင်း ရှင်းလင်းဖို့၊ အသည်း ကြံ့ခိုင်အားကောင်းစေ ဖို့တွေအတွက် သုံးနိုင်ပါတယ်။ သို့သော် အက်စပရင်နဲ့မတည့်သူများ အစာအိမ်၊ အူ အားနည်းသူများ အနေဖြင့် မစားသင့်ပါ။