မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, July 4, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (မဟာေမဒင္ - မူဆလင္)

မဟာေမဒင္ - မူဆလင္




✤ အစၥလာမ္ဘာသာသမိုင္း ( မဟာေမဒင္ - မူဆလင္ ) ✤ 
----------------------------------------------------------------
အာရပ္လူမ်ိဳးတို႕၏ မူလဌာနီမွာ အာရွႏွင့္ အာဖရိက တိုက္တို႕အႀကား၌ အာေရးဘီးယား ကြ်န္းဆြယ္ပင္ ျဖစ္သည္ ။ အာေရးဘီးယား ကြ်န္ဆြယ္သည္ အလြန္ပူျပင္း ေျခာက္ေသြ႕လ်က္ ထိုေဒသ၌ အာရပ္လူမ်ိဳး တို႕သည္ ရွားပါးလွေသာ စားက်က္မ်ားသို႕ အလြန္ပင္ပန္းစြာ လွည့္လည္က်က္စား ေနသူမ်ားျဖစ္သည္ ။ ႀကမ္းတမ္းေသာ လူေနမႈေႀကာင့္ အာရပ္တို႕သည္ လူႀကမ္းစိတ္ႀကမ္း ျဖစ္လာကာ သန္မာထြားႀကိဳင္းမႈ ရွိႀကသည္ ။ အာရပ္တို႕သည္ ေဆမီးတ မႏြယ္မ်ားျဖစ္ျပီး ၄င္းတို႕အား ေဘဒိုအင္း လူမ်ိဳးမ်ားဟု ေခၚတြင္ခဲ႕သည္ ။ ထိုသူတို႕သည္ ဦးစြာ မကၠာ ျမိဳ႕ရွိ ရုပ္ထုမ်ားကိုသာ ကိုးကြယ္လ်က္ ရွိႀကသည္ ။

ထိုမကၠာျမိဳ႕၌ ကူရာရွိ အမည္ရွိေသာ အာရပ္လူမ်ိဳး အႏြယ္တစ္ခုက ႀကီးစိုးေနကာ ဘုရားဖူး လာႀကသူ အေပါင္းတို႕ကို အခြန္စည္းႀကပ္ ေကာက္ခံလ်က္ စီးပြား ထူေထာင္ႀကသည္ ။ ထို႕အျပင္ ဘုရားဖူးမ်ားကို ေရလွဴႀကေသာ ဘာႏုဟာရွင္ အမည္ရွိ အိမ္ေထာင္စု တစ္စုလည္း ထိုအမ်ိဳး အႏြယ္ထဲ၌ ရွိခဲ႕သည္ ။ မိုဟာမက္ကို ဧျပီ ၂၀ ရက္ ခရစ္ႏွစ္ ေအဒီ ၅၇၁ ႏွစ္တြင္ ထိုေရလွဴေသာ ဘာႏုဟာရွင္ အႏြယ္ထဲက ေမြးဖြားခဲ႕ေလသည္ ။ မိုဟာမတ္သည္ ငယ္စဥ္ကတည္းက မိဘမဲ႕ကေလး တစ္ဦးျဖစ္ခဲ႕ျပီး လူငယ္ဘဝ၌ တစ္ခါတစ္ရံ ႏို႕စို႕ဖက္မ်ား ႏွင့္တကြ ေတာသို႔သြား၍ ဆိတ္မ်ားေက်ာင္းခဲ႕သည္ ။

အတန္ငယ္ ႀကီးျပင္းလာေသာအခါ ယီမင္ႏွင့္ ဆီးရီးယားျပည္သို႕ ကူးသန္းေရာင္းဝယ္ေရး ကိစၥျဖင့္ သြားလာေသာ ဝန္တင္ ကုလားအုတ္ အဖြဲ႕မ်ား၌ ကိုယ္ပိုင္ အေရာင္းအဝယ္ျဖင့္ ခရီးသြားခဲ႕သည္ ။ မိုဟာမတ္သည္ အရြယ္ေရာက္လာ ျပီးေနာက္ ခါဒီဂ်ာ အမည္ရွိေသာ ခ်မ္းသာေသာ မုဆိုးမတစ္ဦးႏွင့္ ဖက္စပ္ လုပ္ကိုင္ခဲ႕သည္ ။ ထိုမုဆိုးမႏွင့္ပင္ အိမ္ေထာင္ျပဳခဲ႕သည္ ။ အိမ္ေထာင္ျပဳျပီး ၁၅ ႏွစ္တိုင္ စီးပြားေရးလုပ္ငန္းကို လုပ္ကိုင္ခဲ႕သည္ ။ ထို႕ေနာက္ မိုဟာမက္သည္ တရားဓမၼမ်ားကုိ အားထုတ္ရင္း မိမိႏွင့္ နီးစပ္ေသာ ပုဂၢိဳလ္တို႕အား ေဟာျပသြန္သင္သည္ ။ ေနာင္တြင္ မိုဟာမက္သည္ ဘာသာတရားကို စူးစမ္းရွာေဖြ လာခဲ႕ေလသည္ ။

