မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, July 4, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (ဇို႐ိုအက္စတား ဘာသာ)

ဇို႐ိုအက္စတား ဘာသာ


✤ ဇို႐ိုအက္စတား ဘာသာ ✤
---------------------------------
တည္ေထာင္သူ
- ပါရွင္းလူမ်ိဳး၊ ဇို႐ိုအက္စတား (ဇရတုတၱရ)။

ေမြးဖြားသည့္ႏွစ္
- ခရစ္မေပၚမီ ၆၁၈ ခုႏွစ္ (ဘီစီ ၆၁၈)။

တည္ေထာင္သည္ႏွစ္
- ခရစ္မေပၚမီ ၅၈၈ ခုႏွစ္ (ဘီစီ ၅၈၈)။

ကြယ္လြန္သည့္ႏွစ္
- ခရစ္မေပၚမီ ၅၄၁ ခုႏွစ္ (ဘီစီ ၅၄၁)။

စတင္ေပၚေပါက္သည့္ဌာန
- ပါရွားႏိုင္ငံ (အီရန္ႏိုင္ငံ)။

ဘာသာ၏ အထြတ္အထိပ္ပုဂိၢဳလ္
- အဟုရ မဇဒါဘုရား။

ပဓာနက်မ္းဂန္
- အဗက္စတာက်မ္း ( အေဝတၳက်မ္း )။

အေျခခံ ယံုၾကည္ခ်က္မ်ား
----------------------------
ေလာကႀကီးႏွင့္ သတၱဝါေတြကို အဟုရ မဇဒါဘုရား သခင္က ဖန္ဆင္းသည္။ ထိုဘုရား သခင္ကို "ပညာေတာ္ရွင္ ဘုရားသခင္" ဟု ေခၚသည္။ သို႔ေသာ္ သူသည္ အေကာင္အထည္ ေနျဖင့္ ထင္ရွား မရွိေပ။ သို႔ျဖစ္၍ သူ႕ကုိ ျမင္လို႔ မရ။ ၾကားလို႔ မရ၊ ထိေတြ႕ စမ္းသပ္လို႔ မရေပ။ သူ၏ ေကာင္းေသာ အလုပ္ေတြကို ၾကည့္ျခင္းျဖင့္သာ သူ႕ကို သိႏိုင္သည္။

အဟုရမဇဒါ ဘုရားသည္ ေကာင္းေသာ အျပစ္ကင္းေသာ အရာမ်ားကို ဖန္ဆင္းသည္။ မေကာင္းေသာ အျပစ္မကင္းေသာ အရာမ်ားကိုမူ အဂၤရမညဳ ဘုရားက ဖန္ဆင္းသည္။ ထို႔ေၾကာင့္ ဇို႐ိုအက္စတား ဘာသာ၌ ဖန္ဆင္းရွင္ ဘုရားႏွစ္ဆူ ရွိသည္။ သို႔ေသာ္လည္း အဟုရမဇဒါ ဘုရား တဆူတည္းကိုသာ ကိုးကြယ္ရမည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ေနာက္ဆံုးတြင္ အျပစ္ကင္းေသာ အမႈ သုစ႐ိုက္ တရားေတြက အျပစ္မကင္းေသာ အမႈ ဒုစ႐ိုက္ တရားေတြကို လႊမ္မိုး ႏိုင္နင္းသြားမည္ ျဖစ္ေသာ ေၾကာင့္ပင္။

ဟိႏၵဴ ဘာသာ၊ အစၥလာမ္ ဘာသာ၊ ဂ်ဴးဘာသာ၊ ခရစ္ယာန္ ဘာသာမ်ားလိုပင္ ဇို႐ိုအက္စတား ဘာသာသည္ ဖန္ဆင္းရွင္ကို ယံုၾကည္သည္။ ဖန္ဆင္းရွင္က တေန႔ေန႔တြင္ သတၱဝါေတြကို တရား ဆံုးျဖတ္ေပး လိမ့္မည္ဟု တရားဆံုးျဖတ္ ေပးမည့္ေန႔ကို ယံုၾကည္သည္။

မီးကို ကိုးကြယ္သူမ်ား
-------------------------
သုစ႐ိုက္ႏွင့္ ဒုစ႐ိုက္၊ ကံ ကံ၏ အက်ိဳးႏွင့္ တမလြန္ဘဝ၊ ေကာင္းကင္ဘံုႏွင့္ ငရဲျပည္ တုိ႔ကိုလည္း ယံုၾကည္ၾကသည္။ ေျမ၊ ေရ၊ မီး တို႔ကို ျမင့္ျမတ္ေသာ ကိုးကြယ္ရာမ်ား အျဖစ္ ယံုၾကည္ ယူဆသည္။ အိႏၵိယျပည္ ဘံုေဘၿမိဳ႕၌ ဇို႐ိုအက္စတား ဘာသာဝင္ ဖာရစီမ်ား အေျမာက္အျမား ရွိရာ သူတို႔၏ ဘုရားေက်ာင္းမ်ား၌ မီးကို ထြန္းညႇိထားကာ ကိုးကြယ္ၾကသည္။ ထိုမီးကို ဘယ္အခါမွ် မၿငိမ္းေစရ၊ အၿမဲ ေတာက္ေနေအာင္ စီမံရသည္။ မီးဘုရားကို ရွိခိုးၾကသည္။ ထို႔ေၾကာင့္ သူတို႔ကို မီး ကိုးကြယ္သူမ်ား ဟုလည္း ေခၚၾကသည္။

