မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ကေနဒါကလမ္းနဲ႔ ပဲရစ္ၿမိဳ႕ကနံရံ

ကေနဒါကလမ္းနဲ႔ ပဲရစ္ၿမိဳ႕ကနံရံ
------------------------------------

 သိပ္မၾကာခင္ကာလက ကေနဒါႏိုင္ငံကို ကၽြန္မ အလည္အပတ္ ေရာက္ခဲ့ပါတယ္။ 
ကေနဒါမွာ အေနၾကာၿပီျဖစ္တဲ့ ဦးေလးက ကၽြန္မကို Quebec ျပည္နယ္က Montreal ၿမိဳ႕ဆီ 
ကားေမာင္းၿပီး လုိက္ပို႔ပါတယ္။

ဦးေလးေမာင္းတဲ့ကားက အေဝးေျပးလမ္းမေပၚ တစ္ေထာက္ေမာင္းၿပီးတဲ့ေနာက္မွာ ႐ုတ္တရက္ 
ကားက လူးလြန္႔သြားခဲ့ပါတယ္။ ကၽြန္မက လက္ကိုင္ကိုအျမန္ဖမ္းကိုင္ၿပီး ဦးေလးကို ေၾကာက္ေၾကာက္လန္႔လန္႔ ၾကည့္လိုက္ပါတယ္။ ဦးေလးက တဟားဟား ရယ္ၿပီး “ဘာမွမျဖစ္ပါဘူး
ငါတို႔က မိုင္ႏႈန္းသတ္မွတ္ထားတဲ့လမ္းေပၚ ေရာက္လာလို႔ပါ။ ကားအ႐ွိန္ျမန္လို႔ ဟန္ခ်က္ပ်က္သြားတာပါ”လို႔ ေျပာပါတယ္။

ဦးေလးက ကားအ႐ွိန္ကိုျဖည္းျဖည္းခ်င္းေလ်ာ့ခ်လိုက္မွ ကားကျပန္ၿငိမ္သြားပါတယ္။ 
ကားလမ္းေ႐ွ႕ ေဘးတစ္ေနရာမွာ “သတ္မွတ္မုိင္ႏႈန္း ၇ဝ”လို႔ သတိေပးထားတဲ့ ဆိုင္းဘုတ္ကို ကၽြန္မေတြ႔လိုက္ပါတယ္။

“ဒီလမ္းက အထူးစီမံထားတဲ့လမ္းလား… ဘာျဖစ္လို႔ သတ္မွတ္မိုင္ႏႈန္းထက္ျမန္ရင္ 
ကားက ရမ္းသြားရသလဲ”လို႔ ကၽြန္မ တအံ့တၾသ ေမးမိပါတယ္။ 
ဦးေလးက  ေခါင္းတဆတ္ဆတ္ညိတ္ၿပီး အေဝးေျပးလမ္းမနဲ႔
ပတ္သက္တဲ့ အေၾကာင္းအရာတခ်ဳိ႕ကို ေျပာျပပါေတာ့တယ္။

ကေနဒါမွာ ၿမိဳ႕တိုင္းကို အေဝးေျပးလမ္းမေတြနဲ႔ ခ်ိတ္စပ္ ဆက္သြယ္ ထားပါတယ္။ 
အဲဒီ အေဝးေျပးလမ္းမေပၚမွာ ကားအျမန္ေမာင္းလို႔ မျဖစ္သင့္တဲ့ေၾကကဲြဖြယ္ျဖစ္ရပ္ေတြ အၿမဲျဖစ္ပြားခဲ့ဖူးပါတယ္။ သတ္မွတ္မုိင္ႏႈန္းထက္ပိုမေမာင္းေအာင္ ကေနဒါအစိုးရက လမ္းေဘးႏွစ္ဖက္မွာ
ကင္မရာေတြအမ်ားအျပား တပ္ဆင္ခဲ့ဖူးပါတယ္။ စည္းကမ္း မလိုက္နာတဲ့ယာဥ္ေတြကို အျပစ္ေပး ဒဏ္ေငြေဆာင္ခိုင္းတာမ်ဳိး လုပ္ခဲ့ပါတယ္။ အစိုးရဝင္ေငြတိုးခဲ့ေပမယ့္ မေတာ္တဆမႈက ေလ်ာ့မသြားခဲ့ပါဘူး။

ဒီလိုအေျခအေနမ်ဳိးက ျပည္သူေတြအတြက္ အျငင္းပြားစရာ ျဖစ္လာခဲ့ပါတယ္။
 ျပည္သူေတြက အစိုးရကို အျမန္ႏႈန္းဟာ ယာဥ္ေမာင္းသူနဲ႔ပဲ ဆိုင္တယ္လို႔ မသတ္မွတ္သင့္ေၾကာင္း၊ ဒဏ္ေပးစနစ္နဲ႔ပဲ အျမန္ႏႈန္းကို မသတ္မွတ္သင့္ေၾကာင္း အႀကံေပးၾကတယ္။ လမ္းဒီဇိုင္းနဲ႔ အေဝးေျပး
လမ္းမ တိုးတက္ေကာင္းမြန္ေအာင္ လုပ္သင့္တယ္။ ကားေတြကို ျပဳျပင္ၿပီး အဲဒီကားေတြဟာ သတ္မွတ္မိုင္ႏႈန္းထက္ပိုေမာင္းရင္ လမ္းမေပၚမွာ နဂိုအတိုင္းေမာင္းႏွင္လို႔မရတာမ်ဳိးနဲ႔ သတ္မွတ္မိုင္ႏႈန္း
ထက္ေက်ာ္ေမာင္းတာကို တားဆီးသင့္တယ္။ အဲဒီလိုအႀကံျပဳခ်က္ကို အစိုးရက အတည္ျပဳခဲ့ပါတယ္။ ေနာက္ပိုင္းမွာ မေတာ္တဆမႈေတြ တစ္ႏွစ္ထက္တစ္ႏွစ္ ေလ်ာ့နည္းလာခဲ့ေတာ့တယ္။

တကယ္ေတာ့ သတ္မွတ္မိုင္းႏႈန္းထက္ေက်ာ္ေမာင္းတာကို တားဆီးတဲ့နည္းက 
လမ္းေဘးမွာ ကင္မရာတပ္ၿပီး စည္းကမ္းခ်ဳိးေဖာက္သူကို ဒဏ္ေဆာင္ခိုင္းတာမ်ဳိး၊ ယာဥ္ေမာင္းသူေတြ “မလုပ္ရဲ”ေအာင္ တားတာမ်ဳိးမဟုတ္ဘဲ လမ္းမေတြကို တုိးတက္ေကာင္းမြန္ေအာင္ ဒီဇိုင္းနဲ႔ျပဳျပင္ၿပီး
ယာဥ္ေမာင္းသူေတြ “လုပ္လို႔မရ”တဲ့ ဝန္းက်င္တစ္ခု ဖန္တီးလိုက္တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ပဲရစ္ၿမိဳ႕က လမ္းမေပၚအေပါ့သြားတဲ့ကိစၥ
ေျဖ႐ွင္းလိုက္တဲ့အေၾကာင္းကို ကၽြန္မဆက္စပ္ေတြးလိုက္မိတယ္။
ကမာၻ႔ဖက္႐ွင္ၿမိဳ႕ေတာ္မွာ ေနထိုင္ၾကတယ္ဆိုေပမယ့္ ျပင္သစ္လူမ်ဳိးေတြဟာ ေတြ႔ရာေနရာမွာ အေပါ့သြားတတ္ၾကတာဟာ ပဲရစ္ၿမိဳ႕ရဲ႕ အေမြအႏွစ္လို ျဖစ္ခဲ့ပါတယ္။ ပဲရစ္ၿမိဳ႕ကို “ေသးအိုင္ၿမိဳ႕”လို႔လည္း
ေခၚေဝၚခဲ့ၾကတယ္။ ဒါကို အစိုးရ သည္းမခံႏိုင္ျဖစ္ခဲ့တယ္။

