ချစ်တတ်ရဲ့လား
။။။။။။။။။။။။။။။။။။။။။။
ချစ်ချစ်ဆိုတာ မီးယပ်နဲ့ သားဖွားအထူးကုဆရာဝန်ကြီးနဲ့ ခွဲစိပ်အထူးကု ဆရာဝန်ကြီး
တို့ရဲ့တစ်ဦးတည်းသောသမီးလေးပါ။ ချစ်လွန်းလို့ နံမည်တောင် မခေါ်ရက်လို့ ချစ်ချစ်လို့
သာ အမည်တွင်ခဲ့ပါတယ်။ ချစ်ချစ်ရဲ့အဖေနဲ့ အမေတို့ တစ်လှည့်ဆီ နိုင်ငံရပ်ခြား
ပညာတွေ သွား ဆည်းပူးနေရတာမို့ သားသမီး မယူနိုင်သေးပဲ ဆိုင်းငံထားခဲ့ရတာ။