မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (ဆစ္ခ္ဘာသာ)

ဆစ္ခ္ဘာသာ


✤ ဆစ္ခ္ အေၾကာင္း သိေကာင္းစရာ ✤
--------------------------------------------
ကြ်န္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ေခါင္းေပါင္း ေရာင္စံုေတြ ေပါင္းတတ္ျပီး ႏွႈတ္ခမ္းေမႊး မုတ္ဆိတ္ေမြးေတြ အရွည္ၾကီး ထားတတ္တဲ့ ဆစ္ခ္ လူမ်ိဳးေတြကို တခါတရံ ေတြ႔ဘူးၾကေပမဲ့၊ ဆစ္ခ္ေတြဟာ ဘာေတြလဲ..... ဘာကို ကိုးကြယ္ ၾကတဲ့ သူေတြလဲ .... ဆိုတာနဲ႕ ပတ္သက္တဲ့ ဗဟုသုတ အင္မတန္ နည္းပါး ၾကပါတယ္။

ျမန္မာျပည္မွာ ဆစ္ခ္ ဟာ အလြန္ နည္းပါတဲ့ လူနည္းစု ျဖစ္တဲ့အတြက္ ေၾကာင့္လည္း ျဖစ္မယ္ ထင္ပါတယ္။ အထက္ျမန္မာျပည္ရဲ႕ ေဒသ တစ္ခ်ိဳ႕မွာေတာ့ သူတို႔ကို ပန္ခ်ာ ဆိုျပီး သိၾကသလို၊ ေအာက္ဖက္မွာေတာ့ ပန္ခ်ာပီလို႔ အသိမ်ား ၾကပါတယ္။

ဆစ္ေတြနဲ႕ ပါတ္သက္ျပီး အမ်ားစုက ဆစ္ေတြကို အိႏိၵယ ဇာတိ ရယ္လို႔ သိၾကေပမဲ့ ဆစ္ခ္ ဟာ လူမ်ိဳးလား...... ဘာသာလား...... ဘယ္လို ဘာသာမ်ိဳးလဲ ...... ဟိႏၵဴဝါဒ ရဲ႕ ဂိုဏ္းကြဲ တစ္ခုလား....... ဗုဒၶဘာသာ ဂိုဏ္းကြဲ တစ္ခုလား ........ ဒါမွ မဟုတ္ ဂ်ိမ္း ဝါဒနဲ႕ အတူတူလား ........ အစ ရွိသျဖင့္ ကြဲကြဲျပားျပား သိသူ ရွားပါတယ္။

စာေရးသူကိုယ္တုိင္ ဆစ္ေတြကို အာရိယာ ဆမာဂ်္ ေတြနဲ႕ မၾကာခဏ ေရာေထြးမိတဲ့ အတြက္ ဒီေဆာင္းပါးကို စုေဆာင္း ဘာသာျပန္ခဲ့ရ တာျဖစ္ပါတယ္။

ဆစ္ခ္ လူမ်ိဳး
---------------

တကယ္ေတာ ဆစ္ခ္ ဆိုတာ လူမ်ိဳးတစ္မ်ိဳး မဟုတ္ပါ၊ အယူဝါဒ ယံုၾကည္ ကုိးကြယ္မႈ သာ ျဖစ္တဲ့အတြက္ ဆစ္ခ္လူမ်ိဳး ရယ္လို႔ မေခၚႏုိင္ဘဲ ဆစ္ဘာသာကို လက္ခံ ယံုၾကည္သူ လုိ႔သာ ေခၚႏုိင္ပါတယ္။ ဆစ္ဘာသာ ဝင္မ်ားကို ဆစ္ခီ မ်ားလို႕ ေခၚၾကတယ္။

ဆစ္ခ္ဘာသာဝင္ အမ်ားစုဟာ အိႏၵိယ တိုက္ငယ္ ေျမာက္ပိုင္း ( အိႏၵိယနဲ႕ ပါကစၥတန္ ) မွာရွိတဲ့ ပါရွန္း ဘာသာစကားနဲ႕ ျမစ္ငါးသြယ္ ေပါင္းစံုရာလို႔ အဓိပၸါယ္ရတဲ့ ပန္ဂ်ပ္ ျပည္နယ္သားေတြ ျဖစ္ၾကျပီး သူတို႔ေတြဟာ ပန္ခ်ာပီေတြ ျဖစ္ၾကပါတယ္။

ျမန္မာျပည္ အလယ္ပိုင္းမွာေတာ့ သူတို႔ကို ပန္ခ်ာ ေတြလို႕ ေခၚၾကပါတယ္။ ပန္ခ်ာပီ အားလံုးဟာ ဆစ္ခ္ ဘာသာဝင္ေတြ မဟုတ္ၾကပါဘူး၊ တခ်ိဳ႕ေတြဟာ ဟိႏၵဴ ဘာသာဝင္ေတြ ျဖစ္ၾကသလို၊ တခ်ိဳ႕ေတြဟာ အစၥလာမ္ ဘာသာဝင္ေတြ ျဖစ္ၾကပါတယ္။

ဒါေပမဲ့ ဆစ္ခ္ အမ်ားစုက ေတာ့ ပန္ခ်ာပီေတြ ျဖစ္ၾကတဲ့အတြက္ ပန္ခ်ာပီလို႔ ေျပာရင္ ဆစ္ခ္ ေတြလို႔ ျမင္မိ တတ္ၾကပါတယ္။

ဂုရု ဂိုဘစ္ဒ္ ဆင္း ရဲ႕ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသားမ်ားက သူတုိ႔ရဲ႕ အမည္မွာ ျခေသၤ့လို႔ အဓိပၸါယ္ရတဲ့ ဆင္း ဆို႔တဲ့ စာလံုးကို ထည့္သြင္းျပီး အမ်ိဳးသမီး မ်ားကေတာ့ မင္းသမီးလို႔ အဓိပၸါယ္ရတဲ့ ေခၚ ဆိုတဲ့ စာလံုးကို ထည့္သြင္းမွည့္ေခၚ လာတာကို ေတြ႕ရပါတယ္။

ဆစ္ခ္ ဝါဒ
------------

ဆစ္ခ္ဝါဒ ဟာ အိႏၵိယတုိက္ ပန္ဂ်ပ္ျပည္နယ္ မွာ လြန္ခဲ့တဲ့ ခရစ္ သကၠရာဇ္ ၁၅ ရာစု မွာ စတင္ခဲ့ပါတယ္။