သို႕အတြက္ မိုဟာမက္သည္ မကၠာျမိဳ႔အနီးရွိ ဟိရာ လိႈင္ဂူသို႕ သြားေရာက္၍ တရားအားထုတ္ေနခဲ႕သည္ ။ ထိုစဥ္တြင္ပင္ တမန္ေတာ္အျဖင့္ ခ်ီးျမွင့္ျခင္း ခံခဲ႕ရ၏ ။ ထိုေနာက္ အစၥလာမ္ဘာသာကို စတင္ေဟာႀကားခဲ႕ေလ၏ ။ အလႅာဟ္အရွင္ ျမတ္ထံေတာ္မွ တမန္ေတာ္ မုိဟာမက္ထံသို႕ က်ေရာက္လာခဲ႕ေသာ မုခပါဌ္ေတာ္မ်ားမွာ ကုရ္က်မ္း ျဖစ္သည္ ။ မိုဟာမက္၏ ေဟာႀကားခ်က္မွာ " ဘုရားတစ္ဆူတာ ရွိသည္ ။ ထိုဘုရားသခင္မွာ အလႅာဟ္ ဟူေသာ ဘုရားျဖစ္သည္ ။ ထိုဘုရားသည္ပင္ လူသားတို႕ကို ဖန္ဆင္းသူ လူသားတို႕ကို တရားစီရင္သူ တန္ခိုးရွင္ျဖစ္သည္ ။ ရုပ္ထုႏွင့္ ရုပ္ဝတၳဳတို႕ကိုကိုးကြယ္မႈသည္ မွားယြင္းသည္ ။ ေသလြန္ျပီးေသာ အခါ၌ ဘုရားသခင္၏ အဆံုးအျဖတ္အတိုင္း ေကာင္းက်ိဳးႏွင့္ မေကာင္းက်ိဳးအရ ေကာင္းကင္ဘံု သို႕လည္းေကာင္း ငရဲဘံုသို႕ လည္းေကာင္း က်ေရာက္ရမည္ " ဟု ဆို၏ ။

ပထမတြင္ မိုဟာမက္၏ ေဟာေျပာခ်က္မ်ားကို မကၠာျမိဳ႕သားမ်ားက မယံုႀကည္ႀကေပ ။ သူတို႕သည္ မိုဟာမက္အား ရိုင္းစိုင္းႀကမ္းတမ္းစြာ ေျပာင္ေလွာင္ပ်က္ရယ္ ျပဳႀကေလသည္ ။ ထို႕ေႀကာင့္ မိုဟာမက္သည္ ၄င္း၏ ဇနီး ခါဒိဂ်ာ ကြယ္လြန္ျပီးေသာ အခါ၌ သူ၏ သစၥာခံ ေနာက္လိုက္ အနည္းငယ္မွ် ႏွင့္ မဒီနာျမိဳ႕သို႕ တိမ္းေရွာင္သြား ခဲ႕ေလသည္ ။ မိုဟာမက္ ထိုကဲ႕သို႕ တိမ္းေရွာင္ရေသာ ႏွစ္မွာ ခရစ္ႏွစ္ ေအဒီ ၆၂၂ ခုႏွစ္ျဖစ္သည္ ။ မဟာေမဒင္ အစၥလာမ္ ဘာသာဝင္တို႕ ယေန႕တိုင္ သုံုးစြဲေနေသာ အစၥလာမ္ သာသနာႏွစ္မွာ ထိုႏွစ္မွစ၍ စတင္ေရတြက္ ျခင္းျဖစ္သည္ ။ ထိုကဲ႕သို႕ မိုဟာမက္ မကၠာျမိဳ႕မွ ထြက္ခြာျခင္းကို အထိမ္းအမွတ္ျပဳ၍ အစၥလာမ္သကရာဇ္ကို ဟစ္ဂ်ရတ္ သကၠရာဇ္ဟု ေခၚႀက၏ ။

