ဒေါ်လာ ၅၀၀ ကျော်တန်တဲ့ ဒူလာကောင်းတဲ့ဒူးရင်းသီး...
$500 aphrodisiac - elephant's durian dung
--------------------------------------------------------------
■ ဒူးရင်းသီးများစားပြီး ကောင်းစွာအစာမကြေပဲ ပြန်လည်စွန့် ထုတ်ပစ်လိုက်သည့် ဆင်ချေးများမှာ
ရွံစရာ အင်မတန်ကောင်းလှသည်ဟု အမြင်ရှိသော်လည်း အဆိုပါ ဆင်ချေးဒူးရင်းသီးဟာ သဘာဝ သစ်တောအတွင်းမှ ရရှိနိုင်သည့် တန်ဘိုးအကြီးဆုံး၊ ဈေးအကြီးဆုံး သဘာဝ ကာမအားတိုးဆေး တစ်ခု
ဖြစ်ပါတယ်...
အဆိုပါဆေးဘက်ဝင် ဆင်ချေးဒူးရင်း ဟာရရှိနိုင်ရန်အလွန်ပင်ခဲယဉ်းလှပြီး ရှားပါးတာမို့  မလေးရှားနိုင်ငံမှ အိုရမ်အစလီ နွယ်ဖွားများနှင့် အဆက်အသွယ်ကောင်းကောင်းရှိသည့် သစ်သူဌေးများဟာ ဆင်ချေးဒူးရင်း နမူနာမျှရလျှင်ပင် မလေးရှားရင်းဂစ်ငွေ ၁၀၀၀ ( ဒေါ်လာ ၂၇၀ ) ကို လိုလိုလားလားပေးဖို့ အသင့် ရှိနေ
ကြပါတယ်....
ဆင်ဒူးရင်းလို့ အလွယ်တကူခေါ်တဲ့အသီးဟာ အင်ဒိုနီးရှားနိုင်ငံမှ ကိုပီလူဝက် ကြောင်ချေးခါးကော်ဖီ လိုပဲ တိရိစ္ဆာန်ရဲ့ မစင်ကနေပြန်လည်ယူရယူကာ လူတွေစားသောက်ကြတာခြင်း တူညီပါတယ်...
ဆုမတြာကျွန်းဆွယ်မှ ဒေသခံများက အဆိုပါတောကြောင်များရဲ့ ခြေရာကိုခံပြီး ၎င်းတို့ စားသောက်ပြီး အစာမကြေပဲ ပြန်လည်စွန့် ထုတ်လိုက်သည့် ကြောင်ချေးကော်ဖီစေ့ များကို ရှာဖွေစုဆောင်းကောက်ယူ ကြသလို မလေးရှားနိုင်ငံမှ ဂျကွန် တောရိုင်းဒေသများမှာလည်း ဒေသခံတွေဟာ ဒူးရင်းသီးကို အလုံးလိုက်စားသည့် ဆင်များနောက်သို့ ခြေရာခံလိုက်ကြပါတယ်... ၎င်းတို့ ဟာ တိရိစ္ဆာန်များအစာစားပြီး အစာချေကာ မစင်ပြန်စွန့် လေ့ ရှိသည့် ကြာမြင့် ချိန် အနည်းဆုံး လေးနာရီကျော်အထိ စွန့် စားပြီး
ခြေရာခံ လိုက်ကြရတာ ဖြစ်ပါတယ်...
မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူး ( ပြည်နယ် ) မှ မလေးရှားသဘာဝအဖွဲ့ အစည်းမှ အကြံပေးပုဂ္ဂိုလ် ဗင်းဆင့် ချောင်း က ၎င်းအနေနှင့် ဤသဘာဝကာမအားတိုးဆေးအကြောင်းကို မိတ်ဆွေသစ်ကုန်သည်
သူဌေးများနှင့် အူရန်အစလီ ဒေသခံများထံမှ ကြားသိခဲ့ ရတယ်လို့ ဆိုပါတယ်... ဒူးရင်းသီးပေါ်ချိန်မှာ သူဌေးများဟာ အူရန်အစလီ များထံမှ အဆိုပါ ( ဆင်ချေးတုံး ဒူးရင်းသီး ) အသီးများကို ကြိုတင်မှာကြား ဝယ်ယူထားလေ့ ရှိကြတယ်လို့ သူကဆိုပါတယ်...
ဆင်ချေးဒူးရင်းသီးကနေ ၀င်ငွေမြိုးမြိုးမြက်မြက်ရနိုင်တာမို့ အူရန်အစလီ ဒေသခံများကလည်း ဆင်များရဲ့
နောက်ကို ခြေရာခံလိုက်ကြပြီး လိုလိုလားလား ရှာဖွေပေးကြပါတယ်... ထိုဒေသခံများရဲ့ ပြောပြချက်အရ ဆင်ချေးများရဲ့ အနံ့ ဟာ လက်ဘက်အနံ့ ကဲ့ သို့ မွှေးကြိုင်နေကြောင်း၊ ဆင်တွေဟာ အသီးအနှံများသာ စားသောက်တာမို့  ၎င်းတို့ မစင်များရဲ့ အနံ့ အသက်ဟာ အလွန်အမင်းဆိုးခြင်း လုံးဝမရှိဘူးလို့ သိရပါတယ်။ ဒူးရင်းသီးများကို စားပြီး (အမှန်တော့ အလုံးလိုက်မြိုချတာပါ) နောက်အချိန်တိုအတွင်းမှာ ပြန်လည် စွန့် ထုတ်ပစ်တာမို့  အမြှင်ထူတဲ့ ( ဒူးရင်းသီး ) အခွံ ကို ထိုးဖောက်ပြီး မည်သည့် အညစ်အကြေး၊ ပိုးမွှားမှ မဝင်ရောက်နိုင်သေးတာမို့ အသီးဟာလည်း သန့် ရှင်းနေဆဲပဲဖြစ်ပါတယ်...
ဆင်ရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းအပြီးမှာတော့  ဒူးရင်းသီးဟာ သဘာဝရဲ့ ဆုလာဒ်အဖြစ် အမျိုးသားတို့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အချစ်ခွန်အား၊ ရမ္မက်ခွန်အားဆေးတွေ ဖြစ်လာပါတော့ တယ်။
တစ်ကယ်တော့ ယခုလို ကန့် လန့် ကာနောက်ကွယ်က ထိုကိစ္စများမှာ အစွမ်းထက်ကြောင်း သိပ္ပံနည်းအရ အထောက်အထားများမရှိပေမယ့်  ထိုဆင်ချေးတုံးဒူးရင်းသီးများကို ဈေးကြီးပေးနေကြတာကိုက အကြောင်းမဲ့ မဟုတ်ကြောင်း ပြသနေပါတယ်လို့ လည်း ထိုအကြံပေးပုဂ္ဂိုလ်က Streets ဂျာနယ်ကို
ပြောကြားခဲ့ ပါတယ်...
ဆင်များဟာ ၎င်းတို့ ရဲ့ ခြေထောက်များဖြင့် ဒူးရင်းသီးရဲ့ ဆူးချွန်များကို ပျက်စီးဖယ်ရှားအောင်လှိမ့် ပြီး
မြက်၊ သစ်ရွက်များဖြင့် ဖုံးလွှမ်းရစ်ပတ်ကာ မြိုချစားသောက်ကြတာဖြစ်ပါတယ်၊ တစ်ကြိမ်စားလျှင်လည်း တစ်လုံးထက်မက စားမြိုတတ်ကြပါတယ်။ ဒီဆင်ချေးဒူးရင်း သစ်သီးဟာ တိရိစ္ဆာန်ရဲ့  စွန့်ပစ်လိုက်တဲ့ 
မစင်ကို လူသားတွေစားသုံးတဲ့ ကမ္ဘာ့ ဒုတိယမြောက် အစားအစာဖြစ်ပါတယ်...
