ယုဒ ဘာသာ (Judah)
==============================
✤ "ယုဒဘာသာ နှင့် ယုဒလူမျိုးတို့ကို ခြုံကြည့်ခြင်း"နှင့်
ရှောလု အကြောင်း တစေ့တစောင်း ✤
---------------------------------------------------------
သို့သော် ယုဒဘာသာ ၌ယနေ့ထိ ခရစ်တော် မကြွလာသေးပါ။ ခရစ်တော် ကြွလာပြီ ယူဆနေပါက ယေရှု သည် သူတို့၏ ထာဝရ ဘုရားပင် ဖြစ်သွားပေမည်။ အဘယ်ကြောင့် ဆိုသော် ယုဒဘာသာ ၌ ခရစ်တော် ကြွလာခြင်းမှာ သူတို့၏ တဆူတည်းသော ထာဝရ ဘုရား ကပင် လူဇာတိကို ခံယူမည်လို့ သိထားကြပါတယ်။
MMW
ဗဟုသုတကျေးရွာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Judaism
www.bbc.com/religion/religions/judaism/
--------------------------------------------------------------
ယုဒဘာသာ ၌ ဘုရားသည် တဆူတည်းရှိသည်။ ဘုရားသည် တပါးတည်းပဲ ယုံကြည်ပါသည်။ ယုဒဘာသာ ၏ တဆူတည်းသောဘုရားသည် ကိုယ်တိုင် တပါးတည်း ယုဒလူတွေကို ဥပဇျ္စာယ် ဆရာ (သွန်သင်ဆုံးမ လမ်းပြ)ပြုသည်။ အသံတော်အားဖြင့်၊ စိတ်တော် တန်ခိုးအရှိန် (ဝိညာဉ်တော်တန်ခိုး) အားဖြင့်/ ပညတ်တော် (ဘုရားဥပဒေသ) အားဖြင့် အုပ်ချုပ်သော ဘုရင်ဖြစ်သည်။
ယုဒလူတို့၏ ပြသနာ ဒုက္ခ အခက်အခဲ အားလုံးကို ကိုယ်တိုင် ဖြေရှင်းပေးသော ဘုရား ဘာသာဖြစ်သည်။ ကိုယ်တိုင် ဖန်ဆင်းသည်။ ကိုယ်တော်တိုင် ကျွေးမွေးသည်။ ကိုယ်တိုင်ဆုံးမသည်။ ကိုယ်တိုင်နမိတ် လဏ္ခဏာ ပြုသည်။ ကိုယ်တိုင် ပင်လယ်နီကို လမ်းဖောက် (နှစ်ခြမ်းခွဲ) ပေးသည်။ ကိုယ်တိုင် ဂျော်တန်မြစ်ကို ရပ်တန့်စေသည်/ လမ်းလျှောက်ရာ ဖြစ်စေသည်။ မုန့်ဆီကြော်ကဲ့သို့ အရသာရှိသော နေ့ရက်တိုင်း အသက်ရှင်ရန် အဟာရရှိသော အစာနှင့် ကောင်းကင်ကနေ အမဲသား ကို ကိုယ်တိုင်ချပေး ကျွေးမွေးသည်။ ထို့ကြောင့် ယုဒဘာသာ၌ ထိုယုဒဘာသာ၏ တဆူသော ဘုရားမှ အခြားဘုရား မရှိပါ။ ထို့ကြောင့် ငါမှတပါး အခြားသော ဘုရားမရှိ။ ငါမှတပါး အခြား ရှိခိုးရာ မရှိဘူးလို့ ဥပဒေ ထုတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ယုဒဘာသာ နှင့် ယုဒလူမျိုးများ၌ ဘုရားပေါင်း၊ ဘုရားများဟူ၍ အယူအဆ အတွေးအခေါ် လုံးဝ မရှိပေ။ ထိုအတွေးအခေါ် အယူအဆသည် တဆူသော