ကမၻာ့ဘာသာ တရားေတြထဲက စုစည္းမႈ အားအေကာင္းဆံုး နံပါတ္ ၅ အဆင့္မွာ ရွိတဲ့ ဘာသာ တစ္ခုျဖစ္ျပီး၊ ဦးေဆာင္သူ ၁ဝ ဦးအျပင္ ဆစ္ခ္ ဂုရုေတြရဲ႕ သင္ၾကားမႈ ေတြကို စုစည္းထားတဲ့ က်မ္းစာကို ၁၁ ဦးေျမာက္ ထာဝရ ရွင္သန္တဲ့ ဂုရုအျဖစ္ ခံယူခဲ့ ၾကပါတယ္။

လူပုဂၢိဳလ္ ၁ဝ ဦးနဲ႕ က်မ္းစာ ၁ အုပ္ စုစုေပါင္း ဂုရု (၁၁) ဂုရု ရွိတယ္လုိ႔ သူတို႔ ခံယူ ၾကပါတယ္။ သင္ၾကားမႈေတြကို ပဥၥမေျမာက္ ဂုရုကစ တင္စုစည္း ခဲ့တယ္လို႔ သိရပါတယ္။ ကမၻာ့လူဦးေရ ရဲ႕ သန္း ၃ဝ ေလာက္ လုိက္နာ က်င့္သံုးၾကတဲ့ ဘာသာ တစ္ခုျဖစ္ျပီး အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ ျပည္နယ္ဟာ ဆစ္ခ္ လူဦးေရ အမ်ားဆံုး ရွိတဲ့ျပည္နယ္ တစ္ခု ျဖစ္ပါတယ္။

ဆစ္ခီ သို႔မဟုတ္ ဆစ္ဘာသာဝင္မ်ား
------------------------------------------

ဆစ္ခီ ဆိုတဲ့ စကားလံုးဟာ ဆရာၾကီးမ်ားရဲ႕ ေက်ာင္းသားမ်ား လုိ႔ ဆိုပါတယ္။ ဂုရုမ်ား ေနာက္ကို လိုက္နာသူမ်ား ျဖစ္ပါတယ္။ အဂၤလိပ္ မွာေတာ့ ဆစ္ခ္ဝါဒီ မ်ားလို႔ ခၚၾကပါတယ္။

Sewa Singh Kalsi ရဲ႕ အဆိုအရ ဆစ္ခ္ဝါဒရဲ႕ အဓိက သြန္သင္မႈ က ဘုရားသခင္ တပါးတည္း ရွိေၾကာင္း ျဖစ္ပါတယ္။ ဆစ္ခ္ဝါဒ ဟာ စိတ္ဝိဥာဥ္ ဘဝနဲ႕ ရုပ္ဘဝကို အျပန္အလွန္ ရစ္ႏြယ္ထားတဲ့ ဝါဒျဖစ္ပါတယ္။ ဘာသာတရား အားလံုးဟာ ေနာက္လိုက္ေတြကို ဥာဏ္အလင္း ဖြင့္ေပး ႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဆစ္ဝါဒ ရဲ႕ အဓိက သင္ၾကားမႈ ေတြဟာ ဂုရုနာနတ္ နဲ႕ သူ႕ကို ဆက္ခံသူ ဂုရုေတြဆီက စတင္ခဲ့ပါတယ္။ ဆစ္ခ္ သင္ၾကားမႈရဲ႕ အဓိက အႏွစ္သာရက သစၥာတရားကို သိျမင္ျခင္းဟာ အရာအားလံုးထက္ ျမင့္မားပါတယ္ လုိ႔ ဆိုပါတယ္။

လူသားေတြ အားလံုးဟာ အတူတူ ပဲျဖစ္ျပီး ဇာတ္ခြဲျခားမႈ အယူဝါဒ ခြဲျခားမႈ နဲ႕ ဖိုမ ခြဲျခားမႈေတြကို ျငင္းပယ္ခဲ့ ပါတယ္။ ဆစ္ခ္ေတြဟာ မိသားစုဘဝ ေနထုိင္ဖို႔ကို အားေပးပါတယ္။

ဘုရားသခင္ အယူအဆ
----------------------------

ဆစ္ဝါဒမွာ ရွိတဲ့ ဘုရားသခင္ အယူအဆမွာ ဗါဟိဂုရု လုိ႔ေခၚတဲ့ ဘုရားသခင္ဟာ ပံုသ႑ာန္မရွိ၊ အခ်ိန္ ကန္႔သတ္ခ်က္က ကင္းလြတ္တယ္၊ လူသားရဲ႕ မ်က္စိကေန မျမင္ႏိုင္ပါဘူး။

ဆစ္ခ္က်မ္းစာရဲ႕ ပထမဆံုး ေဖၚျပခ်က္က ၁ ျဖစ္ပါတယ္၊ ဆိုလိုတာ ကေတာ့ စၾကဝဠာ ခပ္သိမ္းတုိ႔ရဲ႕ အရွင္ျဖစ္ပါတယ္။ ဘုရားသခင္ နဲ႕ပတ္သက္တဲ့ အယူအဆ ကို IK Onker လို႔ ေခၚပါတယ္။

အိတ္္ IK ဆိုတာ ၁ ျဖစ္ျခင္း သို႔မဟုတ္ တစ္စုတစည္းထဲ ျဖစ္ျခင္း လို႔ အဓိပၸါယ္ရျပီး ॐ:Om ဆိုတာကေတာ့ အလြန္အင္မတန္ ၾကီးက်ယ္ျခင္း အထြဋ္အထိပ္ ျဖစ္ျခင္း သို႔မဟုတ္ အျမင့္ဆံုး ဘုရား ျဖစ္ျခင္းလို႔ ဆိုပါတယ္။

အတၱမ ဆိုတာက စၾကဝဠာ တစ္ခုလံုး သုိ႔မဟုတ္ စနစ္တစ္ခုလံုး ဝိညာဥ္ေတာ္ လို႔ အဓိပၸါယ္ရ ပါတယ္။ kar ကာရ္ ဆိုတာက အေၾကာင္းတရား သို႔မဟုတ္ ပဲ့ကိုင္ရွင္ လို႔ဆိုပါတယ္။

ေယဘုယအားျဖင့္ IK Onker ဆိုတာ အေၾကာင္းတရား မ်ားရဲ႕အစ စၾကဝဠာ တစ္ခုလံုးရဲ႕ ဝိညာဥ္ေတာ္ တစ္ဆူတည္း ျဖစ္ေတာ္မႈေသာ အရွင္ လုိ႔ ဆိုရမွာ ျဖစ္ပါတယ္ ။