အသုဘခ်ဖို႔ ခက္သူမ်ား
---------------------------
သူတို႔သည္ ေရ၊ ေျမ၊ မီး တို႔ကို ကိုးကြယ္ၾကသျဖင့္ သူတို႔ ေသလွ်င္ အသုဘ ခ်ဖို႔ရာ အေတာ္ အခက္အခဲ ေတြ႕ၾကရသည္။ အေလာင္းကို ေျမမွာ ျမႇဳပ္လွ်င္ ေျမညစ္ညမ္း သြားမည္ကို စိုးရိမ္ၾကသည္။ ေရထဲ ေမွ်ာျပန္လွ်င္လည္း ေရ ညစ္ညမ္းသြား ေပဦးမည္။ မီးသၿဂႋဳဟ္ ျပန္လွ်င္လည္း မီး ညစ္ညမ္းသြား ေပဦးမည္။ ထို႔ေၾကာင့္ အသုဘေကာင္ကို ေျမလည္း မျမႇဳပ္၊ ေရလည္း မေမွ်ာ၊ မီးလည္း မသၿဂႋဳဟ္ပဲ မီးခိုးေခါင္းတိုင္ ႀကီးေတြလို ျမင့္မားေသာ စင္ႀကီးမ်ား ေဆာက္၍ ထို စင္ႀကီးမ်ားေပၚ၌ တင္ထားရသည္။ လင္းတ မ်ားႏွင့္ အျခား သားစားငွက္မ်ား လာ၍ စားေသာက္ကာ အေလာင္းေကာင္ကို ရွင္းပစ္ၾကသည္။ ယင္းစင္ႀကီးမ်ားကို "ဆိတ္ၿငိမ္စင္" ဟု ေခၚၾကသည္။

ေပၚေပါက္လာပံု
-------------------
ပါးရွား (အီရန္) ျပည္သည္ ဇို႐ိုအက္စတား မေပၚေပါက္မီက ေန ဘုရား၊ လ ဘုရား၊ ၾကယ္ ဘုရား၊ ေတာ ဘုရား၊ ေတာင္ ဘုရား စသည္ေတြကို ႐ုပ္တုမ်ား ႏွင့္တကြ ကိုးကြယ္ၾကသည္။ ကိုးကြယ္ေရး အသိဉာဏ္ မဖြံ႕ၿဖိဳး ၾကေသးေခ်။ ဘုရင့္ နန္းေတာ္တြင္လည္း ပညာရွိအမတ္ ဆုိသူမ်ား၊ ယဇ္ ပုေရာဟိတ္မ်ား၊ ေမွာ္ ဆရာမ်ား ေျခခ်င္းလိမ္ ေနၾကသည္။ ျပည္သူလူထု၏ အသက္ေမြး ဝမ္းေက်ာင္း လုပ္ငန္းမ်ားမွာလည္း ႐ိုး႐ိုးပင္ ျဖစ္သည္။ ေကာက္ပဲသီးႏွံ ထြန္ယက္ စိုက္ပ်ိဳးသည္။ ႏြား၊ ဆိတ္၊ သိုး ေမြးျမဴေရး လုပ္ၾကသည္။ လူအမ်ား ဆင္းရဲၾကသည္။

ကယ္တင္လိုသူ ဇို႐ိုအက္စတား သည္ လယ္သမားသား ျဖစ္ေသာ္လည္း သူ႕ႏိုင္ငံ၏ ဘာသာေရး ကိုးကြယ္မႈ ကိုလည္း မႏွစ္ၿမိဳ႕၊ ဆင္းရဲလွေသာ လုပ္သားျပည္သူ မ်ားကိုလည္း မၾကည့္ရက္ပါ။ ေရာဂါဘယ ထူေျပာလွ၍ ေသေၾကၾက သည္ကိုလည္း မျမင္လို။ ထို႔ေၾကာင့္ သည္ဆင္းရဲ ဒုကၡမ်ားမွ သူ႕မ်ိဳးသူ႕ေဆြ ပါရွင္း လူမ်ိဳးေတြကို ဘယ္လို ကယ္တင္ရ ပါမည္နည္း ဆိုသည္ကိုသာ အခ်ိန္ႏွင့္ အမွ် စဥ္းစား ႀကံစည္ ေန၏။

သူ ငယ္စဥ္က ေက်ာင္းတြင္ သင္ယူခဲ့ေသာ ဘာသာေရး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေဆးပညာ မ်ားကလည္း သူလိုခ်င္ေနသည့္ အသိပညာကို ရေရး၌ အေထာက္အကူ မျဖစ္ေပ။ သူ ၁၅ႏွစ္ အရြယ္က အိမ္နီးခ်င္း ႏိုင္ငံျဖစ္သည့္ တူရင္ႏိုင္ငံက သူ႕တိုင္းျပည္ကို ဝင္ေရာက္ က်ဴးေက်ာ္လာ၏။ ဇို႐ိုအက္စတားသည္ အျခားမ်ိဳးခ်စ္ မ်ားႏွင့္အတူ တပ္မေတာ္ထဲ ဝင္ၿပီလွ်င္ က်ဴးေက်ာ္သူကို အၿပီးတိုင္ ေခ်မႈန္းခဲ့၏။ တပ္ထဲတြင္ ဘဝေပး အသိပညာကို သူ အေတာ္ က်ယ္က်ယ္ျပန္႔ျပန္႔ ရခဲ့၏။ စစ္ၿပီးျပန္ေတာ့ တႏိုင္ငံလံုး ငတ္မြတ္ ေခါင္းပါးသည့္ ဒုဗ႓ိကၡႏၲရကပ္ႀကီး ဆိုက္ျပန္ရာ ငတ္သူ၊ ျပတ္သူ၊ ေရာဂါေဝဒနာ ခံစားရသူတို႔ အၾကား၌ ဇို႐ိုအက္စတား လူမႈ အက်ိဳးျပဳ အလုပ္ေတြႏွင့္ ၅ ႏွစ္တိုင္တိုင္ မအားခဲ့ရေပ။ ဤတြင္လည္း အသိပညာေတြ တိုးတက္၍ ရခဲ့ျပန္၏။

သို႔ေသာ္ ဤ အသိပညာ ေတြသည္ ပါရွင္း တမ်ိဳးသားလံုးကို ဆင္းရဲမွ ကယ္တင္ႏိုင္ဖို႔ရာ လံုေလာက္ေသာ အသိပညာေတြ မဟုတ္ေပ။ သို႔ျဖင့္ သူ႕အသက္ ၃၀ တြင္ သူ႕ဇနီးကို ပန္ၾကားၿပီးလွ်င္ လူသူ အေရာက္ အေပါက္ နည္းရာ ဆဗာလန္ ေတာင္ဆီကို ထြက္ခဲ့ေလသည္။ သူသည္ ဆဗာလန္ ေတာင္ေပၚ၌ အေကာင္းႏွင့္ အဆိုးတို႔၏ အေၾကာင္းရင္း အေျခခံကို လေပါင္းမ်ားစြာ ဆင္ျခင္သံုးသပ္ ေဝဖန္ၾကည့္ေန၏။ ေနာက္ဆံုးတြင္ သူ လိုခ်င္သည့္ အသိပညာကို သူ ရသြားေလသည္။ ေလာကႀကီးမွာ ဒြႏၵ သေဘာမွ တပါး တျခား ဘာမွ် မရွိ။ ယင္း ဒြႏၵ သေဘာသည္ မည္သည့္ အခါမွ် မေျပာင္းလဲ၊ ၿမဲ၏။ အေကာင္းႏွင့္ အဆိုး၊ အေၾကာင္းႏွင့္ အက်ိဳး၊ အမွားႏွင့္ အမွန္၊ ႏွစ္ခု တစံု ခ်ည္းသာ ျဖစ္၏။ အေကာင္းသည္ အျမဲ ေကာင္းေန၏။ မည္သည့္ အခါမွ် အဆိုး မျဖစ္ႏိုင္။ အဆိုးလည္း ထို႔အတူပင္။

