မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (ဂ်ိန္းဘာသာ)

ဂ်ိန္းဘာသာ

✤ ဂ်ိန္းဘာသာ ✤
------------------------
ဂ်ိန္းဘာသာဘုရားကို တိရတၱံကရလို႕ ေခၚပါတယ္ ။ ဂ်ိန္းဘာသာအရ တိရတၱံကရ ႏွစ္ဆယ့္ေလးဆူရွိပါတယ္ ။ လြန္ခဲ႕တဲ႕ ကာလကေနစျပီး ေနာက္ဆံုး မဟာဝီအရ အထိ ႏွစ္ဆယ့္ေလးဆူျဖစ္တယ္ ။ ပထမဦးဆံုး တိရတၱံကရကေတာ့ ရာသသေဒဝပဲ ျဖစ္ပါတယ္ ။ ေနာက္ဆံုးရဲ႕အမည္ကေတာ့ ဝဒၶမာန ျဖစ္တယ္ ။

မဟာဝီရရဲ႕ အဓိပၸါယ္ဟာ သူရဲေကာင္းႀကီး လို႕ေခၚျပီး တိရတၱံကရရဲ႕ အဓိပၸါယ္ကေတာ့ ဆရာသမားလို႕ ဆိုပါတယ္ ။ မဟာဝီရဟာ ဘီစီ ၆ ရာစု ေခတ္ေလာက္က ပြင့္ေတာ္မူခဲ႕တဲ႕ ဗုဒၶနဲ႕ ေခတ္ျပိဳင္က် ေနပါတယ္ ။ မဟာဝီရ မတိုင္ခင္က ေနာက္ဆံုး ပြင့္ခဲ႕တဲ႕ တိရတၱံကရဟာ ပါရရြနာထ ျဖစ္ျပီး ဘီစီ ၉ ရာစုေလာက္မွာ ပြင့္ထြန္း ခဲ႕ပါတယ္ ။ က်န္ ၂၂ ပါးကေတာ့ ရာဇဝင္သမိုင္း မတင္မွီကပင္ ပြင့္ခဲ႕ၾကတယ္လို႕ ဒီလို ဆိုပါတယ္ ။ ဂ်ိန္းဘာသာကို ဇိနဝါဒ လို႕လဲ ေခၚတယ္ ။ တစ္နည္းေတာ့ ေအာင္ျမင္သူ လို႕လည္း အဓိပၸါယ္ရတယ္ ။ ၂၄ ပါးေသာ တိရတၱံကရ တို႕ကို ဇိနလို႕ ေခၚပါတယ္ ။ ယင္းတို႕အားလံုးဟာ ရာဂေတြ ေဒါသေတြ အားလံုးကို ေအာင္ျမင္ျပီးသူ ျဖစ္တယ္ / အခ်ဳပ္ အေႏွာင္အဖြဲ႕က လြတ္ေျမာက္ျပီးသူ ေတြျဖစ္တယ္လို႕ ဒီလို ယူဆၾကပါတယ္ ။

ဂ်ိန္းဘာသာဟာ ထာဝရ ဘုရား အယူကိုေတာ့ လက္မခံပါဘူး။ ဂ်ိန္းဘာသာကို တည္ေထာင္တဲ႕ တိရတၱံကရ မ်ားကိုသာ ကိုးကြယ္ ၾကပါတယ္ ။ တိရတၱံကရ မ်ားဟာ တစ္ခါက အေႏွာင္အဖြဲ႕မွာ ၾကဥ္လည္ခဲ႕ သူမ်ားျဖစ္ျပီး ႀကိဳးစားသျဖင့္ လြတ္ေျမာက္လာသူ ေတြျဖစ္တယ္လို႕ ဒီလို ဆိုပါတယ္ ။ အဲ႕ဒီလို လြတ္ေျမာက္တာနဲ႕ သဗၺညဳတညာဏ္နဲ႕ တန္ခိုး ဣဒၶိပါတ္ေတြပါ တစ္ခါတည္း ရရွိသြားတယ္လို႕ ဒီလိုဆိုပါတယ္ ။ ဒီဃမၺရတို႕ အလိုအရေတာ့ တရား က်င့္ၾကံသူဟာ အဝတ္အစားကဲ႕သို႕ ကိုယ္ပိုင္ပစၥည္း မ်ားကိုလည္း စြန္႕လႊတ္ ႏုိင္ရမယ္လို႕ ဆိုတယ္ ။ ေသတမၺရ တုိ႕ကေတာ့ အဝတ္ျဖဴကို ဝတ္ဆင္နိိင္တယ္ လုိ႕လည္း ဒီလို ဂုိဏ္းႏွစ္ဂိုဏ္း က ကြဲျပား ၾကျပန္တယ္ ။

