မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, July 4, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား ( ကြန္ျဖဴးရွပ္ဘာသာ)

ကြန္ျဖဴးရွပ္ဘာသာ.


✤ ကြန္ျဖဴရွပ္ဘာသာ ✤
--------------------------
ကြန္ျဖဴရွပ္ဆိုတဲ႕ အမည္ဟာ အမွန္မွာေတာ့ ကြန္ဖူဇူသာ ျဖစ္တယ္ ။ အဓိပၸါယ္ကေတာ့ ဆရာႀကီးလို႕ ျပန္ဆိုပါတယ္ ။ တရုတ္တို႕ဟာ ကြန္ဖူရွပ္က လက္ဦးဆရာလို႕ ေခၚၾကတယ္ ။ ဒါေပမယ့္ ကြန္ဖူရွပ္ တစ္ဦးတည္းက တရုတ္ယဥ္ေက်းမႈကို ေပးခဲ႕တယ္လို႕ေတာ့ ဘယ္သူမွ မယူဆၾကပါဘူး ။ သူကိုယ္တိုင္ကလဲ သူ႕ကိုယ္သူ ((( ေရွးေဟာင္းအေမြအႏွစ္ကို ႏွစ္သက္သူ ))) လို႕ ဒီလိုေျပာခဲ႕တယ္ ။ သူ႕ေခတ္မတိုင္မီက ရွိႏွင့္ေနတဲ႕ ယဥ္ေက်းမႈကို စစ္ေဆးျပင္ဆင္ျပီး သူ႕ေခတ္ အေျခအေနနဲ႕ ႏႈိင္းယွဥ္ကာ ပ်ိဳးေထာင္ေပးရာမွာ ယခုထိဆို ႏွစ္ေပါင္း ၂၅၀၀ ခန္႕ ၾကာခဲ့ၿပီျဖစ္ပါတယ္ ။

ယခုေခတ္ ရွန္တုန္ျမိဳ႕နယ္ရွိစဥ္က လူ႕နယ္မွာ ကြန္ဖူရွပ္ကို ဘီစီ ၅၅၁ ခုႏွစ္ေလာက္က ေမြးဖြါးခဲ႕တယ္ ။ သူ႕ရဲ႕ မ်ိဳးရိုးဗီဇ အေျခအေနကို ေသေသျခာျခာ မသိရေသာ္လဲ ငယ္စဥ္က ေကာင္းမြန္စြာ ေနထိုင္ခဲ႕ တယ္လို႕ ဒီလို ယူဆၾကပါတယ္ ။ ကြန္ျဖဴရွပ္ဟာ အသက္ သံုးႏွစ္မျပည့္မီ ဖခင္ ေသဆံုးခဲ႕တယ္ ။ ဖခင္မရွိေတာ့ ငယ္စဥ္ကတည္းက စျပီး အလုပ္လုပ္လာခဲ႕ရပါတယ္ ။ အသက္ ႏွစ္ဆယ္ေက်ာ္ ေလာက္မွာေတာ့ အစိုးရ ရာထူးအခ်ိဳ႕မွာ အလုပ္ဝင္လုပ္ျပီး အိမ္ေထာင္ျပဳခဲ႕တယ္ ။ အဲ႕ဒီ႕ေနာက္မွာ လူငယ္မ်ားကို စာေပသင္ၾကားရင္း အလုပ္ လုပ္ကိုင္ ခဲ႕ရာကေန သူ႕ရဲ႕ ေက်ာ္ေဇာသတင္းေၾကာင့္ တပည့္ေတြ ဝိုင္းဝိုင္းလည္လာ ခဲ႕ပါေတာ့တယ္ ။

