ျမန္မာႏုိင္ငံႏွင့္ နတ္ကုိးကြယ္မႈ
♒♒♒♒♒♒♒♒♒♒♒
နတ္ ဆုိသည္မွာ “နာထ” ဟူေသာ ပါဠိမွ ဆင္းသက္လာသည္ဟု သုေတသီတုိ႔ ဆုိၾကပါသည္။
နတ္သည္ သုံးမ်ဳိးသုံးစားရွိပါသည္။ ယင္းတုိ႔မွာ ဝိသုဒိၶနတ္၊ ဥပပတိၱနတ္ႏွင့္ သမုတိ နတ္ဟု သုံးမ်ဳိးရွိ၏။ ယခုေရးသားေသာ ေခါင္းစဥ္ပါ နတ္ကုိးကြယ္မႈ ဆုိသည္မွာ ဥပပတိၱနတ္ကုိ ဆုိလုိပါသည္။
နတ္ကုိးကြယ္မႈသည္ ကမာၻဦးလူတုိ႔ႏွင့္ မေရွးမေႏွာင္းေပၚေပါက္ခဲ့သည္ဟု ပညာရွင္တုိ႔
ခန္႔မွန္းၾကပါတယ္။ အဲဒိအဆုိအရ ကမာၻဦးလူတုိ႔သည္ အသိပညာေကာင္းစြာ မဖြံ႔ၿဖဳိးေသး
ေပ။ မိမိတုိ႔ ပတ္ဝန္းက်င္ရွိ ထိေတြ႔ေနၾကရေသာ သစ္ပင္၊ ေတာ၊ ေတာင္၊ ျမစ္၊ ေခ်ာင္း၊
အင္းအုိင္၊ ေရ၊ ေန၊ ေလ၊ မုိး စေသာ သဘာဝ ပစၥည္းတုိ႔တြင္ ဝိညာဥ္ရွိသည္ဟု ထင္မွတ္
ၾက၏။ ထုိ႔ျပင္ ယင္းသေဘာတရားတုိ႔သည္ မိမိတုိ႔၏ ေကာင္းက်ဳိး ဆုိးျပစ္ကုိလည္း ဖန္တီး
ႏုိင္စြမ္းရွိသည္။ သူတုိ႔ ႏွစ္လုိလွ်င္ ေကာင္းက်ဳိးကုိ ဖန္တီးၿပီး မႏွစ္သက္က အဖ်က္အဆီး
ျပဳတတ္သည္။ မိမိတုိ႔သည္ ယင္းသဘာ၀တရားတုိ႔အေပၚမွာ လုံးဝ မွီခုိးအားထားေနၾက
ရသည္ ဟုလည္း အယူရွိၾကျပန္ပါတယ္။ ဒါ႔ေၾကာင့္ သဘာဝတရားကုိ မိမိတုိ႔၏ အက်ဳိးကုိ
ေဆာင္ၿပီး အဆုိးကုိ ေရွာင္ရန္ ကုိးကြယ္ဆည္းကပ္လာခဲ့ၾကပါတယ္။
ဒါကုိ ဗုဒၶဘုရားရွင္းကလည္း ေရွးဦးလူတုိ႔ သဘာဝဝတၳဳကုိ ကုိးကြယ္မႈျပဳခဲ့ၾကသည္ဟု
မိန္႔ၾကားခဲ့ေၾကာင္း ေအာက္ပါအတုိင္း ေတြ႔ရပါသည္။
ဗဟုံ ေဝ သရဏံ ယႏိၱ၊ ပဗၺတာနိ ဝနာနိစ။
အာရမၼ႐ုကၡေစတ်ာနိ၊ မႏုႆာ ဘယ တဇိၨတာ။ (ဓမၼပဒ၊ ၁၈၀)
အဲဒိလုိ သဘာဝတရားတြင္ ဝိညာဥ္ရွိသည္ အထင္ႏွင့္ ကုိးကြယ္လာၾကရာမွ ၾကာလာ
ေသာအခါ ဝိညာဥ္မွ နတ္အသြင္သုိ႔ ေျပာင္းလဲသြား၏။ ေရွးလူတုိ႔သည္ ယင္းနတ္တုိ႔ကုိ
မီးျဖင့္၎၊ ပစၥည္းဥစၥာစသည့္ ဝတၳဳတုိ႔ျဖင့္၎ ပူေဇာ္ၾက႐ံုမွ်မက လူ၊ တိရိစၦာန္တုိ႔၏
အသက္ေသြးမ်ားစြာတုိ႔ျဖင့္ပင္ ေမွာက္မွားစြာ ပူေဇာ္ခဲ့ၾက၏။ ေနာက္တျဖည္းျဖည္း
အသိဥာဏ္ရင့္သန္လာသည္ႏွင့္အမွ် ယဥ္ေက်းလာၾကၿပီးလွ်င္ ဘာသာတရားအသီးသီး
လည္း ေပၚထြန္းလာေသာအခါ နတ္ကုိးကြယ္မႈမွာ တစတစ ေမွးမွိန္သြားခဲ့၏။ မယဥ္ေက်း
မွီကမူ လူမ်ဳိး အသီးသီးတုိ႔သည္ နတ္တုိ႔ကုိပင္ ကုိးကြယ္ခဲ့ၾက၏။ ေရွးဂရိလူမ်ဳိးမ်ားက
သူတုိ႔၏ နတ္ကုိ “ဇု” ဟူ၍၎၊ ေရာမလူမ်ဳိးမ်ားက “ဂ်ဴပီတာ” ဟူ၍၎၊ ရဟူဒီလူမ်ဳိးမ်ား
က “အဒုိေန” ဟူ၍၎၊ ခရစ္ယာန္တုိ႔က “ဂ်ီယုိးဗား” ဟူ၍၎ အသီးသီးအမည္ေပးကာ
ကုိးကြယ္ၾကသည္ဟု သိရ၏။
ေရွျမန္မာတုိ႔သည္လည္း အစကနဦးက နတ္တုိ႔ကုိ ကုိးကြယ္ခဲ့ၾက၏။ ဦးစြာ သစ္ပင္၊
ေတာ၊ ေတာင္ စေသာ အဝိညာဏကမ်ားကုိ အေစာင့္အျဖစ္ကုိးကြယ္ၾကရာမွ ၾကာေသာ္
သက္ရွိတုိ႔မွ ျဖစ္ေပၚလာေသာ “မင္းမဟာဂီရိ” အစရွိသည့္ နတ္မ်ားကုိ ကုိးကြယ္လာခဲ့
ၾက၏။ ေနာင္အခါ ဟိႏၵဴဘာသာ၊ ဗုဒၶဘာသာတုိ႔ႏွင့္ ထိေတြ႔လာၾကေသာအခါ နတ္ကုိး
ကြယ္မႈ မိွန္ဝါးသြားေသာ္လည္း လုံးဝ ပေပ်ာက္မသြားခဲ့ေပ။ ျမန္မာတုိ႔သည္ ဗုဒၶဘာသာ
ကုိ ၾကည္ညိဳသကဲ့သုိ႔ ႐ုိးရာနတ္ကုိလည္း လက္မလႊတ္လုိသျဖင့္ ႐ုိးရာနတ္မ်ားတြင္
ဟိႏၵဴနတ္၊ ဗုဒၶဘာသာနတ္တုိ႔ကုိ ျဖည့္စြက္ေရာယွက္ကာ ကုိးကြယ္ လာၾကေတာ့၏။
သုိ႔ေသာ္ ျမန္မာတုိ႔သည္ ဗုဒၶ ဘာသာကုိသာ ပဓာနျပဳကုိးကြယ္ျခင္းျဖစ္၍ နတ္ကုိမူ
သာမညမွ်သာ ကုိးကြယ္ၾက၏။ အခ်ဳိ႕ကမူ သာမည အျဖစ္မွ်ပင္ မကုိးကြယ္ခ်င္ၾကဘဲ
စတိမွ်သာ ကုိးကြယ္ၾက၏။ သုိ႔ရာတြင္ ၿငိတြယ္ေနေသာ အျမစ္ကမူ ႏႈတ္မရ လႈပ္မရ
ေအာင္ ခုိင္ၿမဲလွ၏။ ပုဂံအေနာ္ရထာမင္း၊ ဘုရင့္ေနာင္ဆင္ျဖဴရွင္မင္းႏွင့္ အင္း၀အေနာက္
ဖက္လြန္မင္းတုိ႔သည္ နတ္ကုိးကြယ္မႈကုိ ႏွိပ္ကြပ္ခဲ့ၾက၏။ သုိ႔ရာတြင္ အျမစ္ျပတ္မသြားဘဲ
ယေန႔အထိ စြဲၿမဲစြာ ကုိးကြယ္လ်က္ ရွိၾက၏။
ျမန္မာတုိ႔ ကုိးကြယ္ေသာနတ္မ်ားတြင္ ၃၇ မင္း နတ္သည္ အထင္အရွားဆုံးျဖစ္၏။
မူလက ၃၆ မင္းသာျဖစ္၏။ ပုဂံ အေနာ္ရထာမင္းသည္ နတ္ကုိးကြယ္မႈကုိ ႏိွမ္နင္းေသာ္
လည္း မရသျဖင့္ ထုိ ၃၆ မင္းတြင္ သိၾကာမင္းကုိ ထိပ္ဆုံးတင္ကာ ဗုဒၶဘာသာနတ္မ်ား
