NASA ရဲ့ ၂၀၂၀ Rover Mission မှာ အင်္ဂါဂြိုလ်ကို ပို့ မယ့်
Drone စီမံကိန်း ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင်
>:< အင်္ဂါဂြိုလ်ပေါ်မှာ စူးစမ်းလေ့လာဖို့ ၂၀၂၀ မှာ လွှတ်တင်မယ့်
ဂြိုလ်ပေါ်သွားယာဉ်နဲ့အတူ မောင်းသူမဲ့ ကင်းထောက် Drone ရဟတ်ယာဉ်
တမျိုးကိုပါ ထည့်သွင်းပေးဖို့ NASA ခေါ် အမေရိကန် အာကာသ စူးစမ်း
လေ့လာရေးဌာနက ပြင်ဆင်နေပါတယ်။