မဒီနာျမိဳ႕သည္ မကၠာျမိဳ႕၏ ေျမာက္ဘက္ မိုင္ ၂၇၀ အကြာတြင္ရွိသည္ ။ မဒီနာျမိဳ႕ သားတို႕သည္ မိုဟာမက္ကို ေကာင္းစြာ ႀကိဳဆိုႀက၏ ။ မိုဟာမက္၏ ေဟာႀကားခ်က္ မ်ားကိုလည္း သက္ဝင္ ယံုႀကည္ႀကကာ မဟာေမဒင္ မူစလင္ လူမ်ိဳးမ်ားသည္ အစၥလာမ္ ဘာသာဝင္မ်ား ျဖစ္လာႀကသည္ ။ ဗလီမ်ား တည္ေဆာက္ကာ ဝတ္ျပဳႀကသည္ ။ ထို႕ေနာက္ မိုဟာမက္က " ေမတၱာ ကရုဏာ ျပည့္စံု၍ ေလာကအားလံုးကို အစိုးရေတာ္မူေသာ အလႅာဟ္ အရွင္ျမတ္ကို ခ်စ္ျမတ္နိုးရမည္ ။ မိခင္ဖခင္တို႕အား ရိုေသ ေလးျမတ္ရမည္ ။ လူအခ်င္းခ်င္း ဆက္ဆံရာတြင္ မရိုးမေျဖာင့္ လိမ္လည္ ေကာက္က်စ္ျခင္း မျပဳရ ။ မိမိကိုယ္ကိုနိမ့္ခ် ဆင္းရဲႏြမ္းပါးသူ ေရာဂါအနာ ကပ္ေရာက္သူ ဒုကၡိတတို႕အား ေမတၱာ ေရွ႕ထား၍ ေပးကမ္း စြန္႕ႀကဲရမည္ ။ အရက္ေသစာ ေရွာင္ႀကဥ္ရမည္ ။ အစားအေသာက္ ျခိဳးျခံရမည္ ။

မဟာေမဒင္ မူဆလင္ မွန္လွ်င္ မကၠာျမိဳ႕ေပၚရွိ ေက်ာင္းေတာ္သို႕ မ်က္ႏွာမူ၍ တစ္ေန႕ငါးႀကိမ္ ဆုေတာင္း ပတၱာနျပဳ၍ ဝတ္ျပဳရမည္ ။ ထိုမွတစ္ပါး ဆိုးသည္ျဖစ္ေစ ေကာင္းသည္ျဖစ္ေစ အလႅာဟ္ အရွင္ျမတ္ အလိုေတာ္ အတိုင္းသာ ျဖစ္သည္ "ဟုဆိုသည္ ။ ပထမ အရြယ္တြင္ မိုဟာမက္သည္ တရားမ်ားကို ေအးခ်မ္းစြာပင္ ေဟာေျပာခဲ႕သည္ ။ သို႕ေသာ္ ေနာက္လိုက္ မ်ားျပား လာေသာအခါ တြင္မူ မဒီနာျမိဳ႕သို႕ သြားေရာက္ အုပ္စိုးေလသည္ ။ ထိုအခ်ိန္မွစ၍ မိုဟာမက္သည္ အစၥလာမ္ ဘာသာကို စည္းရံုးတည္ေထာင္ျပီး ေအဒီ ၆၃၀ ခုႏွစ္တြင္ မိမိေနာက္လိုက္ အင္အားမ်ားျဖင့္ မကၠာျမိဳ႕ကို ျပန္လည္ခ်ီတက္ သိမ္းပိုက္ခဲ႕သည္ ။ ဤအခ်ိန္မွစ၍ မကၠာျမိဳ႕သည္ နိုင္ငံေရးႏွင့္ ဘာသာေရး ဆိုင္ရာ အခ်က္အခ်ာ ျမိဳ႕ေတာ္ ျဖစ္လာခဲ႕သည္ ။ မိုဟာမက္ အစၥလာမ္ ဘာသာဝင္တို႕သည္ ဘာသာေရး စစ္ပြဲမ်ား၌ က်ဆံုးသူတို႕ကား ေကာင္းကင္ဘံုသို႕ တိုက္ရိုက္ ေရာက္ေလသည္ဟု အဆိုရွိေလ၏ ။

ထို႕ေႀကာင့္ မဟာေမဒင္ မူစလင္လူမ်ိဳးမ်ားသည္ လူ႕ေလာက၌ ဒုကၡမ်ိဳးစံုကို ခံစားေနရ သည္မ်ားထက္ ဘာသာေရး စစ္ပြဲတြင္ အေသခံ ရသည္ကား ပိုျမတ္သည္ဟု ယူဆကာ စစ္ပြဲမ်ားကို နိုင္ေအာင္ တိုက္နိုင္ႀကေလသည္ ။ ဤနည္းျဖင့္ တမန္ေတာ္ မိုဟာမက္၏ ဘာသာေရး အလံေတာ္ေအာက္သို႕ အာရပ္လူမ်ိဳး အားလံုး စုရံုး ေရာက္ရွိလာကာ အင္အားေတာင့္တင္း ႀကီးမား၍ လာေလသည္ ။ ခရစ္ေအဒီ ၂၃ ခုႏွစ္ ဇြန္လ ၇ ရက္ ေန႕တြင္ မိုဟာမက္ ကြယ္လြန္သည္ ။ ထို႕ေနာက္ အမ်ား၏ ဆႏၵအရ ၄င္း၏ ေယာကၡမ အဘူဘကရ္ သည္ ပထမ သမၼတ ျဖစ္လာသည္ ။ အမွန္မွာ အလႅာဟ္ အရွင္ျမတ္ထံမွ တမန္ေတာ္ မိုဟာမက္ထံသို႕ က်ေရာက္လာခဲ႕ေသာ မုခပါဌ္ေတာ္ မ်ားသည္သာ ကူရ္အာန္က်မ္း ျဖစ္၏ ။ ကူရ္က်မ္းသည္ တမန္ေတာ္ မုဟမၼဒိ လက္ထက္မွစ၍ ကြဲျပားမႈမရွိဘဲ မူရင္းအတိုင္း ယေန႕တိုင္ တည္ရွိခဲ႕ေလေႀကာင္း ေတြ႕ရွိရေလသည္ ။

မွတ္ခ်က္ ။ ။
မကၠာျမိဳ႕၌ မိုဟာမက္ ေပၚေပါက္ေနခိုက္ ျမန္မာနိုင္ငံ၌ ပုဂံေခတ္ ျဖစ္ေလသည္ ။ ပုပၸား ေစာရဟန္းမင္းႀကီးသည္ သကၠရာဇ္ ျဖိဳကိန္း က်သည္ဟု ဆို၍ မူလ သေရေခတၱရာမွ အစဥ္တစိုက္ ရွိလာခဲ႕ေသာ သကၠရာဇ္ ( ၅၆၂ မွ ၅၆၀ ) ကို ျဖိဳပစ္ကာ အႀကြင္း ၂ မွ စတင္မွတ္ယူေလသည္ ျဖစ္ေႀကာင္း ဖတ္ရႈမွတ္သား ခဲ႕ရေလသည္ ။

Credit: original writer
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
===========================
✤ အစ္စလာမ်ဘာသာသမိုင်း ( မဟာမေဒင် - မူဆလင် ) ✤
------------------------------------------------------------------

အာရပ်လူမျိုးတို့၏ မူလဌာနီမှာ အာရှနှင့် အာဖရိက တိုက်တို့အကြား၌ အာရေးဘီးယား ကျွန်းဆွယ် ပင်ဖြစ်သည် ။ အာရေးဘီးယား ကျွန်ဆွယ်သည် အလွန်ပူပြင်း ခြောက်သွေ့လျက် ထိုဒေသ၌ အာရပ်လူမျိုး တို့သည် ရှားပါးလှသော စားကျက်များသို့ အလွန်ပင်ပန်းစွာ လှည့်လည်ကျက်စား နေသူများဖြစ်သည် ။ ကြမ်းတမ်းသော လူနေမှုကြောင့် အာရပ်တို့သည် လူကြမ်းစိတ်ကြမ်း ဖြစ်လာကာ သန်မာထွားကြိုင်းမှု ရှိကြသည် ။ အာရပ်တို့သည် ဆေမီးတ မနွယ်များဖြစ်ပြီး ၎င်းတို့အား ဘေဒိုအင်း လူမျိုးများဟု ခေါ်တွင်ခဲ့သည် ။ ထိုသူတို့သည် ဦးစွာ မက္ကာ မြို့ရှိ ရုပ်ထုများကိုသာ ကိုးကွယ်လျက် ရှိကြသည် ။