“အျပဳအမူဆိုးေျခမႈန္းတပ္”ကိုဖဲြ႔ၿပီး တစ္ရက္ကို ၁၇နာရီ ကင္းလွည့္ခဲ့ၾကတယ္။ အျပစ္က်ဴးလြန္သူကို ဒဏ္႐ိုက္ခဲ့ၾကတယ္။ ဒဏ္ေဆာင္သူေတြ ေလ်ာ့သြားတယ္လို႔မ႐ွိဘဲ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုပိုတိုးလာခဲ့
ပါတယ္။

ဗိသုကာ႐ွင္ Etienneက ဒီအေျခအေနကိုေတြ႔ေတာ့ ထူးျခားဆန္းသစ္လုိစိတ္နဲ႔ “ေသးမပန္းရနံရံ”တစ္မ်ဳိးကို ဒီဇိုင္းလုပ္ဖို႔ စိတ္ကူးရလိုက္ပါတယ္။ အဲဒီနံရံက လိႈင္းပံုသ႑ာန္ျဖစ္ၿပီး နံရံေပၚေသးပန္းခ်လိုက္တာနဲ႔
ကိုယ့္ေသးက ကိုယ့္ကိုျပန္စိုေစတဲ့ နံရံျဖစ္ပါတယ္။ ေသးေပါက္သူေတြဟာ ကိုယ့္ေဘာင္းဘီ အစိုခံထိၿပီးေနာက္ ေနာက္တစ္ႀကိမ္ အဲဒီေနရာမွာ ေသးမေပါက္ရဲေတာ့တာကို ေစာင့္ၾကည့္သူေတြက သတိျပဳမိခဲ့ၾကပါတယ္။

အေပၚက ျပႆနာႏွစ္ခုမွာ အျပစ္က်ဴးလြန္သူေတြကို ေငြေပးဒဏ္႐ိုက္စနစ္ ျပဳလုပ္ခဲ့ေပမယ့္ အရာမထင္ခဲ့ဘဲ ကားလမ္း၊ နံရံကို ဒီဇိုင္းျပဳျပင္လုိက္မွ ထင္မွတ္မထားတဲ့ အက်ဳိးကို ရ႐ွိခဲ့တာဟာ ဘာေၾကာင့္ပါလိမ့္။

စီမံအုပ္ခ်ဳပ္ေရးကၽြမ္းက်င္ပညာ႐ွင္ August Weismann က
အေစာပိုင္းတည္းက အေျဖထုတ္ၿပီးသားျဖစ္ပါတယ္။

“ျပႆနာတစ္ခုကုိေျဖ႐ွင္းရာမွာ ျပႆနာနဲ႔နီးစပ္တဲ့ တဆင့္ျမင့္ေျဖ႐ွင္းနည္းကို မွီခိုအားထား ေျဖ႐ွင္းရတယ္” တစ္နည္းေျပာရရင္ ျပႆနာျဖစ္တဲ့အဆင့္မွာ အက်ဳိး႐ွိတဲ့ေျဖ႐ွင္းမႈမ်ဳိး မရႏိုင္လို႔ ျပႆနာျဖစ္တဲ့အဆင့္ထက္ တစ္ဆင့္ျမင့္တဲ့ ေျဖ႐ွင္းမႈမ်ဳိးကသာ အက်ဳိးသက္ေရာက္
ႏိုင္တာ ျဖစ္ပါတယ္။ အေဝးေျပးလမ္းမအေနနဲ႔ၾကည့္ရင္ ကင္မရာတပ္၊ ဒဏ္ေငြ႐ိုက္႐ံုနဲ႔ ျပႆနာကို မေျဖ႐ွင္းႏိုင္ခဲ့ဘူး။ ယာဥ္ေမာင္းသူေတြရဲ႕အျပဳအမူကိုေျဖ႐ွင္းႏိုင္မွ ဒီျပႆနာကို ေျဖ႐ွင္းႏိုင္မွာျဖစ္ပါတယ္။ ဒီလိုဆိုရင္ ပထမဦးဆံုး အမူအက်င့္ေကာင္းျဖစ္ဖို႔ ပတ္ဝန္းက်င္တစ္ခု အရင္ဖန္တီး ေပးရတာျဖစ္တယ္။ ဒါမွ ျပႆနာကို ေျဖ႐ွင္းၿပီးသား ျဖစ္သြားပါတယ္။