ႏွင့္ ဖ်င္းႀကီး ဖ်င္းငယ္နတ္ စသည္တုိ႔ကုိ ေရာစြက္၍ ၃၇ မင္းအျဖစ္ ျပင္ဆင္ခဲ့၏။
အာဋာနာဋိယသုတ္လာ နတ္စစ္သူႀကီး ၃၇ ေယာက္ကုိ အတုယူ၍ ျပဳလုပ္ဟန္ရွိသည္။
ျမန္မာ့ယဥ္ေက်းမႈတြင္ ၃၇ ဂဏန္းသည္ လြန္စြာအသုံးမ်ား၏။ အသံ ၃၇ ခ်င္း၊ ဓားေရး
၃၇ ခ်င္း၊ တက္ေရး ၃၇ ခ်င္း စသည္တုိ႔ျဖစ္ၾက၏။ အေနာ္ရထာမင္းသည္ နတ္႐ုပ္မ်ားကုိ
ေရႊစည္ခုံ ဘုရားအုဌ္တံတုိင္းအတြင္း အျပင္တုိ႔၌ထားကာ ကုိးကြယ္ေစခဲ့၏။ နတ္ဝါဒကုိ
ဗုဒၶဘာသာေလာင္းရိပ္ေအာက္ သြင္းလုိက္ျခင္းပင္ ျဖစ္ေပသည္။
ထုိအခါမွစ၍ အတြင္း ၃၇ မင္း၊ အျပင္ ၃၇ မင္း ဟုေခၚတြင္ခဲ့၏။
အတြင္း ၃၇ မင္းတြင္ သိၾကာမင္း၊ ဓတရ႒စေသာ နတ္မင္းႀကီး ၄ ပါး၊ စႏီၵ၊ သူရႆတီ၊
မဟာပိႏၷဲ၊ ျမင္းျဖဴရွင္ စသည္တုိ႔ပါဝင္ၾက၏။ အျပင္ ၃၇ မင္းတြင္ သိၾကား၊ မဟာဂီရိ၊
ဖ်င္းႀကီး ဖ်င္းငယ္၊ မႏၱေလးဘုိးေတာ္၊ တပင္ေရႊထီး၊ ယြန္းဘုရင္၊ မင္းရဲေအာင္ဒင္
စသည္တုိ႔ပါဝင္ၾက၏။ ထုိ ၃၇ မင္းကုိ ေခတ္အဆက္ဆက္၌ နတ္ေဟာင္းအခ်ဳိ႕ကုိပယ္၍
နတ္သစ္တုိ႔ျဖင့္ အစားထုိးျပင္ဆင္ခဲ့ၾက၏။ ၃၇ မင္း အေရအတြက္ကုိေတာ့ ျပင္လုိဟန္
မတူေပ။ ထုိအေရအတြက္ သည္လည္း ေရႊစည္းခုံနတ္ ထိန္းႀကီးမူ၊ ျမ၀တီဦးစမူ၊ ဝန္ႀကီး
ပေဒသ ရာဇာမူ စသည္ျဖင့္ ကြဲျပားလ်က္ရွိျပန္၏။ ထုိ႔ျပင္ ထုိနတ္စာရင္းပါ နတ္မ်ားသည္
တဦးႏွင့္တဦး ေဆြမ်ဳိး ေတာ္စပ္ေနသည္ကုိလည္း ေတြ႔ရ၏။ ဥပမာအားျဖင့္ မင္းမဟာဂီရိ
သည္ ေမာင္တင့္တယ္ျဖစ္၏။ ေရႊမ်က္ႏွာနတ္သည္ ေမာင္တင့္တယ္၏ ႏွမႀကီးျဖစ္၏။
သုံးပန္လွနတ္ သည္ ေမာင္တင့္တယ္၏ ႏွမငယ္ျဖစ္၏။ မႏွဲေလးသည္ ေမာင္တင့္တယ္၏
တူမျဖစ္၏။ ေရႊနေဘ သည္ ေမာင္တင့္တယ္၏ ဇနီးျဖစ္၏။ ေတာင္မႀကီး ရွင္ျဖဴႏွင့္ရွင္ညဳိ
တုိ႔သည္ ေမာင္တင့္တယ္၏ သားမ်ားျဖစ္ ၾက၏။ ေတာ္စပ္ပုံႏွင့္ပတ္သက္၍ မူကြဲမ်ားလည္း
ရွိေသး၏။ အျခားေသာနတ္မ်ားလည္း ဤသုိ႔ပင္ အမ်ဳိးမ်ဳိး ေတာ္စပ္ေနၾကသည္ကုိလည္း
ေတြ႔ၾက၏။ အျဖစ္အပ်က္ တုိ႔မွာလည္း ေရာယွက္႐ႈပ္ေထြးလ်က္ရွိ၏။ အမည္ႏွင့္
ပတ္သက္၍လည္း
ဆင္ျဖဴ၊ ျမင္းျဖဴ၊ ေက်ာ္စြာ စသည္တုိ႔မွာ တဦးမကဘဲ ေရာေထြးလ်က္
ရွိ၏။
ထုိ ၃၇ မင္းအျပင္ အျခားေသာ ေဒသဆုိင္ရာ ႐ုိးရာနတ္မ်ားလည္းေတြ႔ရ၏။ ယင္းတုိ႔မွာ
ပခန္း ဦးမင္းေက်ာ္၊ အေနာက္မယ္ေတာ္ ေရယဥ္ကေတာ္၊ အလုံဘုိးေတာ္၊ နန္းက႐ုိင္း
မယ္ေတာ္၊ ေရငံပုိင္ ဦး႐ွင္ႀကီးစသည္တုိ႔ျဖစ္ၾကသည္။ ( ေလာကီက်မ္းႏွင့္ ျဗာဟၼဏက်မ္း
တုိ႔၌ ဖူးစာေရးနတ္၊ က်က္သေရေစာင့္နတ္၊ သူရႆတီနတ္ စသည္ရွိ၏။ ကုိယ္ေစာင့္
နတ္ ၁၁ ေယာက္ရွိသည္ဟုပင္ ဆုိ၏။)
နတ္ကုိးကြယ္ေနသူ ေတာ္ေတာ္မ်ားမ်ားသည္ ထုိနတ္တုိ႔၏ အတၳဳပၸတိၱကုိပင္ က်က်နန
မသိၾကေခ်။ အခ်ဳိ႕မွာ ေျပာရမွာ ေၾကာက္သလုိလုိရွိ၏။ ထုိနတ္မ်ား အမ်ားစုသည္
လူ႔ဘဝက အစိမ္းေသ ေသခဲ့ၾကသူမ်ားျဖစ္၏။ ေၾကကြဲဖြယ္ ႐ုတ္တရက္ ေသသူမ်ား
ျဖစ္ၾက၏။
ထုိနတ္တုိ႔ကုိ ၿခဳံ၍ေလ႔လာလ်င္ ေခတ္အားျဖင့္ ပုဂံ၊ ပင္းယ၊ အင္းဝ၊ ေတာင္ငူေခတ္ တုိ႔၌
ျဖစ္ၾက၏။ ေယာက္်ား မိန္းမ အစုံပါ၏။ အမ်ဳိးအစားအားျဖင့္ ရွင္၊ လူ၊ သိၾကား အစုံပါ၀င္၏။
လူမ်ဳိး အားျဖင့္ ဗမာ၊ မြန္၊ ရွမ္း၊ ကုလား၊ ယြန္း၊ ပုဏၰားတုိ႔ကုိ ေတြ႔ရ၏။ အရပ္ေဒသ
အားျဖင့္ ျမန္မာႏုိင္ငံအႏွံ႔အျပားႏွင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ ျဖစ္ၾက၏။ အဆင့္အတန္း
အားျဖင့္ သိၾကား၊ ဘုရင္၊ မင္းသား၊ မင္းႏြယ္၊ မိဖုရား၊ အမတ္၊ အမႈထမ္း၊ ကုန္သည္၊
ဆင္းရဲသား အစုံပါ၏။ ေသခဲ့ၾကပုံမွာလည္း က်ားကုိက္၊ ေျမြကုိက္၊ မီးေလာင္၊ စိတၱဇျဖစ္၊
ကြပ္မ်က္ခံရျခင္း၊ ဖ်ားနာျခင္း၊ ဘိန္း အရက္စြဲျခင္း၊ ကု႒ႏူ နာျဖစ္ျခင္း စသည္တို႔ျဖစ္ၾက၏။
အခ်ဳိ႕နတ္မ်ားမွာ သမုိင္းပင္ မယ္မယ္ရရ မရွိေခ်။
ထုိနတ္တုိ႔ကုိ ပူေဇာ္ရာ၌ ယင္းတုိ႔၏ ေဒသႏွင့္ လူျဖစ္စဥ္က အႀကိဳက္စ႐ုိက္တုိ႔ကုိ လုိက္၍
ပူေဇာ္ၾက၏။ မ်ားေသာအားျဖင့္ အုန္းသီး၊ ငွက္ေပ်ာသီး၊ လဘက္ႏွင့္ သေျပခက္ တုိ႔မွာ
ပင္တိုင္ျဖစ္၏။ လူ႔ဘဝက အရက္သမားျဖစ္ပါက အရက္ပါရ၏။ ထုိနတ္တုိ႔ကုိ အမႈျဖစ္
ေသာအခါ၊ စာေမးပြဲေျဖေသာအခါ၊ စီးပြားေရး ၿပိဳင္ဆုိင္ေသာအခါတုိ႔၌ ပူေဇာ္ရမည္ဟု