နာနတ္က္ ရဲ႕ အဆုိအရ လူသားဟာ ဘုရားသခင္ကို ႏွလံုးသားအတြင္း အတြင္းမ်က္စိ နဲ႕သာ ျမင္ႏုိင္တယ္လို႔ ဆိုပါတယ္။ ယံုၾကည္သူေတြဟာ နိဗ္ဗန္ ေရာက္ဖို႔ အတြက္ ဥာဏ္စဥ္ ပြင့္လင္းဖို႔ တရားထုိင္ျခင္းျဖင့္ ေရာက္ႏုိင္တယ္လို႔ ယံုၾကည္ၾကပါတယ္။

ဂုရုနာနတ္ဟာ တရားထိုင္ရာကေန ဘုရားသခင္ဆီက တရားေတြကို ျပန္လည္ ေဟာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂုရုဂရန္႔ ဆာဟိဘ္ က်မ္းစာ
--------------------------------

ဆစ္ခ္ ေတြရဲ႕ က်မ္းစာ ျဖစ္တဲ့ ၁၁ ခုေျမာက္ဂုရု - ဂုရုဂရန္႔ ဆာဟိဘ္ ကို ေတးသြားေတြနဲ႕ အပိုင္းေတြ ခြဲထားျပီး စာမ်က္ႏွာ ၁၄၃ဝ ရွိပါတယ္။

က်မ္းစာမွာ အပိုင္း ၂ ပိုင္း ပါရွိျပီး ပထမပိုင္းမွာ ပထမဆံုးဂုရု ျဖစ္တဲ့ ဂုရု နာနတ္ ေရးသားခ်က္ ေတြျဖစ္တဲ့ မူလ္မန္သာ၊ ဂ်ပ္ဂ်ီ နဲ႕ ဆုိဟီလာ ဆုိျပီး က႑ေတြနဲ႕ ဖြဲ႕စည္း ထားပါတယ္။

က်မ္းစာရဲ႕ အစျဖစ္တဲ့ မူလ္မန္သာ လုိ႔ေခၚတဲ့ က႑မွာ ---

"စၾကဝဌာၾကီးတစ္ခုလံုး ျဖန္႔က်က္လ်က္ ရွိေနေသာ တစ္ဆူတည္းေသာ ဝိညာဥ္ေတာ္ ႏွင့္ ေျပာင္းလဲမႈမရွိ မူလသစၥာသည္ သူ၏ အမည္နာမတည္း၊ ဖန္ဆင္းမႈတိုင္းတြင္ သူသည္ရွိျပီး၊ ေၾကာက္ရြံ႕ျခင္း မရွိ၊ အခ်ိန္အကန္႔ အသတ္မရွိ ထုိ႔ျပင္ ထာဝရ ႏွင့္ မိမိဘာသာ တည္ရွိျပီး၊ သူ႔ကို အသင္တို႔ သည္ ဥာဏ္ပညာႏွင့္ ေလ့လာသင္ယူျခင္း အားျဖင့့္သာ သိျမင္ႏုိင္ေပမည္။ " လုိ႕ ေရးထားပါတယ္။

ဒုတိယပိုင္း ကို ေတာ့ Ragas လုိ႔ေခၚတဲ့ သံစဥ္ေတြနဲ႕ စီစဥ္ထားျပီး ဂုရုေျခာက္ပါးနဲ႕ Bhagets လို႔ေခၚတဲ့ သူေတာ္စင္ေတြက စုစည္း ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဂုရုနာနတ္
-------------

ဆစ္ခ္ဝါဒကို စတင္ထူေထာင္ခဲ့တဲ့ ပုဂၢိဳလ္က ဂုရုနာနတ္ ဆိုတဲ့ ပုဂၢိဳလ္ ျဖစ္ပါတယ္။

သူ႔ကို ဒီကေန႔ ပါကစၥတန္ ႏုိင္ငံအတြင္းမွာ ရွိတဲ့ နန္ကာနာ ဆာအီဗ္ ဆိုတဲ့ ျမိဳ႕မွာ ၁၄၆၉ ဧျပီလ ၁၅ ရက္ ေန႔မွာ ဟိႏၵဴဘာသာဝင္ မိဘႏွစ္ပါးက ေမြးဖြားခဲ့ပါတယ္။

သူတို႔ဟာ ကုန္သည္ ဇာတ္မ်ိဳးရိုးက ဆင္းသက္ လာသူေတြ ျဖစ္ပါတယ္။ သူ႕မွာ သူ႔ထက္ အသက္ ၅ ႏွစ္ၾကီးတဲ့ ဘီဘီ နာနာကီ ဆိုတဲ့ အမတစ္ေယာက္ ရွိပါတယ္။

နာနတ္ဟာ ငယ္စဥ္ကတည္းက ဘုရားသခင္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ ေတြကို စိတ္ဝင္စားခဲ့ပါတယ္။ အသက္ ၇ ႏွစ္မွာ သူ႔ဖခင္ဟာ ရြာကေက်ာင္းကို ပို႔ခဲ့ပါတယ္။

နာနတ္ဟာ အဲဒီအခ်ိန္ ကတည္းက ပါရွန္း/အာရဗီ ေဝါဟာရ ရဲ႕ ပထမဆံုး အကၡရာ အလိဖ္ ရဲ႕ ထူးျခားတဲ့ မ်ဥ္းေျဖာင့္ကို စုတ္တံ တခ်က္ထဲ ဆြဲေရးရတဲ့ ေရးပံုကေန သခၤ်ာေဗဒ အရ ၁ သေဘာ ေဆာင္ျခင္းဟာ ဘုရားသခင္ တစ္ပါးတည္း ျဖစ္ေၾကာင္း ဖြင့္ဆိုျပခဲ့တဲ့ အတြက္ သူ႔ဆရာဟာ အလြန္အမင္း အံအားသင့္ သြားခဲ့ပါတယ္။

နာနတ္ဟာ ဆက္လက္ျပီး ပါရွန္း/အာရဗစ္ ဘာသာ စကားကိုလဲ မြတ္စလင္မ္ ဆရာေတြဆီမွာ တတ္ေျမာက္ခဲ့ပါတယ္။

