မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (ရွင္တိုဘာသာ)

ရွင္တိုဘာသာ

✤ ရွင္တိုဘာသာ ✤ 
------------------------
ရွင္တိုဘာသာသည္ ထာဝရဘုရား ကိုးကြယ္မႈႏွင့္ သဘာဝ တရားဓမၼကို ကိုးကြယ္မႈ ေပါင္းစပ္ထားေသာ ဘာသာျဖစ္သည္ ။ ကာမီနိုမီက်ီ ဟူ၍ လည္းေကာင္း ေလာကုတၱရာလမ္း ဟူ၍ လည္းေကာင္း ေခၚသည့္ ရွင္တို ဘာသာသည္ ေရွးေခတ္ ဂ်ပန္တို႕၏ ဘာသာတရား တစ္ခုျဖစ္သည္ ။

ဂ်ပန္နိုင္ငံသို႕ ဗုဒၶဘာသာႏွင့္ ကြန္ဖူးရွပ္ ဘာသာတို႕ ေရာက္ရွိမလာမီ ရွင္တိုဘာသာမွာ သဘာဝ တရားဓမၼႏွင့္ ထာဝရ ဘုရားတို႕ကို ကိုးကြယ္ေသာ ဘာသာျဖစ္သည္ ။ ဗုဒၶဘာသာႏွင့္ ကြန္ဖူးရွပ္ ဘာသာတို႕ ေရာက္လာ ေသာအခါ ယဥ္ေက်းမႈ ၾသဇာ လြမ္းမိုး ေနခဲ႕သည္ ။

ရွင္တိုဘာသာတြင္ တစ္ခုတည္းေသာ ထာဝရဘုရား ရွိသည္ဟု ယံုၾကည္မႈအျပင္ သဘာဝတရားကို ရွစ္ခိုးျခင္း သက္မဲ႕ ရုပ္ထု ကိုးကြယ္ျခင္း မ်ားလည္း ရွိေသးသည္ ။

ေရွးေခတ္ ရွင္တိုဘာသာ ဝင္တို႕သည္ သဘာဝ တရားကိုသာ ကိုးကြယ္ ၾကသည္မဟုတ္ေသး ။ ေန လ နကၡ ေတာေတာင္ ေရေျမ မီး တိရိစၦာန္တို႕တင္မက သစ္ပင္ခ်ံဳႏြယ္ တုိ႕အျပင္ လူစြမ္းေကာင္း မ်ားကိုလည္း ကိုးကြယ္ၾကေသးသည္ ။ ထူးခြ်န္ ေျပာင္ေျမာက္ေသာ သူရဲေကာင္းမ်ားကို အသက္ထင္ရွား ရွိစဥ္အခါႏွင့္ ကြယ္လြန္ျပီးေသာ အခါမ်ားတြင္ ျမင့္ျမတ္ေသာ နတ္ သို႕မဟုတ္ ကာမိဟု အမည္ေပးကာ ကိုးကြယ္ၾကသည္ ။ ထိုသူရဲေကာင္းမ်ား မေသမီပင္ သူတို႕အတြက္ ေဆာက္လုပ္ထားေသာ ရွင္တိုဘုရားေက်ာင္း မ်ားလည္း ရွိသည္ ။

ရဲစြမ္းသတၱိရွိေသာ သူရဲေကာင္းမ်ားကို လူအသြင္ ဖန္ဆင္းေနေသာ နတ္မ်ားဟူ၍ပင္ ယံုၾကည္ၾကသည္ ။ ဘိုးေဘး ဘီဘင္ အဆက္အႏြယ္ မ်ားကုိ ကိုးကြယ္မႈႏွင့္ ဧကရာဇ္ ဘုရင္မင္းျမတ္၏ အသံုးအေဆာင္ မ်ားကိုလည္း သက္မဲ႕ ဆင္းတုအျဖစ္ ကိုးကြယ္ ၾကေသး၏ ။

ဘုရင္ဧကရာဇ္ ကုိလည္း ေန နတ္အႏြယ္မ်ားမွ ဆင္းသက္လာသူဟု ယံုၾကည္ခဲ႔ ၾကသျဖင့္ မ်က္ေမွာက္ေခတ္သို႔ တိုင္ေအာင္ ဘုရင္ဧကရာဇ္ တုိ႕သည္ နိိင္ငံေရးအရ တြင္သာမက ေခါင္းေဆာင္ အႀကီးအမွဴး တစ္ဦး ျဖစ္ေသးသည္မဟုတ္ ဘာသာေရး ၌လည္း တစ္ဦးတည္းေသာ ကိုယ္စားလွယ္ ျဖစ္သည္ ။

ရွင္တိုဘာသာတြင္ သဘာဝဓမၼ ကိုးကြယ္မႈ အဝိညာဏက သက္မဲ႔ဝတၳဳ ကိုးကြယ္မႈႏွင့္ သူရဲေကာင္း ကိုးကြယ္မႈမ်ားမွာ ေနာက္ပိုင္းတြင္ ေျပာင္းလဲ လာခဲ႕ျပီး ထိုကိုးကြယ္ခဲ႕ေသာ အရာအာလံုး တို႕သည္ ထာဝရ ဘုရားပင္ ျဖစ္သည္ဟု ဤကဲ႕သို႕ တစ္ဆူတည္းေသာ ဘုရားအျဖစ္ အဆင့္ဆင့္ တိုးတက္လာခဲ႕ျခင္း ျဖစ္ေလေၾကာင္း ေလ့လာမွတ္သား ရေလ၏ ။

Credit: original writer
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
==============================

✤ ရှင်တိုဘာသာ ✤
--------------------------
ရှင်တိုဘာသာသည် ထာဝရဘုရား ကိုးကွယ်မှုနှင့် သဘာဝ တရားဓမ္မကို ကိုးကွယ်မှု ပေါင်းစပ်ထားသော ဘာသာဖြစ်သည် ။ ကာမီနိုမီကျီ ဟူ၍ လည်းကောင်း လောကုတ္တရာလမ်း ဟူ၍ လည်းကောင်း ခေါ်သည့် ရှင်တို ဘာသာသည် ရှေးခေတ် ဂျပန်တို့၏ ဘာသာတရား တစ်ခုဖြစ်သည် ။

ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ် ဘာသာတို့ ရောက်ရှိမလာမီ ရှင်တိုဘာသာမှာ သဘာဝ တရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်သော ဘာသာဖြစ်သည် ။ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ် ဘာသာတို့ ရောက်လာ သောအခါ ယဉ်ကျေးမှု သြဇာ လွမ်းမိုး နေခဲ့သည် ။

ရှင်တိုဘာသာတွင် တစ်ခုတည်းသော ထာဝရဘုရား ရှိသည်ဟု ယုံကြည်မှုအပြင် သဘာဝတရားကို ရှစ်ခိုးခြင်း သက်မဲ့ ရုပ်ထု ကိုးကွယ်ခြင်း များလည်း ရှိသေးသည် ။

ရှေးခေတ် ရှင်တိုဘာသာ ဝင်တို့သည် သဘာဝ တရားကိုသာ ကိုးကွယ် ကြသည်မဟုတ်သေး ။ နေ လ နက္ခ တောတောင် ရေမြေ မီး တိရိစ္ဆာန်တို့တင်မက သစ်ပင်ချုံနွယ် တို့အပြင် လူစွမ်းကောင်း များကိုလည်း ကိုးကွယ်ကြသေးသည် ။ ထူးချွန် ပြောင်မြောက်သော သူရဲကောင်းများကို အသက်ထင်ရှား ရှိစဉ်အခါနှင့် ကွယ်လွန်ပြီးသော အခါများတွင် မြင့်မြတ်သော နတ် သို့မဟုတ် ကာမိဟု အမည်ပေးကာ ကိုးကွယ်ကြသည် ။ ထိုသူရဲကောင်းများ မသေမီပင် သူတို့အတွက် ဆောက်လုပ်ထားသော ရှင်တိုဘုရားကျောင်း များလည်း ရှိသည် ။

ရဲစွမ်းသတ္တိရှိသော သူရဲကောင်းများကို လူအသွင် ဖန်ဆင်းနေသော နတ်များဟူ၍ပင် ယုံကြည်ကြသည် ။ ဘိုးဘေး ဘီဘင် အဆက်အနွယ် များကို ကိုးကွယ်မှုနှင့် ဧကရာဇ် ဘုရင်မင်းမြတ်၏ အသုံးအဆောင် များကိုလည်း သက်မဲ့ ဆင်းတုအဖြစ် ကိုးကွယ် ကြသေး၏ ။

ဘုရင်ဧကရာဇ် ကိုလည်း နေ နတ်အနွယ်များမှ ဆင်းသက်လာသူဟု ယုံကြည်ခဲ့ ကြသဖြင့် မျက်မှောက်ခေတ်သို့ တိုင်အောင် ဘုရင်ဧကရာဇ် တို့သည် နိင်ငံရေးအရ တွင်သာမက ခေါင်းဆောင် အကြီးအမှူး တစ်ဦး ဖြစ်သေးသည်မဟုတ် ဘာသာရေး ၌လည်း တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်သည် ။

ရှင်တိုဘာသာတွင် သဘာဝဓမ္မ ကိုးကွယ်မှု အဝိညာဏက သက်မဲ့ဝတ္ထု ကိုးကွယ်မှုနှင့် သူရဲကောင်း ကိုးကွယ်မှုများမှာ နောက်ပိုင်းတွင် ပြောင်းလဲ လာခဲ့ပြီး ထိုကိုးကွယ်ခဲ့သော အရာအာလုံး တို့သည် ထာဝရ ဘုရားပင် ဖြစ်သည်ဟု ဤကဲ့သို့ တစ်ဆူတည်းသော ဘုရားအဖြစ် အဆင့်ဆင့် တိုးတက်လာခဲ့ခြင်း ဖြစ်လေကြောင်း လေ့လာမှတ်သား ရလေ၏ ။

No comments:

Post a Comment