မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ေၾကာက္စရာျပႆဒါး (သို႔) Friday 13

ေၾကာက္စရာျပႆဒါး (သို႔) Friday 13
---------------------------------------------

အဲဒီေန႔ဟာဆိုရင္ အေနာက္ႏိုင္ငံေတြကလူေတြ သိပ္ေၾကာက္တဲ့ ေသာၾကာေန႔ ၁၃ ရက္ ျဖစ္ပါတယ္။ ေနာက္ခံသမိုင္းတိတိပပ မရွိေသာ္လည္း ၁၄ ရာစုက စလို႔ ဥေရာပမွာ ေၾကာက္မက္ဖြယ္ ေန႔စြဲတစ္ခု အေနနဲ႔ စတင္လာ ခဲ့တာပါ။ အခုဆိုရင္္ အာရွမွာပါ ပ်ံႏွ႔ံစြဲျမဲလို႔လာခဲ့ပါၿပီ။
၁၃ ဂဏန္းသီးသန္႔ ေၾကာက္ၾကသူမ်ားရွိၿပီး ၄င္းကို ၁၃ ေၾကာက္ေရာဂါ Triskaidekaphobia လို႔
 ေခၚပါတယ္ ေသာၾကာေန႔နဲ႔ပါ တြဲေၾကာက္ေနၿပီ ဆိုရင္ေတာ့ Friggatriskaidekaphobia လို႔ ေခၚပါတယ္...


ဘာလို႔ေၾကာက္ၾကသလဲ
ဘာလို႔ေရွာင္ၾကသလဲ..?????
သမိုင္းေၾကာင္းေတြရွိပါတယ္

၁။ ခရစ္ယာန္သမိုင္းမွာ ေယရွဳကို လုပ္ႀကံတဲ့ သူ႔တပည့္
ယုဒကာ႐ုတ္ Judas Iscariot ဟာ စားပြဲနံပါတ္ ၁၃ မွာထိုင္ပါတယ္။

၂။ ဂရိဒဏၰာရီမွာ ဇူးစ္ အပါအဝင္ ဂရိနတ္ဘုရား ဆယ္ႏွစ္ပါးရွိရာမွ ၁၃ ပါးေျမာက္ နတ္ဘုရားအျဖစ္ ဇူးစ္ရဲ႕သား Loki ေပၚလာၿပီး သူ႔အေဖ အပါအဝင္ နတ္ဘုရား ၁၂ ပါးလံုးကို Ragnarok လို႔ေခၚတဲ့ ကပ္ဆိုးေတြ က်ေစၿပီး သတ္ပစ္ခဲ့ပါတယ္။ Gamer ေတြဆိုသိမွာပါ နာမည္ေက်ာ္
God of War Game ထဲက ဇာတ္ေကာင္ Krato ဟာ Loki ကို အေျခခံ
ထားတာျဖစ္ပါတယ္။

၃။ ေနာက္ ခရစ္ယာန္သမိုင္းမွာပဲ ေယ႐ွဳအသတ္ခံရတဲ့ေန႔ဟာလည္း
ေသာၾကာေန႔ ျဖစ္လို႔ေနျပန္ပါတယ္။

၄။ ႐ိုးရာအရ သတ္မွတ္ထားတာ တစ္ခုက ေသဒဏ္ေပးတဲ့
ႀကိဳးစင္ေတြမွာ ေလွကားထစ္ ၁၃ ထစ္ ထားရပါတယ္။

၅။ ေရွးအေတြးေတြ မယံုဘူးဆိုၿပီး ေၾကြးေၾကာ္ခဲ့တဲ့ နာဆာရဲ႕
အပိုလို ၁၃ လြန္းပ်ံယာဥ္ဟာလဲ ေအာက္ဆီဂ်င္ကန္ေပါက္ကြဲၿပီး ပ်က္က်ခဲ့ပါတယ္။

၆။ ၁၁၁၈ ခုႏွစ္ ဥေရာပမွာ ဘာသာသာသနာကို ကာကြယ္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ 
Knights of Templar ဆိုတဲ့ တပ္ဖြဲ႕တစ္ခု ဖြဲ႕စည္းခဲ့ပါတယ္။ ရည္ရြယ္ခ်က္ေကာင္းေပမယ့္ အင္အားႀကီးလာတာေၾကာင့္ ျပင္သစ္ဘုရင္ Philip IV ဟာ ၁၃၀၇ ေအာက္တိုဘာ ၁၃ ရက္ ေသာၾကာ
ေန႔မွာ အဲ့သည့္တပ္ဖြဲ႕ဝင္ ရာနဲ႔ခ်ီၿပီး ဖမ္းဆီးသတ္ျဖတ္ခဲ့ပါတယ္။