အသက္ ၅၀ အရြယ္ကေနစျပီး ကြန္ျဖဴရွပ္ဟာ ျပည္နယ္ တစ္ခုကေန တစ္ခုကို လွည့္လည္ သြားလာရင္း သူ႕ရဲ႕ အယူအဆေတြကို လက္ခံနိုင္မဲ႕ ဘုရင္တစ္ပါးကို ေတြ႕နိုးနိုးနဲ႕ ရွာေဖြခဲ႕ပါတယ္ ။ တစ္ခါမွာ ခ်န္ျပည္နယ္ ႐ုံးေတာ္က ဖိတ္ၾကားတဲ႕အတြက္ လိုက္သြားရာကေန သူ႕ကို ဖိတ္ေခၚခဲ႕သူမွာ အစိုးရကို ေတာ္လွန္ ပုန္ကန္ေနေၾကာင္း သိရေလေတာ့ အမႈပတ္မွာ မလိုလားတဲ႕အတြက္ လမ္းကေန ေနာက္ျပန္လွည့္ လာခဲ႕တယ္ ။ ကြန္ဖူရွပ္ကို လူအမ်ားအျပားကလဲ ေဝဖန္ၾကတယ္ ။ လူတစ္ေယာက္ကဆိုရင္ ((( ကြန္ဖူရွပ္ဟာ တကယ့္ လူေတာ္တစ္ေယာက္ပါ ။ ဒါေပမယ့္ သူဟာ ဘာသာတိုင္းကို တတ္ေပမယ့္ ဘယ္ဘာသာမွ မထူးခြ်န္ဘူး ))) လို႕ မွတ္ခ်က္ခ်ခဲ႕တယ္ ။
------------------------------------

သူ႕ရဲ႕ ျပည္နယ္ မွာ အစိုးရ အုပ္ခ်ဳပ္ေရး အေျပာင္းအလဲ ျဖစ္ျပီးေနာက္ ျပန္လည္ ေရာက္ရွိသြားတယ္ ။ ဒါေပမယ့္ အစိုးရဝန္ထမ္း ဝင္ေရာက္ဖို႕မွာ သူဟာ အသက္အလြန္ ႀကီးေနပါျပီ ။ ဒါေၾကာင့္ သူဟာ မေသမီ ငါးႏွစ္လံုးလံုး စာေပ သင္ၾကားတာေတြ က်မ္းဂန္မ်ားကို တည္းျဖတ္တာေတြ လုပ္ေနခဲ႕ ပါေတာ့တယ္။

ကြန္ျဖဳရွပ္ ဝါဒဟာ ဘာသာေရးေလာ လူ႕က်င့္ဝတ္ေလာ ဆိုတာ မခြဲျခားတတ္ေအာင္ ေမးျမန္းသူမ်ားလဲ ရွိပါတယ္ ။ လူ႕ဘဝကို ၾကည့္ျမင္ သံုးသပ္ရာမွာ အျခားဘာသာရဲ႕ မတူတဲ႕ ရႈေထာင့္ကေန ၾကည့္ရႈ သံုးသပ္ခဲ႕တယ္ ။ ဒါေပမယ့္ အဲ႕လို သံုးသပ္မႈဟာ ဘာသာတစ္ခုေတာ့ ျဖစ္မသြားပါဘူး ။ ကြန္ျဖဴရွပ္ရဲ႕ အယူဝါဒကို သိနားလည္ဖို႕အတြက္ ေရွးေခတ္ တရုတ္ျပည္ရဲ႕ ဘာသာေရး ေက်ာေထာက္ေနာက္ခံ အေျခအေနေတြကို ေလ့လာဖို႕ လိုလိမ့္မယ္လို႕ ဒီလိုဆိုပါတယ္ ။ ေရွးေခတ္ ဘာသာေရး အယူအဆကေတာ့ လူ႕ျပည္နဲ႕ နတ္ျပည္ကို တစ္ဆက္တည္း ရွိတယ္လို႕ ယူဆတယ္ ။ နတ္ျပည္မွာ ေနထိုင္တဲ႕သူမ်ားဟာ လူ႕ျပည္မွာရွိတဲ႕ သူေတြရဲ႕ ဘိုးဘြား မိဘမ်ားျဖစ္ျပီး သူတို႕ကို အႀကီးအကဲ တစ္ဦးက အုပ္ခ်ဳပ္တယ္လို႕ ဆိုတယ္ ။ နတ္ျပည္ကို ေရာက္ေနသူမ်ားမွာ လူ႕ျပည္မွာရွိတဲ႕ သူမ်ားထက္ ေစာစြာ နတ္ျပည္ကို ေရာက္ရွိသြားၾကတဲ႕ သူေတြျဖစ္ျပီး လူ႕ျပည္က လူမ်ားကလဲ မၾကာခင္ ေရာက္ရွိလိမ့္မယ္လို႕ ယူဆၾကပါတယ္ ။