အသက္ ၁၂ ႏွစ္ အရြယ္ ေရာက္တဲ့ အခ်ိန္မွာ သူ႔ရဲ႕ ဖခင္ဟာ သူ႔ကို ရူပီး ၂ဝ ေပးျပီး စီပြားေရးတစ္ခု စလုပ္ခိုင္း ခဲ့ပါတယ္။ တကယ္ေတာ့ စီးပြားေရး လုပ္တတ္ေအာင္ သင္ၾကားေပးဖုိ႔ ရည္ရြယ္ခဲ့ ပါတယ္။ ဒါေပမဲ့ သူဟာ ဒီေငြေတြကို လမ္းမွာေတြ႕တဲ့ သူေတာ္စင္ေတြနဲ႕ ဆင္းရဲတဲ့ သူေတြအတြက္ အစားအေသာက္ ေတြဝယ္ျပီး ေငြနဲ႕ အစားအေသာက္ အားလံုးကို လွဴဒါန္းခဲ့ပါတယ္။ သူ႔အေဖက ေမးတဲ့အခါ သူက ဒါက စစ္မွန္တဲ့ စီးပြားေရး တစ္ခု လုပ္တာပါလုိ႔ ျပန္လည္ အေျဖေပးခဲ့ပါတယ္။

၁၄၇၅ ခုႏွစ္မွာ ဘီဘီ နာနာကီဟာ အိမ္ေထာင္က်ျပီး ဆူလ္တန္ပူရ္ ကို ေျပာင္းေရႊ႕ေနထိုင္ ခဲ့ပါတယ္။

နာနတ္ဟာ သူ႔ အမနဲ႕ အတူ ဆူလ္တန္ပူရ္ကို လုိက္ျပီးေနထိုင္ ခဲ့ပါတယ္။ အသက္ ၁၆ ႏွစ္အရြယ္မွာ သူ႔ေယာကၹေတာ္ရဲ႕ အလုပ္ရွင္ ျဖစ္တဲ့ ေဒါလတ္ခန္း လိုဒီ ဆီမွာ အလုပ္ဝင္ေရာက္ လုပ္ကိုင္ခဲ့ပါတယ္။

၁၄၈၇ ခုႏွစ္ စက္တင္ဘာလ မွာ မာတာဆူလာခါနီ နဲဲ႔ ဘာတာလာ ျမိဳ႕မွာ အိမ္ေထာင္ျပဳခဲ့ျပီး ဆရီခ်န္ဒ္ နဲ႕ လရွ္မီးခ်န္ဒ္ ဆိုတဲ့ သား ၂ ေယာက္ ဖားျမင္ခဲ့ ပါတယ္။

ဆရီခ်န္ဒ္ ဟာ ဂူရုနာနတ္ရဲ႕ သင္ၾကားမႈေတြကို လက္မခံပဲ ျငင္းဆန္ခဲ့ျပီး ဆစ္ခ္ ဘာသာကို စြန္႔ခြာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ ဟိႏၵဴဘာသာ ဂိုဏ္းခြဲတစ္ခု ျဖစ္တဲ ့အူဒါဆီ ဂိုဏ္းကို ထူေထာင္သူ တစ္ဦး ျဖစ္လာပါတယ္။

ဆစ္ခ္ ဝါဒ စတင္ျခင္း
-------------------------

လူငယ္ နာနတ္ခေလး မွာ ရွိတဲ့ ထူးျခားတဲ့ အရည္အခ်င္း ေတြကို စျပီး သတိျပဳမိတဲ့ သူေတြကေတာ့ ရိုင္ ဘူလာ လို႔ ေခၚတဲ့ အရပ္ထဲ က ေျမပိုင္ရွင္ၾကီး နဲ႕ နာနတ္ အမ ဘီဘီ နာနတ္တုိ႔ပဲ ျဖစ္ပါတယ္။

တစ္ေန႔မွာ နာနတ္ဟာ ကာလီ ဗိန္လို႔ေခၚတဲ့ ေခ်ာင္းမွာ ေရသြားခ်ိဳးျပီး ျပန္မလာပဲ သူ႔ရဲ႕ အဝတ္အစား ေတြပဲ ေခ်ာင္းေဘးနားမွာ က်န္ခဲ့တာကိုပဲ အရပ္ထဲက သူေတြက ေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ ရပ္သူရြာသား ေတြက ေရနစ္သြားျပီလို႔ ယူဆခဲ့ပါတယ္။ သူ႔ရဲ႕ အလုပ္ရွင္ျဖစ္တဲ့ လာဟို အုပ္ခ်ဳပ္ေရးမႈး ေဒါလတ္ခန္းဟာ ေခ်ာင္းထဲကို ေရငုပ္ ကယ္ဆယ္တဲ့ သူေတြနဲ႕ ရွာခဲ့ေပမဲ့ မေတြ႔ခဲ့ပါဘူး။

အဲဒီလို ေပ်ာက္ဆံုးသြားျပီး ၃ ရက္အၾကာမွာ နာနတ္ျပန္လည္ ေပၚထြက္လာျပီး ျငိမ္သက္စြာ ေနခဲ့ပါတယ္။ ေနာက္တစ္ရက္ မွာေတာ့ နာနတ္ဟာ ယခုလို ေၾကြးေၾကာ္ခဲ့ပါတယ္။

"ဟိႏၵဴလဲ မဟုတ္ မြတ္စလာမန္(မြတ္စလင္မ္)လဲ မဟုတ္တဲ့ အတြက္ ဘယ္လမ္းကို ငါလုိက္ရမလဲ .. ငါဟာ ဘုရားသခင္ရဲ႕ လမ္းကို လိုက္ရမည္။ ဘုရားသခင္သည္ ဟိႏၵဴလဲ မဟုတ္ မြတ္စလာမန္(မြတ္စလင္မ္)လဲ မဟုတ္တဲ့ အတြက္ ငါလုိက္သည့္ လမ္းသည္ ဘုရားသခင္၏ လမ္းသာျဖစ္သည္" ဟု သူက စတင္ေျပာၾကား ခဲ့ပါတယ္။

နာနတ္ရဲ႕ အဆုိအရ သူကို ဘုရားသခင္ရဲ႕ တရားစီရင္ရာ ေနရာဆီကို ေခၚေဆာင္ သြားျခင္းခံရျပီး နတ္သုဒၶါ တစ္ခြက္ကို တိုက္ေၾကြးျခင္း ခံရျပီး အခုလိုမိန္႔ၾကား ခံရပါတယ္ လုိ႔ ဆိုပါတယ္။