၇။ လူနာမည္က အဂၤလိပ္အကၡရာ ၁၃ လံုးရွိရင္ အဲ့သည့္လူဟာ
မေကာင္းမွဳမွာ ေမြ႕ေလ်ာ္ၿပီး မေကာင္းမွဳနဲ႔ပဲ အက်ိဳးေပးပါသတဲ့
ဥပမာေတြကေတာ့
- Charles Manson
- Jack the Ripper
- Jeffrey Dahmer
- Theodore Bandy
- Albert De Salvo စတဲ့ ဥေရာပက ရာဇဝင္လူဆိုးဓါးျမေတြျဖစ္ၿပီး
ေနာက္တစ္ေယာက္ကေတာ့ လူတိုင္းသိတဲ့
- Osmar Binladin ပါ ။

၈။ ၁၈၀၀ ခုႏွစ္လြန္ေတြမွာ အေမရိကန္ျပည္ေထာင္စုမွာ Thirteen Club ဆိုတဲ့အဖြဲ႕
ရွိပါတယ္ ၁၃ အစြဲကို မယံုတဲ့သူေတြေပါ႔။ သူတို႔က ၁၃ ရက္ေန႔ေတြမွာေတြ႔တယ္၊ ၁၃ ေယာက္အတူ dinner စားတယ္ စသျဖင့္ စသျဖင့္ေပါ့ေလ လုပ္ၾကတာေပါ့။ အဲ့သည့္အဖြဲ႔မွာဆို အေမရိကန္သမၼတ
ငါးေယာက္ေတာင္ ပါဖူးပါတယ္
- Benjamin Harrison
- Grover Cleveland
- William Mckinley
- Theodore Roosevelt
- Chester A. Arthur တို႔ပါ။
သို႔ေသာ္ တိုက္ဆိုင္တာလားေတာ့ မသိပါဘူး
ဒီအထဲက သမၼတႏွစ္ေယာက္ လုပ္ႀကံခံရပါတယ္။

၉။ ေနာက္ၿပီး ၁၂ ဂဏန္းဟာ အလြန္ ျပည့္စံုတဲ့ ဂဏန္းလို႔ သတ္မွတ္ၾကပါတယ္
နာရီမွာဆို ၁၂ နာရီ
လမွာဆို ၁၂ လ
ဂရိနတ္ ၁၂ ပါး
ေယရွဴတပည့္ ၁၂ ေယာက္
မိုဟာမက္ Imams ၁၂ ေယာက္
ရာသီခြင္ ၁၂ ခု
စသျဖင့္ေပါ့ေလ အဲ့လို ျပည့္စံုေနရာက တစ္ခုတိုးၿပီး ၁၃ ျဖစ္သြားတာနဲ႔ 
အားလံုး ေအာက္ဆံုးကို ထိုးက်သြားတာ ေတြ႕ရမွာျဖစ္ပါတယ္

၁၀။ ေလေၾကာင္းသမိုင္းမွာလဲ ၁၉၇၂ ေအာက္တိုဘာ ၁၃ ရက္
ေသာၾကာေန႔မွာ Uruguayan Flight 571 ပ်က္က်ၿပီး ၂၉ ေယာက္
ေသဆံုးပါတယ္။ တရက္တည္းမွာပဲ Soviet Aeroflot ပ်က္က်ၿပီး
လူေပါင္း ၁၇၄ ေယာက္ ေသဆံုးခဲ့ပါတယ္။

၁၁။ စပိန္ေတြကေတာ့ ၁၃ နဲ႔တြဲတဲ့ အဂါ ၤေန႔ကို ပိုေၾကာက္ပါတယ္
ဘာလို႔လဲဆိုေတာ့ စတုတၳခ႐ူးဆိတ္ စစ္ပြဲႀကီးဟာ
၁၂၀၄ ခုႏွစ္ ဧၿပီလ ၁၃ ရက္ေန႔မွာ စတင္ခဲ့ၿပီး သူတို႔ေတြရွံဳးနိမ့္ခဲ့ကာ
တူရကီေတြရဲ႕ ေအာ္တိုမန္အင္ပါယာေအာက္ က်သြားရပါတယ္။