ဆုိထား၏။ ပူေဇာ္ၿပီးေသာ နတ္ပြဲက်မ်ားကုိမူ နတ္မယံု သူမ်ား၊ ေဆြမ်ဳိးမ ေတာ္သူမ်ားကုိ
မေကၽြးရဟု ဆုိထား၏။ ဆြမ္းမေလာင္းရဟုလည္း ဆုိထားေသး၏။
နတ္မယုံသူတုိ႔က ဤနတ္တုိ႔သည္ စင္စစ္မ႐ွိၾက ဘုရင္ႏွင့္ျပည္သူတုိ႔၏ လုပ္ႀကံနတ္မ်ား
သာျဖစ္ေၾကာင္း ဘုရင္ႏွင့္ျပည္သူတုိ႔သည္ ယင္း ၃၇ မင္းတုိ႔ကုိ ေအာက္ေဖာ္ျပပါ
အေၾကာင္းမ်ားေၾကာင့္ နတ္စာရင္းတြင္ သြင္းခဲ့ၾကသျဖင့္ နတ္ျဖစ္လာၾကဟန္တူသည္ဟု
ယူဆၾက၏။
၁။ သူတုိ႔၏ ေၾကကြဲဖြယ္၊ အံ႔ၾသဖြယ္ ႐ုတ္တရက္ အုပ္ေအာ္ေသာင္းနင္း
ေသဆုံးၾကမႈတုိ႔ကုိ အသနားပုိကာ အမွတ္တရ တသသျဖစ္ေနၾကရာမွ နတ္ျဖစ္သည္ဟု
ေျဖသိမ္႔ေျပာဆုိရင္း နတ္စာရင္းဝင္ ျဖစ္လာခဲ့ၾက၏။
၂။ ျပည္သူတုိ႔သည္ ပေဒသရာဇ္ ဧကရာဇ္တုိ႔၏ မတရားသျဖင့္ သတ္ျဖတ္ညႇဥ္းဆဲၾက
သည့္ အျဖစ္ကုိ တုိက္ရုိက္ျပန္ေျပာခြင့္၊ မွတ္တမ္းတင္ခြင့္ မရၾကသျဖင့္ ဘုရင္တုိ႔၏
မတရားမႈကုိ နတ္သမုိင္း၊ နတ္ခ်င္းတုိ႔မွ တဆင့္ ကမာၻတည္သေရြ႕ သိေစလုိသျဖင့္
နတ္ျဖစ္သည္ဟု လုပ္ဇာတ္ခင္းရာမွ နတ္စာရင္းဝင္ျဖစ္လာၾက၏။
၃။ ဘုရင္တုိ႔သည္ ျပည္သူတုိ႔ကုိ မိမိတုိ႔ စိတ္လုိက္မာန္ပါ သတ္ျဖတ္ၿပီးေသာအခါ
ေသသူတုိ႔၏ အသုိင္းအဝုိင္းက တုံ႔ျပန္ ပုံကန္ေတာ္လွန္မည္ကုိ စုိးရိမ္ၾက၏။ ထုိ႔ေၾကာင့္
ယင္းလူတုိ႔၏ အာ႐ုံကုိ ေျပာင္းလႊဲေပးရန္၎၊ ယင္းလူတုိ႔ တနည္းတဖုံ ေက်နပ္မႈ
ေျပျပစ္မႈရွိရန္၎ ရာဇပရိယာယ္ သုံးကာ နတ္ျဖစ္သြားသည္ဟု လုပ္ႀကံေျပာဆုိရာမွ
နတ္စာရင္းဝင္ ျဖစ္လာခဲ့ၾက၏။
၄။ လူတုိ႔သည္ ယင္းတုိ႔၏ လူ႔ဘဝႀကီးက်ယ္မႈ စြမ္းေဆာင္ႏုိင္မႈတုိ႔ကုိ အားက်ကာ
သူတုိ႔ ေသၿပီးေနာက္ပုိင္းမွာလည္း သူတုိ႔ကုိ ဆက္လက္အားကုိးသျဖင့္ နတ္စာရင္း
သြင္းခဲ့ၾက၏။
နတ္ယုံသူတုိ႔ကမူ ဤနတ္တုိ႔သည္ ဧကန္အမွန္ရွိ႐ုံသာမက ယင္းနတ္အခ်ဳိ႕သည္
ျမန္မာတုိ႔ႏွင့္ ေကာင္းတူဆုိးဖက္မ်ား ျဖစ္ၾကသည္ဟု ဆုိ၏။ ျမန္မာႏုိင္ငံကုိ ႏုိင္ငံျခား
စစ္တပ္မ်ား က်ဴးေက်ာ္ လာေသာအခါ အခ်ဳိ႕နတ္မ်ား ျမန္မာစစ္သားမ်ားႏွင့္ အတူတြဲ၍
စစ္တုိက္ေၾကာင္း၊ ဒုတိယကမာၻစစ္ (ဂ်ပန္ေခတ္) အတြင္း မႏၱေလးၿမဳိ႕ ဗုံးႀကဲ၍ မီးေလာင္
စဥ္က ေရႊဖ်င္းညီေနာင္တုိ႔သည္ ျပည္သူတုိ႔ႏွင့္အတူ မီးၿငႇိမ္းေနသည္ကုိ ယုံၾကည္သူတုိ႔
ျမင္ၾကရေၾကာင္း၊ သီေပါမင္းပါေတာ္မူေသာအခါ ၃၇ မင္းနတ္႐ုပ္တုိ႔ မ်က္ရည္က်ေၾကာင္း
ဆုိၾက၏။ ျမန္မာရာဇဝင္တုိ႔၌လည္း နတ္မ်ားသည္ ျမန္မာမင္းမ်ားႏွင့္အဆက္အဆံ
ရွိေၾကာင္း ေဖာ္ျပၾက၏။
အခ်ဳိ႕ေသာပညာရွင္မ်ားကမူ မိ႐ုိးဖလာ ၃၇ မင္းစသည္တုိ႔သည္ အမွန္တကယ္ရွိေသာ္
လူတုိ႔၏ ေကာင္းက်ဳိး ဆုိးက်ဳိးကုိ ဖန္တီးႏုိင္သေလာ၊ ေတြ႔ႀကဳံဖူးသည္ဆုိလ်င္ နတ္ေၾကာင့္
ဟု ဧကန္ဆုိႏုိင္ သေလာ၊ တုိက္ဆုိင္မႈမ်ဳိး မျဖစ္ႏုိင္သေလာ။ အဆင့္ဆင့္ စိစစ္သင့္
ေၾကာင္း ဆုိၾက၏။ အမ်ဳိးသားပညာဝန္ ဦးဖုိးက်ားကမူ “ နတ္ျဖစ္သည္ ဆုိသူမ်ား
တကယ္ျဖစ္ မျဖစ္ မသိေၾကာင္း၊ ယုံၾကည္သူမ်ား၏ စိတ္ထဲမွာေတာ့ ရွိေနေၾကာင္း၊
နတ္တကယ္ျဖစ္ သည္ထား သခၤါရနယ္သားမ်ားျဖစ္၍ ယခုရွိေသးပါ၏ေလာ” ဟု
ေဝဖန္သုံးသပ္ထား၏။
ယခု ဆုိခဲ့ေသာ နတ္ဝါဒႏွင္ပတ္သက္၍ သုံးသပ္ခ်က္ခ်ျပရေသာ္ ဗုဒၶဘာသာပိဋကတ္
ေတာ္လာ နတ္မ်ား၊ ၃၇ မင္းစေသာ ႐ုိးရာနတ္မ်ားႏွင့္ ယင္းတုိ႔ကုိ ကုိးကြယ္ေနသူတုိ႔၏
အေျခအေနမွန္ကုိ ယထာဘူတက်က် ေလ႔လာသုံးသပ္ရမည္ျဖစ္ပါသည္။ ပိဋကတ္ေတာ္
၌ နတ္မ်ားပါဝင္ေန၍ နတ္ဟူေသာ သတၱဝါ တစ္မ်ဳိးရွိေၾကာင္း လက္ခံရေပမည္။
သု႔ိရာတြင္ ၃၇ မင္းစေသာ ႐ုိးရာနတ္မ်ားသည္ ေၾကာင္းက်ဳိးယုတိၱယုတၱာအားျဖင့္
လြန္စြာ အားနည္းသည္ကုိ ေတြ႔ရ၏။ ေရွးလူမ်ား ယဥ္ေက်းမႈမထြန္းကားမီက သဘာဝ
တရားကုိ ကုိးကြယ္ျခင္းႏွင့္ ဆက္စပ္ေနရကား အသိဉာဏ္ႏွင့္အေတြးအေခၚ ရင့္က်က္သူ
အမ်ားစုက နတ္ပူေဇာ္မႈကုိ လက္မခံလုိၾကေပ။ ထုိ႔ေၾကာင့္ပင္ ေရွးမင္းေကာင္းမင္းျမတ္
အခ်ဳိ႕က နတ္ကုိးကြယ္မႈကုိ ႏွိပ္ကြပ္ခဲ့ၾကျခင္းျဖစ္သည္။ သု႔ိရာတြင္ အစြဲအလန္းေၾကာင့္
ေသာ္၎၊ အစဥ္လာေၾကာင့္ေသာ္၎၊ မေသခ်ာေသာ္လည္း “အကယ္၍ ရွိခဲ့ေသာ္”