ဘာသာတရားတခု ေပၚျပန္ၿပီ
---------------------------------
ဇို႐ိုအက္စတားသည္ သူ ရေသာ တရားကို သူေက်နပ္လွ၍ အိမ္သို႔ ျပန္ၿပီးလွ်င္ သူ၏ လက္သစ္တရားကို သူ႕မိသားစုအား စေဟာ၏။ မည္သူမွ် လက္မခံၾက၊ မႀကိဳက္ၾက။ တျခားလူေတြ ေလွ်ာက္ေဟာေသာ္လည္း လက္ခံသူ တဦးတေယာက္မွ် မေတြ႕ရ။ ၁၀ ႏွစ္လံုးလံုး မေလွ်ာ့ေသာ ဇြဲျဖင့္ တိုင္းျပည္ အႏွ႔ံ အျပား ေဟာပါ၏။ ဝမ္းကြဲညီ တေယာက္မွ တပါး သူ႕တရားကို ႏွစ္သက္ လက္ခံသူ ဆို၍ တေယာက္မွ် မရွိေပ။ သို႔ႏွင့္ အႀကံေကာင္းတခု ေပၚလာၿပီးလွ်င္ ဝိတၳပၸ ဘုရင္၏ နန္းေတာ္သို႔ သြား၍ တရားသစ္ ေဟာလိုေၾကာင္း ေလွ်ာက္ထားရာ ဘုရင္က သူ၏ အမတ္ ပညာရွိ ဆိုသူမ်ား၊ ယဇ္ ပေရာဟိတ္မ်ား၊ ေမွာ္ ဆရာမ်ားႏွင့္ ေဆြးေႏြးေစ၏။ နတ္ ဘုရား ေျမာက္ျမားစြာႏွင့္ ႐ုပ္တုေပါင္း ေသာင္းခ်ီ ကိုးကြယ္ေနေသာ ႏိုင္ငံ၏ နန္းေတာ္အတြင္းဝယ္ ဇို႐ိုအက္စတားသည္ တဆူတည္းေသာ ပညာေတာ္ရွင္ ဘုရားသခင္ကိုသာ ကိုးကြယ္ရမည္ ျဖစ္ေၾကာင္း၊ ႐ုပ္တုေတြကိုလည္း မကိုးကြယ္သင့္ ေၾကာင္းကစ၍ ေဆြးေႏြး၏။

ေဆြးေႏြးပြဲမွာ ၃ ရက္ၾကာ၏။ ေနာက္ဆံုးေန႔တြင္ ဘုရင္က "သင္ေျပာသည့္ အေကာင္း အင္အားစုႏွင့္ အဆိုး အင္အားစုသည္ ဒီ အတိုင္းပဲ တည္ျမဲသြားမည္ေလာ" ဟု ေမး၏။

ဇို႐ိုအက္စတား က ဤသို႔ ေျဖ၏။

"မဟုတ္ပါ အရွင္မင္းႀကီး၊ ေနာက္ဆံုးမွာ အေကာင္း အင္အားစုက အႏိုင္ရသြား ပါလိမ့္မယ္။ အဲဒီ အႏိုင္ရတဲ့ ေန႔မွာ ပညာေတာ္ရွင္ အဟုရမဇဒါ ဘုရားသခင္က တရားစစ္ေဆး ဆံုးျဖတ္ ပါလိမ့္မယ္။ စစ္ေဆးတဲ့ အခါမွာ လူေကာင္းေတြေရာ လူဆိုးေတြပါ ေသသူေတြ အားလံုး ျပန္ရွင္လာၿပီး ရဲရဲ ေတာက္ေနတဲ့ သံရည္ပူေခ်ာင္းထဲ ျဖတ္ရပါလိမ့္မယ္။ လူေကာင္းေတြ ျဖတ္တဲ့အခါမွာ မပူပဲ ႏြားႏို႔ ေႏြးေႏြးထဲ ျဖတ္ရသလို ရွိပါလိမ့္မယ္။ လူဆိုးေတြ ျဖတ္တဲ့အခါမွာ အဟုရမဇဒါ ဘုရားသခင္ဟာ ဘုရားဆိုး အဂၤရမညဳနဲ႔ ဆိုးတဲ့ လူေတြ အားလံုးကို ကမ႓ာေျမႀကီးရဲ႕ အလယ္ဗဟိုကို ပို႔လိုက္ၿပီး အဲဒီမွာ သူတို႔ အားလံုး ထာဝရ ငရဲမီးပူကို ခံစားရပါလိမ့္မယ္။ ဒီေတာ့မွ တေလာကလံုး လူေကာင္းေတြခ်ည္း ရွိေနၿပီး ေပ်ာ္ရႊင္ ခ်မ္းေျမ႕တဲ့ ေလာကႀကီး ျဖစ္လာပါလိမ့္မယ္ အရွင္မင္းႀကီး"

ညီလာခံ ခန္းမတခုလံုး ၿငိမ္၍ နားေထာင္ေနၾက၏။

"လူတေယာက္ဟာ အဟုရမဇဒါ ဘုရားသခင္ ညႊန္ၾကားတဲ့ နည္းလမ္းေတြကို လိုက္နာႏိုင္ေအာင္ ဘာလုပ္သင့္ပါသလဲ" ပညာရွိ အမတ္ႀကီး တေယာက္က ေမးလိုက္၏။