ကြ်န္ေတာ္တို႔ ျမန္မာ့သမိုင္းမွာလည္း ပုဂံမင္းတစ္ပါးျဖစ္တဲ့ က်စြာမင္းဟာ 
အယူသည္းမွဳေတြ ဆန္႔က်င္တဲ့သူပါ။ ၅၉၆ ကေန ၆၁၂ ထိ မင္းျပဳခဲ့ပါတယ္
ပိဋိကတ္သံုးပံုကို ကိုးေခါက္ျပန္ထားတဲ့ ပညာတတ္ပီပီ
အယူသည္းတာေတြကို မယံုတဲ့အေနနဲ႔ သူတည္တဲ့ဘုရားကို
ျပႆဒါးေန႔မွာ အုတ္ စလုပ္
ျပႆဒါးေန႔မွာပဲ ပႏၷက္ခ်
ျပႆဒါးေန႔မွာပဲ အုတ္ျမစ္ခ် စသျဖင့္
တခုခုလုပ္တိုင္း ျပႆဒါးေန႔ေတြမွာပဲ လုပ္ပါတယ္
ဒါ့ေၾကာင့္ ျပႆဒါးဘုရား လို႔တြင္ပါတယ္
တိုက္ဆိုင္တာလားေတာ့ မသိပါဘူး ...
ဘုရားမၿပီးခင္မွာပဲ မင္းႀကီး နတ္ရြာစံသြားရပါတယ္


ဒါေတြကေတာ့ ကြ်န္ေတာ္ဖတ္မိတာေတြကို ျပန္လည္တင္ဆက္လုိက္တာပါ။ 
အေပၚကေရးထားတဲ့ အခ်က္ေတြက ေကာက္သင္းေကာက္ေဖၚျပရတဲ့အတြက္ အစီအစဥ္မက်ရင္
ခြင့္လႊတ္ပါခင္ဗ်ာ

Have a Happy Friday 13th
Good Luck
ကိုေဆး
credit:shwenewnews
-------------------------------------------------
ဗဟုသုတအျဖစ္ facebook ေပၚက ဗီဒီယုိ ၾကည့္လုိပါက
Why People Fear Friday the 13th
https://www.facebook.com/FOX13TampaBay/videos/810564869115132/?v=810564869115132
Why Are We Afraid of Friday the 13th and the Number 13?
https://www.facebook.com/TheInfographicsShow/videos/1778410262220272/?v=1778410262220272
( ၂၀၁၅ ခုႏွစ္ ျပကၡဒိန္မွာေတာ့ ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔နဲ႔ လာမယ့္
ႏုိဝင္ဘာလ ၁၃ ရက္ေန႔ေတြက ေသာၾကာေန႔မွာ က်ေရာက္ေနတာ ေတြ႕ရပါတယ္။ မယုံၾကည္သူေတြ ရွိသလုိ၊ ယုံၾကည္သူေတြအေနနဲ႔လည္း အဲဒီေန႔မွာေတာ့ ဘယ္သြားသြား၊ ဘာလုပ္လုပ္ သြားသတိ၊ လာသတိေလးနဲ႔ေတာ့ ရိွေနၾကမွာပါ။ )
==================================

ကြောက်စရာပြဿဒါး (သို့) Friday 13
---------------------------------------------

အဲဒီနေ့ဟာဆိုရင် အနောက်နိုင်ငံတွေကလူတွေ သိပ်ကြောက်တဲ့
သောကြာနေ့ ၁၃ ရက် ဖြစ်ပါတယ်။ နောက်ခံသမိုင်းတိတိပပ မရှိသော်လည်း
၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာ
ခဲ့တာပါ။ အခုဆိုရင်် အာရှမှာပါ ပျံနှ့ံစွဲမြဲလို့လာခဲ့ပါပြီ။

၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး ၄င်းကို ၁၃ ကြောက်ရောဂါ
Triskaidekaphobia လို့ ခေါ်ပါတယ် သောကြာနေ့နဲ့ပါ တွဲကြောက်နေပြီ
ဆိုရင်တော့ Friggatriskaidekaphobia လို့ ခေါ်ပါတယ်...
.
ဘာလို့ကြောက်ကြသလဲ
ဘာလို့ရှောင်ကြသလဲ..?????
သမိုင်းကြောင်းတွေရှိပါတယ်

၁။ ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့်
ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်။

၂။ ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ
၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး သူ့အဖေ
အပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေ
ကျစေပြီး သတ်ပစ်ခဲ့ပါတယ်။ Gamer တွေဆိုသိမှာပါ နာမည်ကျော်
God of War Game ထဲက ဇာတ်ကောင် Krato ဟာ Loki ကို အခြေခံ
ထားတာဖြစ်ပါတယ်။

၃။ နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုအသတ်ခံရတဲ့နေ့ဟာလည်း
သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်။

၄။ ရိုးရာအရ သတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့
ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်။

