--------------------------------
--------------------------------




from:kayantimes
Ref: wiki
https://en.wikipedia.org/wiki/Islas_Marietas_National_Park
(May 30, 2015 နေ့စွဲဖြင့် မျှဝေထားသော ပို့စ်အဟောင်းကို
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)

=======================================ခ
တောင်ထဲမှ လျှို့ဝှက်ကမ်းခြေ
--------------------------------
--------------------------------
မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့
မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေ ကို
မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု
ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ကမ်းခြေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ
အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။
ယင်းကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်း
တည်ဆောက်ပုံများ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။ ယခုတော့
ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်လိုက်
ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိဘဲ ကမ္ဘာလှည့်ခရီးသည်များ
ကိုတောင် အကန့်အသတ်နဲ့သာ ပေးလည်ပတ်တဲ့ နေရာ ဖြစ်ပါတယ်။
သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့
ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါ
တယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး
အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု
လည်း တည်ရှိနေပါတယ်။ ယင်း ကမ်းခြေကို The Hidden Beach in
the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း
မြောက်များစွာ လာရောက်လည်ပတ်လေ့ ရှိကြောင်း
သိရပါတယ်။

No comments:
Post a Comment