အခ်ိန္အခါေတာ္ေတာ္မ်ားမ်ားမွာ ျပႆနာတစ္ခုနဲ႔ႀကံဳတဲ့အခါ အဲဒီျပႆနာကို ကၽြန္မတို႔ မေျဖ႐ွင္းႏိုင္ရတာဟာ ကၽြန္မတို႔ႀကိဳးစားၿပီး မေျဖ႐ွင္းလို႔မဟုတ္ပါဘူး။ အဲဒီ ျပႆနာထက္ တဆင့္ျမင့္တဲ့
ေျဖ႐ွင္းနည္းကို မ႐ွာခဲ့ဘဲ ျပႆနာသက္သက္ကိုပဲ ကၽြန္မတို႔က အေရးစိုက္က်င့္ ႐ွိခဲ့ၾကလို႔ျဖစ္ပါတယ္။
.
credet : ႏိုင္းႏိုင္းစေန (Feb. 27. 2015)
June 5, 2015 ေန႔စြဲျဖင့္ မွ်ေဝခဲ့ေသာ ပုိ႔စ္ေဟာင္းတစ္ပုဒ္
====================================

ကနေဒါကလမ်းနဲ့ ပဲရစ်မြို့ကနံရံ
------------------------------------
 
သိပ်မကြာခင်ကာလက ကနေဒါနိုင်ငံကို ကျွန်မ အလည်အပတ် ရောက်ခဲ့ပါတယ်။

ကနေဒါမှာ အနေကြာပြီဖြစ်တဲ့ ဦးလေးက ကျွန်မကို Quebec ပြည်နယ်က Montreal မြို့ဆီ

ကားမောင်းပြီး လိုက်ပို့ပါတယ်။



ဦးလေးမောင်းတဲ့ကားက အဝေးပြေးလမ်းမပေါ် တစ်ထောက်မောင်းပြီးတဲ့နောက်မှာ ရုတ်တရက်

ကားက လူးလွန့်သွားခဲ့ပါတယ်။ ကျွန်မက လက်ကိုင်ကိုအမြန်ဖမ်းကိုင်ပြီး ဦးလေးကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်ပါတယ်။ ဦးလေးက တဟားဟား ရယ်ပြီး “ဘာမှမဖြစ်ပါဘူး
ငါတို့က မိုင်နှုန်းသတ်မှတ်ထားတဲ့လမ်းပေါ် ရောက်လာလို့ပါ။ ကားအရှိန်မြန်လို့ ဟန်ချက်ပျက်သွားတာပါ”လို့ ပြောပါတယ်။

ဦးလေးက ကားအရှိန်ကိုဖြည်းဖြည်းချင်းလျော့ချလိုက်မှ ကားကပြန်ငြိမ်သွားပါတယ်။

ကားလမ်းရှေ့ ဘေးတစ်နေရာမှာ “သတ်မှတ်မိုင်နှုန်း ၇ဝ”လို့ သတိပေးထားတဲ့ ဆိုင်းဘုတ်ကို ကျွန်မတွေ့လိုက်ပါတယ်။

“ဒီလမ်းက အထူးစီမံထားတဲ့လမ်းလား… ဘာဖြစ်လို့ သတ်မှတ်မိုင်နှုန်းထက်မြန်ရင်

ကားက ရမ်းသွားရသလဲ”လို့ ကျွန်မ တအံ့တသြ မေးမိပါတယ်။

ဦးလေးက  ခေါင်းတဆတ်ဆတ်ညိတ်ပြီး အဝေးပြေးလမ်းမနဲ့
ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ပြောပြပါတော့တယ်။