ပထမအစားအစာကတော့ အထက်မှာဖော်ပြခဲ့ တဲ့ တောကြောင်ချေးကော်ဖီ ဖြစ်ပါတယ်.. ထိုတောကြောင်ချေးကော်ဖီစေ့ဟာ အခါးဓါတ်နည်းပြီး အနံ့က ပိုမိုသင်းပျံ့ မွှေးကြိုင်လို့ 
ကမ္ဘာ့ တန်ဖိုးအကြီးဆုံး၊ ဈေးအကြီးဆုံးကော်ဖီအဖြစ် လက်ခံသတ်မှတ်ထားကြပါတယ်... ဆင်ချေးဒူးရင်းသီးများကို( မလေးရှားမှာ သာမက ) ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများမှာလည်း
ရှာဖွေ ရောင်းချလေ့ ရှိပါတယ်...
ပူအိုက်စွတ်စိုသည့် ဒေသမှသစ်သီးများအကြောင်း ဖော်ပြသည့် အင်တာနက်စာမျက်နှာတစ်ခုကတော့ 
ထိုင်းနိုင်ငံတွင် ဆင်များ၏အစာအိမ်လမ်းကြောင်းမှ ပြန်လည်စွန့် ပစ်သည့် ဒူးရင်းသီးများဟာ ၎င်းတို့ ရဲ့
မှည့် ဝင်းရွှန်းစို၊ အရသာကောင်းမွန်မှုကြောင့် အထူးပင် တန်ဖိုးထားကြတယ်လို့ ဖော်ပြခဲ့ ပါတယ်...
ဒူးရင်းသီးနှစ်သက်သူတစ်ဦးကတော့ ထိုတိရိစ္ဆာန် (ဆင်) များဟာ ဒူးရင်းသီးရဲ့ အရသာကို ပိုမိုကောင်းမွန်အောင် ပံ့ ပိုးပေးတာဖြစ်တယ်လို့ ထိုင်းအင်တာနက် စာမျက်နှာတစ်ခုမှာ ဆိုခဲ့ပါတယ်။ ဆင်တွေဟာ ဒူးရင်းသီးတွေကို မြေပေါ်မှာလှိမ့်ပြီး ဆူးတွေကိုတုံးစေ၊ မြက်၊သစ်ရွက်တွေနဲ့ လုံးထွေးရစ်ပတ်
စေပါတယ်... ၎င်းနောက် အလုံးလိုက်စားမြိုပြီး ၀မ်းထဲမှ အစာခြေလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းကာ အသီးကို ရင့် မှည့်စေတာဖြစ်ပါတယ်...
ထိုဖြစ်စဉ်ဟာ ဆင်များအတွက် အစာခြေလမ်းကြောင်းသန့် ရှင်းရေးလုပ်ခြင်း သဘောမျိုးတစ်ခုလည်း ဖြစ်ပါတယ်...ပါးစပ်က၀င်ပြီး အခြားတစ်ဖက် ( အနောက် )ကနေ ပြန်ထွက်လာတဲ့ အလုံးအထည်မပျက်တဲ့
သစ်သီးဟာ ရွှေနဲ့ ချိန်စက်ပြီး ဝယ်ယူရလောက်အောင် တန်ဖိုးကြီးမြင့်လှပါတယ်...