ကြန္ျဖဳရွပ္ဟာ နတ္ျပည္ထက္ လူ႕ျပည္ကို ပိုအေလး ထားပါတယ္ ။ ဒါေပမယ့္လဲ ေလာကီနဲ႕ ေလာကုတၲရာ ေရးကို မွ်တေအာင္ ေဆာင္ရြက္ေစ ခဲ့တာလဲ ရွိတယ္ ။ လူသားနဲ႕ ေကာင္းကင္ဘံုရဲ႕ အဆက္အသြယ္ဟာ ျပတ္ေတာက္သြားတာ မရွိဘူးလို႕ ဆိုတယ္ ။ ထာဝရဘုရားသခင္ ဖန္ဆင္းတဲ႕ နတ္ဘံုနဲ႕ လူ႕ဘံုတို႕ဟာ တစ္ခုက ရုပ္ေလာက ျဖစ္ျပီး ေနာက္တစ္ခုက နာမ္ေလာက လို႕ ဒီလိုယူဆကာ ႏွစ္ခုစလံုးကို ျမင့္ျမတ္တဲ႕ တန္ခိုးသတၱိရွင္က အုပ္ခ်ဳပ္ေနေၾကာင္း ကိုေတာ့ အဲ႕ဒီ႕ေခတ္က လူအမ်ား ယံုၾကည္ထားခဲ႔ ၾကပါတယ္ ။ ကြန္ျဖဴရွပ္ဟာ သဘာဝထက္ လြန္ကဲတဲ႕ အယူအဆနဲ႕ ပတ္သတ္ျပီး ေရငံုႏႈတ္ပိတ္ ေနေပမယ့္လဲ အဲ႕ဒီ႕အယူအဆကို လံုးလံုး ယံုၾကည္ဟန္လဲ မတူေၾကာင္း ဆိုတယ္ ။ အမွန္တရားဘက္က ရပ္တည္တဲ႕ တန္ခိုးရွင္တစ္ပါးဟာ စၾကာဝဠာရဲ႕ တစ္ေနရာမွာ ရွိရမယ္ ။ မွန္ကန္တဲ႕ သစၥာတရား ျပန္႕ႏွံ႕ဖို႔ လိုတယ္။ သူေတာ္ေကာင္းေတြ ေၾကာက္တတ္လာ ရတာဟာ ေကာင္းကင္ဘံုက ေဒါသလို႕ ဒီလို ယံုၾကည္ခဲ႕တယ္ ။

သမုိင္းေခတ္တစ္ေလ်ာက္မွာေတာ့ ကြန္ဖူရွပ္ရဲ႕ အယူဝါဒေလာက္ ေထာက္ခံမႈ ရခဲ႕တဲ႕ အေတြးအေခၚ မ်ားကို မေတြ႕ခဲ႕ဘူးလို႕ သုေတသီတို႕က ဆိုပါတယ္ ။ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ ကာလတစ္ေလ်ာက္ သူ႕ရဲ႕ အယူဝါဒကို ကမၻာႀကီးရွိ လူဦးေရရဲ႕ ေလးပံု တစ္ပံုခန္႕က လက္ခံခဲ႕ၾကတယ္ ။ ဘီစီ ၂၀၉ ခုႏွစ္မွ ေအဒီ ၂၂၀ ခုႏွစ္အထိ စိုးစံခဲ႕တဲ႕ ဟန္မင္းဆက္ လက္ထက္မွာေတာ့ ကြန္ဖူရွပ္ဘာသာကို တရုတ္ျပည္ရဲ႕ နိုင္ငံေတာ္ ဘာသာအျဖစ္ အသိအမွတ္ ျပဳခဲ႕ပါတယ္ ။ ဆြန္မင္းဆက္ လက္ထက္မွာ ကြန္ဖူရွပ္ရဲ႕ စာေပက်မ္းဂန္မ်ားကို ေက်ာင္းသံုးစာအုပ္အျဖစ္ အသံုးျပဳျခင္းမ်ိဳး မဟုတ္ဘဲ ပညာေရးနဲ႕ ပတ္သတ္တဲ႕ စာအုပ္တိုင္းက အေျခခံျပဳရတဲ႕ စာေပမ်ားအျဖစ္ တည္ရွိေနခဲ႕တယ္ ။ ၁၉၃၄ ခုႏွစ္မွာေတာ့ သူ႕ရဲ႕ ေမြးေန႕ကို တရုတ္အမ်ိဳးသား ရံုးပိတ္ရက္အျဖစ္ ေၾကညာ သတ္မွတ္ခဲ့သည္။