ဟူေသာ သံသယျဖင့္ ေၾကာက္ရြံ႕ေသာေၾကာင့္၎၊ ျဖတ္လမ္းနည္းျဖင့္ လွ်င္ျမန္စြာ
ႀကီးပြားခ်မ္းသာလုိေသာေၾကာင့္ ၎ နတ္ကုိးကြယ္မႈကုိ မစြန္႔ႏုိင္ဘဲ ျဖစ္ေန ၾကသည္ကုိ
ေတြ႔ရ၏။
ဗုဒၶဘာသာပညာရွင္အမ်ားစုက ေကသမုတိၱသုတ္လာ “အစဥ္အဆက္ျဖစ္ကာမွ်ႏွင့္လည္း
မယူလင့္၊ ပိဋကတ္ စာေပႏွင့္ ညီညြတ္ေပသည္ဟုလည္း အမွန္မယူလင့္ဦး” ဟူေသာ
ၾသဝါဒအရ နတ္ကုိးကြယ္မႈအစဥ္အလာကုိ ေဝဘန္စိစစ္သင့္ေၾကာင္း ေဖာ္ျပၾက၏။
ကုသုိလ္ေကာင္းမႈျပဳသည့္အခါ၌ နတ္မ်ားအားလုံးကုိလည္း အမွ်ေဝသင့္ သည္ဟု
ဗုဒၶျမတ္စြာညႊန္ၾကားခဲ့သည္မွာ မွန္၏။ သုိ႔ရာတြင္ ယၡဳကာလကုိးကြယ္ေနၾကသကဲ့သုိ႔
နတ္မ်ားကုိ ကုိးကြယ္ရမည္ဟု ပိဋကတ္ေတာ္၌ ေဟာေတာ္မူခ်က္ မရွိေၾကာင္း
ေထာက္ျပၾက၏။ ရံခါ ပူေဇာ္ပသမႈကုိ ခြင့္ျပဳေသာ္လည္း နတ္တုိင္းကုိ ပူေဇာ္သင့္ မသင့္
စဥ္းစားသင့္ေၾကာင္း၊ လူ႔ေလာကတြင္ လူတုိင္းပင္ ပူေဇာ္ထုိင္သည္မဟုတ္၊ လူအခ်ဳိ႕သာ
ပူေဇာ္ခံထုိက္၏။ ထုိ႔အတူ နတ္မ်ားတြင္လည္း ဤသေဘာမ်ဳိးသာ ရွိၾကမည္ျဖစ္ေၾကာင္း
ေဝဘန္ၾက၏။ ဘာမဆုိ ကံကုိယုံၿပီး ပုံထားသူမ်ားကဲ့သုိ႔ နတ္ကုိယုံၿပီးပုံ၊ ပုံလွဴမ်ဳိးမျပဳ
ထုိက္ေၾကာင္း၊ နတ္႐ူး႐ူးသည္ဟုဆုိရေလာက္ေအာင္ လြန္လြန္ကဲကဲျဖစ္မႈမ်ဳိးကား
လုိလားအပ္ေသာ ကိစၥ မဟုတ္ေၾကာင္း၊ အခ်ဳိ႕ေသာသူတုိ႔သည္ ဘုရားကုိ ဆြမ္းေတာ္
တင္ရန္ သတိမရ။ နတ္ပြဲကုိမူကား မႏြမ္းရေအာင္ တယုတယ ျပဳေလ႔ရွိၾကေၾကာင္း
ေဝဘန္သုံးသပ္ၾက၏။
မာန္လည္ဆရာေတာ္၊ ရွင္မဟာသီလဝံသ၊ ရွင္မဟာရ႒သာရတုိ႔ကလည္း နတ္ကုိးကြယ္
မႈကုိ ျပင္းျပင္းထန္ထန္ ေဝဘန္ထားၾက၏။ နတ္ေၾကာင့္ ေဘးအႏၱရာယ္ကင္းျခင္း မရွိဖူးပုံ၊
နတ္က ကုိယ္တုိင္လာ၍ ဥစၥာေပးျခင္း မရွိဖူးပုံတုိ႔ကုိ၎၊ ကံေၾကာင့္ရလာသည့္ လူ႔ဘဝ
ႀကီးကုိ အလွဴေပးျခင္း၊ သီလေဆာက္တည္ျခင္း စေသာ ကံသစ္မ်ားျဖင့္ မကူဘဲ နတ္ပြဲ
မ်ားက်င္းပ၍ နတ္ကုိအားကုိေနၾကျခင္းမွာ ရယ္ဖြယ္ ရွက္ဖြယ္ေကာင္းေၾကာင္း။ ယင္းတုိ႔
ေရးသားထားေသာ သံေဝဂခန္းပ်ဳိ႕၊ ဘူရိဒတ္ဇာတ္ေပါင္းပ်ဳိ႕ တုိ႔၌ ေဖာ္ျပထားၾက၏။
ယၡဳေခတ္၌လည္း နတ္ပြဲမ်ားကုိ ေန႔ရွည္ရက္မ်ားက်င္းပကာ မူးယစ္ေသာက္စား ေပ်ာ္ပါး
ျခင္း၊ တီးမႈတ္ ကခုံ ဟစ္ေအာ္ဆူညံျခင္း၊ ဦးမင္းေက်ာ္၊ အေမဂ်မ္းစသည္တုိ႔ကဲ့သုိ႔ ႐ုိင္းျပ
စြာ ျပဳမူေျပာဆုိၾကျခင္း၊ ႀကီးပြားခ်မ္းသာေအာင္ မစပါမည့္အေၾကာင္း ပူေဇာ္ပသ ခယ
ေတာင္းပန္ျခင္း စသည္တုိ႔ကုိ ဘာသာေရးသဖြယ္ ျပဳလုပ္ေနၾကသည္မွာ ဗုဒၶဘာသာ၏
ဂုဏ္သိကၡာႏွင့္ ျမန္မာလူမ်ဳိးတုိ႔၏ ဆင္ျခင္တုံတရားအေပၚ အမည္းစက္ႀကီး ျဖစ္ေနေပ
သည္။ နတ္ႏွင့္လူဆက္ဆံေရးသည္ ပုဂၢဳိလ္သတၱဝါအခ်င္းခ်င္း တဦးႏွင့္တဦး အျပန္
အလွန္ အသိမွတ္ျပဳကာ ေလးေလးစားစားဆက္ဆံသည့္ သေဘာမ်ဳိးသာ ျဖစ္သင့္ေပ
သည္။ ထုိ႔ထက္ပုိ၍ ကယ္တင္ရွင္၊ ေက်းဇူးရွင္၊ တန္ခုိးရွင္ဟူ၍ ကုိးကြယ္ပသမႈ မျပဳသင့္
ေပ။ ပုဂၢိဳလ္သတၱဝါအခ်င္းခ်င္း ဆက္ဆံသကဲ့သုိ႔ ဟူရာ၌လည္း နတ္ႏွင့္ ဆက္ဆံေရးသည္
လူအခ်င္းခ်င္း ဆက္ဆံေရးကဲ့သုိ႔ မေသခ်ာ မေရရာသည္ကုိလည္း သတိျပဳရမည္ျဖစ္၏။
လက္ေတြ႔အက်ဳိးေက်းဇူးပုိင္းအေနျဖင့္မူ လုံးဝ ယုံၾကည္အားထား၍ မရေလာက္ေအာင္
ဒိ႒ဓမၼသေဘာ လြန္စြာ နည္းပါးေနသည္ကုိလည္း ေတြ႔ႏုိင္၏။
မည္သုိ႔ပင္ျဖစ္ေစ “ဗုေဒၶါ ေမ သရဏံ အညံ နတိၳ၊ ဓေမၼာ ေမ သရဏံ အညံ နတိၳ၊
သံေဃာ ေမ သရဏံ အညံ နတိၳ” ဟု ခံယူထားၾကေသာ ဗုဒၶဘာသာဝင္မ်ားအဖုိ႔
ရတနာသုံးပါးမွတပါး အျခားေသာကုိးကြယ္ရာကုိ မရွာ သင့္ၾကေပ။
ဓမၼလြင္ျပင္မွေဖာ္ျပပါသည္
source:buddhismworld
July 3, 2015 ေန႔စြဲျဖင့္ မွ်ေဝခဲ့ေသာ ပုိ႔စ္ေဟာင္းတစ္ပုဒ္
=============================
မြန်မာနိုင်ငံနှင့် နတ်ကိုးကွယ်မှု
♒♒♒♒♒♒♒♒♒♒♒♒
♒♒♒♒♒♒♒♒♒♒♒♒
နတ် ဆိုသည်မှာ “နာထ” ဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု သုတေသီတို့ ဆိုကြ
ပါသည်။ နတ်သည် သုံးမျိုးသုံးစားရှိပါသည်။ ယင်းတို့မှာ ဝိသုဒ္ဓိနတ်၊ ဥပပတ္တိနတ်နှင့်
သမုတိ နတ်ဟု သုံးမျိုးရှိ၏။ ယခုရေးသားသော ခေါင်းစဉ်ပါ နတ်ကိုးကွယ်မှု ဆိုသည်မှာ