"ကာယ သုစ႐ိုက္၊ ဝစီ သုစ႐ိုက္၊ မေနာ သုစ႐ိုက္ ေတြကို ျပဳရပါမယ္။ ဒီ သုစ႐ိုက္ တရားေတြဟာ ဘုရားသခင့္ အထံေရာက္ေၾကာင္း နည္းေကာင္း လမ္းမွန္ေတြပါပဲ"

"ဘယ္ဟာ သုစ႐ိုက္၊ ဘယ္ဟာ ဒုစ႐ိုက္လို႔ ဘယ္လို သိႏိုင္ပါသလဲ"

"အမွန္က သုစ႐ိုက္၊ အမွားက ဒုစ႐ိုက္ပါ"

"သို႔ဆိုလွ်င္ အမွန္တရား တခုတည္းကသာ ဘုရားသခင္ထံ ေရာက္ေၾကာင္း နည္းမွန္ လမ္းမွန္ ျဖစ္ပါသလား"

"မဟုတ္ပါဘူး။ သို႔ေသာ္လဲ အမွန္ တရားက ပထမဆံုး လိုအပ္ခ်က္ ျဖစ္ပါတယ္။ ၿပီးေတာ့ စိတ္ သန္႔ရွင္းစင္ၾကယ္ျခင္း၊ ေပးကမ္း လွဴဒါန္းျခင္း၊ ေျမႀကီးေပၚ၌ ထြန္ယက္စိုက္ပ်ိဳး စားေသာက္ျခင္း၊ လူ႕အက်ိဳးျပဳ တိရစၧာန္တို႔ကို သနားၾကင္နာ ျခင္းေတြဟာ လိုအပ္ခ်က္ေတြပါပဲ"

ထို႔ေနာက္ ဇို႐ိုအက္စတားက ဆက္လက္၍ သုစ႐ိုက္ ကံ၏ အက်ိဳးတရားကို တမလြန္ ဘဝေရာက္မွ ခံစားရသည္ မဟုတ္၊ ယခု ဘဝမွာပင္ ခံစားရေၾကာင္း၊ ဒုစ႐ိုက္ ကံ၏ အက်ိဳး ခံစားရာမွာလည္း ထိုနည္းတူပင္ ျဖစ္ေၾကာင္း ရွင္းျပ၏။

ဝိတၳပၸဘုရင္ သေဘာေတာ္က်လွ၍ "ဒီသူဟာ ပညာေတာ္အရွင္ တဆူတည္းေသာ ဘုရားသခင္ရဲ႕ တမန္ေတာ္ အစစ္ ျဖစ္ပါေပတယ္" ဟု ေၾကျငာလိုက္၏။

ထိုေန႔မွစ၍ ဇို႐ိုအက္စတား၏ တရားမ်ားကို အနီးအပါး ႏိုင္ငံမ်ားသို႔ ေရာက္သည္အထိ ျဖန္႔ျဖဴးၾက၏။ အိမ္နီးခ်င္း တူရင္ ႏိုင္ငံကိုမူ တိုက္ခိုက္ သိမ္းပိုက္ၿပီးမွ သာသနာ ျပဳၾက၏။ တူရင္ ႏိုင္ငံသားမ်ား မေက်နပ္၍ တိတ္တဆိတ္ တျဖည္းျဖည္း စစ္သား စုေဆာင္းၿပီးလွ်င္ ျပန္လည္ တိုက္ခိုက္ရာ ပါးရွား ႏိုင္ငံ၏ ၿမိဳ႕ေတာ္ ေဘာ့(ခ္) ၿမိဳ႕ထဲသို႔ပင္ ဝင္မိၾက၏။ ထိုအခ်ိန္တြင္ စစ္ကို စတင္ေသာ ဇို႐ိုအက္စတားမွာ ဘုရားေက်ာင္း အတြင္းရွိ တထိန္ထိန္ ေတာက္ေနေသာ တမန္ေတာ္ ဇို႐ိုအက္စတားကို ဓားျဖင့္ ထိုး၍ သတ္ခဲ့ၿပီးလွ်င္ ဘုရားေက်ာင္းမွ ထြက္သြား၏။

တမန္ေတာ္ ဇို႐ိုအက္စတား၏ ဘဝဇာတ္လမ္းကား ဤတြင္ တခန္းရပ္ သြားေလၿပီ။ သို႔ေသာ္ သူေသမွပင္ သူ၏ တရားမ်ားကို ဘုရင္ႏွင့္တကြ တိုင္းသူျပည္သား မ်ားက ပို၍ ျဖန္႔ျဖဴးေတာ့၏။ အလက္ဇႏၵားဘုရင္ ဇို႐ိုအက္စတား ကြယ္လြန္ၿပီးေနာက္ ႏွစ္ေပါင္း သံုးရာခန္႔ ၾကာေသာအခါ မက္ဆီဒိုးနီးယား ႏိုင္ငံမွ အလက္ဇႏၵား ဘုရင္ႀကီးသည္ ပါးရွား ျပည္ကို တိုက္ခိုက္ သိမ္းယူၿပီးေနာက္ ဇို႐ိုအက္စတား ဘာသာ၏ ပိဋကတ္ေတာ္ ျဖစ္သည့္ အဗက္စတာ (အေဝတၳ) က်မ္းျမတ္ကို ဖ်က္ဆီး ပစ္လိုက္ၿပီးလွ်င္ ပါရွင္း တို႔အား ဂရိတ္ တို႔၏ ဘာသာတရားကို ကိုးကြယ္ေစ၏။ ပါရွင္း တို႔ကမူ သူတို႔ ဘာသာတရားကို ကေလးမ်ားအား လွ်ိဳ႕ဝွက္စြာ သင္ၾကားေပး ေနၾက၏။

ႏွစ္ေပါင္း ငါးရာခန္႔ ၾကာ၍ ႏိုင္ငံျခား အုပ္စိုးမႈေအာက္မွ ပါးရွားျပည္ လြတ္ေျမာက္ေသာအခါ ပါရွင္း တို႔သည္ မိမိတို႔ ဘာသာတရားကို ထင္ထင္ရွားရွား ျပန္လည္ ကိုးကြယ္ၾကေတာ့၏။ အေဝတၳက်မ္း၏ သိမ္းဆည္းထားမိ သမွ်ေသာ အစိတ္ အပိုင္းမ်ား၊ ဘာသာဝင္မ်ား မွတ္သားမိ သမွ်ေသာ အစိတ္ အပိုင္းမ်ားကို စုေပါင္း၍ က်မ္းစာ တအုပ္ျဖစ္ေအာင္ ေဆာင္ရြက္ၾက၏။