ဂ်ိန္းဘာသာမွာ အရာဝတၳဳတိုင္းကို သက္ရွိ သက္မဲ႕ဆိုျပီး ႏွစ္မ်ိဳး ခြဲျခားထားကာ သက္ရွိ သတၱဝါတိုင္းဟာ ကိုယ္ခႏၶာ ဘယ္လိုရွိ ေနသည္ျဖစ္ေစ ဇီဝေခၚတဲ႕ ဝိညာဥ္ တစ္ခုေတာ့ ရွိစျမဲပဲလို႕ ဒီလို ဆိုပါတယ္ ။ သူတစ္ပါး အသက္ကို မသတ္ရ မထိခိုက္ေစရ ဆိုတဲ႕ အက်င့္ အဟႎသ ဟာ ဂ်ိန္းဘာသာ အတြက္ အေရးႀကီးတဲ႕ ပညတ္ ျဖစ္ပါတယ္ ။ ဇီဝေခၚတဲ႕ ဝိညာဥ္ဟာ သိတက္တဲ႕ စိတ္ရွိျပီး ေလာကီ အေႏွာင္ဖြဲ႕ထဲမွာ ဒုကၡအေပါင္းကို ခံေနရတယ္။ အဲ႕ဒီ႕ အေႏွာင္အဖြဲ႕ ကေန လြတ္ေျမာက္ေအာင္ လုပ္နိုင္ရင္ေတာ့ ဝိညာဥ္မ်ားဟာ အကန္႕အသတ္ မရွိတဲ႕ အသိညာဏ္ / အကန္႕အသတ္ မရွိတဲ႕ တန္ခိုးအာဏာ / အကန္႕အသတ္ မရွိတဲ႕ ေကာင္းက်ိဳး ခ်မ္းသာမ်ားကို ခံစား စံစား ႏုိင္ပါတယ္ ။

ခႏၶာကိုယ္ဟာ ပုဂၢလ လို႕ ေခၚတဲ႕ ရုပ္ဝတၴဳ အစိုင္အခဲ မ်ားနဲ႕ ဖြဲ႕စည္း တည္ေဆာက္ထားတယ္ ။ ရုပ္ခႏၶာကိုယ္ တစ္မ်ိဳးမ်ိဳးကို ရုပ္ဝတၳဳ အစိုင္အခဲ အမ်ိဳးမ်ိဳးနဲ႕ ဖြဲ႕စည္းထားတယ္ ။ ရုပ္ခႏၶာကိုယ္ ျဖစ္ေပၚလာ ဖို႕အတြက္ ဝိညာဥ္ရဲ႕ စိတ္က အေရးႀကီးတဲ႕ အခန္းကေန ပါဝင္ျပီး ဝိညာဥ္ဟာ မိမိရဲ႕ စိတ္မွာ လိုလားတဲ႕ ခႏၶာမ်ိဳး ရရွိလာတယ္လို႕ ဒီလို ဆိုၾကပါတယ္ ။ ဝိညာဥ္ရဲ႕ လြန္ခဲ႕တဲ႕ ဘဝမွ ကံတရား မ်ားျဖစ္ေသာ မေနာကံ ဝစီကံ ကာယကံ စတဲ႕အရာေတြ အားလံုး ေပါင္းရံုးျပီး ယခုဘဝကို လိုခ်င္ေအာင္ စီမံေပးတယ္ ။ အဲ႕ဒီ႕ ကံတရားကပဲ ရုပ္ခႏၶာကိုယ္ ရေအာင္ ေဆာင္က်ဥ္း ေပးတယ္လို႕ ဒီလိုယူဆ ၾကပါတယ္ ။ ဝိညာဥ္နဲ႕ မိမိရဲ႕စိတ္ ဒါမွမဟုတ္ ကံတရားတို႕ရဲ႕ ရုပ္ခႏၶာ ျဖစ္ေပၚလာေအာင္ ေစ့ေဆာ္သူ ျဖစ္ေၾကာင္းနဲ႕ ပုဂၢလ လို႕ေခၚတဲ႕ ရုပ္ခႏၶာကို္ယ္ ျဖစ္ေပၚလာ ေရးအတြက္ အေျခခံ ပစၥည္းေတြ ျဖစ္တယ္လို႕ ဂ်ိန္းဘာသာက ယူဆၾကတယ္ ။
မိဘမ်ား ထဲကေန ရရွိလာတဲ႕ ရုပ္ခႏၶာ ကိုယ္ဟာ အလိုလို မေမွ်ာ္လင့္ပဲ ရရွိလာတာ မဟုတ္တာေၾကာင့္ မိမိတို႕ ေမြးဖြားရမဲ႕ မိသားစုကို ကံတရားက ေရြးခ်ယ္သတ္မွတ္ ေပးရံုသာမက မိမိရရွိတဲ႕ ခႏၶာကိုယ္ရဲ႕ အေရာင္အဆင္း အရပ္ အနိမ့္အျမင့္ ပံုပန္းသ႑ာန္ အသက္ အပိုင္းအျခား အာရံုေပါင္းမ်ား အစရွိတဲ႕ အေျခအေန ေတြကို သတ္မွတ္ေပးတယ္လုိ႕ ယံုၾကည္ ၾကပါတယ္ ။

