မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, July 4, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (ဆစ္ခ္ဘာသာ)

ဆစ္ခ္ဘာသာ (Sikh)


✤ ဆစ္ခ္ဘာသာ ✤ 
----------------------
ဆစ္ခ္ဘာသာသည္ ၁၅ ရာစုအတြင္း အိႏၵိယနိုင္ငံ ပန္ဂ်ပ္ဘ္ ျပည္နယ္တြင္ ေပၚေပါက္ခဲ့ေသာ ကိုးကြယ္ယုံၾကည္ရာ ဘာသာတစ္ခု ျဖစ္သည္။ စတင္တည္ေထာင္ ခဲ့သူမွာ ဂု႐ု နာနာ့ဗ္ ဒပ္ဗ္ ျဖစ္ၿပီး သူမွစ၍ ေနာက္ထပ္ ဂု႐ု ၁၀ ေယာက္တိုင္ေအာင္ တျဖည္းျဖည္း တိုးတက္လာခဲ့ၿပီး ဆစ္ခ္ဘာသာ ဆိုင္ရာ ေနာက္ဆုံးေဟာေျပာ ခဲ့သူမွာ ဂု႐ု ဂရန႔္ ဆာဟစ္ ဂ်ီ ျဖစ္သည္။ ကမာၻေပၚတြင္ ပၪၥမေျမာက္ ကိုးကြယ္သူ အမ်ားဆုံး ဘာသာတရား ျဖစ္ၿပီး ကိုးကြယ္သူေပါင္း သန္း ၃၀ ေက်ာ္ ရွိသည္။ အိႏၵိယနိုင္ငံ ပန္ဂ်ပ္ဘ္ ျပည္နယ္မွာ ကမာၻေပၚတြင္ ဆစ္ခ္ဘာသာ ကိုးကြယ္သူ အမ်ားဆုံး ေဒသ ျဖစ္သည္။

ဆစ္ခ္ဘာသာဝင္တို႔ အေနႏွင့္ သူေတာ္စင္ စစ္သည္ေတာ္ စိတ္ဓာတ္ ရွိရမည္ဟု ျပဌာန္းထားသည္။ လူတစ္ေယာက္ အေနႏွင့္ မိမိတို႔ ကိုယ္အတြင္းမွ မေကာင္းမႈမ်ားကို မိမိဘာသာ ထိန္းခ်ဳပ္နိုင္ ရမည္ျဖစ္ၿပီး ဂု႐ု ဂရန႔္ ဆာဟစ္မွ ရွင္းလင္း ေဟာၾကားခဲ့ေသာ စင္ၾကယ္မႈမ်ားႏွင့္ ျဖည့္ဆည္းနိုင္ေအာင္ ႀကိဳးစားရမည္ဟု ျပဌာန္းထားသည္။ ဆစ္ခ္တို႔အေနႏွင့္ မတရားသျဖင့္ ဖိႏွိပ္ခံရသူတို႔ အား ဘာသာမေ႐ြး၊ အသားအေရာင္ မေ႐ြး၊ ဇာတ္နိမ့္ ဇာတ္ျမင့္ မေ႐ြး၊ ယုံၾကည္သက္ဝင္မႈ မေ႐ြး မည္သူ႕အား ျဖစ္ေစ အကာအကြယ္ ေပးနိုင္ရန္ အတြက္ သတၱိရွိရမည္ဟု ျပဌာန္းထားသည္။
ဂု႐ု (၁၀) ပါး
ဂု႐ု နာနာ့ဗ္ ဒပ္ဗ္ (Guru Nanak Dev )
ဂု႐ု အန္ဂတ္ ဒပ္ဗ္ (Guru Amar Das )
ဂု႐ု အမ္မား ေဒ့စ္(Guru Angad Dev )
ဂု႐ု ရံမ္ ေဒ့စ္ (Guru Ram Das )
ဂု႐ု အာဂ်န္ ဒပ္ဗ္ ( Guru Arjan Dev )
ဂု႐ု ဟား ဂိုဘင္ဒ္ (Guru Har Gobind )
ဂု႐ု ဟား ရား (Guru Har Rai)
ဂု႐ု ဟား ခရီရွန္း (Guru Har Krishan)
ဂု႐ု ဒန္းဂ္ ဗဟာဒူး (Guru Tegh Bahadur)
ဂု႐ု ဂိုဘင္ဒ္ ဆင္းဂ္ (Guru Gobind Singh )
ဂု႐ု ဂရန႔္ ဆာဟစ္ (Guru Granth Sahib)