ဥပပတ္တိနတ်ကို ဆိုလိုပါသည်။
နတ်ကိုးကွယ်မှုသည် ကမ္ဘာဦးလူတို့နှင့် မရှေးမနှောင်းပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့
ခန့်မှန်းကြပါတယ်။ အဲဒိအဆိုအရ ကမ္ဘာဦးလူတို့သည် အသိပညာကောင်းစွာ မဖွံ့ဖြိုးသေး
ပေ။ မိမိတို့ ပတ်ဝန်းကျင်ရှိ ထိတွေ့နေကြရသော သစ်ပင်၊ တော၊ တောင်၊ မြစ်၊ ချောင်း၊
အင်းအိုင်၊ ရေ၊ နေ၊ လေ၊ မိုး စသော သဘာဝ ပစ္စည်းတို့တွင် ဝိညာဉ်ရှိသည်ဟု ထင်မှတ်
ကြ၏။ ထို့ပြင် ယင်းသဘောတရားတို့သည် မိမိတို့၏ ကောင်းကျိုး ဆိုးပြစ်ကိုလည်း ဖန်တီး
နိုင်စွမ်းရှိသည်။ သူတို့ နှစ်လိုလျှင် ကောင်းကျိုးကို ဖန်တီးပြီး မနှစ်သက်က အဖျက်အဆီး
ပြုတတ်သည်။ မိမိတို့သည် ယင်းသဘာဝတရားတို့အပေါ်မှာ လုံးဝ မှီခိုးအားထားနေကြ
ရသည် ဟုလည်း အယူရှိကြပြန်ပါတယ်။ ဒါ့ကြောင့် သဘာဝတရားကို မိမိတို့၏ အကျိုးကို
ဆောင်ပြီး အဆိုးကို ရှောင်ရန် ကိုးကွယ်ဆည်းကပ်လာခဲ့ကြပါတယ်။
ဒါကို ဗုဒ္ဓဘုရားရှင်းကလည်း ရှေးဦးလူတို့ သဘာဝဝတ္ထုကို ကိုးကွယ်မှုပြုခဲ့ကြသည်ဟု
မိန့်ကြားခဲ့ကြောင်း အောက်ပါအတိုင်း တွေ့ရပါသည်။
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။
အာရမ္မရုက္ခစေတျာနိ၊ မနုဿာ ဘယ တဇ္ဇိတာ။ (ဓမ္မပဒ၊ ၁၈၀)
အဲဒိလို သဘာဝတရားတွင် ဝိညာဉ်ရှိသည် အထင်နှင့် ကိုးကွယ်လာကြရာမှ ကြာလာ
သောအခါ ဝိညာဉ်မှ နတ်အသွင်သို့ ပြောင်းလဲသွား၏။ ရှေးလူတို့သည် ယင်းနတ်တို့ကို
မီးဖြင့်၎င်း၊ ပစ္စည်းဥစ္စာစသည့် ဝတ္ထုတို့ဖြင့်၎င်း ပူဇော်ကြရုံမျှမက လူ၊ တိရိစ္ဆာန်တို့၏
အသက်သွေးများစွာတို့ဖြင့်ပင် မှောက်မှားစွာ ပူဇော်ခဲ့ကြ၏။ နောက်တဖြည်းဖြည်း
အသိဉာဏ်ရင့်သန်လာသည်နှင့်အမျှ ယဉ်ကျေးလာကြပြီးလျှင် ဘာသာတရားအသီးသီး
လည်း ပေါ်ထွန်းလာသောအခါ နတ်ကိုးကွယ်မှုမှာ တစတစ မှေးမှိန်သွားခဲ့၏။ မယဉ်ကျေး
မှီကမူ လူမျိုး အသီးသီးတို့သည် နတ်တို့ကိုပင် ကိုးကွယ်ခဲ့ကြ၏။ ရှေးဂရိလူမျိုးများက
သူတို့၏ နတ်ကို “ဇု” ဟူ၍၎င်း၊ ရောမလူမျိုးများက “ဂျူပီတာ” ဟူ၍၎င်း၊ ရဟူဒီလူမျိုးများ
က “အဒိုနေ” ဟူ၍၎င်း၊ ခရစ်ယာန်တို့က “ဂျီယိုးဗား” ဟူ၍၎င်း အသီးသီးအမည်ပေးကာ
ကိုးကွယ်ကြသည်ဟု သိရ၏။
ရှေမြန်မာတို့သည်လည်း အစကနဦးက နတ်တို့ကို ကိုးကွယ်ခဲ့ကြ၏။ ဦးစွာ သစ်ပင်၊
တော၊ တောင် စသော အဝိညာဏကများကို အစောင့်အဖြစ်ကိုးကွယ်ကြရာမှ ကြာသော်
သက်ရှိတို့မှ ဖြစ်ပေါ်လာသော “မင်းမဟာဂီရိ” အစရှိသည့် နတ်များကို ကိုးကွယ်လာခဲ့
ကြ၏။ နောင်အခါ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတို့နှင့် ထိတွေ့လာကြသောအခါ နတ်ကိုး
ကွယ်မှု မှိန်ဝါးသွားသော်လည်း လုံးဝ ပပျောက်မသွားခဲ့ပေ။ မြန်မာတို့သည် ဗုဒ္ဓဘာသာ
ကို ကြည်ညိုသကဲ့သို့ ရိုးရာနတ်ကိုလည်း လက်မလွှတ်လိုသဖြင့် ရိုးရာနတ်များတွင်
ဟိန္ဒူနတ်၊ ဗုဒ္ဓဘာသာနတ်တို့ကို ဖြည့်စွက်ရောယှက်ကာ ကိုးကွယ် လာကြတော့၏။
သို့သော် မြန်မာတို့သည် ဗုဒ္ဓ ဘာသာကိုသာ ပဓာနပြုကိုးကွယ်ခြင်းဖြစ်၍ နတ်ကိုမူ
သာမညမျှသာ ကိုးကွယ်ကြ၏။ အချို့ကမူ သာမည အဖြစ်မျှပင် မကိုးကွယ်ချင်ကြဘဲ
စတိမျှသာ ကိုးကွယ်ကြ၏။ သို့ရာတွင် ငြိတွယ်နေသော အမြစ်ကမူ နှုတ်မရ လှုပ်မရ
အောင် ခိုင်မြဲလှ၏။ ပုဂံအနော်ရထာမင်း၊ ဘုရင့်နောင်ဆင်ဖြူရှင်မင်းနှင့် အင်းဝအနောက်
ဖက်လွန်မင်းတို့သည် နတ်ကိုးကွယ်မှုကို နှိပ်ကွပ်ခဲ့ကြ၏။ သို့ရာတွင် အမြစ်ပြတ်မသွားဘဲ
ယနေ့အထိ စွဲမြဲစွာ ကိုးကွယ်လျက် ရှိကြ၏။
မြန်မာတို့ ကိုးကွယ်သောနတ်များတွင် ၃၇ မင်း နတ်သည် အထင်အရှားဆုံးဖြစ်၏။
မူလက ၃၆ မင်းသာဖြစ်၏။ ပုဂံ အနော်ရထာမင်းသည် နတ်ကိုးကွယ်မှုကို နှိမ်နင်းသော်
လည်း မရသဖြင့် ထို ၃၆ မင်းတွင် သိကြာမင်းကို ထိပ်ဆုံးတင်ကာ ဗုဒ္ဓဘာသာနတ်များ
နှင့် ဖျင်းကြီး ဖျင်းငယ်နတ် စသည်တို့ကို ရောစွက်၍ ၃၇ မင်းအဖြစ် ပြင်ဆင်ခဲ့၏။