မူဆလင္တို႔ ဝင္ေရာက္ျခင္း
-------------------------------
သို႔ေသာ္လည္း ေနာက္ ႏွစ္ေပါင္း ေလးရာခန္႔ ၾကာေသာအခါ အာရပ္မ်ား ပါးရွားကို ဝင္ေရာက္တုိက္ခုိက္ သိမ္းပိုက္ လုိက္ၿပီးလွ်င္ အစၥလာမ္ (မူဆလင္) ဘာသာတရားကို အတင္းအဓမ ကိုးကြယ္ေစေတာ့၏။ အခ်ိဳ႕ေသာ ပါရွင္းတို႔သည္ အေသခံကာ ဇို႐ိုအက္စတား ဘာသာကို ကိုးကြယ္မႈ လြတ္လပ္ေသာ အိႏၵိယ စသည့္ ႏိုင္ငံမ်ားသို႔ ထြက္ေျပး သြားၾက၏။ ထို အခ်ိန္မွစ၍ အစၥလာမ္ ဘာသာ သည္သာလွ်င္ ယခု အီရန္ ဟု ေခၚသည့္ ေရွးက ပါးရွား ႏိုင္ငံတြင္ စည္ပင္ ျပန္႔ပြါးေနခဲ့၏။ ဇို႐ိုအက္စတား ဘာသာဝင္ကား မဆိုစေလာက္သာ ရွိေတာ့၏။

ယခု အခ်ိန္တြင္ ဇို႐ိုအက္စတား ဘာသာဝင္ အမ်ားစုကို အိႏၵိယျပည္ အေနာက္ပိုင္း ဘံုေဘနယ္ တဝိုက္၌ ေတြ႕ႏိုင္၏။ သူတို႔ကို ဖာရစီမ်ား ( ပါရွင္းမ်ား ) ဟု ေခၚၾက၏။

Credit: သမိုင္​းအ​ေၾကာင္​း
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
see more:
https://en.wikipedia.org/wiki/Zoroastrianism

==============================

✤ ဇိုရိုအက်စတား ဘာသာ ✤
--------------------------------- 
 တည်ထောင်သူ
- ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား (ဇရတုတ္တရ)။

မွေးဖွားသည့်နှစ်
- ခရစ်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈)။

တည်ထောင်သည်နှစ်
- ခရစ်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈)။

ကွယ်လွန်သည့်နှစ်
- ခရစ်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁)။

စတင်ပေါ်ပေါက်သည့်ဌာန
- ပါရှားနိုင်ငံ (အီရန်နိုင်ငံ)။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
- အဟုရ မဇဒါဘုရား။

ပဓာနကျမ်းဂန်
- အဗက်စတာကျမ်း ( အဝေတ္ထကျမ်း )။

အခြေခံ ယုံကြည်ချက်များ
----------------------------
လောကကြီးနှင့် သတ္တဝါတွေကို အဟုရ မဇဒါဘုရား သခင်က ဖန်ဆင်းသည်။ ထိုဘုရား သခင်ကို "ပညာတော်ရှင် ဘုရားသခင်" ဟု ခေါ်သည်။ သို့သော် သူသည် အကောင်အထည် နေဖြင့် ထင်ရှား မရှိပေ။ သို့ဖြစ်၍ သူ့ကို မြင်လို့ မရ။ ကြားလို့ မရ၊ ထိတွေ့ စမ်းသပ်လို့ မရပေ။ သူ၏ ကောင်းသော အလုပ်တွေကို ကြည့်ခြင်းဖြင့်သာ သူ့ကို သိနိုင်သည်။

အဟုရမဇဒါ ဘုရားသည် ကောင်းသော အပြစ်ကင်းသော အရာများကို ဖန်ဆင်းသည်။ မကောင်းသော အပြစ်မကင်းသော အရာများကိုမူ အင်္ဂရမညု ဘုရားက ဖန်ဆင်းသည်။ ထို့ကြောင့် ဇိုရိုအက်စတား ဘာသာ၌ ဖန်ဆင်းရှင် ဘုရားနှစ်ဆူ ရှိသည်။ သို့သော်လည်း အဟုရမဇဒါ ဘုရား တဆူတည်းကိုသာ ကိုးကွယ်ရမည်။ အဘယ်ကြောင့် ဆိုသော် နောက်ဆုံးတွင် အပြစ်ကင်းသော အမှု သုစရိုက် တရားတွေက အပြစ်မကင်းသော အမှု ဒုစရိုက် တရားတွေကို လွှမ်မိုး နိုင်နင်းသွားမည် ဖြစ်သော ကြောင့်ပင်။

ဟိန္ဒူ ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန် ဘာသာများလိုပင် ဇိုရိုအက်စတား ဘာသာသည် ဖန်ဆင်းရှင်ကို ယုံကြည်သည်။ ဖန်ဆင်းရှင်က တနေ့နေ့တွင် သတ္တဝါတွေကို တရား ဆုံးဖြတ်ပေး လိမ့်မည်ဟု တရားဆုံးဖြတ် ပေးမည့်နေ့ကို ယုံကြည်သည်။

မီးကို ကိုးကွယ်သူများ
-------------------------
သုစရိုက်နှင့် ဒုစရိုက်၊ ကံ ကံ၏ အကျိုးနှင့် တမလွန်ဘဝ၊ ကောင်းကင်ဘုံနှင့် ငရဲပြည် တို့ကိုလည်း ယုံကြည်ကြသည်။ မြေ၊ ရေ၊ မီး တို့ကို မြင့်မြတ်သော ကိုးကွယ်ရာများ အဖြစ် ယုံကြည် ယူဆသည်။ အိန္ဒိယပြည် ဘုံဘေမြို့၌ ဇိုရိုအက်စတား ဘာသာဝင် ဖာရစီများ အမြောက်အမြား ရှိရာ သူတို့၏ ဘုရားကျောင်းများ၌ မီးကို ထွန်းညှိထားကာ ကိုးကွယ်ကြသည်။ ထိုမီးကို ဘယ်အခါမျှ မငြိမ်းစေရ၊ အမြဲ တောက်နေအောင် စီမံရသည်။ မီးဘုရားကို ရှိခိုးကြသည်။ ထို့ကြောင့် သူတို့ကို မီး ကိုးကွယ်သူများ ဟုလည်း ခေါ်ကြသည်။