ဝိညာဥ္ကို အေႏွာင္အဖြဲ႕ဆီ က်ေရာက္ေစတဲ႕ ေစတသိက္ေတြ ကေတာ့ ေဒါသ မာန ေလာဘ နဲ႕ ေမာဟ တို႕ျဖစ္တယ္ ။ အဲ႕ဒီ႕ စိတ္ေတြကို ေစးကပ္တတ္တဲ႕ ဝတၳဳလို႕ ဒီလို ေခၚၾကပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ အဲ႕ဒီ႕ ဝိညာဥ္နဲ႕ ရုပ္ဝတၳဳတို႕ကို မကြဲကြာေအာင္ ကပ္ထား နိုင္ေသာေၾကာင့္ ျဖစ္ပါတယ္ ။ ဂ်ိန္းဘာသာရဲ႕ အေႏွာင္အဖြဲ႕ တရားေတြ ကေတာ့ စိတ္ ေစတသိက္နဲ႕ ယွဥ္တဲ႕ ဝိညာဥ္ဟာ ကမၼတရားအတိုင္း ရုပ္ဝတၴဳကို လက္ခံရယူ သူအျဖစ္ လိုက္ျပီး ျဖစ္ရတယ္လို႕ ဆိုတယ္ ။ ဝိညာဥ္ရဲ႕ စိတ္ ေစတသိက္သည္ အေႏွာင္အဖြဲ႕ က်ေရာက္ဖို႕ အေျခခံက်တဲ႕ အေၾကာင္းတရား ျဖစ္ကာ ဝိညာဥ္ဆီကို ရုပ္ဝတၴဳ ကပ္လာျခင္းမွာလဲ အက်ိဳးတရားသာ ျဖစ္တယ္လို႕ ဂ်ိန္းဘာသာ ပညာရွင္မ်ားက ယံုၾကည္ ၾကပါတယ္ ။

မွန္ကန္တဲ႕ သဒၶါယံုၾကည္မႈ မွန္ကန္တဲ႕ အသိညာဏ္ မွန္ကန္တဲ႕ အျပဳအမူနဲ႕ က်င့္ၾကံ ေနထိုင္မႈဟာ ဂ်ိန္းဘာသာရဲ႕ ရတနာ သံုးပါးျဖစ္တယ္ ။ ဂ်ိန္းဘာသာရဲ႕ ပထမဆံုးေသာ သုတၱန္က်မ္းမွာ အဲ႕ဒီ႕ ရတနာ သံုးပါးကို ေဖၚျပထားတယ္ ။ အေႏွာင္အဖြဲ႕မွ လြတ္ေျမာက္ရာ မဂၢင္လမ္းကား ဤ ရတနာ သံုးပါးပင္ ျဖစ္၏ လို႕ ဒီလိုဆိုတယ္ ။ သံသရာမွ လြတ္ေျမာက္မႈသည္ ဤ ရတနာသံုးပါး၏ ေပါင္းစပ္မႈေၾကာင့္ ရအပ္ေသာ အက်ိဳး ရလဒ္တည္း ဟု ဂ်ိန္းဘာသာ ဝင္မ်ားက ယံုၾကည္ၾကလ်က္ ရွိပါသည္။