၅။ ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာရဲ့
အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး
ပျက်ကျခဲ့ပါတယ်။

၆။ ၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းခဲ့
ပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်
ပြင်သစ်ဘုရင် Philip IV ဟာ ၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာ
နေ့မှာ အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

၇။ လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ
မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့
ဥပမာတွေကတော့
- Charles Manson
- Jack the Ripper
- Jeffrey Dahmer
- Theodore Bandy
- Albert De Salvo စတဲ့ ဥရောပက ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး
နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့
- Osmar Binladin ပါ ။

၈။ ၁၈၀၀ ခုနှစ်လွန်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ Thirteen Club
ဆိုတဲ့အဖွဲ့ရှိပါတယ် ၁၃ အစွဲကို မယုံတဲ့သူတွေပေါ့။ သူတို့က ၁၃ ရက်နေ့
တွေမှာတွေ့တယ်၊ ၁၃ ယောက်အတူ dinner စားတယ် စသဖြင့် စသဖြင့်
ပေါ့လေ လုပ်ကြတာပေါ့။ အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ
ငါးယောက်တောင် ပါဖူးပါတယ်
- Benjamin Harrison
- Grover Cleveland
- William Mckinley
- Theodore Roosevelt
- Chester A. Arthur တို့ပါ။
သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး
ဒီအထဲက သမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်။

၉။ နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့
သတ်မှတ်ကြပါတယ်
နာရီမှာဆို ၁၂ နာရီ
လမှာဆို ၁၂ လ
ဂရိနတ် ၁၂ ပါး
ယေရှူတပည့် ၁၂ ယောက်
မိုဟာမက် Imams ၁၂ ယောက်
ရာသီခွင် ၁၂ ခု
စသဖြင့်ပေါ့လေ အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး
၁၃ ဖြစ်သွားတာနဲ့ အားလုံး အောက်ဆုံးကို ထိုးကျသွားတာ
တွေ့ရမှာဖြစ်ပါတယ်

၁၀။ လေကြောင်းသမိုင်းမှာလဲ ၁၉၇၂ အောက်တိုဘာ ၁၃ ရက်
သောကြာနေ့မှာ Uruguayan Flight 571 ပျက်ကျပြီး ၂၉ ယောက်
သေဆုံးပါတယ်။ တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး
လူပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ပါတယ်။

၁၁။ စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ င်္နေ့ကို ပိုကြောက်ပါတယ်
ဘာလို့လဲဆိုတော့ စတုတ္ထခရူးဆိတ် စစ်ပွဲကြီးဟာ
၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး သူတို့တွေရှုံးနိမ့်ခဲ့ကာ
တူရကီတွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်။

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း ပုဂံမင်းတစ်ပါးဖြစ်တဲ့
ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ
၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်
ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ
အယူသည်းတာတွေကို မယုံတဲ့အနေနဲ့ သူတည်တဲ့ဘုရားကို
ပြဿဒါးနေ့မှာ အုတ် စလုပ်
ပြဿဒါးနေ့မှာပဲ ပန္နက်ချ
ပြဿဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့်
တခုခုလုပ်တိုင်း ပြဿဒါးနေ့တွေမှာပဲ လုပ်ပါတယ်
ဒါ့ကြောင့် ပြဿဒါးဘုရား လို့တွင်ပါတယ်
တိုက်ဆိုင်တာလားတော့ မသိပါဘူး ...
ဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်

ဒါတွေကတော့ ကျွန်တော်ဖတ်မိတာတွေကို ပြန်လည်
တင်ဆက်လိုက်တာပါ။ အပေါ်ကရေးထားတဲ့ အချက်တွေက
ကောက်သင်းကောက်ဖေါ်ပြရတဲ့အတွက် အစီအစဉ်မကျရင်
ခွင့်လွှတ်ပါခင်ဗျာ

Have a Happy Friday 13th
Good Luck
ကိုဆေး
credit:shwenewnews
( ၂၀၁၅ ခုနှစ် ပြက္ခဒိန်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့နဲ့ လာမယ့်
နိုဝင်ဘာလ ၁၃ ရက်နေ့တွေက သောကြာနေ့မှာ ကျရောက်နေတာ
တွေ့ရပါတယ်။ မယုံကြည်သူတွေ ရှိသလို၊ ယုံကြည်သူတွေအနေနဲ့လည်း
အဲဒီနေ့မှာတော့ ဘယ်သွားသွား၊ ဘာလုပ်လုပ် သွားသတိ၊ လာသတိ
လေးနဲ့တော့ ရှိနေကြမှာပါ။ )

No comments:

Post a Comment