အသုဘချဖို့ ခက်သူများ
---------------------------
သူတို့သည် ရေ၊ မြေ၊ မီး တို့ကို ကိုးကွယ်ကြသဖြင့် သူတို့ သေလျှင် အသုဘ ချဖို့ရာ အတော် အခက်အခဲ တွေ့ကြရသည်။ အလောင်းကို မြေမှာ မြှုပ်လျှင် မြေညစ်ညမ်း သွားမည်ကို စိုးရိမ်ကြသည်။ ရေထဲ မျှောပြန်လျှင်လည်း ရေ ညစ်ညမ်းသွား ပေဦးမည်။ မီးသင်္ဂြိုဟ် ပြန်လျှင်လည်း မီး ညစ်ညမ်းသွား ပေဦးမည်။ ထို့ကြောင့် အသုဘကောင်ကို မြေလည်း မမြှုပ်၊ ရေလည်း မမျှော၊ မီးလည်း မသင်္ဂြိုဟ်ပဲ မီးခိုးခေါင်းတိုင် ကြီးတွေလို မြင့်မားသော စင်ကြီးများ ဆောက်၍ ထို စင်ကြီးများပေါ်၌ တင်ထားရသည်။ လင်းတ များနှင့် အခြား သားစားငှက်များ လာ၍ စားသောက်ကာ အလောင်းကောင်ကို ရှင်းပစ်ကြသည်။ ယင်းစင်ကြီးများကို "ဆိတ်ငြိမ်စင်" ဟု ခေါ်ကြသည်။

ပေါ်ပေါက်လာပုံ
-------------------
ပါးရှား (အီရန်) ပြည်သည် ဇိုရိုအက်စတား မပေါ်ပေါက်မီက နေ ဘုရား၊ လ ဘုရား၊ ကြယ် ဘုရား၊ တော ဘုရား၊ တောင် ဘုရား စသည်တွေကို ရုပ်တုများ နှင့်တကွ ကိုးကွယ်ကြသည်။ ကိုးကွယ်ရေး အသိဉာဏ် မဖွံ့ဖြိုး ကြသေးချေ။ ဘုရင့် နန်းတော်တွင်လည်း ပညာရှိအမတ် ဆိုသူများ၊ ယဇ် ပုရောဟိတ်များ၊ မှော် ဆရာများ ခြေချင်းလိမ် နေကြသည်။ ပြည်သူလူထု၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများမှာလည်း ရိုးရိုးပင် ဖြစ်သည်။ ကောက်ပဲသီးနှံ ထွန်ယက် စိုက်ပျိုးသည်။ နွား၊ ဆိတ်၊ သိုး မွေးမြူရေး လုပ်ကြသည်။ လူအများ ဆင်းရဲကြသည်။

ကယ်တင်လိုသူ ဇိုရိုအက်စတား သည် လယ်သမားသား ဖြစ်သော်လည်း သူ့နိုင်ငံ၏ ဘာသာရေး ကိုးကွယ်မှု ကိုလည်း မနှစ်မြို့၊ ဆင်းရဲလှသော လုပ်သားပြည်သူ များကိုလည်း မကြည့်ရက်ပါ။ ရောဂါဘယ ထူပြောလှ၍ သေကြေကြ သည်ကိုလည်း မမြင်လို။ ထို့ကြောင့် သည်ဆင်းရဲ ဒုက္ခများမှ သူ့မျိုးသူ့ဆွေ ပါရှင်း လူမျိုးတွေကို ဘယ်လို ကယ်တင်ရ ပါမည်နည်း ဆိုသည်ကိုသာ အချိန်နှင့် အမျှ စဉ်းစား ကြံစည် နေ၏။

သူ ငယ်စဉ်က ကျောင်းတွင် သင်ယူခဲ့သော ဘာသာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆေးပညာ များကလည်း သူလိုချင်နေသည့် အသိပညာကို ရရေး၌ အထောက်အကူ မဖြစ်ပေ။ သူ ၁၅နှစ် အရွယ်က အိမ်နီးချင်း နိုင်ငံဖြစ်သည့် တူရင်နိုင်ငံက သူ့တိုင်းပြည်ကို ဝင်ရောက် ကျူးကျော်လာ၏။ ဇိုရိုအက်စတားသည် အခြားမျိုးချစ် များနှင့်အတူ တပ်မတော်ထဲ ဝင်ပြီလျှင် ကျူးကျော်သူကို အပြီးတိုင် ချေမှုန်းခဲ့၏။ တပ်ထဲတွင် ဘဝပေး အသိပညာကို သူ အတော် ကျယ်ကျယ်ပြန့်ပြန့် ရခဲ့၏။ စစ်ပြီးပြန်တော့ တနိုင်ငံလုံး ငတ်မွတ် ခေါင်းပါးသည့် ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ပြန်ရာ ငတ်သူ၊ ပြတ်သူ၊ ရောဂါဝေဒနာ ခံစားရသူတို့ အကြား၌ ဇိုရိုအက်စတား လူမှု အကျိုးပြု အလုပ်တွေနှင့် ၅ နှစ်တိုင်တိုင် မအားခဲ့ရပေ။ ဤတွင်လည်း အသိပညာတွေ တိုးတက်၍ ရခဲ့ပြန်၏။

သို့သော် ဤ အသိပညာ တွေသည် ပါရှင်း တမျိုးသားလုံးကို ဆင်းရဲမှ ကယ်တင်နိုင်ဖို့ရာ လုံလောက်သော အသိပညာတွေ မဟုတ်ပေ။ သို့ဖြင့် သူ့အသက် ၃၀ တွင် သူ့ဇနီးကို ပန်ကြားပြီးလျှင် လူသူ အရောက် အပေါက် နည်းရာ ဆဗာလန် တောင်ဆီကို ထွက်ခဲ့လေသည်။ သူသည် ဆဗာလန် တောင်ပေါ်၌ အကောင်းနှင့် အဆိုးတို့၏ အကြောင်းရင်း အခြေခံကို လပေါင်းများစွာ ဆင်ခြင်သုံးသပ် ဝေဖန်ကြည့်နေ၏။ နောက်ဆုံးတွင် သူ လိုချင်သည့် အသိပညာကို သူ ရသွားလေသည်။ လောကကြီးမှာ ဒွန္ဒ သဘောမှ တပါး တခြား ဘာမျှ မရှိ။ ယင်း ဒွန္ဒ သဘောသည် မည်သည့် အခါမျှ မပြောင်းလဲ၊ မြဲ၏။ အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုး၊ အမှားနှင့် အမှန်၊ နှစ်ခု တစုံ ချည်းသာ ဖြစ်၏။ အကောင်းသည် အမြဲ ကောင်းနေ၏။ မည်သည့် အခါမျှ အဆိုး မဖြစ်နိုင်။ အဆိုးလည်း ထို့အတူပင်။