"ဒီခြက္ဟာ ဘုရားသခင္ရဲ႕ အမည္နဲ႕ ခ်စ္ခင္မႈနဲ႕ ေပးတဲ့ခြက္ ျဖစ္တယ္။ ေသာက္ေလာ့၊ ငါသည္အသင္ႏွင့္ အတူရွိသည္။ ငါသည္သင့္ကို ေကာင္းခ်ီးေပးသည္ ထုိ႔ျပင္ ျပဳစုပ်ိဳးေထာင္ ေတာ္မူမည္။ သင့္ကုိသတိရသူ မည္သူမဆိုသည္ ငါ၏ မ်က္ႏွာသာ ေပးျခင္းကို ခံရမည္။ သြားေလာ့၊ ငါ၏ အမည္နာမႏွင့္ သင္ၾကားမႈတုိ႔ကို အျခားသူမ်ား လုိက္နာ ေဆာင္ရြက္ျခင္းျဖင့္ ေပ်ာ္ရႊင္ျခင္း ျဖစ္ေစေလာ့၊ ငါ၏ နံမည္အား အသင့္ကို လက္ေဆာင္အျဖစ္ ငါခ်ီးျမွင့္ လုိက္သည္။ ယင္းသည္ပင္ သင့္၏ ေခၚဆိုမႈ ျဖစ္ပါေစ"

အဲဒီအခ်ိန္က စျပီး နာနတ္ကို ဂုရုလုိ႔ သတ္မွတ္ ေဖၚျပခဲ့ျပီး ဆစ္ခ္ ဝါဒ စတင္ေပၚေပါက္ လာပါတယ္။

အူဒါဆစ္ - ခရီးထြက္ျခင္း
-----------------------------

ဂူရုနာနတ္ ခရီးသြားခဲ့တဲ့ အၾကိမ္ အေရအတြက္ အတိအက် နဲ႔ ပတ္သက္ျပီး အျငင္းပြား မႈေတြ ရွိေနေပမဲ့ သူရဲ႕ ခရီးစဥ္ ၄ ခု မွာ ကီလိုမီတာ ေထာင္ေပါင္းမ်ားစြာ ေရာက္ခဲ့ပါတယ္။

ပထမဆံုး ခရီးစဥ္မွာေတာ့ အေရွ႕ဖက္ ဘန္ေဂါျပည္ အာသံ နဲ႕ မဏိပူရ္ ေဒသ ၊ ဒုတိယ ခရီးစဥ္မွာ ေတာင္ဖက္ ပိုင္းကို သီရိလကၤာ အထိ ေရာက္ခဲ့ပါတယ္၊ တတိယ ခရီးစဥ္မွာေတာ့ ေျမာက္ပိုင္း ကရွ္မီးယား၊ လာဒက္၊ တိဗက္နဲ႕ အာရူနာခ်လ္ ပရေဒရွ္႕ ေနာက္ဆံုး ခရီးစဥ္မွာေတာ့ အေနာက္ဖက္ ဘဂၢဒက္၊ အာေရဗ် ကြ်န္းဆြယ္မွာရွိတဲ့ မကၠာ နဲ႕ မဒီနဟ္ ေတြကို သြားခဲ့ပါတယ္။

ကမၻာလူသားေတြရဲ႕ အက်ပ္အတည္း ေတြနဲ႕ပါတ္သက္ျပီး ဘုရားသခင္ထံက စစ္မွန္တဲ့ သတင္းစကားကို ပို႔ေဆာင္ေပးဖို႔ နာနတ္ဟာ ခရီးေတြ ထြက္ခဲ့တာ ျဖစ္ပါတယ္။ ကမၻာ့လူသား ေတြဟာ ဘုန္းၾကီးေတြ ပန္ဒစ္ေတြ ကာဇီေတြ နဲ႕ မြတ္လႅာေတြ အစရွိတဲ့ ဘာသာေရး ဆရာေတြ ကေပးတဲ့ သတင္းစကားေတြ တစ္ခုနဲ႕ တစ္ခု ဝိေရာဓိျဖစ္ျပီး ရွဳပ္ေထြးေနပါတယ္။

ဒါေၾကာင့္သူဟာ လူသားအားလံုးထံ သူရဲ႕ ျမင့္ျမတ္တဲ့ တာဝန္ျဖစ္တဲ့ ျငိမ္းခ်မ္းေရးနဲ႕ ၾကင္နာတတ္မႈေတြကို ျဖန္႔ေဝေပးဖို႔ ၁၄၉၉ မွာ သတင္းစကားကို စတင္ေဟာၾကား ခဲ့ပါတယ္။

သူ႔ရဲ႕ ခရီးစဥ္ အမ်ားစုဟာ ေျခလ်င္ သြားခဲ့တာျဖစ္ပါတယ္။ သူရဲ႕ ခရီးစဥ္ေတြ တေလ်ာက္ ဘိုင္မရ္ဒါနာ လုိ႔ေခၚတဲ့ သူရဲ႕ မြတ္စလင္မ္ မိတ္ေဆြ ဂီတ ပညာရွင္က သူနဲ႕ အတူ လုိက္ပါခဲ့ပါတယ္။ အေရွ႕အေနာက္ ေတာင္ေျမာက္ အရပ္ ေလးမ်က္ႏွာမွာ ရွိတဲ့ ဟိႏၵဴ ၊ မြတ္စလင္မ္၊ ဗုဒၶဘာသာ၊ ဂ်ိန္းဝါဒ ၊ ဆူဖီဝါဒ၊ ေယာဂီေတြနဲ႕ ဆစ္ဒါလုိ႔ ေခၚတဲ့ ဆာဒူး ေတြရွိတဲ့ ေနရာဌာန ေတာ္ေတာ္မ်ားမ်ား ဆီကို သြားေရာက္လည္ပတ္ ခဲ့ပါတယ္။

ဆစ္ခ္ ဝါဒ အစႏွင့္ မဂိုအင္ပါယာ
--------------------------------------

ဆစ္ဝါဒ စတင္ခဲ့တဲ့ အခ်ိန္ဟာ အိႏၵိယ ေျမာက္ပိုင္းကို မဂို အင္ပါယာကို ထူေထာင္ခဲ့တဲ့ Zahir-ud-din Muhammad Babur မင္းဆက္ သိမ္းပိုက္တဲ့ ကာလတစ္ဝိုက္မွာ ျဖစ္ပါတယ္။ သူ႕ရဲ႕ေျမးျဖစ္တဲ့ အကၠဘာ ဘုရင္ဟာ ဘာသာေရး လြတ္လပ္ခြင့္ကို လြန္စြာမွ အေလးေပးခဲ့တဲ့ မင္းတစ္ပါး ျဖစ္ပါတယ္။