ထိုမက္ကာမြို့၌ ကူရာရှိ အမည်ရှိသော အာရပ်လူမျိုး အနွယ်တစ်ခုက ကြီးစိုးနေကာ ဘုရားဖူး လာကြသူ အပေါင်းတို့ကို အခွန်စည်းကြပ် ကောက်ခံလျက် စီးပွား ထူထောင်ကြသည် ။ ထို့အပြင် ဘုရားဖူးများကို ရေလှူကြသော ဘာနုဟာရှင် အမည်ရှိ အိမ်ထောင်စု တစ်စုလည်း ထိုအမျိုး အနွယ်ထဲ၌ ရှိခဲ့သည် ။ မိုဟာမက်ကို ဧပြီ ၂၀ ရက် ခရစ်နှစ် အေဒီ ၅၇၁ နှစ်တွင် ထိုရေလှူသော ဘာနုဟာရှင် အနွယ်ထဲက မွေးဖွားခဲ့လေသည် ။ မိုဟာမတ်သည် ငယ်စဉ်ကတည်းက မိဘမဲ့ကလေး တစ်ဦးဖြစ်ခဲ့ပြီး လူငယ်ဘဝ၌ တစ်ခါတစ်ရံ နို့စို့ဖက်များ နှင့်တကွ တောသို့သွား၍ ဆိတ်များကျောင်းခဲ့သည် ။

အတန်ငယ် ကြီးပြင်းလာသောအခါ ယီမင်နှင့် ဆီးရီးယားပြည်သို့ ကူးသန်းရောင်းဝယ်ရေး ကိစ္စဖြင့် သွားလာသော ဝန်တင် ကုလားအုတ် အဖွဲ့များ၌ ကိုယ်ပိုင် အရောင်းအဝယ်ဖြင့် ခရီးသွားခဲ့သည် ။ မိုဟာမတ်သည် အရွယ်ရောက်လာ ပြီးနောက် ခါဒီဂျာ အမည်ရှိသော ချမ်းသာသော မုဆိုးမတစ်ဦးနှင့် ဖက်စပ် လုပ်ကိုင်ခဲ့သည် ။ ထိုမုဆိုးမနှင့်ပင် အိမ်ထောင်ပြုခဲ့သည် ။ အိမ်ထောင်ပြုပြီး ၁၅ နှစ်တိုင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည် ။ ထို့နောက် မိုဟာမက်သည် တရားဓမ္မများကို အားထုတ်ရင်း မိမိနှင့် နီးစပ်သော ပုဂ္ဂိုလ်တို့အား ဟောပြသွန်သင်သည် ။ နောင်တွင် မိုဟာမက်သည် ဘာသာတရားကို စူးစမ်းရှာဖွေ လာခဲ့လေသည် ။

သို့အတွက် မိုဟာမက်သည် မက္ကာမြို့အနီးရှိ ဟိရာ လှိုင်ဂူသို့ သွားရောက်၍ တရားအားထုတ်နေခဲ့သည် ။ ထိုစဉ်တွင်ပင် တမန်တော်အဖြင့် ချီးမြှင့်ခြင်း ခံခဲ့ရ၏ ။ ထိုနောက် အစ္စလာမ်ဘာသာကို စတင်ဟောကြားခဲ့လေ၏ ။ အလ္လာဟ်အရှင် မြတ်ထံတော်မှ တမန်တော် မိုဟာမက်ထံသို့ ကျရောက်လာခဲ့သော မုခပါဌ်တော်များမှာ ကုရ်ကျမ်း ဖြစ်သည် ။ မိုဟာမက်၏ ဟောကြားချက်မှာ " ဘုရားတစ်ဆူတာ ရှိသည် ။ ထိုဘုရားသခင်မှာ အလ္လာဟ် ဟူသော ဘုရားဖြစ်သည် ။ ထိုဘုရားသည်ပင် လူသားတို့ကို ဖန်ဆင်းသူ လူသားတို့ကို တရားစီရင်သူ တန်ခိုးရှင်ဖြစ်သည် ။ ရုပ်ထုနှင့် ရုပ်ဝတ္ထုတို့ကိုကိုးကွယ်မှုသည် မှားယွင်းသည် ။ သေလွန်ပြီးသော အခါ၌ ဘုရားသခင်၏ အဆုံးအဖြတ်အတိုင်း ကောင်းကျိုးနှင့် မကောင်းကျိုးအရ ကောင်းကင်ဘုံ သို့လည်းကောင်း ငရဲဘုံသို့ လည်းကောင်း ကျရောက်ရမည် " ဟု ဆို၏ ။