ဘုရားကပင် မှန်ကန်စွာ သူတို့၏ ဝိညာဉ် ထဲ၌ ပဋိသန္ဓေ စွဲနေစဉ်ကပင် ဘုရားကိုသိသော ဝိညာဉ်ကို မှုတ်သွင်း ထားပေးတာ ဖြစ်တယ်။ ထို့ကြောင့် ယုဒဘာသာ ၏ ဓမ္မ ဟောင်းသည် ယနေ့ထိ ဘုရားသည် တဆူတည်း တပါးတည်းသာ ပြောပြထားသော ကျမ်းစာဖြစ်ကြောင်း ကျမ်းစာ ရေးသူ ပရောဖက် ၊ ကျမ်းတတ်ပုဂ္ဂိုလ် ဖာရိရှဲတွေနှင့် ဣသရေ လူမျိုးတို့က သမ္မာရိုးကျ ထုံးတမ်း အစဉ်အလာ အရ တိကျမှန်ကန်စွာ သိထားကြသည်။ ထိုသိထားခြင်း ဟာလည်းပဲ ထို တဆူသော ဘုရားကပဲ ပုံသွင်းထား တာဖြစ်သည်။
ယုဒဘာသာ သည် ကမ္ဘာဦး ကနေပြီး ယနေ့ထိ ရှင်သန်နေဆဲ ရှိနေဆဲသော ကိုးကွယ် မှု မူရင်းအဟောင်း ၊ ကိုးကွယ်မှု အဟောင်းဖြစ်သည်။ အဘယ်ကြောင့် ရှင်သန်နေဆဲ ကိုယ်းကွယ်နေရဆဲ ဟူမူကား သူတို့ဘုရားသည် မပြောင်းလဲ တတ်သောဘုရား။ ယုဒဘာသာသည် မပြောင်းလဲတတ်သော ဘုရား၏ ပဋိညာဉ် စာချုပ် ဖြစ်နေတာကြောင့် ဖြစ်သည်။ သို့သော် ထိုစာချုပ်၌ (ပဋိညာဉ် တရားဟောင်း/ ဓမ္မဟောင်း ကျမ်းစာ၌) ငါ ဘုရားသည် နောင်ကာလအခါ သင်တို့ကို အမှုသစ်၊ ပဋိညာဉ် သစ်ကို ပြုမည့်အချိန် ရောက်လာ၍ သင်တို့သည်သာမက လူမျိုးအပေါင်းတို့ ကိုးကွယ်ရမည့် ဘုရားဟူ၍ ပြုသော အမှုသစ်၊ ကိုးကွယ်မှု အသစ်ဖြစ်လာ၍ ငါ့ဝိညာဉ် (သန့်ရှင်းသော ဝိညာဉ် တော်ကို) ကို လူမျိုးတကာ တို့အပေါ်သို့ ငါသွန်းလောင်း ပေးမယ်လို့ ဣသရေ အမျိုးတို့အား ပဋိညာဉ် တရားသစ်ပြုရန် ကြိုတင် ပြောပြထားသော ဂတိသက်သေစကားလည်း ထားထား ပေးသေးသည်။
ထိုအမှုအသစ်၌ ကိုယ်တော်တိုင် ကြွလာခြင်း ကြွလာ၍ မေရှိယ ခရစ်တော်အနေဖြင့် (အသွေးအသား ခန္ဓာ ကိုယ်ကို ယူ၍ လူဇာတိ ၌ လူသားအဖြစ် မွေးဖွား၍ ဆင်းသက်လာ မည်ဖြစ်ကြောင်း၊ ယုဒရှင်ဘုရင်အဖြစ်၊ ယုဒလူတွေကို လာကယ်မယ့် ရှင်ဘုရင် အမျိုးနွယ်မှာ လာမှာဖြစ်ကြောင်း ၊ အပျိုကညာမှာ ပဋိသန္ဓေ စွဲ မှာ ဖြစ်ကြောင်း ယုဒလူမျိုးတို့ ဖတ်နေသော ဓမ္မဟောင်းမှာ ပါရှိနေပြီး၊ ပြောပြထားသလို ယုဒလူမျိုး များ၌လည်း မူရင်းသိရှိ နှင့်ပြီး ထားကြတယ်။ တာကြောင့် ရောမကိုလိုနီ အောက် အစ္စရေး ဖိနှိပ် ခံရစဉ် တုန်းက အစ္စရေး လူမျိုး တို့သည် ခါသီးစွာ ဒုက္ခ ခံနေရသော်လည်း သူတို့မေရှိယ ထာဝရ ဘုရားကိုယ်တော်တိုင် ခရစ်တော် (လူသား) အဖြစ် ကွက်တိ ဆင်းလာမည့် အချိန်နှင့် ကိုက်ညီ နေတာကြောင့် သူတို့သည် ဇောတက တက်မနေဘဲ ငါတို့ခရစ်တော်ပဲ၊ ငါတို့ရှင်ဘုရင်ပဲ ဒီအမှုကို ကြည့်ဖြေရှင်းဖို့ ကြွလာမယ် ဖြစ်တာကြောင့် ယုဒလူမျိုးတို့၏ ပြသနာပေါင်း သောင်းခြောက်ထောင်ကို ထိုခရစ်တော် ကပဲ ဖြေရှင်းပေး မှာဖြစ်လို့ ဝမ်းမြောက် စွာ မေရှိယကို ဝမ်းသာတကြီး စောင့်ဆိုင်းနေခဲ့ ကြပါတယ်။
အားတင်းခဲ့ကြပါတယ်။ မေရှိယ ကြွလာပါတော့ ဆုတောင်းခဲ့ ကြပါတယ်။ သို့သော် သူတို့မေရှိယ ခရစ်တော်သည် ယေရှုအဖြစ် ကြွလာသောအခါ သူတို့ လက်မခံ ခဲ့ကြတော့ပါ။ အထင်သေး သည်သာမက ငါတို့ကိုပါ အရှက်ကွဲ သူအဖြစ် ကိုယ့်ဘုရားနှင့် ကိုတောင် ငါတို့ဘုရား မဟုတ်ဘူးဆို၍ ရှုတ်ချခဲ့တယ်။ ယုဒလူ တမျိုးသာ ကမ္ဘာပေါ်မှာ ဘုရားနဲ့ ကိုယ်းကွယ်မှု နဲ့ပတ်သက်ရင် ဘုရားအရှက်နဲ့ နေတာဖြစ်တယ်။ ဟုတ်လည်းဟုတ်တယ် ၊ သူတို့ဘုရားက အထင်ကြီးစရာ ထက် ကြောက်ရွံ့ ရိုသေဖွယ် ကိုးကွယ်ရာ ဖြစ်တယ်။ ဆိုတော့ သူတို့ဘုရားက လက်သမားသား နွားတင်းကုတ်မှာ လာမွေးလေတော့ အထင်ကြီးစရာ၊ အာကိုးစရာ ၊ စီးပွားရေးအရ နိုင်ငံရေးအရ၊ ဘာသာရေးအရ သူတို့မြော်လင့် အထငိကြီးတဲ့အတိုင်း ပုံစံ မရှိလေတော့ သူတို့အများ မယုံ /လက်မခံ ကြတော့ဘူး။
ဆိုတော့ ယေရှု က ဘယ်လောက်ပင် တန်ခိုးပြပြ အရင် ဖန်ဆင်း ရှင်ထက် စကားပဲကြီးုကြီး မယုံတာ က မယုံတာပါဘဲ။ တာကြောင့် မူရင်းယုဒ ဘာသာ၌ မေရှိယ (ခရစ်တာ်) မကြွလာသေးပါ (ဝါ) သူတို့ ဖန်ဆင်းရှင် ဘူရားသခင် ခရစ်တော် (လူသား) အဖြစ် မကြွလာသေးပါ ဟူ၍ ယူဆနေဆဲ တဆူတပါး မူရင်း ယုဒဘာသာကို ပဋိညာဉ် တရားဟောင်းကို ကျင့်သုံးနေဆဲ ကိုယ်းကွယ်နေဆဲသော ဘာသာဖြစ်သည်။ အကယ်၍ သူတို့လိုချင် ဖြစ်ချင်နေသော မေရှိယ မှာ ဂရိတ်နတ် ဟန်နဲ့ တန်ခိုးသြဇာ အာဏာနဲ့ စေတန်ခိုးနဲ့ ယေရှု သည် ချက်ချင်း ပြပေးနိုင်ပါက သူတို့ လက်ခံနိုင်ဖို့ အခြေအနေ ရှိခဲ့ပါသေးသည်။ သို့သော် ယေရှုသည် အနှစ် သုံးဆယ်လုံးလုံး သူတို့လိုချင် ဖြစ်ချင်နေသော အရိပ်အရောင် မပြခဲ့ပါ။ ထို့ကြောင့် ယုဒလူတို့ သည် ယေရှုကို စိတ်မဝင်စားခဲ့တာ၊ မသင်္ကာခဲ့တာ ဖြစ်သည်။ အထင်သေးစရာ ကောင်းတဲ့ ဘုရားလို အခြေအနေမဲ့ နေသည်သာမက လူလိုဘဲ ယေရှု က ဖြစ်နေတာကြောင့် အီတလီ အင်ပါယာကို ကြွားစရာမရှိ၊ ရှက်စရာ ဖြစ်လာမှာ စိုးတာက ယုဒလူတို့၏ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အပိုင်းလည်း ရှိနေခဲ့ ပါသေးတယ်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ့်ဘုရားကို ကိုယ်ပဲ အမွမ်းတင်ချင် ကြပါတယ်။ တန်ခိုးကြီးကြောင်း ကြွားချင်ကြပါတယ်။
တာကြောင့် ယေရှု သက်တော် (၃၀)အထိ ဘာမှ တန်ခိုးမပြ၊ အစွမ်းမပြ ခဲ့လေတော့ ဘုရားကြွား ဘာသာကြွား ကြီးတဲ့ ယုဒလူမျိုးတွေ အငိုက်မိ ခဲ့ပါတယ်။ ကိုယ့်ကယ်တင်ရှင်ကို (ကို့ဘုရားကို ကိုယ်မသိ) မသိခဲ့ ကြတာပါ။ တာလည်းပဲ ကျမ်းဟောင်းက ပြောပြထားတယ် မေရှိကြွလာရင် ဣသရေ လူမျိုးတွေအများ လဲမယ် (မကိုးကွယ် ကြတော့ဘူး) ဟူ၍ ဆိုထားသလို မြဲမြံသော ကျောက်ချထားပေး (အမြဲကိုးကွယ် ရတောမယ့်ဘုရား/ မှန်သော ကိုးကွယ်ခြင်း၊ ကိုးကွယ်ရာ ဘုရားတဆူမှာ ယေရှု) ဟူ၍လည်း အတိအလင်း ပြောပြထားပါသည်။ (ဟေရှာ၂၈း၁၆၊၈း၁၄၊)
တာကြောင့် သခင်ယေရှု၏ ပဋိသန္ဓေ ခံယူစဉ်အတွင်းမှ သက်တော်စဉ် ကာလအတွင်း သခင်ယေရှု နှင့် ပတ်သက်သော အဖြစ်အပျက် ်အားလုံးသည် ဓမ္မ ဟောင်းမှာ ပြောထားတာ အားလုံးပြည့်စုံ လာတာဖြစ်သည်။ မေရှိယ ကြွလာခြင်းသည် ယုဒဘာသာဝင် ယုဒလူမျိုး (ဣသရေ လူမျိုး ၁၂မျိုး) အနေနှင့် မေရှိယသည် သူတု့ိ၏ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် သာဖြစ်ကြောင်း ဘုရားသခင် ကိုယ်တော်တိုင် ပြောပြထားလို့ သိထားကြတာ ဖြစ်သည်။ ဤအချက်သည် ယနေ့ အခြား ဘာသာရပ်များ၊ ဂိုဏ်းဂဏများ သိထားရမည့် လုံးဝ အရေးကြီးနေသော အချက်ဖြစ်သည်။ ယုဒဘာသာ၌ နောင်ပြုမယ့် ကိုးကွယ် မှုနှင့် ပတ်သက်သော ပဋိညာဉ်သစ်မှာ ဘုရားသုံးပါး ရှိတယ် သုံးးပါးလုံး ဘုရားတူတူ သုံးပါးတဆူ ကိုးကွယ်ရမယ်လို့ ဘယ် ဣသရေ အမျိုး ပရောက်ဖက်ကမှ အဆိုမရှိဘဲ၊ ယုဒဘာသာနှင့် ယုဒလူမျိုးများ၌ ထိုအယူအဆ ဆိုးရှင်းမျှ ယနေ့ထိ မရှိပါ။ သိထားကြတာ တခုက သူတို့၏ ထာဝရဘုရားသည် လူခန္ဓာ ၌ ပေါ်လာ၍ သူတု့ိ၏ လူမျက်စိနှင့် ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ရ လိမ့်မည်ဟု သိရှိထားကြသည်။(ယောဘ ၁၉း၂၅-၂၇|ဟေရှာ၂၅း၉)