သူဟာ ဂုရု အမာဒါစ္ တည္ခင္းဧည့္ခံတဲ့ လန္ကာ အလႈပြဲၾကီးကို တက္ေရာက္ခဲ့ျပီး ဆစ္ဝါဒ ကို ခ်ီးေျမွာက္ခဲ့ ပါတယ္။ ဒါ့အျပင္ လန္ကာအတြက္ ေျမကိုလဲ လႈဒါန္းခဲ့ျပီး ဆစ္ေတြနဲ႕ မဂို ေတြအၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏုိင္ခဲ့ ပါတယ္။

ဒါေပမဲ့ သူ႔ကိုဆက္ခံတဲ့ ဂ်ဟန္ဂီး ဘုရင္လက္ထက္မွာ ေတာ့ ဂ်ဟန္ဂီးဘုရင္ဟာ ဆစ္ခ္ ေတြကို ႏုိင္ငံေရးအရ ခ်ိမ္းေျခာက္ ႏိုင္တယ္လို႔ ယူဆခဲ့ပါတယ္။
ခြစ္ရူ မီးရ္ဇာ သူပုန္ေတြကို ေထာက္ခံအားေပး ခဲ့တဲ့အတြက္ ဂုရု အရ္ဂြ်န္ေဒဗ္ Guru Arjun Dev ကို ဖမ္းဆီးဖုိ႔ အမိန္႔ ထုတ္ခဲ့ပါတယ္။ ဂုရုက သူ႔ရဲ႕ အမိန္႔ကို ဖီဆန္ခဲ့တဲ့ အတြက္ ကြက္မ်က္ခဲ့ပါတယ္။

Guru Arjun Dev ျပီးေနာက္ ဆဌမေျမာက္ဂုရု အျဖစ္ Guru Har Gobind ဂုရု ဟာဂိုဘင္းဒ္ ဆက္ခံခဲ့ပါတယ္။ သူဟာ ဆစ္ဘာသာရဲ႕ ဗဟုိဌာလို႔ ေျပာလို႔ ရတဲ့ အမရစ္ဆာ ေဒသ ကို ကာကြယ္ဖို႔ အတြက္ ခံတပ္တစ္ခု တည္ေဆာက္ခဲ့ပါတယ္။

ဂ်ဟန္ဂီးလ္ ဘုရင္ဟာ ဆစ္ခ္ ေတြၾကားမွာ အစိုးရ အာဏာ သက္ေရာက္မႈ ရွိေစဖို႔ အတြက္ Guru Har Gobind ကို အုပ္ခ်ဳပ္ေရးျမိဳ႕ေတာ္ Gwalior မွာ ဖမ္းဆီး ထိန္းသိမ္းထားခဲ့ျပီး သူဟာ အုပ္ခ်ဳပ္မႈကို ခ်ိမ္းေျခာက္မႈ တစ္ရပ္ မျဖစ္ႏုိင္ေတာ့ဟု ယူဆရတဲ့ အခ်ိန္ ႏွစ္အတန္ၾကာ ေနာက္ပိုင္းမွ ျပန္လႊတ္ေပး ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂ်ဟန္ဂီးလ္ ဘုရင္ ကြယ္လြန္တဲ့အခ်ိန္ ၁၆၂၇ ခုႏွစ္ အထိ ဆစ္ခ္ ေတြနဲ႕ မဂုိ အင္ပါယာအၾကား ေနာက္ထပ္ ျပသနာ ၾကီးၾကီးမားမား မရွိခဲ့ပါ။

ဂ်ဟန္ဂီးလ္ ရဲ႕ သား ရွားဂ်ဟန္ ေခတ္မွာေတာ့ Guru Har Gobind ရဲ႕ အခ်ဳပ္အခ်ာကို တိုက္ခိုက္ခဲ့ျပီး အမရစ္ဆာ ကို ဝင္ေရာက္ တုိက္ခိုက္ခဲ့တဲ့ အတြက္ ဆစ္ခ္ ေတြဟာ ဟိမဝႏၱာ ေတာင္ေျခ က ဆီဗါလစ္ ေတာင္ကုန္း Sivalik Hills ေတြ အထိ ဆုတ္ခြာခဲ့ရ ပါတယ္။

ေနာက္ထပ္ ဂုရုတစ္ေယာက္ ျဖစ္တဲ့ Guru Har Rai က သူရဲ႕ ဂုရုဘြဲ႕ကို ဒီေတာင္တန္းေတြ ေပၚကေနပဲ ခံယူခဲ့ပါတယ္။ ေတာင္တန္းေတြေပၚမွာ ေနထိုင္ရင္း ေဒသခံေတြက ဆစ္ခ္ ေတြရဲ႕ လယ္ေျမေတြကို သိမ္းဖို႔ ၾကိဳးစားမႈေတြကို ကာကြယ္ေန ခဲ့ပါတယ္။

တဖက္မွာ ရွားဂ်ဟန္ရဲ႕ သား ၂ ေယာက္ျဖစ္တဲ့ ေအာရန္ဇဘ္ နဲ႕ ဒါရာရွီခို တို႔ မဂို အင္ပါယာကို ထိမ္းခ်ဳပ္ဖို႔ အားျပိဳင္မႈေတြ ၾကားထဲမွာ ဘက္မလုိက္ပဲ ေနထိုင္ခဲ့ပါတယ္။

နဝမေျမာက္ ဂုရု Guru Tegh Bahadur ကေတာ့ ဆစ္ခ္ လု႔ အသိုင္းအဝိုင္းကို အာနႏၵာပူရ္ ျမိဳ႕ကို ေျပာင္းေရႊ႕ခဲ့ျပီး သူ႔အရင္ ဂုရု Guru Har Rai ရဲ႕သား Ram Rai ကို ဂုရုအျဖစ္ တင္ဖို႔ၾကိဳးစားတဲ့ ေအာ္ရန္ဇဘ္ကို ဆန္႔က်င္တဲ့ တရားေတြ ေဟာဖို႔အတြက္ ခရီးရွည္ ထြက္ခဲ့ပါတယ္။

သူဟာ ဘာသာ ကူးေျပာင္းေရးကို ဆန္႔က်င္တဲ့ ကက္ရွ္မီးရီး ပန္ဒစ္ (ဟိႏၵဴ) ဘုန္းၾကီးကို အကူအညီေပးရင္း ေအာ္ရန္ဇဘ္ ဘုရင္ရဲ႕ ဖမး္ဆီးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ ဘုရင့္အမိန္႔ကို မလိုက္နာပဲ ခံယူခ်က္ကို အသက္နဲ႕လဲ ကာကြယ္ခဲ့ပါတယ္။