ကနေဒါမှာ မြို့တိုင်းကို အဝေးပြေးလမ်းမတွေနဲ့ ချိတ်စပ် ဆက်သွယ် ထားပါတယ်။

အဲဒီ အဝေးပြေးလမ်းမပေါ်မှာ ကားအမြန်မောင်းလို့ မဖြစ်သင့်တဲ့ကြေကွဲဖွယ်ဖြစ်ရပ်တွေ အမြဲဖြစ်ပွားခဲ့ဖူးပါတယ်။ သတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းအောင် ကနေဒါအစိုးရက လမ်းဘေးနှစ်ဖက်မှာ
ကင်မရာတွေအများအပြား တပ်ဆင်ခဲ့ဖူးပါတယ်။ စည်းကမ်း မလိုက်နာတဲ့ယာဉ်တွေကို အပြစ်ပေး ဒဏ်ငွေဆောင်ခိုင်းတာမျိုး လုပ်ခဲ့ပါတယ်။ အစိုးရဝင်ငွေတိုးခဲ့ပေမယ့် မတော်တဆမှုက လျော့မသွားခဲ့ပါဘူး။

ဒီလိုအခြေအနေမျိုးက ပြည်သူတွေအတွက် အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။

 ပြည်သူတွေက အစိုးရကို အမြန်နှုန်းဟာ ယာဉ်မောင်းသူနဲ့ပဲ ဆိုင်တယ်လို့ မသတ်မှတ်သင့်ကြောင်း၊ ဒဏ်ပေးစနစ်နဲ့ပဲ အမြန်နှုန်းကို မသတ်မှတ်သင့်ကြောင်း အကြံပေးကြတယ်။ လမ်းဒီဇိုင်းနဲ့ အဝေးပြေး
လမ်းမ တိုးတက်ကောင်းမွန်အောင် လုပ်သင့်တယ်။ ကားတွေကို ပြုပြင်ပြီး အဲဒီကားတွေဟာ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းရင် လမ်းမပေါ်မှာ နဂိုအတိုင်းမောင်းနှင်လို့မရတာမျိုးနဲ့ သတ်မှတ်မိုင်နှုန်း
ထက်ကျော်မောင်းတာကို တားဆီးသင့်တယ်။ အဲဒီလိုအကြံပြုချက်ကို အစိုးရက အတည်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ မတော်တဆမှုတွေ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့တော့တယ်။

တကယ်တော့ သတ်မှတ်မိုင်းနှုန်းထက်ကျော်မောင်းတာကို တားဆီးတဲ့နည်းက

လမ်းဘေးမှာ ကင်မရာတပ်ပြီး စည်းကမ်းချိုးဖောက်သူကို ဒဏ်ဆောင်ခိုင်းတာမျိုး၊ ယာဉ်မောင်းသူတွေ “မလုပ်ရဲ”အောင် တားတာမျိုးမဟုတ်ဘဲ လမ်းမတွေကို တိုးတက်ကောင်းမွန်အောင် ဒီဇိုင်းနဲ့ပြုပြင်ပြီး
ယာဉ်မောင်းသူတွေ “လုပ်လို့မရ”တဲ့ ဝန်းကျင်တစ်ခု ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပဲရစ်မြို့က လမ်းမပေါ်အပေါ့သွားတဲ့ကိစ္စ
ဖြေရှင်းလိုက်တဲ့အကြောင်းကို ကျွန်မဆက်စပ်တွေးလိုက်မိတယ်။
ကမ္ဘာ့ဖက်ရှင်မြို့တော်မှာ နေထိုင်ကြတယ်ဆိုပေမယ့် ပြင်သစ်လူမျိုးတွေဟာ တွေ့ရာနေရာမှာ အပေါ့သွားတတ်ကြတာဟာ ပဲရစ်မြို့ရဲ့ အမွေအနှစ်လို ဖြစ်ခဲ့ပါတယ်။ ပဲရစ်မြို့ကို “သေးအိုင်မြို့”လို့လည်း
ခေါ်ဝေါ်ခဲ့ကြတယ်။ ဒါကို အစိုးရ သည်းမခံနိုင်ဖြစ်ခဲ့တယ်။

“အပြုအမူဆိုးခြေမှုန်းတပ်”ကိုဖွဲ့ပြီး တစ်ရက်ကို ၁၇နာရီ ကင်းလှည့်ခဲ့ကြတယ်။ အပြစ်ကျူးလွန်သူကို ဒဏ်ရိုက်ခဲ့ကြတယ်။ ဒဏ်ဆောင်သူတွေ လျော့သွားတယ်လို့မရှိဘဲ တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာခဲ့
ပါတယ်။