သိ့ုသေ်ာ ယုဒဘာသာ ၌ယနေ့ထိ ခရစ်တော် မကြွလာသေးပါ။ ခရစ်တော် ကြွလာပြီ ယူဆနေပါက ယေရှု သည် သူတိ့ု၏ ထာဝရ ဘုရားပင် ဖြစ်သွားပေမည်။ အဘယ်ကြောင့် ဆိုသေ်ာ ယုဒဘာသာ ၌ ခရစ်တော် ကြွလာခြင်းမှာ သူတို့၏ တဆူတည်းသော ထာဝရ ဘုရား ကပင် လူဇာတိကို ခံယူမည်လို့ သိထားကြပါတယ်။
ယုဒဘာသာ ၌ အကျွမ်းဝင်သူ စိတ်အားကြီးသူ ရှောလုသည် တဆူတပါး ကိုးကွယ်သော ယုဒဘာသာရေး ခေါင်းဆောင် ကျမ်းတတ် ပုဂ္ဂိုလ် ဖာရိရှဲ တဦးဖြစ်သည်။ မေရှိယ ခရစ်တော် ကြွလာပြီ၊ သူ၏ ထာဝရဘုရား ဘုရားသခင် ဟာ လူဇာတိကို ယေရှု ဟူသော အမည်နဲ့ ခံယူပြီ ဆိုသော်လည်း လုံးဝမသိရှာ အသိအမှတ် မပြုခဲ့သူ တဦးဖြစ်သည်။ သို့သော် သခင်ယေရှု သည် သူ့ကို ဘုရား သခင်ကို သိသောဉာဏ်/ယေရှု ခရစ်ကို သိသော ဉာဏ်မျက်စေ့ ဖွင့်ပြပေးပြီးတော့မှ ယေရှု သည် ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းပြီ၊ ထာဝရဘုရား ကြွလာပြီ၊ ထာဝရ ဘုရားသည် ယေရှု အမည်နှင့် လူသားဖြင့် ဆင်းသက်ပြီ ဖြစ်ကြောင်း သက်သေ ခံခဲ့သည်။(၁တိ၃း၁၆)
ပေါလုအမည်နှင့် ခရစ်ယာန် ဖြစ်လာသော ရှောလုသည် သုံးပါးတဆူကို ကိုးကွယ်တာ၊ သက်သေခံသူ လုံးဝမဟုတ်ဘဲ တဆူတပါး သူ၏တဆူသေါ ဘုရားသခင် ယေရှု ဖြစ်နေ ပါသောကြောင့် /ကယ်တင်ရှင် ခရစ်တော် ကြွလာပြီ ဖြစ်နေပါသောကြောင့် ထိုတဆူတပါး ယေရှု ကိုသာ ကိးုကွယ်မြဲ ကိုးကွယ်နေတာ ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသုံးပါး တဆူကိုးကွယ်မှု တီထွင်သူ မဟုတ်သလို ပေါလုသည် ယေရှုကို ယုံကြည် ကိုးကွယ်လာတဲ့ အမှုမှာ ယေရှုသည် ဘုရားသုံးပါး တဆူဟူ၍/ သုံးပါးရှိတဲ့ အထဲက ယေရှု တပါး ပါဝင်သော ဘုရားဟူ၍ ယူဆ ကိုးကွယ်နေတာ မဟုတ်ပေ။ ယေရှုသည် ဘုရားသခင် လူသား ဖြစ်လာတာ ဖြစ်တယ်လို့သာ ပြောကြားထားသည်။(မာ၁၂း၂၉|၁တိ၃း၁၆)
အချုပ်အခြာ အနေနှင့် တဆူတပါး သခင်ယေရှုကို ယုံကြည် ကိုးကွယ်ခြင်းသည် ဘာသာရပ် အားလုံးနှင့် ခရစ်ယာန် ဂိုဏ်းဂဏ အားလုံး တို့နဲ့အတူ ယနေ့ ယုဒဘာသာ၏ ကိုးကွယ်းရမည့် မှန်သော ကိုးကွယ်ခြင်းမှာ တဆူတပါး ယေရှုနာမ သာဖြစ်သည်။
MMW
ဗဟုသုတကျေးရွာ
No comments:
Post a Comment