မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, April 4, 2020
ဆင်မြီးလက်စွပ်
ဆင်မြီးလက်စွပ်
------------------
----------------------------------------------------------------------
.
သဒိယံ ပါကံ ဇ​နေတိ
ဂန္ဓာရီခရီးသည်
facebook link -
https://www.facebook.com/moe.natthar.792/posts/2482850232044977
================================================
ဆင်မြီးလက်စွပ်
------------------ 
ဆင်မြီးလက်စွပ်ကို အဆောင်ပြုဝတ်ဆင်ထားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေသည်။
အထူးသဖြင့် ဆီးရောဂါဝေဒနာများ၊ ကလေးသူငယ်များအတွက် သူငယ်နာ၊ မာတြာ၊ ဖုတ်၊ တစ္ဆေ၊ မြေဘုတ် အနှောင့်အယှက်များ ကင်းဝေးစေသည်။ ဟု ရှေးလူကြီးသူမများ အမှာထားခဲ့ကြသည်။
ဆီးဝေဒနာအတွက်ကောင်းစေသည်ဆိုရာ၌ "ဆင်မြီး"="ဆီးမြင်" ဟု ပညတ်အပြန်ပြုကာ ဆီးကျင်၊ဆီးအောင့်၊ဆီးနီ၊ဆီးဝါ၊ဆီးနဲ စသည့်ဝေဒနာများကို သက်သာစေသည်။
အရေးကြီးသည်ကား ဆင်မြီးလက်စွပ်ကို လူအများ ထင်သာမြင်သာရှိစေရပါမည်။
လူမမြင်စေရန် ညဘက်တဦးတည်းရှိချိန်မှသာ ဝတ်ဆင်ခြင်းကား ကျန်းမာရေးအတွက် မထိရောက်ပါ။
မိတ်ဆွေသင်္ဂဟများက ထိုဆင်မြီးလက်စွပ်အကြောင်း မေးမြန်းပြောဆိုကြခြင်းသည်လည်း
ဝေဒနာကို ပိုမိုလျင်မြန်စွာ သက်သာစေသည်ဆိုလေသည်။
(ဆင်မြီးအစား ပလပ်စတစ်များဖြင့် အတုပြုလုပ်တတ်ကြရာ အစကိုမီးတို့ကြည့်၍ အမွေးညှော်နံ့ထွက်မှသာ အစစ်ဖြစ်ကြောင်း အကြံပြုကြ၏။)
credit:လူကြီးသူမများ၏ အဆိုအမိန့် သြဝါဒ များ
----------------------------------------------------------------------
ဆင်မြီးလက်စွပ်အစစ်နှင့်ပတ်သက်၍
.
ဆင်မြီးလက်စွပ်အစစ်သည် လက်တွင်စွပ်ထားခြင်းဖြင့်လည်းကောင်း၊ ရေစိမ်သောက်ခြင်းဖြင့်လည်းကောင်း
ဆီးရွှင်၊ဆီးကောင်း၍ ဆီးနှင့်ပတ်သက်ပြီး ခါးကိုက်ခြင်း၊ ဆီးနီ၊ ဆီးကျဉ်၊ ဆီးအောင့်ခြင်းများကို
သက်သာပျောက်ကင်းစေသည်။ အချို့ဆင်မြီးလက်စွပ်များသည် ပလတ်စတစ်ကြိုးမာများဖြင့်
ပြုလုပ်ထားသော ဆင်မြီးလက်စွပ်သဏ္ဌာန် ပြုလုပ်ရောင်းချ တတ်သောကြောင့် ဆင်မြီးလက်စွပ်အစစ်ရအောင်
ဂရုစိုက်ရွေးချယ်ပြီးဝယ်ယူပါ။
စီးပွားရေးအတွက်ဝတ်ဆင်ရာတွင် -
လက်သူကြွယ်၌ဝတ်ဆင်မူ ရတနာဥစ္စာပွားများစေသည်။
လက်ခလယ်၌ဝတ်ဆင်မူ နေအိမ်၊ဂေဟာ၊ ရာထူးအလုပ်နေရာများ
တည်မြဲစေသည်။ လက်ညှိုး၌ဝတ်ဆင်မူ စီးမံကိန်း၊ မျှော်လင့်ချက်များ
ဖြစ်တည်ပြည့်စုံစေပြီး ပျောက်ဆုံးသော လူ၊ ဥစ္စာပစ္စည်းများ ပြန်လည်ရရှိစေသည်။
ထို့ကြောင့် ဆင်မြီးလက်စွပ် အစစ်ရရှိခဲ့လျှင် မိမိတို့အကျိုးအတွက် အလိုရှိရာသုံးစေနိုင်ရန် ဖော်ပြလိုက်ပါသည်။
အဆုံးသတ် ကြန့်ကြာနေသော မျှော်လင့်ချက်၊ ကိစ္စများအတွက်ပါ နိဂုံးကောင်းစေသော နိမိတ်အဆောင်အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။
သဒိယံ ပါကံ ဇနေတိ
ဂန္ဓာရီခရီးသည်
credit:လောကီပညာပြန့်ပွားရေး
No comments:
Post a Comment