Guru Gobind Singh ႏွင့္ Khalsa တပ္ဖြဲ႕
----------------------------------------------

Guru Gobind Singh ဂုရု ဂိုဘင္ဒ္ ဆင္း ဂုရုဘြဲ႕ကို ၁၆၇၅ ခုႏွစ္မွာ ခံယူခဲ့တယ္လို႔ ယူဆၾကပါတယ္။ သူဟာ ဆီဗါလစ္ ေတာင္ကုန္းက ရာဂ်ာေတြ နဲ႕ တုိက္ပြဲမျဖစ္ေအာင္ Paunta ဆိုတဲ့ ေဒသကို ေျပာင္းေရြ႕ ခဲ့ပါတယ္။

အဲဒီေနရာမွာ ခံတပ္ၾကီးတစ္ခုကို တည္ေဆာက္ခဲ့ျပီး ခံတပ္ကုိ ကာကြယ္ဖို႔ စစ္တပ္တစ္ခုကို ထူေထာင္ခဲ့ပါတယ္။ တျဖည္းျဖည္း တိုးပြားလာတဲ့ ဆစ္ဦးေရနဲ႕ အင္အားေၾကာင့္ ဆီဗာလစ္ ေတာင္ကုန္း ရာဂ်ာ ဟာ ျမိဳ႕ေတာ္ကို ဝင္ေရာက္တုိက္ခိုက္ ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဂုရုဂိုဘင္းဒ္ဆင္းရဲ႕ တပ္ဖြဲ႕ဟာ ဘန္ဂါနီစစ္ပြဲမွာ ရာဂ်ာေတြကို အႏုိင္တိုက္ ႏုိင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူဟာ အနႏၵပူရ္ ကို ေျပာင္းေရြ႕ခဲ့ျပီး ၁၆၉၉ မတ္လ ၃ဝ မွာ ဆစ္ခ္ ေနာက္လိုက္ေတြကို စုစည္းျပီး Khalsa လို႔ေခၚတဲ့ ဆစ္ေနရွင္း ကို ထူေထာင္ခဲ့ပါတယ္။

ခလ္ဆာ ဟာ အရာရွိေတြ စစ္ဘက္နဲ႕ အရပ္ဖက္ အာဏာပိုင္ေတြ အားလံုးကို ကိုယ္စားျပဳတယ္လုိ႔ သိရပါတယ္။ ၁၇ဝ၁ ခုႏွစ္ မွာ ဆီဗာလစ္ ရာဂ်ာေတြနဲ႕ မဂိုေတြဟာ ဝါဇီခန္း လက္ေအာက္ စုစည္းျပီး အနႏၵပူရ္ ကို တုိက္ခုိက္ခဲ့ပါတယ္။ ခါလ္ဆာ တပ္ဖြဲ႕ေတြဟာ ဆုတ္ခြာခဲ့ ရေပမဲ့ ျပန္လည္စုစည္းျပီး မုခ္ဆာ တုိက္ပြဲမွာ မဂိုလ္ေတြကို အႏိုင္တိုက္ႏုိင္ ခဲ့ပါတယ္။

၁၇ဝ၇ မွာေတာ့ ေအာ္ရန္ဇဘ္ကို ဆက္ခံတဲ့ ဗဟာဒူးရွား ၁ ဘုရင္ရဲ႕ ဖိတ္ေခၚမႈကို Guru Gobind Singh ဟာ လက္ခံခဲ့ျပီး ေတြ႕ဆံုခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲကို အာဂရာမွာ ၁၇ဝ၇ ဇူလိုင္လ ၂၃မွာ ျပဳလုပ္ခဲ့ပါတယ္။ ဂုရုဟာ အင္ပါယာအရွင္ ဗဟာဒူးရွားရဲ႕ ဂုဏ္ေပးမႈကို ခံခဲ့ရျပီး ႏုိဝဘၤာလအထိ အတူေနထိုင္ ခဲ့ပါတယ္။

ဆစ္အင္ပါယာ
-----------------
၁၇ဝ၈ ခုႏွစ္မွာ Guru Gobind Singh ဟာ နန္ဒတ္ျမိဳ႕ကို သြားေရာက္ လည္ပတ္ခဲ့ျပီး ဘန္ဒါဆင္း ဗဟာဒူးဟာ သူ႔ကို ဆက္ခံသူ ျဖစ္လာ ခဲ့ပါတယ္။ ၁၇၁၆ ကေန ၁၇၉၉ အထိကာလ ေတြဟာ ပန္ဂ်ပ္ ေဒသဟာ မဂိုအင္ပါယာကို လံုးလံုး ဆန္႔က်င္ခဲ့ျပီး ႏုိင္ငံေရးေရာ စစ္ေရး အရပါ ရႈပ္ေထြးေန ခဲ့ပါတယ္။

ဒီအေျခအေနမွာ အာဖဂန္ ေတြရဲ႕ ဒူရာနီ အင္ပါယာ က ၾကိမ္ဖန္မ်ားစြာ က်ဴးေက်ာ္ခဲ့မႈေတြကို ဆစ္ေတြဟာ တြန္းလွန္ခဲ့ပါတယ္။ ျမိဳ႕ေတာ္ အမရစ္ဆာဟာ မၾကာခဏ တုိက္ခိုက္ခံ ခဲ့ရျပီး ၁၈ဝ၁ ခုႏွစ္မွာေတာ့ ဆစ္အင္ပါယာကို ရန္ဂ်စ္ဆင္းရဲ႕ ဘိသိတ္ခံပြဲကေန စျပီးထူေထာင္ ႏုိင္ခဲ့ပါတယ္။

ဆစ္အင္ပါယာဟာ ပန္ဂ်ပ္ျပည္နယ္ကေန အေနာက္ဖက္ ခိုင္ဘာ ေတာင္ၾကားအထိ၊ ေျမာက္ဖက္မွာ ကရွ္မီး ေဒသအထိ၊ ေတာင္ဖက္မွာ ဆင္ဒ္ ေဒသ အထိ နဲ႕ အေရွ႕ဖက္မွာ တိဗက္ အထိ ပါဝင္ခဲ့ ပါတယ္။

၁၈၃၉ ခုႏွစ္မွာ ရန္ဂ်စ္ဆင္း ေသဆံုးျပီးေနာက္ အတြင္းပိုင္း ကြဲျပားမႈေတြနဲ႕ ႏုိင္ငံေရးအရ စီမံခန္႕ခြဲမႈ လြဲေခ်ာ္မႈေတြေၾကာင့္ အင္ပါယာဟာ အားခ်ိနဲ႕ ခဲ့ရပါတယ္။