Credit: original writer
ဗဟုသုတေက်းရြာ
credit : Knowledge Village KV
==============================

✤ ဂျိန်းဘာသာ ✤
----------------------
ဂျိန်းဘာသာဘုရားကို တိရတ္တံကရလို့ ခေါ်ပါတယ် ။ ဂျိန်းဘာသာအရ တိရတ္တံကရ နှစ်ဆယ့်လေးဆူရှိပါတယ် ။ လွန်ခဲ့တဲ့ ကာလကနေစပြီး နောက်ဆုံး မဟာဝီအရ အထိ နှစ်ဆယ့်လေးဆူဖြစ်တယ် ။ ပထမဦးဆုံး တိရတ္တံကရကတော့ ရာသသဒေဝပဲ ဖြစ်ပါတယ် ။ နောက်ဆုံးရဲ့အမည်ကတော့ ဝဒ္ဓမာန ဖြစ်တယ် ။

မဟာဝီရရဲ့ အဓိပ္ပါယ်ဟာ သူရဲကောင်းကြီး လို့ခေါ်ပြီး တိရတ္တံကရရဲ့ အဓိပ္ပါယ်ကတော့ ဆရာသမားလို့ ဆိုပါတယ် ။ မဟာဝီရဟာ ဘီစီ ၆ ရာစု ခေတ်လောက်က ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓနဲ့ ခေတ်ပြိုင်ကျ နေပါတယ် ။ မဟာဝီရ မတိုင်ခင်က နောက်ဆုံး ပွင့်ခဲ့တဲ့ တိရတ္တံကရဟာ ပါရရွနာထ ဖြစ်ပြီး ဘီစီ ၉ ရာစုလောက်မှာ ပွင့်ထွန်း ခဲ့ပါတယ် ။ ကျန် ၂၂ ပါးကတော့ ရာဇဝင်သမိုင်း မတင်မှီကပင် ပွင့်ခဲ့ကြတယ်လို့ ဒီလို ဆိုပါတယ် ။ ဂျိန်းဘာသာကို ဇိနဝါဒ လို့လဲ ခေါ်တယ် ။ တစ်နည်းတော့ အောင်မြင်သူ လို့လည်း အဓိပ္ပါယ်ရတယ် ။ ၂၄ ပါးသော တိရတ္တံကရ တို့ကို ဇိနလို့ ခေါ်ပါတယ် ။ ယင်းတို့အားလုံးဟာ ရာဂတွေ ဒေါသတွေ အားလုံးကို အောင်မြင်ပြီးသူ ဖြစ်တယ် / အချုပ် အနှောင်အဖွဲ့က လွတ်မြောက်ပြီးသူ တွေဖြစ်တယ်လို့ ဒီလို ယူဆကြပါတယ် ။

