တာအို [တောက်] ဘာသာ
-----------------------------
Source: MMW
ဗဟုသုတကျေးရွာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Taoism
www.bbc.co.uk/religion/religions/taoism/
============================
အဲ့ဒီ့ပုဂ္ဂိုလ် တကယ် အသက်ရှင် နေထိုင်ခဲ့တယ် ဆိုရင်တောင်မှ အဲ့ဒီ့ ပုဂ္ဂိုလ် အကြောင်းကို သိနိုင်တော့မှာ မဟုတ်ပါဘူး ။ သူ့ရဲ့ အမည် အရင်းကိုတောင် မသိရှိကြပါ ။ လာအိုဇူ ဆိုတဲ့ အမည် အဓိပ္ပါယ်ဟာ ((( အဘိုးကြီး ))) ဒါမှမဟုတ် ((( ဆရာကြီး ))) လို့ ဆိုပါတယ် ။ သူ့အကြောင်းနဲ့ ပတ်သတ်လို့တော့ ယခုခေတ်မှာ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်များသာ ဖြစ်နေပါတော့တယ်။
သူ့အကြောင်းကို ပြောရမယ်ဆိုရင် လာအိုဇူဟာ ဥက္ကာပျံ တစ်ခုကြောင့် သူ့ကို ပဋိသန္ဓေ တည်ခဲ့ရတယ်လို့ ဆိုတယ်။ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှစ်ဆယ့်နှစ်နှစ်တိုင် နေခဲ့တယ်လို့ ဆိုတယ် ။ မွေးဖွားလာတဲ့အခါမှာ ဆံပင်များပင် ဖြူဖွေးနေပြီး ပညာရှိတစ်ဦး ဖြစ်နေပါပြီလို့ ဒီလိုဆိုပါတယ် ။ ဒါပေမယ့် အချို့ အချက်များဟာ မှန်ကန်နိုင်ဖွယ် ရှိပါသေးတယ် ။ လာအိုဇူရဲ့ အလုပ်အကိုင်က သူ့ရဲ့ မွေးရပ်မြေ အနောက်ပိုင်း ပြည်နယ်မှာ အမျိုးသား မော်ကွန်းတိုက် အုပ်ချုပ်ရေးမှူးလို့ ဆိုတယ် ။ အဲ့ဒီ့ အလုပ်အကိုင်ကို လုပ်ရင်း ရိုးရိုးကုပ်ကုပ်ပဲ နေထိုင်ခဲ့ပါတယ် ။ လာအိုဇူရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီး တစ်စောင်တည်းသော မှတ်တမ်းကိုသာ မှီငြမ်းခဲ့ ရတာဖြစ်တယ် ။
လာအိုဇူ အကြောင်းကို သတင်းကြားရတဲ့ ကွန်ဖြူရှပ်ဟာ တစ်ခါက အလည်အပတ် သွားရောက်ခဲ့ ဖူးတယ်လို့ ဆိုတယ် ။ ကွန်ဖြူရှပ်ရဲ့ ဖေါ်ပြချက်အရ သူ့ထံကို အဝေးခရီးကနေ တကူးတစ်ကန် လာရောက်ဖူးတွေ့ သူကြောင့်ပင် အနှောက်အယှက် ဖြစ်သွားပုံ ရတယ်လိ့ု ဆိုတယ် ။
((( ငှက်တွေမှာ ပျံနိုင်တဲ့ အတောင်တွေရှိတယ် ။ ငါးတွေမှာလဲ ရေထဲမှာ ကူးခတ်သွားနိုင်ဖို့ ဆူးတောင်တွေ ရှိတယ် ။ တိရိစ္ဆာန် အရိုင်းတွေမှာလဲ ပြေးလွှားဖို့ ခြေထောက်တွေ ရှိတယ် ။ ခြေထောက်ရှိတဲ့ သတ္တဝါတွေကို ဖမ်းဆီးဖို့ ထောင်ချောက်တွေ ရှိတယ် ။ ဆူးတောင်ရှိတဲ့ ငါးတွေအတွက်လဲ ပိုက်ကွန်တွေ ရှိတယ် ။ ဒါပေမယ့် နဂါးတွေကျတော့ လေထုနဲ့ တိမ်တိုက်တွေကို ဖြတ်င်္ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဖြတ်ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး ။ ဒီနေ့ ကျွန်ပ်ဟာ လာအိုဇူကို တွေ့ရပြီ ။ ဒီနေ့ကျွန်ပ် နဂါးတစ်ကောင်ကို မြင်ဖူးပြီ ))) လို့ ကွန်ဖြူရှပ်က သူ့တပည့်တွေကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လူ့သဘာဝရဲ့ ကောင်းတဲ့အချက်တွေကို ပြုစုပျိုးထောင်ပေးဖို့ သူ့ရဲ့ သွန်သင်ချက်ကို လူအများက မလိုက်နာ ကြတဲ့အတွက် စိတ်ညစ်လို့ပဲဖြစ်စေ / သူ့ဘဝရဲ့ နောက်ပိုင်း နှစ်များမှာ တဖြေးဖြေး တစ်ဦးတည်း နေဖို့အတွက် ကြိုးစားချက် အရဖြစ်စေ လာအိုဇူဟာ နောက်ဆုံးမှာတော့ ကျွဲကောင်ကိုစီးပြီး ယခု တိဗက်လို့ခေါ်တဲ့ အနောက်ဘက် ဒေသကို ထွက်ခွါသွားတယ်လို့ ဆိုပါတယ် ။ ဟန်ကောင်တောင်ကြားမှာ တာဝန်ကျနေတဲ့ အရာရှိက ဆရာကြီးရဲ့ တမူထူးခြားတဲ့ အပြုမူကို သတိပြု မိတာကြောင့် သွားခွင့်မပြုပဲ မိမိနေရပ်ကို ပြန်ဖို့ တောင်းပန်ခဲ့လေတယ် ။ ဆရာကြီးက လက်မခံပဲ ဆရာကြီး စွန့်ပစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့အယူအဆ မှတ်တမ်းတစ်စောင် တလေမျှ ထားခဲ့ဖို့ တောင်းဆိုတဲ့အခါ လာအိုဇူဟာ သဘောတူ ခဲ့ပါတယ် ။
ဆရာကြီးဟာ သုံးရက်တိတိ ပျောက်သွားပြီး ပြန်ရောက်လာတဲ့ အခါမှာ စာလုံးရေ ၅၀၀၀ ပါဝင်တဲ့ ကျမ်းတစ်စောင်ကို ယူဆောင်လာပါတယ် ။ အဲ့ဒီ့ကျမ်းရဲ့အမည်က ((( တာအိုတေချင် ))) ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ((( လမ်းစဉ်နှင့် ယင်း၏အာဏာ ))) လို့ သိရပါတယ် ။ စကြာဝဠာ အတွင်းမှာ နေထိုင်တဲ့ လူသားတွေရဲ့ သာယာပုံ အကြောင်းတွေ ဖြစ်တယ် ။ အဲ့ဒီ့ကျမ်းဟာ နာရီဝက်လောက်ပဲ ဖတ်ရုံနဲ့ ပြီးစီးနိုင်အောင်ကို တိုပါတယ် ။ သို့ပေမယ့်လဲ တစ်သက်လုံး ဖတ်လဲ မပြီးနိုင်အောင် ရှည်ပြန်တယ်။ အလွန် အတွေးအခေါ် ရင့်ကျတ်တဲ့ ကျမ်းဖြစ်ပြီး ယနေ့အထိကို တာအိုဘာသာရဲ့အခြေခံ ကျမ်းလဲ ဖြစ်နေပါတယ်။
လာအိုဇူရဲ့ ဘဝဟာ ဘာသာတစ်ခုကို တည်ထောင်တဲ့ အနေအားဖြင့် တကယ်ထူးခြား ဆန်းကြယ်လှပါတယ် ။ သူဟာ တရားမဟော ခဲ့ပါဘူး ။ ဘာသာရေး အသင်းအဖွဲ့တွေ တည်ထောင်ခြင်းလဲ မရှိခဲ့ဘူး ။ စာပေကျမ်းဆိုလို့ အနည်းငယ်သာ ရေးသားခဲ့ပါတယ် ။ ကျွဲစီးပြီး ထွက်သွားတယ် ။ သူ့အတွက်ဆိုရင် အပြီးအပိုင် ထွက်သွားခြင်းပဲ ဖြစ်ပါတယ် ။ လာအိုဇူဟာ ကွန်ဖြူရှပ်လို အရပ်တကာ လှည့်ပြီး သူ့အယူဝါဒကို ဖြန့်ဖို့ ခြေကုပ်စခန်း ရှာဖွေဖို့တွေ မလုပ်ခဲ့ဘူး ။ သူ့အယူအဆ များဟာ လူ့အဖွဲ့အစည်းထဲမှာ အောင်မြင်စွာ အခြေစိုက်နိုင်ခြင်း ရှိတာ မရှိတာလဲ သူဟာ စိတ်မဝင်စား ခဲ့ပါဘူး ။ သူ့ရဲ့ အနာဂတ် ကောင်းစားရေးနဲ့ ဂုဏ်သတင်း ကျော်ဇောရေး အတွက် ဆောင်ရွက်တယ် ဆိုတာဟာ ဝေးလာဝေးပါပဲ ။ မရှင်းလင်းတဲ့ အမေးတွေကိုလဲ ဖြေဆိုဖို့ကို မနေဘူး ။ သူ့ဘဝဇာတ်မှာ ဒဏ္ဍာရီ ပုံပြင်ဆိုတာကို အသာချိတ်ပြီး တာအိုဝါဒရဲ့ အဖိုးတန် ရတနာကို ပြောရရင်တော့ ဘာသာတစ်ရပ် အနေနဲ့ ထာဝစဉ် ရှိနေမယ်ဆိုတာ အသေအခြာ ရှိတယ်လို့ ဒီလို သိရပါတယ် ။
တာအိုဘာသာမှာ အပိုင်းသုံးပိုင်းရှိတယ်။ တွေးခေါ် မျှော်မြင်ရေးဆိုင်ရာ အဘိဓမ္မာ / တိုင်းရေး ပြည်ရေး အုပ်ချုပ်ရေး ပညာနဲ့ ဘာသာ ယုံကြည်ချက်တို့ ဖြစ်တယ် ။ တွေးခေါ် မျှော်မြင်ရေး အပိုင်းမှာ စကြာဝဠာ ကမ္ဘာလောကကြီး အတွင်းက နေ လ ကြယ် နက္ခတ်တာရာ တို့ လှည့်လည် သွားလာပုံတွေ အဲ့ဒီ့ ဂြိုလ်နက္ခတ် တွေရဲ့ လှည့်လည်မှုကြောင့် ကမ္ဘ္ဘာမြေပြင်ကြီးမှာ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေ အပြောင်းအလဲ တွေကို ပြဆိုထားပါတယ် ။
တာအိုဟာ ကောင်းကင်ပြင် အလည်မှာ ရှိတယ် ။ တာအိုဟာ တန်ခိုးသတ္တိ တည်ရာ ဗဟို အချက်အခြာ ဖြစ်တယ် ။ ဒီကမ္ဘာ လောကကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အချင်းအရာ အားလုံးကို နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အင်အားတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ် ။ တစ်နည်း ပြောရရင်တော့ တာအိုဟာ ကိုယ်ခန္ဓာ ရုပ်ဓါတ်မရှိတဲ့ ထာဝရ ပုဂ္ဂိုလ်ပင် ဖြစ်ပါတယ် ။
တာအိုဟာ ဖိုဓါတ် နဲ့ မဓါတ် ကို ဖန်ဆင်းခဲ့တယ် ။ သဘာဝမှာ ဖိုဓါတ်နဲ့ မဓါတ်ဟာ ရှိစမြဲ ဖြစ်ပါတယ် ။ ဖိုနဲ့ မ ပေါင်းပြီး ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာရတယ် ။ ကောင်းကင်နဲ့ မြေကြီးကနေ တဖန် သက်ရှိ သတ္တဝါများ ဖြစ်လာတယ် ။ တာအိုဟာ လူသားများရဲ့ ကောင်းကျိုးကို ဆောင်ရွက် ပေးပါတယ်။
ကျံတာအိုလင် အမည်ရှိတဲ့သူက တာအိုဘာသာကို ဟောပြောခဲ့ပြီး ယခုချိန်ထိတိုင် စနစ်တကျ အုပ်ချုပ်စီမံ ခဲ့တယ်လို့ ဒီလို လေ့လာတွေ့ရှိ ရပါသည်။
Source: MMW
ဗဟုသုတကျေးရွာ
-----------------------------
✤ တာအိုဘာသာ ✤
----------------------
Source: MMW
ဗဟုသုတကျေးရွာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Taoism
www.bbc.co.uk/religion/religions/taoism/
============================
✤ တာအိုဘာသာ ✤