ဆစ္(ခ္) ဘာသာ အယူ၀ါဒ
-------------------------------
ဆစ္ခ္ဘာသာ သည္ အဓိကအားျဖင့္ ဖန္ဆင္းရွင္ (ထာ၀ရဘုရားသခင္) ကို ယံုၾကည္လက္ခံ ကိုးကြယ္ၾကသည္။ ဆစ္(ခ္)ဘာသာတြင္ မိန္းကေလးတိုင္း ဆံပင္အရွည္ ထားျပီး ေယာက္်ားေလးတိုင္း ဆံပင္အရွည္/ မုတ္ဆိတ္အရွည္ ထားၾကသည္။  ရည္ရြယ္ခ်က္ ႏွစ္ခုျဖင့္ ထားၾကျခင္း ျဖစ္သည္။ ပထမ ရည္ရြယ္ခ်က္မွာ သဘာ၀ တရားၾကီးက လူ (မိန္းမ) ႏွင့္ လူ(ေယာက္်ား)ကို ခြဲျခား သိနိုင္ရန္ ေပးထားသည့္ အရာမ်ားကို လက္ခံျခင္း ျဖစ္သည္။ ဒုတိယ ရည္ရြယ္ခ်က္မွာ ေကာင္းတာလုပ္လ်ွင္ လည္း ေပၚလြင္ေစရန္ မေကာင္းတာ လုပ္လ်ွင္လည္း ေပၚလြင္ေစရန္ ျဖစ္သည္။

အဓိက ကိုးကြယ္ယံုၾကည္ မႈကေတာ့ ဂူရူဂရန္းဆက္(ဘ္) လို႔ေခၚတဲ့ က်မ္းစာအုပ္ကို ဘုရားသခင္ အရုိက္အရာထား၍ ယံုၾကည္ကိုးကြယ္ ၾကသည္။ ၁၇၀၈ ခုနွစ္ ဒသမေျမာက္ ဂူရူ ဂူရူဂိုဘင္း(သ္)ဆင္းၾကီး မကြယ္လြန္ခင္ (၃) ရက္အလိုတြင္ ထိုက်မ္းစာအုပ္ၾကီးကို ဘုရားသခင္ အရုိက္အရာ ေပးအပ္ခဲ့သည္။ ထိုက်မ္းစာအုပ္တြင္ စာမ်က္ႏွာေပါင္း (၁၄၃၀) ပါ၀င္ျပီး စာလံုးေရေပါင္း ၁၀၂၄၀၀ ပါ၀င္သည္။ ထိုက်မ္းစာအုပ္ကို မနက္ေန မထြက္ခင္တြင္ ဖြင့့္ျပီး ညေန ေနမ၀င္ခင္တြင္ သိမ္းေလ့ရွိသည္။ ထိုက်မ္းစာအုပ္တြင္ ေလာကေနနည္း တရားေတာ္မ်ား ပါ၀င္သည္။

ဆစ္(ခ္) ဘာသာ၀င္ မ်ားသည္ ဆံပင္၊ ဘီး၊ သံလက္ေကာက္၊ ေဘာင္းဘီပြ ႏွင့္ ဓားလြယ္ စသည့္အေဆင္ (၅) ခုကို ေဆာင္ရေလ့သည္။

Myo Min Win
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Sikhs
https://en.wikipedia.org/wiki/Sikhism

=========================

✤ ဆစ်ခ်ဘာသာ ✤
-----------------------
ဆစ်ခ်ဘာသာသည် ၁၅ ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ် ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်သည်။ စတင်တည်ထောင် ခဲ့သူမှာ ဂုရု နာနာ့ဗ် ဒပ်ဗ် ဖြစ်ပြီး သူမှစ၍ နောက်ထပ် ဂုရု ၁၀ ယောက်တိုင်အောင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဆစ်ခ်ဘာသာ ဆိုင်ရာ နောက်ဆုံးဟောပြော ခဲ့သူမှာ ဂုရု ဂရန့် ဆာဟစ် ဂျီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရား ဖြစ်ပြီး ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိသည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ် ပြည်နယ်မှာ ကမ္ဘာပေါ်တွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံး ဒေသ ဖြစ်သည်။