ဂျိန်းဘာသာဟာ ထာဝရ ဘုရား အယူကိုတော့ လက်မခံပါဘူး။ ဂျိန်းဘာသာကို တည်ထောင်တဲ့ တိရတ္တံကရ များကိုသာ ကိုးကွယ် ကြပါတယ် ။ တိရတ္တံကရ များဟာ တစ်ခါက အနှောင်အဖွဲ့မှာ ကြဉ်လည်ခဲ့ သူများဖြစ်ပြီး ကြိုးစားသဖြင့် လွတ်မြောက်လာသူ တွေဖြစ်တယ်လို့ ဒီလို ဆိုပါတယ် ။ အဲ့ဒီလို လွတ်မြောက်တာနဲ့ သဗ္ဗညုတညာဏ်နဲ့ တန်ခိုး ဣဒ္ဓိပါတ်တွေပါ တစ်ခါတည်း ရရှိသွားတယ်လို့ ဒီလိုဆိုပါတယ် ။ ဒီဃမ္ဗရတို့ အလိုအရတော့ တရား ကျင့်ကြံသူဟာ အဝတ်အစားကဲ့သို့ ကိုယ်ပိုင်ပစ္စည်း များကိုလည်း စွန့်လွှတ် နိုင်ရမယ်လို့ ဆိုတယ် ။ သေတမ္ဗရ တို့ကတော့ အဝတ်ဖြူကို ဝတ်ဆင်နိင်တယ် လို့လည်း ဒီလို ဂိုဏ်းနှစ်ဂိုဏ်း က ကွဲပြား ကြပြန်တယ် ။

ဂျိန်းဘာသာမှာ အရာဝတ္ထုတိုင်းကို သက်ရှိ သက်မဲ့ဆိုပြီး နှစ်မျိုး ခွဲခြားထားကာ သက်ရှိ သတ္တဝါတိုင်းဟာ ကိုယ်ခန္ဓာ ဘယ်လိုရှိ နေသည်ဖြစ်စေ ဇီဝခေါ်တဲ့ ဝိညာဉ် တစ်ခုတော့ ရှိစမြဲပဲလို့ ဒီလို ဆိုပါတယ် ။ သူတစ်ပါး အသက်ကို မသတ်ရ မထိခိုက်စေရ ဆိုတဲ့ အကျင့် အဟိံသ ဟာ ဂျိန်းဘာသာ အတွက် အရေးကြီးတဲ့ ပညတ် ဖြစ်ပါတယ် ။ ဇီဝခေါ်တဲ့ ဝိညာဉ်ဟာ သိတက်တဲ့ စိတ်ရှိပြီး လောကီ အနှောင်ဖွဲ့ထဲမှာ ဒုက္ခအပေါင်းကို ခံနေရတယ်။ အဲ့ဒီ့ အနှောင်အဖွဲ့ ကနေ လွတ်မြောက်အောင် လုပ်နိုင်ရင်တော့ ဝိညာဉ်များဟာ အကန့်အသတ် မရှိတဲ့ အသိညာဏ် / အကန့်အသတ် မရှိတဲ့ တန်ခိုးအာဏာ / အကန့်အသတ် မရှိတဲ့ ကောင်းကျိုး ချမ်းသာများကို ခံစား စံစား နိုင်ပါတယ် ။

ခန္ဓာကိုယ်ဟာ ပုဂ္ဂလ လို့ ခေါ်တဲ့ ရုပ်ဝတ္ထု အစိုင်အခဲ များနဲ့ ဖွဲ့စည်း တည်ဆောက်ထားတယ် ။ ရုပ်ခန္ဓာကိုယ် တစ်မျိုးမျိုးကို ရုပ်ဝတ္ထု အစိုင်အခဲ အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတယ် ။ ရုပ်ခန္ဓာကိုယ် ဖြစ်ပေါ်လာ ဖို့အတွက် ဝိညာဉ်ရဲ့ စိတ်က အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပြီး ဝိညာဉ်ဟာ မိမိရဲ့ စိတ်မှာ လိုလားတဲ့ ခန္ဓာမျိုး ရရှိလာတယ်လို့ ဒီလို ဆိုကြပါတယ် ။ ဝိညာဉ်ရဲ့ လွန်ခဲ့တဲ့ ဘဝမှ ကံတရား များဖြစ်သော မနောကံ ဝစီကံ ကာယကံ စတဲ့အရာတွေ အားလုံး ပေါင်းရုံးပြီး ယခုဘဝကို လိုချင်အောင် စီမံပေးတယ် ။ အဲ့ဒီ့ ကံတရားကပဲ ရုပ်ခန္ဓာကိုယ် ရအောင် ဆောင်ကျဉ်း ပေးတယ်လို့ ဒီလိုယူဆ ကြပါတယ် ။ ဝိညာဉ်နဲ့ မိမိရဲ့စိတ် ဒါမှမဟုတ် ကံတရားတို့ရဲ့ ရုပ်ခန္ဓာ ဖြစ်ပေါ်လာအောင် စေ့ဆော်သူ ဖြစ်ကြောင်းနဲ့ ပုဂ္ဂလ လို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ် ဖြစ်ပေါ်လာ ရေးအတွက် အခြေခံ ပစ္စည်းတွေ ဖြစ်တယ်လို့ ဂျိန်းဘာသာက ယူဆကြတယ် ။
မိဘများ ထဲကနေ ရရှိလာတဲ့ ရုပ်ခန္ဓာ ကိုယ်ဟာ အလိုလို မမျှော်လင့်ပဲ ရရှိလာတာ မဟုတ်တာကြောင့် မိမိတို့ မွေးဖွားရမဲ့ မိသားစုကို ကံတရားက ရွေးချယ်သတ်မှတ် ပေးရုံသာမက မိမိရရှိတဲ့ ခန္ဓာကိုယ်ရဲ့ အရောင်အဆင်း အရပ် အနိမ့်အမြင့် ပုံပန်းသဏ္ဍာန် အသက် အပိုင်းအခြား အာရုံပေါင်းများ အစရှိတဲ့ အခြေအနေ တွေကို သတ်မှတ်ပေးတယ်လို့ ယုံကြည် ကြပါတယ် ။