အမျိုးသားများအတွက် အဖိုးထိုက်တန်တဲ့ ရတနာတစ်ပါးမို့ မက်မက်မောမော ရှာဖွေကြသလို
တောတွင်း ကျားရိုင်းတွေကလည်း ထို ဒူလာကောင်းတဲ့  ဒူးရင်းသီးကို နှစ်သက်ကြပါသေးတယ်။
ဒူးရင်းသီးမကြိုက်သည့် နိုင်ငံခြားသားဘလော့ ဂ်ဂါတစ်ဦးကို အင်ဒိုနီးရှားမှ အွန်လိုင်းအသုံးပြုသူတစ်ဦးက တုံ့ ပြန်ထားတာကတော့ " ဒူးရင်းသီးရဲ့ အရသာ ထူးကဲကောင်းမွန်လှတာကို မယုံကြည်တဲ့ သူမှန်သမျှ ဒူးရီးယန်း ဂါဂျာ လို့ ခေါ်တဲ့ အဆိုပါ ဆင်ချေးဒူးရင်းကိုသာ စားကြည့်စေလိုက်ပါ....
ဆွေမျိုးမေ့ ပြီး စွဲမက်နှစ်သက်စေရပါ့ မယ်...." လို့ ရေးသားခဲ့ ပါတယ်...
ဆင်များရဲ့ ဝမ်းဗိုက်ထဲမှာ အလုံးလိုက်ရှိပြီး ရင့် မှည့်စေကာ ဓါတ်များ ပြောင်းလဲစေကုန်တာမို့ အရသာကတော့ ဖော်ပြလို့ မရနိုင်လောက်အောင်ပဲ ကောင်းမွန်လှပါတယ်လို့ လည်းဆိုပါတယ်...
သို့ သော် တစ်ချို့ အဆိုးမြင်ဝါဒီများကတော့ ထိုဆင်ချေးဒူးရင်းသီးဟာ ကျေးလက်တောရွာများရဲ့ 
ပုံပြင်သဖွယ်၊ ဒဏ္ဍာရီတစ်ခုသာဖြစ်တယ်လို့ ဆိုကြကာ လက်မခံကြပါဘူး။ သို့ ပင်ငြားလည်း ဒူးရင်းသီးကြိုက်နှစ်သက်သူတစ်ချို့ ကတော့ ၎င်းတို့ အနေနှင့် ထိုအသီးကိုစားဖူးကြောင်း၊
သာမန် ဒူးရင်းသီးထက် အများကြီး ပိုပြီး အရသာရှိလှကြောင်း ကျိန်တွယ်ပြောဆို ခဲ့ ကြပါတယ်...
ကြောင်ချေးကော်ဖီစေ့ လောက်တောင် ရဖို့ မလွယ်လှတာကတော့  ကံဆိုးလှပါတယ်...
ဆင်တွေကလည်း နိုင်ငံတကာမှာ ရှားပါးလာနေကြပြီ မဟုတ်ပါလား...
အင်တာနက်မှာ မှတ်ချက်ရေးသူတစ်ဦးကတော့  " အကြင်နာပွားချင်ယင် ဆင် ပါ ထားတာကိုသာ သတိပြု၊ ကြည့်ရှုကြလော့ ..." ဟု ရေးသားထားခဲ့ ပါတယ်....
သြော်...
ဆင်းချေးဒူးရင်းတဲ့ လားကွယ်...
ကဲ ...
ကို AATO တို့  ကိုဇော် တို့ ၊ ကိုဝေယံတို့ ရေ....
မလေးရှားမှာ ဆင်ဒူးရင်းတစ်လုံးလောက်ရှာပြီး မိတ်ဆွေကြီး၊ လူပြိုကြီးဘကျောက်အတွက်
Christmas လက်ဆောင်၊ New Year လက်ဆောင်ပေးရင် မကောင်းဘူးလားဗျာ...
posted by kopeter
link -
http://forums.vrzone.com/chit-chatting/932231-500-aphrodisiac-elephants-durian-dung.htmlhttp://lifeisreallybeautiful.com/elephant-dung-durians/
facebook link -
https://www.facebook.com/permalink.php?story_fbid=2017680461846912&id=100008149329661

No comments:
Post a Comment