-----------------------
တာအိုဘာသာကို လာအိုဇူ ဆိုသူဟာ စတင် ဖေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ် ။ ဘီစီ ၆၀၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အချို့ ပညာရှင်တွေက လာအိုဇူရဲ့ မွေးသက္ကရာဇ်ကို အခုဖေါ်ပြထားတဲ့ သက္ကရာဇ်ထက် နှစ်ပေါင်း သုံးရာလောက် နောက်ကျပြီး မွေးဖွား ခဲ့တယ်လို့ ခန့်မှန်းကြပါတယ် ။ အချို့ကတော့ လာအိုဇူဆိုတာ မရှိခဲ့ဘူးလို့ ဆိုပြန်ပါတယ်ခင်ဗျာ ။အဲ့ဒီ့ပုဂ္ဂိုလ် တကယ် အသက်ရှင် နေထိုင်ခဲ့တယ် ဆိုရင်တောင်မှ အဲ့ဒီ့ ပုဂ္ဂိုလ် အကြောင်းကို သိနိုင်တော့မှာ မဟုတ်ပါဘူး ။ သူ့ရဲ့ အမည် အရင်းကိုတောင် မသိရှိကြပါ ။ လာအိုဇူ ဆိုတဲ့ အမည် အဓိပ္ပါယ်ဟာ ((( အဘိုးကြီး ))) ဒါမှမဟုတ် ((( ဆရာကြီး ))) လို့ ဆိုပါတယ် ။ သူ့အကြောင်းနဲ့ ပတ်သတ်လို့တော့ ယခုခေတ်မှာ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်များသာ ဖြစ်နေပါတော့တယ်။
သူ့အကြောင်းကို ပြောရမယ်ဆိုရင် လာအိုဇူဟာ ဥက္ကာပျံ တစ်ခုကြောင့် သူ့ကို ပဋိသန္ဓေ တည်ခဲ့ရတယ်လို့ ဆိုတယ်။ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှစ်ဆယ့်နှစ်နှစ်တိုင် နေခဲ့တယ်လို့ ဆိုတယ် ။ မွေးဖွားလာတဲ့အခါမှာ ဆံပင်များပင် ဖြူဖွေးနေပြီး ပညာရှိတစ်ဦး ဖြစ်နေပါပြီလို့ ဒီလိုဆိုပါတယ် ။ ဒါပေမယ့် အချို့ အချက်များဟာ မှန်ကန်နိုင်ဖွယ် ရှိပါသေးတယ် ။ လာအိုဇူရဲ့ အလုပ်အကိုင်က သူ့ရဲ့ မွေးရပ်မြေ အနောက်ပိုင်း ပြည်နယ်မှာ အမျိုးသား မော်ကွန်းတိုက် အုပ်ချုပ်ရေးမှူးလို့ ဆိုတယ် ။ အဲ့ဒီ့ အလုပ်အကိုင်ကို လုပ်ရင်း ရိုးရိုးကုပ်ကုပ်ပဲ နေထိုင်ခဲ့ပါတယ် ။ လာအိုဇူရဲ့ ပုဂ္ဂိုလ်ရေးရာနဲ့ ပတ်သက်ပြီး တစ်စောင်တည်းသော မှတ်တမ်းကိုသာ မှီငြမ်းခဲ့ ရတာဖြစ်တယ် ။
လာအိုဇူ အကြောင်းကို သတင်းကြားရတဲ့ ကွန်ဖြူရှပ်ဟာ တစ်ခါက အလည်အပတ် သွားရောက်ခဲ့ ဖူးတယ်လို့ ဆိုတယ် ။ ကွန်ဖြူရှပ်ရဲ့ ဖေါ်ပြချက်အရ သူ့ထံကို အဝေးခရီးကနေ တကူးတစ်ကန် လာရောက်ဖူးတွေ့ သူကြောင့်ပင် အနှောက်အယှက် ဖြစ်သွားပုံ ရတယ်လိ့ု ဆိုတယ် ။