ဝိညာဉ်ကို အနှောင်အဖွဲ့ဆီ ကျရောက်စေတဲ့ စေတသိက်တွေ ကတော့ ဒေါသ မာန လောဘ နဲ့ မောဟ တို့ဖြစ်တယ် ။ အဲ့ဒီ့ စိတ်တွေကို စေးကပ်တတ်တဲ့ ဝတ္ထုလို့ ဒီလို ခေါ်ကြပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ့ ဝိညာဉ်နဲ့ ရုပ်ဝတ္ထုတို့ကို မကွဲကွာအောင် ကပ်ထား နိုင်သောကြောင့် ဖြစ်ပါတယ် ။ ဂျိန်းဘာသာရဲ့ အနှောင်အဖွဲ့ တရားတွေ ကတော့ စိတ် စေတသိက်နဲ့ ယှဉ်တဲ့ ဝိညာဉ်ဟာ ကမ္မတရားအတိုင်း ရုပ်ဝတ္ထုကို လက်ခံရယူ သူအဖြစ် လိုက်ပြီး ဖြစ်ရတယ်လို့ ဆိုတယ် ။ ဝိညာဉ်ရဲ့ စိတ် စေတသိက်သည် အနှောင်အဖွဲ့ ကျရောက်ဖို့ အခြေခံကျတဲ့ အကြောင်းတရား ဖြစ်ကာ ဝိညာဉ်ဆီကို ရုပ်ဝတ္ထု ကပ်လာခြင်းမှာလဲ အကျိုးတရားသာ ဖြစ်တယ်လို့ ဂျိန်းဘာသာ ပညာရှင်များက ယုံကြည် ကြပါတယ် ။

မှန်ကန်တဲ့ သဒ္ဓါယုံကြည်မှု မှန်ကန်တဲ့ အသိညာဏ် မှန်ကန်တဲ့ အပြုအမူနဲ့ ကျင့်ကြံ နေထိုင်မှုဟာ ဂျိန်းဘာသာရဲ့ ရတနာ သုံးပါးဖြစ်တယ် ။ ဂျိန်းဘာသာရဲ့ ပထမဆုံးသော သုတ္တန်ကျမ်းမှာ အဲ့ဒီ့ ရတနာ သုံးပါးကို ဖေါ်ပြထားတယ် ။ အနှောင်အဖွဲ့မှ လွတ်မြောက်ရာ မဂ္ဂင်လမ်းကား ဤ ရတနာ သုံးပါးပင် ဖြစ်၏ လို့ ဒီလိုဆိုတယ် ။ သံသရာမှ လွတ်မြောက်မှုသည် ဤ ရတနာသုံးပါး၏ ပေါင်းစပ်မှုကြောင့် ရအပ်သော အကျိုး ရလဒ်တည်း ဟု ဂျိန်းဘာသာ ဝင်များက ယုံကြည်ကြလျက် ရှိပါသည်။

No comments:

Post a Comment