ဘာသာတရားတခု ပေါ်ပြန်ပြီ
---------------------------------
ဇိုရိုအက်စတားသည် သူ ရသော တရားကို သူကျေနပ်လှ၍ အိမ်သို့ ပြန်ပြီးလျှင် သူ၏ လက်သစ်တရားကို သူ့မိသားစုအား စဟော၏။ မည်သူမျှ လက်မခံကြ၊ မကြိုက်ကြ။ တခြားလူတွေ လျှောက်ဟောသော်လည်း လက်ခံသူ တဦးတယောက်မျှ မတွေ့ရ။ ၁၀ နှစ်လုံးလုံး မလျှော့သော ဇွဲဖြင့် တိုင်းပြည် အနှံ့ အပြား ဟောပါ၏။ ဝမ်းကွဲညီ တယောက်မှ တပါး သူ့တရားကို နှစ်သက် လက်ခံသူ ဆို၍ တယောက်မျှ မရှိပေ။ သို့နှင့် အကြံကောင်းတခု ပေါ်လာပြီးလျှင် ဝိတ္ထပ္ပ ဘုရင်၏ နန်းတော်သို့ သွား၍ တရားသစ် ဟောလိုကြောင်း လျှောက်ထားရာ ဘုရင်က သူ၏ အမတ် ပညာရှိ ဆိုသူများ၊ ယဇ် ပရောဟိတ်များ၊ မှော် ဆရာများနှင့် ဆွေးနွေးစေ၏။ နတ် ဘုရား မြောက်မြားစွာနှင့် ရုပ်တုပေါင်း သောင်းချီ ကိုးကွယ်နေသော နိုင်ငံ၏ နန်းတော်အတွင်းဝယ် ဇိုရိုအက်စတားသည် တဆူတည်းသော ပညာတော်ရှင် ဘုရားသခင်ကိုသာ ကိုးကွယ်ရမည် ဖြစ်ကြောင်း၊ ရုပ်တုတွေကိုလည်း မကိုးကွယ်သင့် ကြောင်းကစ၍ ဆွေးနွေး၏။

ဆွေးနွေးပွဲမှာ ၃ ရက်ကြာ၏။ နောက်ဆုံးနေ့တွင် ဘုရင်က "သင်ပြောသည့် အကောင်း အင်အားစုနှင့် အဆိုး အင်အားစုသည် ဒီ အတိုင်းပဲ တည်မြဲသွားမည်လော" ဟု မေး၏။

ဇိုရိုအက်စတား က ဤသို့ ဖြေ၏။

"မဟုတ်ပါ အရှင်မင်းကြီး၊ နောက်ဆုံးမှာ အကောင်း အင်အားစုက အနိုင်ရသွား ပါလိမ့်မယ်။ အဲဒီ အနိုင်ရတဲ့ နေ့မှာ ပညာတော်ရှင် အဟုရမဇဒါ ဘုရားသခင်က တရားစစ်ဆေး ဆုံးဖြတ် ပါလိမ့်မယ်။ စစ်ဆေးတဲ့ အခါမှာ လူကောင်းတွေရော လူဆိုးတွေပါ သေသူတွေ အားလုံး ပြန်ရှင်လာပြီး ရဲရဲ တောက်နေတဲ့ သံရည်ပူချောင်းထဲ ဖြတ်ရပါလိမ့်မယ်။ လူကောင်းတွေ ဖြတ်တဲ့အခါမှာ မပူပဲ နွားနို့ နွေးနွေးထဲ ဖြတ်ရသလို ရှိပါလိမ့်မယ်။ လူဆိုးတွေ ဖြတ်တဲ့အခါမှာ အဟုရမဇဒါ ဘုရားသခင်ဟာ ဘုရားဆိုး အင်္ဂရမညုနဲ့ ဆိုးတဲ့ လူတွေ အားလုံးကို ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုကို ပို့လိုက်ပြီး အဲဒီမှာ သူတို့ အားလုံး ထာဝရ ငရဲမီးပူကို ခံစားရပါလိမ့်မယ်။ ဒီတော့မှ တလောကလုံး လူကောင်းတွေချည်း ရှိနေပြီး ပျော်ရွှင် ချမ်းမြေ့တဲ့ လောကကြီး ဖြစ်လာပါလိမ့်မယ် အရှင်မင်းကြီး"

ညီလာခံ ခန်းမတခုလုံး ငြိမ်၍ နားထောင်နေကြ၏။

"လူတယောက်ဟာ အဟုရမဇဒါ ဘုရားသခင် ညွှန်ကြားတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်အောင် ဘာလုပ်သင့်ပါသလဲ" ပညာရှိ အမတ်ကြီး တယောက်က မေးလိုက်၏။

"ကာယ သုစရိုက်၊ ဝစီ သုစရိုက်၊ မနော သုစရိုက် တွေကို ပြုရပါမယ်။ ဒီ သုစရိုက် တရားတွေဟာ ဘုရားသခင့် အထံရောက်ကြောင်း နည်းကောင်း လမ်းမှန်တွေပါပဲ"

"ဘယ်ဟာ သုစရိုက်၊ ဘယ်ဟာ ဒုစရိုက်လို့ ဘယ်လို သိနိုင်ပါသလဲ"

"အမှန်က သုစရိုက်၊ အမှားက ဒုစရိုက်ပါ"

"သို့ဆိုလျှင် အမှန်တရား တခုတည်းကသာ ဘုရားသခင်ထံ ရောက်ကြောင်း နည်းမှန် လမ်းမှန် ဖြစ်ပါသလား"