အာဋာနာဋိယသုတ်လာ နတ်စစ်သူကြီး ၃၇ ယောက်ကို အတုယူ၍ ပြုလုပ်ဟန်ရှိသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ၃၇ ဂဏန်းသည် လွန်စွာအသုံးများ၏။ အသံ ၃၇ ချင်း၊ ဓားရေး
၃၇ ချင်း၊ တက်ရေး ၃၇ ချင်း စသည်တို့ဖြစ်ကြ၏။ အနော်ရထာမင်းသည် နတ်ရုပ်များကို
ရွှေစည်ခုံ ဘုရားအုဌ်တံတိုင်းအတွင်း အပြင်တို့၌ထားကာ ကိုးကွယ်စေခဲ့၏။ နတ်ဝါဒကို
ဗုဒ္ဓဘာသာလောင်းရိပ်အောက် သွင်းလိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုအခါမှစ၍ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း ဟုခေါ်တွင်ခဲ့၏။
အတွင်း ၃၇ မင်းတွင် သိကြာမင်း၊ ဓတရဋ္ဌစသော နတ်မင်းကြီး ၄ ပါး၊ စန္ဒီ၊ သူရဿတီ၊
မဟာပိန္နဲ၊ မြင်းဖြူရှင် စသည်တို့ပါဝင်ကြ၏။ အပြင် ၃၇ မင်းတွင် သိကြား၊ မဟာဂီရိ၊
ဖျင်းကြီး ဖျင်းငယ်၊ မန္တလေးဘိုးတော်၊ တပင်ရွှေထီး၊ ယွန်းဘုရင်၊ မင်းရဲအောင်ဒင်
စသည်တို့ပါဝင်ကြ၏။ ထို ၃၇ မင်းကို ခေတ်အဆက်ဆက်၌ နတ်ဟောင်းအချို့ကိုပယ်၍
နတ်သစ်တို့ဖြင့် အစားထိုးပြင်ဆင်ခဲ့ကြ၏။ ၃၇ မင်း အရေအတွက်ကိုတော့ ပြင်လိုဟန်
မတူပေ။ ထိုအရေအတွက် သည်လည်း ရွှေစည်းခုံနတ် ထိန်းကြီးမူ၊ မြဝတီဦးစမူ၊ ဝန်ကြီး
ပဒေသ ရာဇာမူ စသည်ဖြင့် ကွဲပြားလျက်ရှိပြန်၏။ ထို့ပြင် ထိုနတ်စာရင်းပါ နတ်များသည်
တဦးနှင့်တဦး ဆွေမျိုး တော်စပ်နေသည်ကိုလည်း တွေ့ရ၏။ ဥပမာအားဖြင့် မင်းမဟာဂီရိ
သည် မောင်တင့်တယ်ဖြစ်၏။ ရွှေမျက်နှာနတ်သည် မောင်တင့်တယ်၏ နှမကြီးဖြစ်၏။
သုံးပန်လှနတ် သည် မောင်တင့်တယ်၏ နှမငယ်ဖြစ်၏။ မနှဲလေးသည် မောင်တင့်တယ်၏
တူမဖြစ်၏။ ရွှေနဘေ သည် မောင်တင့်တယ်၏ ဇနီးဖြစ်၏။ တောင်မကြီး ရှင်ဖြူနှင့်ရှင်ညို
တို့သည် မောင်တင့်တယ်၏ သားများဖြစ် ကြ၏။ တော်စပ်ပုံနှင့်ပတ်သက်၍ မူကွဲများလည်း
ရှိသေး၏။ အခြားသောနတ်များလည်း ဤသို့ပင် အမျိုးမျိုး တော်စပ်နေကြသည်ကိုလည်း
တွေ့ကြ၏။ အဖြစ်အပျက် တို့မှာလည်း ရောယှက်ရှုပ်ထွေးလျက်ရှိ၏။ အမည်နှင့်
ပတ်သက်၍လည်း ဆင်ဖြူ၊ မြင်းဖြူ၊ ကျော်စွာ စသည်တို့မှာ တဦးမကဘဲ ရောထွေးလျက်
ရှိ၏။
ထို ၃၇ မင်းအပြင် အခြားသော ဒေသဆိုင်ရာ ရိုးရာနတ်များလည်းတွေ့ရ၏။ ယင်းတို့မှာ
ပခန်း ဦးမင်းကျော်၊ အနောက်မယ်တော် ရေယဉ်ကတော်၊ အလုံဘိုးတော်၊ နန်းကရိုင်း
မယ်တော်၊ ရေငံပိုင် ဦးရှင်ကြီးစသည်တို့ဖြစ်ကြသည်။ ( လောကီကျမ်းနှင့် ဗြာဟ္မဏကျမ်း
တို့၌ ဖူးစာရေးနတ်၊ ကျက်သရေစောင့်နတ်၊ သူရဿတီနတ် စသည်ရှိ၏။ ကိုယ်စောင့်
နတ် ၁၁ ယောက်ရှိသည်ဟုပင် ဆို၏။)
နတ်ကိုးကွယ်နေသူ တော်တော်များများသည် ထိုနတ်တို့၏ အတ္ထုပ္ပတ္တိကိုပင် ကျကျနန
မသိကြချေ။ အချို့မှာ ပြောရမှာ ကြောက်သလိုလိုရှိ၏။ ထိုနတ်များ အများစုသည်
လူ့ဘဝက အစိမ်းသေ သေခဲ့ကြသူများဖြစ်၏။ ကြေကွဲဖွယ် ရုတ်တရက် သေသူများ
ဖြစ်ကြ၏။
ထိုနတ်တို့ကို ခြုံ၍လေ့လာလျင် ခေတ်အားဖြင့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ် တို့၌
ဖြစ်ကြ၏။ ယောက်ျား မိန်းမ အစုံပါ၏။ အမျိုးအစားအားဖြင့် ရှင်၊ လူ၊ သိကြား အစုံပါဝင်၏။
လူမျိုး အားဖြင့် ဗမာ၊ မွန်၊ ရှမ်း၊ ကုလား၊ ယွန်း၊ ပုဏ္ဏားတို့ကို တွေ့ရ၏။ အရပ်ဒေသ
အားဖြင့် မြန်မာနိုင်ငံအနှံ့အပြားနှင့် အိမ်နီးချင်းနိုင်ငံများမှ ဖြစ်ကြ၏။ အဆင့်အတန်း
အားဖြင့် သိကြား၊ ဘုရင်၊ မင်းသား၊ မင်းနွယ်၊ မိဖုရား၊ အမတ်၊ အမှုထမ်း၊ ကုန်သည်၊
ဆင်းရဲသား အစုံပါ၏။ သေခဲ့ကြပုံမှာလည်း ကျားကိုက်၊ မြွေကိုက်၊ မီးလောင်၊ စိတ္တဇဖြစ်၊
ကွပ်မျက်ခံရခြင်း၊ ဖျားနာခြင်း၊ ဘိန်း အရက်စွဲခြင်း၊ ကုဋ္ဌနူ နာဖြစ်ခြင်း စသည်တို့ဖြစ်ကြ၏။
အချို့နတ်များမှာ သမိုင်းပင် မယ်မယ်ရရ မရှိချေ။
ထိုနတ်တို့ကို ပူဇော်ရာ၌ ယင်းတို့၏ ဒေသနှင့် လူဖြစ်စဉ်က အကြိုက်စရိုက်တို့ကို လိုက်၍
ပူဇော်ကြ၏။ များသောအားဖြင့် အုန်းသီး၊ ငှက်ပျောသီး၊ လဘက်နှင့် သပြေခက် တို့မှာ
ပင်တိုင်ဖြစ်၏။ လူ့ဘဝက အရက်သမားဖြစ်ပါက အရက်ပါရ၏။ ထိုနတ်တို့ကို အမှုဖြစ်
သောအခါ၊ စာမေးပွဲဖြေသောအခါ၊ စီးပွားရေး ပြိုင်ဆိုင်သောအခါတို့၌ ပူဇော်ရမည်ဟု