ပထမတွင် မိုဟာမက်၏ ဟောပြောချက်များကို မက္ကာမြို့သားများက မယုံကြည်ကြပေ ။ သူတို့သည် မိုဟာမက်အား ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောင်လှောင်ပျက်ရယ် ပြုကြလေသည် ။ ထို့ကြောင့် မိုဟာမက်သည် ၎င်း၏ ဇနီး ခါဒိဂျာ ကွယ်လွန်ပြီးသော အခါ၌ သူ၏ သစ္စာခံ နောက်လိုက် အနည်းငယ်မျှနှင့် မဒီနာမြို့သို့ တိမ်းရှောင်သွား ခဲ့လေသည် ။ မိုဟာမက် ထိုကဲ့သို့ တိမ်းရှောင်ရသော နှစ်မှာ ခရစ်နှစ် အေဒီ ၆၂၂ ခုနှစ်ဖြစ်သည် ။ မဟာမေဒင် အစ္စလာမ် ဘာသာဝင်တို့ ယနေ့တိုင် သုံးစွဲနေသော အစ္စလာမ် သာသနာနှစ်မှာ ထိုနှစ်မှစ၍ စတင်ရေတွက် ခြင်းဖြစ်သည် ။ ထိုကဲ့သို့ မိုဟာမက် မက္ကာမြို့မှ ထွက်ခွာခြင်းကို အထိမ်းအမှတ်ပြု၍ အစ္စလာမ်သကရာဇ်ကို ဟစ်ဂျရတ် သက္ကရာဇ်ဟု ခေါ်ကြ၏ ။

မဒီနာမြို့သည် မက္ကာမြို့၏ မြောက်ဘက် မိုင် ၂၇၀ အကွာတွင်ရှိသည် ။ မဒီနာမြို့ သားတို့သည် မိုဟာမက်ကို ကောင်းစွာ ကြိုဆိုကြ၏ ။ မိုဟာမက်၏ ဟောကြားချက် များကိုလည်း သက်ဝင် ယုံကြည်ကြကာ မဟာမေဒင် မူစလင် လူမျိုးများသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်လာကြသည် ။ ဗလီများ တည်ဆောက်ကာ ဝတ်ပြုကြသည် ။ ထို့နောက် မိုဟာမက်က " မေတ္တာ ကရုဏာ ပြည့်စုံ၍ လောကအားလုံးကို အစိုးရတော်မူသော အလ္လာဟ် အရှင်မြတ်ကို ချစ်မြတ်နိုးရမည် ။ မိခင်ဖခင်တို့အား ရိုသေ လေးမြတ်ရမည် ။ လူအချင်းချင်း ဆက်ဆံရာတွင် မရိုးမဖြောင့် လိမ်လည် ကောက်ကျစ်ခြင်း မပြုရ ။ မိမိကိုယ်ကိုနိမ့်ချ ဆင်းရဲနွမ်းပါးသူ ရောဂါအနာ ကပ်ရောက်သူ ဒုက္ခိတတို့အား မေတ္တာ ရှေ့ထား၍ ပေးကမ်း စွန့်ကြဲရမည် ။ အရက်သေစာ ရှောင်ကြဉ်ရမည် ။ အစားအသောက် ခြိုးခြံရမည် ။