ဗိသုကာရှင် Etienneက ဒီအခြေအနေကိုတွေ့တော့ ထူးခြားဆန်းသစ်လိုစိတ်နဲ့ “သေးမပန်းရနံရံ”တစ်မျိုးကို ဒီဇိုင်းလုပ်ဖို့ စိတ်ကူးရလိုက်ပါတယ်။ အဲဒီနံရံက လှိုင်းပုံသဏ္ဍာန်ဖြစ်ပြီး နံရံပေါ်သေးပန်းချလိုက်တာနဲ့
ကိုယ့်သေးက ကိုယ့်ကိုပြန်စိုစေတဲ့ နံရံဖြစ်ပါတယ်။ သေးပေါက်သူတွေဟာ ကိုယ့်ဘောင်းဘီ အစိုခံထိပြီးနောက် နောက်တစ်ကြိမ် အဲဒီနေရာမှာ သေးမပေါက်ရဲတော့တာကို စောင့်ကြည့်သူတွေက သတိပြုမိခဲ့ကြပါတယ်။

အပေါ်က ပြဿနာနှစ်ခုမှာ အပြစ်ကျူးလွန်သူတွေကို ငွေပေးဒဏ်ရိုက်စနစ် ပြုလုပ်ခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ကားလမ်း၊ နံရံကို ဒီဇိုင်းပြုပြင်လိုက်မှ ထင်မှတ်မထားတဲ့ အကျိုးကို ရရှိခဲ့တာဟာ ဘာကြောင့်ပါလိမ့်။

စီမံအုပ်ချုပ်ရေးကျွမ်းကျင်ပညာရှင် August Weismann က
အစောပိုင်းတည်းက အဖြေထုတ်ပြီးသားဖြစ်ပါတယ်။

“ပြဿနာတစ်ခုကိုဖြေရှင်းရာမှာ ပြဿနာနဲ့နီးစပ်တဲ့ တဆင့်မြင့်ဖြေရှင်းနည်းကို မှီခိုအားထား ဖြေရှင်းရတယ်” တစ်နည်းပြောရရင် ပြဿနာဖြစ်တဲ့အဆင့်မှာ အကျိုးရှိတဲ့ဖြေရှင်းမှုမျိုး မရနိုင်လို့ ပြဿနာဖြစ်တဲ့အဆင့်ထက် တစ်ဆင့်မြင့်တဲ့ ဖြေရှင်းမှုမျိုးကသာ အကျိုးသက်ရောက်
နိုင်တာ ဖြစ်ပါတယ်။ အဝေးပြေးလမ်းမအနေနဲ့ကြည့်ရင် ကင်မရာတပ်၊ ဒဏ်ငွေရိုက်ရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ ယာဉ်မောင်းသူတွေရဲ့အပြုအမူကိုဖြေရှင်းနိုင်မှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ပထမဦးဆုံး အမူအကျင့်ကောင်းဖြစ်ဖို့ ပတ်ဝန်းကျင်တစ်ခု အရင်ဖန်တီး ပေးရတာဖြစ်တယ်။ ဒါမှ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

အချိန်အခါတော်တော်များများမှာ ပြဿနာတစ်ခုနဲ့ကြုံတဲ့အခါ အဲဒီပြဿနာကို ကျွန်မတို့ မဖြေရှင်းနိုင်ရတာဟာ ကျွန်မတို့ကြိုးစားပြီး မဖြေရှင်းလို့မဟုတ်ပါဘူး။ အဲဒီ ပြဿနာထက် တဆင့်မြင့်တဲ့
ဖြေရှင်းနည်းကို မရှာခဲ့ဘဲ ပြဿနာသက်သက်ကိုပဲ ကျွန်မတို့က အရေးစိုက်ကျင့် ရှိခဲ့ကြလို့ဖြစ်ပါတယ်။
.
credet : နိုင်းနိုင်းစနေ (Feb. 27. 2015)
June 5, 2015 နေ့စွဲဖြင့် မျှဝေခဲ့သော ပို့စ်ဟောင်းတစ်ပုဒ်

No comments:

Post a Comment