ဆိုထား၏။ ပူဇော်ပြီးသော နတ်ပွဲကျများကိုမူ နတ်မယုံ သူများ၊ ဆွေမျိုးမ တော်သူများကို
မကျွေးရဟု ဆိုထား၏။ ဆွမ်းမလောင်းရဟုလည်း ဆိုထားသေး၏။
နတ်မယုံသူတို့က ဤနတ်တို့သည် စင်စစ်မရှိကြ ဘုရင်နှင့်ပြည်သူတို့၏ လုပ်ကြံနတ်များ
သာဖြစ်ကြောင်း ဘုရင်နှင့်ပြည်သူတို့သည် ယင်း ၃၇ မင်းတို့ကို အောက်ဖော်ပြပါ
အကြောင်းများကြောင့် နတ်စာရင်းတွင် သွင်းခဲ့ကြသဖြင့် နတ်ဖြစ်လာကြဟန်တူသည်ဟု
ယူဆကြ၏။
၁။ သူတို့၏ ကြေကွဲဖွယ်၊ အံ့သြဖွယ် ရုတ်တရက် အုပ်အော်သောင်းနင်း
သေဆုံးကြမှုတို့ကို အသနားပိုကာ အမှတ်တရ တသသဖြစ်နေကြရာမှ နတ်ဖြစ်သည်ဟု
ဖြေသိမ့်ပြောဆိုရင်း နတ်စာရင်းဝင် ဖြစ်လာခဲ့ကြ၏။
၂။ ပြည်သူတို့သည် ပဒေသရာဇ် ဧကရာဇ်တို့၏ မတရားသဖြင့် သတ်ဖြတ်ညှဉ်းဆဲကြ
သည့် အဖြစ်ကို တိုက်ရိုက်ပြန်ပြောခွင့်၊ မှတ်တမ်းတင်ခွင့် မရကြသဖြင့် ဘုရင်တို့၏
မတရားမှုကို နတ်သမိုင်း၊ နတ်ချင်းတို့မှ တဆင့် ကမ္ဘာတည်သရွေ့ သိစေလိုသဖြင့်
နတ်ဖြစ်သည်ဟု လုပ်ဇာတ်ခင်းရာမှ နတ်စာရင်းဝင်ဖြစ်လာကြ၏။
၃။ ဘုရင်တို့သည် ပြည်သူတို့ကို မိမိတို့ စိတ်လိုက်မာန်ပါ သတ်ဖြတ်ပြီးသောအခါ
သေသူတို့၏ အသိုင်းအဝိုင်းက တုံ့ပြန် ပုံကန်တော်လှန်မည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့်
ယင်းလူတို့၏ အာရုံကို ပြောင်းလွှဲပေးရန်၎င်း၊ ယင်းလူတို့ တနည်းတဖုံ ကျေနပ်မှု
ပြေပြစ်မှုရှိရန်၎င်း ရာဇပရိယာယ် သုံးကာ နတ်ဖြစ်သွားသည်ဟု လုပ်ကြံပြောဆိုရာမှ
နတ်စာရင်းဝင် ဖြစ်လာခဲ့ကြ၏။
၄။ လူတို့သည် ယင်းတို့၏ လူ့ဘဝကြီးကျယ်မှု စွမ်းဆောင်နိုင်မှုတို့ကို အားကျကာ
သူတို့ သေပြီးနောက်ပိုင်းမှာလည်း သူတို့ကို ဆက်လက်အားကိုးသဖြင့် နတ်စာရင်း
သွင်းခဲ့ကြ၏။
နတ်ယုံသူတို့ကမူ ဤနတ်တို့သည် ဧကန်အမှန်ရှိရုံသာမက ယင်းနတ်အချို့သည်
မြန်မာတို့နှင့် ကောင်းတူဆိုးဖက်များ ဖြစ်ကြသည်ဟု ဆို၏။ မြန်မာနိုင်ငံကို နိုင်ငံခြား
စစ်တပ်များ ကျူးကျော် လာသောအခါ အချို့နတ်များ မြန်မာစစ်သားများနှင့် အတူတွဲ၍
စစ်တိုက်ကြောင်း၊ ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်) အတွင်း မန္တလေးမြို့ ဗုံးကြဲ၍ မီးလောင်
စဉ်က ရွှေဖျင်းညီနောင်တို့သည် ပြည်သူတို့နှင့်အတူ မီးငြှိမ်းနေသည်ကို ယုံကြည်သူတို့
မြင်ကြရကြောင်း၊ သီပေါမင်းပါတော်မူသောအခါ ၃၇ မင်းနတ်ရုပ်တို့ မျက်ရည်ကျကြောင်း
ဆိုကြ၏။ မြန်မာရာဇဝင်တို့၌လည်း နတ်များသည် မြန်မာမင်းများနှင့်အဆက်အဆံ
ရှိကြောင်း ဖော်ပြကြ၏။
အချို့သောပညာရှင်များကမူ မိရိုးဖလာ ၃၇ မင်းစသည်တို့သည် အမှန်တကယ်ရှိသော်
လူတို့၏ ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးနိုင်သလော၊ တွေ့ကြုံဖူးသည်ဆိုလျင် နတ်ကြောင့်
ဟု ဧကန်ဆိုနိုင် သလော၊ တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်သလော။ အဆင့်ဆင့် စိစစ်သင့်
ကြောင်း ဆိုကြ၏။ အမျိုးသားပညာဝန် ဦးဖိုးကျားကမူ “ နတ်ဖြစ်သည် ဆိုသူများ
တကယ်ဖြစ် မဖြစ် မသိကြောင်း၊ ယုံကြည်သူများ၏ စိတ်ထဲမှာတော့ ရှိနေကြောင်း၊
နတ်တကယ်ဖြစ် သည်ထား သင်္ခါရနယ်သားများဖြစ်၍ ယခုရှိသေးပါ၏လော” ဟု
ဝေဖန်သုံးသပ်ထား၏။
ယခု ဆိုခဲ့သော နတ်ဝါဒနှင်ပတ်သက်၍ သုံးသပ်ချက်ချပြရသော် ဗုဒ္ဓဘာသာပိဋကတ်
တော်လာ နတ်များ၊ ၃၇ မင်းစသော ရိုးရာနတ်များနှင့် ယင်းတို့ကို ကိုးကွယ်နေသူတို့၏
အခြေအနေမှန်ကို ယထာဘူတကျကျ လေ့လာသုံးသပ်ရမည်ဖြစ်ပါသည်။ ပိဋကတ်တော်
၌ နတ်များပါဝင်နေ၍ နတ်ဟူသော သတ္တဝါ တစ်မျိုးရှိကြောင်း လက်ခံရပေမည်။
သု့ိရာတွင် ၃၇ မင်းစသော ရိုးရာနတ်များသည် ကြောင်းကျိုးယုတ္တိယုတ္တာအားဖြင့်
လွန်စွာ အားနည်းသည်ကို တွေ့ရ၏။ ရှေးလူများ ယဉ်ကျေးမှုမထွန်းကားမီက သဘာဝ
တရားကို ကိုးကွယ်ခြင်းနှင့် ဆက်စပ်နေရကား အသိဉာဏ်နှင့်အတွေးအခေါ် ရင့်ကျက်သူ
အများစုက နတ်ပူဇော်မှုကို လက်မခံလိုကြပေ။ ထို့ကြောင့်ပင် ရှေးမင်းကောင်းမင်းမြတ်