((( ငှက်တွေမှာ ပျံနိုင်တဲ့ အတောင်တွေရှိတယ် ။ ငါးတွေမှာလဲ ရေထဲမှာ ကူးခတ်သွားနိုင်ဖို့ ဆူးတောင်တွေ ရှိတယ် ။ တိရိစ္ဆာန် အရိုင်းတွေမှာလဲ ပြေးလွှားဖို့ ခြေထောက်တွေ ရှိတယ် ။ ခြေထောက်ရှိတဲ့ သတ္တဝါတွေကို ဖမ်းဆီးဖို့ ထောင်ချောက်တွေ ရှိတယ် ။ ဆူးတောင်ရှိတဲ့ ငါးတွေအတွက်လဲ ပိုက်ကွန်တွေ ရှိတယ် ။ ဒါပေမယ့် နဂါးတွေကျတော့ လေထုနဲ့ တိမ်တိုက်တွေကို ဖြတ်င်္ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဖြတ်ပြီး ကောင်းကင်ဘုံကို ဘယ်လိုလုပ် သွားတယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး ။ ဒီနေ့ ကျွန်ပ်ဟာ လာအိုဇူကို တွေ့ရပြီ ။ ဒီနေ့ကျွန်ပ် နဂါးတစ်ကောင်ကို မြင်ဖူးပြီ ))) လို့ ကွန်ဖြူရှပ်က သူ့တပည့်တွေကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လူ့သဘာဝရဲ့ ကောင်းတဲ့အချက်တွေကို ပြုစုပျိုးထောင်ပေးဖို့ သူ့ရဲ့ သွန်သင်ချက်ကို လူအများက မလိုက်နာ ကြတဲ့အတွက် စိတ်ညစ်လို့ပဲဖြစ်စေ / သူ့ဘဝရဲ့ နောက်ပိုင်း နှစ်များမှာ တဖြေးဖြေး တစ်ဦးတည်း နေဖို့အတွက် ကြိုးစားချက် အရဖြစ်စေ လာအိုဇူဟာ နောက်ဆုံးမှာတော့ ကျွဲကောင်ကိုစီးပြီး ယခု တိဗက်လို့ခေါ်တဲ့ အနောက်ဘက် ဒေသကို ထွက်ခွါသွားတယ်လို့ ဆိုပါတယ် ။ ဟန်ကောင်တောင်ကြားမှာ တာဝန်ကျနေတဲ့ အရာရှိက ဆရာကြီးရဲ့ တမူထူးခြားတဲ့ အပြုမူကို သတိပြု မိတာကြောင့် သွားခွင့်မပြုပဲ မိမိနေရပ်ကို ပြန်ဖို့ တောင်းပန်ခဲ့လေတယ် ။ ဆရာကြီးက လက်မခံပဲ ဆရာကြီး စွန့်ပစ်ခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့အယူအဆ မှတ်တမ်းတစ်စောင် တလေမျှ ထားခဲ့ဖို့ တောင်းဆိုတဲ့အခါ လာအိုဇူဟာ သဘောတူ ခဲ့ပါတယ် ။
ဆရာကြီးဟာ သုံးရက်တိတိ ပျောက်သွားပြီး ပြန်ရောက်လာတဲ့ အခါမှာ စာလုံးရေ ၅၀၀၀ ပါဝင်တဲ့ ကျမ်းတစ်စောင်ကို ယူဆောင်လာပါတယ် ။ အဲ့ဒီ့ကျမ်းရဲ့အမည်က ((( တာအိုတေချင် ))) ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ((( လမ်းစဉ်နှင့် ယင်း၏အာဏာ ))) လို့ သိရပါတယ် ။ စကြာဝဠာ အတွင်းမှာ နေထိုင်တဲ့ လူသားတွေရဲ့ သာယာပုံ အကြောင်းတွေ ဖြစ်တယ် ။ အဲ့ဒီ့ကျမ်းဟာ နာရီဝက်လောက်ပဲ ဖတ်ရုံနဲ့ ပြီးစီးနိုင်အောင်ကို တိုပါတယ် ။ သို့ပေမယ့်လဲ တစ်သက်လုံး ဖတ်လဲ မပြီးနိုင်အောင် ရှည်ပြန်တယ်။ အလွန် အတွေးအခေါ် ရင့်ကျတ်တဲ့ ကျမ်းဖြစ်ပြီး ယနေ့အထိကို တာအိုဘာသာရဲ့အခြေခံ ကျမ်းလဲ ဖြစ်နေပါတယ်။