Credit: original writer
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Confucianism
https://asiasociety.org/education/confucianism

============================

✤ ကွန်ဖြူရှပ်ဘာသာ ✤
----------------------------

ကွန်ဖြူရှပ်ဆိုတဲ့ အမည်ဟာ အမှန်မှာတော့ ကွန်ဖူဇူသာ ဖြစ်တယ် ။ အဓိပ္ပါယ်ကတော့ ဆရာကြီးလို့ ပြန်ဆိုပါတယ် ။ တရုတ်တို့ဟာ ကွန်ဖူရှပ်က လက်ဦးဆရာလို့ ခေါ်ကြတယ် ။ ဒါပေမယ့် ကွန်ဖူရှပ် တစ်ဦးတည်းက တရုတ်ယဉ်ကျေးမှုကို ပေးခဲ့တယ်လို့တော့ ဘယ်သူမှ မယူဆကြပါဘူး ။ သူကိုယ်တိုင်ကလဲ သူ့ကိုယ်သူ ((( ရှေးဟောင်းအမွေအနှစ်ကို နှစ်သက်သူ ))) လို့ ဒီလိုပြောခဲ့တယ် ။ သူ့ခေတ်မတိုင်မီက ရှိနှင့်နေတဲ့ ယဉ်ကျေးမှုကို စစ်ဆေးပြင်ဆင်ပြီး သူ့ခေတ် အခြေအနေနဲ့ နှိုင်းယှဉ်ကာ ပျိုးထောင်ပေးရာမှာ ယခုထိဆို နှစ်ပေါင်း ၂၅၀၀ ခန့် ကြာခဲ့ပြီဖြစ်ပါတယ် ။

ယခုခေတ် ရှန်တုန်မြို့နယ်ရှိစဉ်က လူ့နယ်မှာ ကွန်ဖူရှပ်ကို ဘီစီ ၅၅၁ ခုနှစ်လောက်က မွေးဖွါးခဲ့တယ် ။ သူ့ရဲ့ မျိုးရိုးဗီဇ အခြေအနေကို သေသေခြာခြာ မသိရသော်လဲ ငယ်စဉ်က ကောင်းမွန်စွာ နေထိုင်ခဲ့တယ်လို့ ဒီလို ယူဆကြပါတယ် ။ ကွန်ဖြူရှပ်ဟာ အသက် သုံးနှစ်မပြည့်မီ ဖခင် သေဆုံးခဲ့တယ် ။ ဖခင်မရှိတော့ ငယ်စဉ်ကတည်းက စပြီး အလုပ်လုပ်လာခဲ့ရပါတယ် ။ အသက် နှစ်ဆယ်ကျော် လောက်မှာတော့ အစိုးရ ရာထူးအချို့မှာ အလုပ်ဝင်လုပ်ပြီး အိမ်ထောင်ပြုခဲ့တယ် ။ အဲ့ဒီ့နောက်မှာ လူငယ်များကို စာပေသင်ကြားရင်း အလုပ် လုပ်ကိုင် ခဲ့ရာကနေ သူ့ရဲ့ ကျော်ဇောသတင်းကြောင့် တပည့်တွေ ဝိုင်းဝိုင်းလည်လာ ခဲ့ပါတော့တယ် ။