ဆစ်ခ်ဘာသာဝင်တို့ အနေနှင့် သူတော်စင် စစ်သည်တော် စိတ်ဓာတ် ရှိရမည်ဟု ပြဌာန်းထားသည်။ လူတစ်ယောက် အနေနှင့် မိမိတို့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိဘာသာ ထိန်းချုပ်နိုင် ရမည်ဖြစ်ပြီး ဂုရု ဂရန့် ဆာဟစ်မှ ရှင်းလင်း ဟောကြားခဲ့သော စင်ကြယ်မှုများနှင့် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဟု ပြဌာန်းထားသည်။ ဆစ်ခ်တို့အနေနှင့် မတရားသဖြင့် ဖိနှိပ်ခံရသူတို့ အား ဘာသာမရွေး၊ အသားအရောင် မရွေး၊ ဇာတ်နိမ့် ဇာတ်မြင့် မရွေး၊ ယုံကြည်သက်ဝင်မှု မရွေး မည်သူ့အား ဖြစ်စေ အကာအကွယ် ပေးနိုင်ရန် အတွက် သတ္တိရှိရမည်ဟု ပြဌာန်းထားသည်။
ဂုရု (၁၀) ပါး
ဂုရု နာနာ့ဗ် ဒပ်ဗ် (Guru Nanak Dev )
ဂုရု အန်ဂတ် ဒပ်ဗ် (Guru Amar Das )
ဂုရု အမ်မား ဒေ့စ်(Guru Angad Dev )
ဂုရု ရံမ် ဒေ့စ် (Guru Ram Das )
ဂုရု အာဂျန် ဒပ်ဗ် ( Guru Arjan Dev )
ဂုရု ဟား ဂိုဘင်ဒ် (Guru Har Gobind )
ဂုရု ဟား ရား (Guru Har Rai)
ဂုရု ဟား ခရီရှန်း (Guru Har Krishan)
ဂုရု ဒန်းဂ် ဗဟာဒူး (Guru Tegh Bahadur)
ဂုရု ဂိုဘင်ဒ် ဆင်းဂ် (Guru Gobind Singh )
ဂုရု ဂရန့် ဆာဟစ် (Guru Granth Sahib)

ဆစ်(ခ်) ဘာသာ အယူဝါဒ
-------------------------------
ဆစ်ခ်ဘာသာ သည် အဓိကအားဖြင့် ဖန်ဆင်းရှင် (ထာဝရဘုရားသခင်) ကို ယုံကြည်လက်ခံ ကိုးကွယ်ကြသည်။ ဆစ်(ခ်)ဘာသာတွင် မိန်းကလေးတိုင်း ဆံပင်အရှည် ထားပြီး ယောက်ျားလေးတိုင်း ဆံပင်အရှည်/ မုတ်ဆိတ်အရှည် ထားကြသည်။ ရည်ရွယ်ချက် နှစ်ခုဖြင့် ထားကြခြင်း ဖြစ်သည်။ ပထမ ရည်ရွယ်ချက်မှာ သဘာ၀ တရားကြီးက လူ (မိန်းမ) နှင့် လူ(ယောက်ျား)ကို ခွဲခြား သိနိုင်ရန် ပေးထားသည့် အရာများကို လက်ခံခြင်း ဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်မှာ ကောင်းတာလုပ်လျှင် လည်း ပေါ်လွင်စေရန် မကောင်းတာ လုပ်လျှင်လည်း ပေါ်လွင်စေရန် ဖြစ်သည်။

အဓိက ကိုးကွယ်ယုံကြည် မှုကတော့ ဂူရူဂရန်းဆက်(ဘ်) လို့ခေါ်တဲ့ ကျမ်းစာအုပ်ကို ဘုရားသခင် အရိုက်အရာထား၍ ယုံကြည်ကိုးကွယ် ကြသည်။ ၁၇၀၈ ခုနှစ် ဒသမမြောက် ဂူရူ ဂူရူဂိုဘင်း(သ်)ဆင်းကြီး မကွယ်လွန်ခင် (၃) ရက်အလိုတွင် ထိုကျမ်းစာအုပ်ကြီးကို ဘုရားသခင် အရိုက်အရာ ပေးအပ်ခဲ့သည်။ ထိုကျမ်းစာအုပ်တွင် စာမျက်နှာပေါင်း (၁၄၃၀) ပါဝင်ပြီး စာလုံးရေပေါင်း ၁၀၂၄၀၀ ပါဝင်သည်။ ထိုကျမ်းစာအုပ်ကို မနက်နေ မထွက်ခင်တွင် ဖွင့်ပြီး ညနေ နေမဝင်ခင်တွင် သိမ်းလေ့ရှိသည်။ ထိုကျမ်းစာအုပ်တွင် လောကနေနည်း တရားတော်များ ပါဝင်သည်။

ဆစ်(ခ်) ဘာသာဝင် များသည် ဆံပင်၊ ဘီး၊ သံလက်ကောက်၊ ဘောင်းဘီပွ နှင့် ဓားလွယ် စသည့်အဆေင် (၅) ခုကို ဆောင်ရလေ့သည်။

Myo Min Win
ဗဟုသုတကျေးရွာ

No comments:

Post a Comment