မဟာမေဒင် မူဆလင် မှန်လျှင် မက္ကာမြို့ပေါ်ရှိ ကျောင်းတော်သို့ မျက်နှာမူ၍ တစ်နေ့ငါးကြိမ် ဆုတောင်း ပတ္တာနပြု၍ ဝတ်ပြုရမည် ။ ထိုမှတစ်ပါး ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အလ္လာဟ် အရှင်မြတ် အလိုတော် အတိုင်းသာ ဖြစ်သည် "ဟုဆိုသည် ။ ပထမ အရွယ်တွင် မိုဟာမက်သည် တရားများကို အေးချမ်းစွာပင် ဟောပြောခဲ့သည် ။ သို့သော် နောက်လိုက် များပြား လာသောအခါ တွင်မူ မဒီနာမြို့သို့ သွားရောက် အုပ်စိုးလေသည် ။ ထိုအချိန်မှစ၍ မိုဟာမက်သည် အစ္စလာမ် ဘာသာကို စည်းရုံးတည်ထောင်ပြီး အေဒီ ၆၃၀ ခုနှစ်တွင် မိမိနောက်လိုက် အင်အားများဖြင့် မက္ကာမြို့ကို ပြန်လည်ချီတက် သိမ်းပိုက်ခဲ့သည် ။ ဤအချိန်မှစ၍ မက္ကာမြို့သည် နိုင်ငံရေးနှင့် ဘာသာရေး ဆိုင်ရာ အချက်အချာ မြို့တော် ဖြစ်လာခဲ့သည် ။ မိုဟာမက် အစ္စလာမ် ဘာသာဝင်တို့သည် ဘာသာရေး စစ်ပွဲများ၌ ကျဆုံးသူတို့ကား ကောင်းကင်ဘုံသို့ တိုက်ရိုက် ရောက်လေသည်ဟု အဆိုရှိလေ၏ ။

ထို့ကြောင့် မဟာမေဒင် မူစလင်လူမျိုးများသည် လူ့လောက၌ ဒုက္ခမျိုးစုံကို ခံစားနေရ သည်များထက် ဘာသာရေး စစ်ပွဲတွင် အသေခံ ရသည်ကား ပိုမြတ်သည်ဟု ယူဆကာ စစ်ပွဲများကို နိုင်အောင် တိုက်နိုင်ကြလေသည် ။ ဤနည်းဖြင့် တမန်တော် မိုဟာမက်၏ ဘာသာရေး အလံတော်အောက်သို့ အာရပ်လူမျိုး အားလုံး စုရုံး ရောက်ရှိလာကာ အင်အားတောင့်တင်း ကြီးမား၍ လာလေသည် ။ ခရစ်အေဒီ ၂၃ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် မိုဟာမက် ကွယ်လွန်သည် ။ ထို့နောက် အများ၏ ဆန္ဒအရ ၎င်း၏ ယောက္ခမ အဘူဘကရ် သည် ပထမ သမ္မတ ဖြစ်လာသည် ။ အမှန်မှာ အလ္လာဟ် အရှင်မြတ်ထံမှ တမန်တော် မိုဟာမက်ထံသို့ ကျရောက်လာခဲ့သော မုခပါဌ်တော် များသည်သာ ကူရ်အာန်ကျမ်း ဖြစ်၏ ။ ကူရ်ကျမ်းသည် တမန်တော် မုဟမ္မဒိ လက်ထက်မှစ၍ ကွဲပြားမှုမရှိဘဲ မူရင်းအတိုင်း ယနေ့တိုင် တည်ရှိခဲ့လေကြောင်း တွေ့ရှိရလေသည် ။

မှတ်ချက် ။ ။
မက္ကာမြို့၌ မိုဟာမက် ပေါ်ပေါက်နေခိုက် မြန်မာနိုင်ငံ၌ ပုဂံခေတ် ဖြစ်လေသည် ။ ပုပ္ပား စောရဟန်းမင်းကြီးသည် သက္ကရာဇ် ဖြိုကိန်း ကျသည်ဟု ဆို၍ မူလ သရေခေတ္တရာမှ အစဉ်တစိုက် ရှိလာခဲ့သော သက္ကရာဇ် ( ၅၆၂ မှ ၅၆၀ ) ကို ဖြိုပစ်ကာ အကြွင်း ၂ မှ စတင်မှတ်ယူလေသည် ဖြစ်ကြောင်း ဖတ်ရှုမှတ်သား ခဲ့ရလေသည် ။
 


No comments:

Post a Comment