အသက် ၅၀ အရွယ်ကနေစပြီး ကွန်ဖြူရှပ်ဟာ ပြည်နယ် တစ်ခုကနေ တစ်ခုကို လှည့်လည် သွားလာရင်း သူ့ရဲ့ အယူအဆတွေကို လက်ခံနိုင်မဲ့ ဘုရင်တစ်ပါးကို တွေ့နိုးနိုးနဲ့ ရှာဖွေခဲ့ပါတယ် ။ တစ်ခါမှာ ချန်ပြည်နယ် ရုံးတော်က ဖိတ်ကြားတဲ့အတွက် လိုက်သွားရာကနေ သူ့ကို ဖိတ်ခေါ်ခဲ့သူမှာ အစိုးရကို တော်လှန် ပုန်ကန်နေကြောင်း သိရလေတော့ အမှုပတ်မှာ မလိုလားတဲ့အတွက် လမ်းကနေ နောက်ပြန်လှည့် လာခဲ့တယ် ။ ကွန်ဖူရှပ်ကို လူအများအပြားကလဲ ဝေဖန်ကြတယ် ။ လူတစ်ယောက်ကဆိုရင် ((( ကွန်ဖူရှပ်ဟာ တကယ့် လူတော်တစ်ယောက်ပါ ။ ဒါပေမယ့် သူဟာ ဘာသာတိုင်းကို တတ်ပေမယ့် ဘယ်ဘာသာမှ မထူးချွန်ဘူး ))) လို့ မှတ်ချက်ချခဲ့တယ် ။
------------------------------------

သူ့ရဲ့ ပြည်နယ် မှာ အစိုးရ အုပ်ချုပ်ရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပြန်လည် ရောက်ရှိသွားတယ် ။ ဒါပေမယ့် အစိုးရဝန်ထမ်း ဝင်ရောက်ဖို့မှာ သူဟာ အသက်အလွန် ကြီးနေပါပြီ ။ ဒါကြောင့် သူဟာ မသေမီ ငါးနှစ်လုံးလုံး စာပေ သင်ကြားတာတွေ ကျမ်းဂန်များကို တည်းဖြတ်တာတွေ လုပ်နေခဲ့ ပါတော့တယ်။

ကွန်ဖြုရှပ် ဝါဒဟာ ဘာသာရေးလော လူ့ကျင့်ဝတ်လော ဆိုတာ မခွဲခြားတတ်အောင် မေးမြန်းသူများလဲ ရှိပါတယ် ။ လူ့ဘဝကို ကြည့်မြင် သုံးသပ်ရာမှာ အခြားဘာသာရဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်ရှု သုံးသပ်ခဲ့တယ် ။ ဒါပေမယ့် အဲ့လို သုံးသပ်မှုဟာ ဘာသာတစ်ခုတော့ ဖြစ်မသွားပါဘူး ။ ကွန်ဖြူရှပ်ရဲ့ အယူဝါဒကို သိနားလည်ဖို့အတွက် ရှေးခေတ် တရုတ်ပြည်ရဲ့ ဘာသာရေး ကျောထောက်နောက်ခံ အခြေအနေတွေကို လေ့လာဖို့ လိုလိမ့်မယ်လို့ ဒီလိုဆိုပါတယ် ။ ရှေးခေတ် ဘာသာရေး အယူအဆကတော့ လူ့ပြည်နဲ့ နတ်ပြည်ကို တစ်ဆက်တည်း ရှိတယ်လို့ ယူဆတယ် ။ နတ်ပြည်မှာ နေထိုင်တဲ့သူများဟာ လူ့ပြည်မှာရှိတဲ့ သူတွေရဲ့ ဘိုးဘွား မိဘများဖြစ်ပြီး သူတို့ကို အကြီးအကဲ တစ်ဦးက အုပ်ချုပ်တယ်လို့ ဆိုတယ် ။ နတ်ပြည်ကို ရောက်နေသူများမှာ လူ့ပြည်မှာရှိတဲ့ သူများထက် စောစွာ နတ်ပြည်ကို ရောက်ရှိသွားကြတဲ့ သူတွေဖြစ်ပြီး လူ့ပြည်က လူများကလဲ မကြာခင် ရောက်ရှိလိမ့်မယ်လို့ ယူဆကြပါတယ် ။