"မဟုတ်ပါဘူး။ သို့သော်လဲ အမှန် တရားက ပထမဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ပြီးတော့ စိတ် သန့်ရှင်းစင်ကြယ်ခြင်း၊ ပေးကမ်း လှူဒါန်းခြင်း၊ မြေကြီးပေါ်၌ ထွန်ယက်စိုက်ပျိုး စားသောက်ခြင်း၊ လူ့အကျိုးပြု တိရစ္ဆာန်တို့ကို သနားကြင်နာ ခြင်းတွေဟာ လိုအပ်ချက်တွေပါပဲ"

ထို့နောက် ဇိုရိုအက်စတားက ဆက်လက်၍ သုစရိုက် ကံ၏ အကျိုးတရားကို တမလွန် ဘဝရောက်မှ ခံစားရသည် မဟုတ်၊ ယခု ဘဝမှာပင် ခံစားရကြောင်း၊ ဒုစရိုက် ကံ၏ အကျိုး ခံစားရာမှာလည်း ထိုနည်းတူပင် ဖြစ်ကြောင်း ရှင်းပြ၏။

ဝိတ္ထပ္ပဘုရင် သဘောတော်ကျလှ၍ "ဒီသူဟာ ပညာတော်အရှင် တဆူတည်းသော ဘုရားသခင်ရဲ့ တမန်တော် အစစ် ဖြစ်ပါပေတယ်" ဟု ကြေငြာလိုက်၏။

ထိုနေ့မှစ၍ ဇိုရိုအက်စတား၏ တရားများကို အနီးအပါး နိုင်ငံများသို့ ရောက်သည်အထိ ဖြန့်ဖြူးကြ၏။ အိမ်နီးချင်း တူရင် နိုင်ငံကိုမူ တိုက်ခိုက် သိမ်းပိုက်ပြီးမှ သာသနာ ပြုကြ၏။ တူရင် နိုင်ငံသားများ မကျေနပ်၍ တိတ်တဆိတ် တဖြည်းဖြည်း စစ်သား စုဆောင်းပြီးလျှင် ပြန်လည် တိုက်ခိုက်ရာ ပါးရှား နိုင်ငံ၏ မြို့တော် ဘော့(ခ်) မြို့ထဲသို့ပင် ဝင်မိကြ၏။ ထိုအချိန်တွင် စစ်ကို စတင်သော ဇိုရိုအက်စတားမှာ ဘုရားကျောင်း အတွင်းရှိ တထိန်ထိန် တောက်နေသော တမန်တော် ဇိုရိုအက်စတားကို ဓားဖြင့် ထိုး၍ သတ်ခဲ့ပြီးလျှင် ဘုရားကျောင်းမှ ထွက်သွား၏။

တမန်တော် ဇိုရိုအက်စတား၏ ဘဝဇာတ်လမ်းကား ဤတွင် တခန်းရပ် သွားလေပြီ။ သို့သော် သူသေမှပင် သူ၏ တရားများကို ဘုရင်နှင့်တကွ တိုင်းသူပြည်သား များက ပို၍ ဖြန့်ဖြူးတော့၏။ အလက်ဇန္ဒားဘုရင် ဇိုရိုအက်စတား ကွယ်လွန်ပြီးနောက် နှစ်ပေါင်း သုံးရာခန့် ကြာသောအခါ မက်ဆီဒိုးနီးယား နိုင်ငံမှ အလက်ဇန္ဒား ဘုရင်ကြီးသည် ပါးရှား ပြည်ကို တိုက်ခိုက် သိမ်းယူပြီးနောက် ဇိုရိုအက်စတား ဘာသာ၏ ပိဋကတ်တော် ဖြစ်သည့် အဗက်စတာ (အဝေတ္ထ) ကျမ်းမြတ်ကို ဖျက်ဆီး ပစ်လိုက်ပြီးလျှင် ပါရှင်း တို့အား ဂရိတ် တို့၏ ဘာသာတရားကို ကိုးကွယ်စေ၏။ ပါရှင်း တို့ကမူ သူတို့ ဘာသာတရားကို ကလေးများအား လျှို့ဝှက်စွာ သင်ကြားပေး နေကြ၏။

နှစ်ပေါင်း ငါးရာခန့် ကြာ၍ နိုင်ငံခြား အုပ်စိုးမှုအောက်မှ ပါးရှားပြည် လွတ်မြောက်သောအခါ ပါရှင်း တို့သည် မိမိတို့ ဘာသာတရားကို ထင်ထင်ရှားရှား ပြန်လည် ကိုးကွယ်ကြတော့၏။ အဝေတ္ထကျမ်း၏ သိမ်းဆည်းထားမိ သမျှသော အစိတ် အပိုင်းများ၊ ဘာသာဝင်များ မှတ်သားမိ သမျှသော အစိတ် အပိုင်းများကို စုပေါင်း၍ ကျမ်းစာ တအုပ်ဖြစ်အောင် ဆောင်ရွက်ကြ၏။

မူဆလင်တို့ ဝင်ရောက်ခြင်း
-------------------------------
သို့သော်လည်း နောက် နှစ်ပေါင်း လေးရာခန့် ကြာသောအခါ အာရပ်များ ပါးရှားကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် လိုက်ပြီးလျှင် အစ္စလာမ် (မူဆလင်) ဘာသာတရားကို အတင်းအဓမ ကိုးကွယ်စေတော့၏။ အချို့သော ပါရှင်းတို့သည် အသေခံကာ ဇိုရိုအက်စတား ဘာသာကို ကိုးကွယ်မှု လွတ်လပ်သော အိန္ဒိယ စသည့် နိုင်ငံများသို့ ထွက်ပြေး သွားကြ၏။ ထို အချိန်မှစ၍ အစ္စလာမ် ဘာသာ သည်သာလျှင် ယခု အီရန် ဟု ခေါ်သည့် ရှေးက ပါးရှား နိုင်ငံတွင် စည်ပင် ပြန့်ပွါးနေခဲ့၏။ ဇိုရိုအက်စတား ဘာသာဝင်ကား မဆိုစလောက်သာ ရှိတော့၏။

ယခု အချိန်တွင် ဇိုရိုအက်စတား ဘာသာဝင် အများစုကို အိန္ဒိယပြည် အနောက်ပိုင်း ဘုံဘေနယ် တဝိုက်၌ တွေ့နိုင်၏။ သူတို့ကို ဖာရစီများ ( ပါရှင်းများ ) ဟု ခေါ်ကြ၏။
 

No comments:

Post a Comment