လာအိုဇူရဲ့ ဘဝဟာ ဘာသာတစ်ခုကို တည်ထောင်တဲ့ အနေအားဖြင့် တကယ်ထူးခြား ဆန်းကြယ်လှပါတယ် ။ သူဟာ တရားမဟော ခဲ့ပါဘူး ။ ဘာသာရေး အသင်းအဖွဲ့တွေ တည်ထောင်ခြင်းလဲ မရှိခဲ့ဘူး ။ စာပေကျမ်းဆိုလို့ အနည်းငယ်သာ ရေးသားခဲ့ပါတယ် ။ ကျွဲစီးပြီး ထွက်သွားတယ် ။ သူ့အတွက်ဆိုရင် အပြီးအပိုင် ထွက်သွားခြင်းပဲ ဖြစ်ပါတယ် ။ လာအိုဇူဟာ ကွန်ဖြူရှပ်လို အရပ်တကာ လှည့်ပြီး သူ့အယူဝါဒကို ဖြန့်ဖို့ ခြေကုပ်စခန်း ရှာဖွေဖို့တွေ မလုပ်ခဲ့ဘူး ။ သူ့အယူအဆ များဟာ လူ့အဖွဲ့အစည်းထဲမှာ အောင်မြင်စွာ အခြေစိုက်နိုင်ခြင်း ရှိတာ မရှိတာလဲ သူဟာ စိတ်မဝင်စား ခဲ့ပါဘူး ။ သူ့ရဲ့ အနာဂတ် ကောင်းစားရေးနဲ့ ဂုဏ်သတင်း ကျော်ဇောရေး အတွက် ဆောင်ရွက်တယ် ဆိုတာဟာ ဝေးလာဝေးပါပဲ ။ မရှင်းလင်းတဲ့ အမေးတွေကိုလဲ ဖြေဆိုဖို့ကို မနေဘူး ။ သူ့ဘဝဇာတ်မှာ ဒဏ္ဍာရီ ပုံပြင်ဆိုတာကို အသာချိတ်ပြီး တာအိုဝါဒရဲ့ အဖိုးတန် ရတနာကို ပြောရရင်တော့ ဘာသာတစ်ရပ် အနေနဲ့ ထာဝစဉ် ရှိနေမယ်ဆိုတာ အသေအခြာ ရှိတယ်လို့ ဒီလို သိရပါတယ် ။
တာအိုဘာသာမှာ အပိုင်းသုံးပိုင်းရှိတယ်။ တွေးခေါ် မျှော်မြင်ရေးဆိုင်ရာ အဘိဓမ္မာ / တိုင်းရေး ပြည်ရေး အုပ်ချုပ်ရေး ပညာနဲ့ ဘာသာ ယုံကြည်ချက်တို့ ဖြစ်တယ် ။ တွေးခေါ် မျှော်မြင်ရေး အပိုင်းမှာ စကြာဝဠာ ကမ္ဘာလောကကြီး အတွင်းက နေ လ ကြယ် နက္ခတ်တာရာ တို့ လှည့်လည် သွားလာပုံတွေ အဲ့ဒီ့ ဂြိုလ်နက္ခတ် တွေရဲ့ လှည့်လည်မှုကြောင့် ကမ္ဘ္ဘာမြေပြင်ကြီးမှာ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေ အပြောင်းအလဲ တွေကို ပြဆိုထားပါတယ် ။
တာအိုဟာ ကောင်းကင်ပြင် အလည်မှာ ရှိတယ် ။ တာအိုဟာ တန်ခိုးသတ္တိ တည်ရာ ဗဟို အချက်အခြာ ဖြစ်တယ် ။ ဒီကမ္ဘာ လောကကြီး တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အချင်းအရာ အားလုံးကို နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ အင်အားတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ် ။ တစ်နည်း ပြောရရင်တော့ တာအိုဟာ ကိုယ်ခန္ဓာ ရုပ်ဓါတ်မရှိတဲ့ ထာဝရ ပုဂ္ဂိုလ်ပင် ဖြစ်ပါတယ် ။
တာအိုဟာ ဖိုဓါတ် နဲ့ မဓါတ် ကို ဖန်ဆင်းခဲ့တယ် ။ သဘာဝမှာ ဖိုဓါတ်နဲ့ မဓါတ်ဟာ ရှိစမြဲ ဖြစ်ပါတယ် ။ ဖိုနဲ့ မ ပေါင်းပြီး ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာရတယ် ။ ကောင်းကင်နဲ့ မြေကြီးကနေ တဖန် သက်ရှိ သတ္တဝါများ ဖြစ်လာတယ် ။ တာအိုဟာ လူသားများရဲ့ ကောင်းကျိုးကို ဆောင်ရွက် ပေးပါတယ်။
ကျံတာအိုလင် အမည်ရှိတဲ့သူက တာအိုဘာသာကို ဟောပြောခဲ့ပြီး ယခုချိန်ထိတိုင် စနစ်တကျ အုပ်ချုပ်စီမံ ခဲ့တယ်လို့ ဒီလို လေ့လာတွေ့ရှိ ရပါသည်။
Source: MMW
ဗဟုသုတကျေးရွာ
No comments:
Post a Comment