ကွန်ဖြုရှပ်ဟာ နတ်ပြည်ထက် လူ့ပြည်ကို ပိုအလေး ထားပါတယ် ။ ဒါပေမယ့်လဲ လောကီနဲ့ လောကုတ္တရာ ရေးကို မျှတအောင် ဆောင်ရွက်စေ ခဲ့တာလဲ ရှိတယ် ။ လူသားနဲ့ ကောင်းကင်ဘုံရဲ့ အဆက်အသွယ်ဟာ ပြတ်တောက်သွားတာ မရှိဘူးလို့ ဆိုတယ် ။ ထာဝရဘုရားသခင် ဖန်ဆင်းတဲ့ နတ်ဘုံနဲ့ လူ့ဘုံတို့ဟာ တစ်ခုက ရုပ်လောက ဖြစ်ပြီး နောက်တစ်ခုက နာမ်လောက လို့ ဒီလိုယူဆကာ နှစ်ခုစလုံးကို မြင့်မြတ်တဲ့ တန်ခိုးသတ္တိရှင်က အုပ်ချုပ်နေကြောင်း ကိုတော့ အဲ့ဒီ့ခေတ်က လူအများ ယုံကြည်ထားခဲ့ ကြပါတယ် ။ ကွန်ဖြူရှပ်ဟာ သဘာဝထက် လွန်ကဲတဲ့ အယူအဆနဲ့ ပတ်သတ်ပြီး ရေငုံနှုတ်ပိတ် နေပေမယ့်လဲ အဲ့ဒီ့အယူအဆကို လုံးလုံး ယုံကြည်ဟန်လဲ မတူကြောင်း ဆိုတယ် ။ အမှန်တရားဘက်က ရပ်တည်တဲ့ တန်ခိုးရှင်တစ်ပါးဟာ စကြာဝဠာရဲ့ တစ်နေရာမှာ ရှိရမယ် ။ မှန်ကန်တဲ့ သစ္စာတရား ပြန့်နှံ့ဖို့ လိုတယ်။ သူတော်ကောင်းတွေ ကြောက်တတ်လာ ရတာဟာ ကောင်းကင်ဘုံက ဒေါသလို့ ဒီလို ယုံကြည်ခဲ့တယ် ။

သမိုင်းခေတ်တစ်လျောက်မှာတော့ ကွန်ဖူရှပ်ရဲ့ အယူဝါဒလောက် ထောက်ခံမှု ရခဲ့တဲ့ အတွေးအခေါ် များကို မတွေ့ခဲ့ဘူးလို့ သုတေသီတို့က ဆိုပါတယ် ။ နှစ်ပေါင်း ၂၀၀၀ ကျော် ကာလတစ်လျောက် သူ့ရဲ့ အယူဝါဒကို ကမ္ဘာကြီးရှိ လူဦးရေရဲ့ လေးပုံ တစ်ပုံခန့်က လက်ခံခဲ့ကြတယ် ။ ဘီစီ ၂၀၉ ခုနှစ်မှ အေဒီ ၂၂၀ ခုနှစ်အထိ စိုးစံခဲ့တဲ့ ဟန်မင်းဆက် လက်ထက်မှာတော့ ကွန်ဖူရှပ်ဘာသာကို တရုတ်ပြည်ရဲ့ နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ် ပြုခဲ့ပါတယ် ။ ဆွန်မင်းဆက် လက်ထက်မှာ ကွန်ဖူရှပ်ရဲ့ စာပေကျမ်းဂန်များကို ကျောင်းသုံးစာအုပ်အဖြစ် အသုံးပြုခြင်းမျိုး မဟုတ်ဘဲ ပညာရေးနဲ့ ပတ်သတ်တဲ့ စာအုပ်တိုင်းက အခြေခံပြုရတဲ့ စာပေများအဖြစ် တည်ရှိနေခဲ့တယ် ။ ၁၉၃၄ ခုနှစ် မှာတော့ သူ့ရဲ့ မွေးနေ့ကို တရုတ်အမျိုးသား ရုံးပိတ်ရက်အဖြစ် ကြေညာ သတ်မှတ်ခဲ့သည်။

Credit: original writer
ဗဟုသုတကျေးရွာ

No comments:

Post a Comment