အချို့က နတ်ကိုးကွယ်မှုကို နှိပ်ကွပ်ခဲ့ကြခြင်းဖြစ်သည်။ သု့ိရာတွင် အစွဲအလန်းကြောင့်
သော်၎င်း၊ အစဉ်လာကြောင့်သော်၎င်း၊ မသေချာသော်လည်း “အကယ်၍ ရှိခဲ့သော်”
ဟူသော သံသယဖြင့် ကြောက်ရွံ့သောကြောင့်၎င်း၊ ဖြတ်လမ်းနည်းဖြင့် လျှင်မြန်စွာ
ကြီးပွားချမ်းသာလိုသောကြောင့် ၎င်း နတ်ကိုးကွယ်မှုကို မစွန့်နိုင်ဘဲ ဖြစ်နေ ကြသည်ကို
တွေ့ရ၏။
ဗုဒ္ဓဘာသာပညာရှင်အများစုက ကေသမုတ္တိသုတ်လာ “အစဉ်အဆက်ဖြစ်ကာမျှနှင့်လည်း
မယူလင့်၊ ပိဋကတ် စာပေနှင့် ညီညွတ်ပေသည်ဟုလည်း အမှန်မယူလင့်ဦး” ဟူသော
သြဝါဒအရ နတ်ကိုးကွယ်မှုအစဉ်အလာကို ဝေဘန်စိစစ်သင့်ကြောင်း ဖော်ပြကြ၏။
ကုသိုလ်ကောင်းမှုပြုသည့်အခါ၌ နတ်များအားလုံးကိုလည်း အမျှဝေသင့် သည်ဟု
ဗုဒ္ဓမြတ်စွာညွှန်ကြားခဲ့သည်မှာ မှန်၏။ သို့ရာတွင် ယ္ခုကာလကိုးကွယ်နေကြသကဲ့သို့
နတ်များကို ကိုးကွယ်ရမည်ဟု ပိဋကတ်တော်၌ ဟောတော်မူချက် မရှိကြောင်း
ထောက်ပြကြ၏။ ရံခါ ပူဇော်ပသမှုကို ခွင့်ပြုသော်လည်း နတ်တိုင်းကို ပူဇော်သင့် မသင့်
စဉ်းစားသင့်ကြောင်း၊ လူ့လောကတွင် လူတိုင်းပင် ပူဇော်ထိုင်သည်မဟုတ်၊ လူအချို့သာ
ပူဇော်ခံထိုက်၏။ ထို့အတူ နတ်များတွင်လည်း ဤသဘောမျိုးသာ ရှိကြမည်ဖြစ်ကြောင်း
ဝေဘန်ကြ၏။ ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီးပုံ၊ ပုံလှူမျိုးမပြု
ထိုက်ကြောင်း၊ နတ်ရူးရူးသည်ဟုဆိုရလောက်အောင် လွန်လွန်ကဲကဲဖြစ်မှုမျိုးကား
လိုလားအပ်သော ကိစ္စ မဟုတ်ကြောင်း၊ အချို့သောသူတို့သည် ဘုရားကို ဆွမ်းတော်
တင်ရန် သတိမရ။ နတ်ပွဲကိုမူကား မနွမ်းရအောင် တယုတယ ပြုလေ့ရှိကြကြောင်း
ဝေဘန်သုံးသပ်ကြ၏။
မာန်လည်ဆရာတော်၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ကလည်း နတ်ကိုးကွယ်
မှုကို ပြင်းပြင်းထန်ထန် ဝေဘန်ထားကြ၏။ နတ်ကြောင့် ဘေးအန္တရာယ်ကင်းခြင်း မရှိဖူးပုံ၊
နတ်က ကိုယ်တိုင်လာ၍ ဥစ္စာပေးခြင်း မရှိဖူးပုံတို့ကို၎င်း၊ ကံကြောင့်ရလာသည့် လူ့ဘဝ
ကြီးကို အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စသော ကံသစ်များဖြင့် မကူဘဲ နတ်ပွဲ
များကျင်းပ၍ နတ်ကိုအားကိုနေကြခြင်းမှာ ရယ်ဖွယ် ရှက်ဖွယ်ကောင်းကြောင်း။ ယင်းတို့
ရေးသားထားသော သံဝေဂခန်းပျို့၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ တို့၌ ဖော်ပြထားကြ၏။
ယ္ခုခေတ်၌လည်း နတ်ပွဲများကို နေ့ရှည်ရက်များကျင်းပကာ မူးယစ်သောက်စား ပျော်ပါး
ခြင်း၊ တီးမှုတ် ကခုံ ဟစ်အော်ဆူညံခြင်း၊ ဦးမင်းကျော်၊ အမေဂျမ်းစသည်တို့ကဲ့သို့ ရိုင်းပြ
စွာ ပြုမူပြောဆိုကြခြင်း၊ ကြီးပွားချမ်းသာအောင် မစပါမည့်အကြောင်း ပူဇော်ပသ ခယ
တောင်းပန်ခြင်း စသည်တို့ကို ဘာသာရေးသဖွယ် ပြုလုပ်နေကြသည်မှာ ဗုဒ္ဓဘာသာ၏
ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့၏ ဆင်ခြင်တုံတရားအပေါ် အမည်းစက်ကြီး ဖြစ်နေပေ
သည်။ နတ်နှင့်လူဆက်ဆံရေးသည် ပုဂ္ဂိုလ်သတ္တဝါအချင်းချင်း တဦးနှင့်တဦး အပြန်
အလှန် အသိမှတ်ပြုကာ လေးလေးစားစားဆက်ဆံသည့် သဘောမျိုးသာ ဖြစ်သင့်ပေ
သည်။ ထို့ထက်ပို၍ ကယ်တင်ရှင်၊ ကျေးဇူးရှင်၊ တန်ခိုးရှင်ဟူ၍ ကိုးကွယ်ပသမှု မပြုသင့်
ပေ။ ပုဂ္ဂိုလ်သတ္တဝါအချင်းချင်း ဆက်ဆံသကဲ့သို့ ဟူရာ၌လည်း နတ်နှင့် ဆက်ဆံရေးသည်
လူအချင်းချင်း ဆက်ဆံရေးကဲ့သို့ မသေချာ မရေရာသည်ကိုလည်း သတိပြုရမည်ဖြစ်၏။
လက်တွေ့အကျိုးကျေးဇူးပိုင်းအနေဖြင့်မူ လုံးဝ ယုံကြည်အားထား၍ မရလောက်အောင်
ဒိဋ္ဌဓမ္မသဘော လွန်စွာ နည်းပါးနေသည်ကိုလည်း တွေ့နိုင်၏။
မည်သို့ပင်ဖြစ်စေ “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊
သံဃော မေ သရဏံ အညံ နတ္ထိ” ဟု ခံယူထားကြသော ဗုဒ္ဓဘာသာဝင်များအဖို့
ရတနာသုံးပါးမှတပါး အခြားသောကိုးကွယ်ရာကို မရှာ သင့်ကြပေ။
ဓမ္မလွင်ပြင်မှဖော်ပြပါသည်
source:buddhismworld
July 3, 2015 နေ့စွဲဖြင့် မျှဝေခဲ့သော ပို့စ်ဟောင်းတစ်ပုဒ်
No comments:
Post a Comment