ဒါကို အခြင့္ ေကာင္းယူႏုိင္ ခဲ့တာကေတာ့ အဂၤလိပ္ေတြရဲ႕ အေရွ႕အိႏၵိယ ကုမၸဏီျဖစ္ျပီး အဂၤလိပ္ - ဆစ္ခ္ စစ္ပြဲေတြ ဆင္ႏြဲခဲ့ပါတယ္။

၁၈၄၉ မွာျဖစ္ပြားခဲ့တဲ့ အဂၤလိပ္ - ဆစ္ခ္ စစ္ပြဲ အျပီးမွာေတာ့ ဆစ္ခ္ အင္ပါယာ ပ်က္ပ်ယ္ သြားခဲ့ျပီး ျဗိတိန္ ဘုရင္ခံ တစ္ေယာက္က လာဟုိကေန တိုက္ရိုက္ အုပ္ခ်ဳပ္တဲ့ ျဗိတိသ်ွ ပန္ဂ်ပ္ျပည္နယ္ ေပၚေပါက္လာ ခဲ့ပါတယ္။

Khalsa ခါလ္ဆာ
--------------------

မဂိုအင္ပါယာ အေစာပိုင္းကာလ မွာ ဆစ္ေတြနဲ႕ မဂိုအင္ပါယာ အၾကား ေျပလည္ခဲ့ၾကေပမဲ့ ဂ်ဟန္ဂီးဘုရင္ လက္ထက္ကေန စျပီး ဆစ္ခ္ေတြဟာ ဘာသာေရးအရ ခြဲျခားဆက္ဆံ ခံရတယ္လုိ႔ ခံယူလာ ခဲ့ပါတယ္။

တဖက္မွာလည္း ဆစ္ခ္ ေတြရဲ႕ အင္အားနဲ႕ လူဦးေရ ဟာ မဂိုအင္ပါယာ ကို ခ်ိန္းေျခာက္တယ္လုိ႔ မဂိုဘုရင္ေတြက ျမင္လာခဲ့ရာ ကစျပီး ထိပ္တိုက္ ရင္ဆိုင္မႈေတြ ျဖစ္လာခဲ့ ရပါတယ္။

ဆစ္ခ္ဂုရုေတြဟာ ရုပ္ပိုင္းအင္အားကို ပါ စိတ္ပိုင္းအင္အား နဲ႕အတူ အေရးေပးလာရျပီး Guru Har Gobind လက္ထက္ကေနစျပီး စစ္အင္အား တည္ေဆာက္ခဲ့ ရပါတယ္။ ဂုရု ဂိုဘင္ဒ္ဆင္း လက္ထက္မွာေတာ့ ခါလ္ဆာလို႔ေခၚတဲ့ လြတ္ေျမာက္ေရး တပ္ဖြဲ႔ကို ဖြဲ႔ခဲ့ရပါတယ္။

ခါလ္ဆာ စည္းမ်ဥ္းေတြအတိုင္း သန္႔စင္ျခင္းမဂၤလာ ျပဳျပီးတဲ့ေနာက္မွာ အမ်ိဳးသားေတြ ဟာ ဆင္း ေတြအျဖစ္ အမ်ိဳးသမီးေတြဟာ ေခၚေတြ အျဖစ္ သတ္မွတ္ျခင္း ခံရပါတယ္။

ခါလ္ဆာ ဆိုတာကေတာ့ အာရဗီ ဘာသာစကားအရ သန္႔စင္ေစျခင္း လုိ႔ အဓိပၸါယ္ ရပါတယ္။

ခါလ္ဆာ စည္းမ်ဥ္းေတြကို ခ်မွတ္ခဲ့သူက ေတာ့ Guru Gobind Singh ျဖစ္ျပီး အဲဒီမွာ ေဆာင္ရန္ ေရွာင္ရန္ေတြ ပါရွိပါတယ္ ။ အကယ္လို႔ ဆစ္ခ္ တစ္ေယာက္ဟာ ခါလ္ဆာရဲ႕ ေရွာင္ရန္ ၄ ခုထဲက ၁ ခုခုကို က်ဴးလြန္ ေဖါက္ဖ်က္ခဲ့ယင္ သန္႔စင္ျခင္း မဂၤလာ ျပန္ခံယူ ရမယ္လို႔ သတ္မွတ္ ထားရွိပါတယ္။

ေရွာင္ရန္
----------

ခါလ္ဆာ စည္းမ်ဥ္းအရ ေရွာင္ရန္ ၄ ခ်က္ရွိပါတယ္။
၁. သဘာဝ အေလ်ာက္ ေပါက္ေနေသာ ခႏၶာကိုယ္မွ အေမြး အမ်ွင္မ်ားကို အေႏွာက္အယွက္ မျပဳရ (မရိတ္ရ)
၂. ခူဒါ အသား ( ဂ်ဴးမ်ားႏွင့္ မြတ္စလင္မ္ ထံုးစံျဖင့္ သတ္ေသာ တိရစၧာန္ အသား မစားရ)
၃. မိမိ၏ ဇနီးခင္ပြန္းမွ အပ တျခားသူႏွင့္ ကာမ ေပါင္းသင္း ဆက္ဆံျခင္း မျပဳရ
၄.ေဆးရြက္ၾကီး ( ေဆးလိပ္ ) ႏွင့္ တမာဂူ ရႈျခင္း မျပဳရ

ေဆာင္ရန္
------------

ဆစ္ခ္ / ေခၚ ေတြရဲ႕ ယူနီေဖါင္း လုိ႔ဆိုရမယ့္ ေဆာင္ရန္မွာ က ငါးပါး ပါဝင္ပါတယ္

၁. ကက္ရွ္ - ေခါင္း မ်က္ႏွာ နဲ႕ ခႏၶာကိုယ္ တစ္ခုလံုးမွာရွိတဲ့ အေမႊးေတြကို မျဖတ္ဘဲ ေဆာင္ထားရပါမယ္
၂. ကန္ဂ - သစ္သားနဲ႕ျပဳလုပ္တဲ့ ဘီးကို ေဆာင္ထားရပါမယ္
၃. ကာရာ - သံ လက္ေကာက္ စြပ္ထားရပါမယ္
၄. ကခ်ီရာ - ခ်ည္အတြင္းခံ တစ္စံု ေဆာင္ထားရပါမယ္
၅. ကစ္ရ္ပန္ - ဓါးေျမွာင္တစ္ေခ်ာင္း ေဆာင္ထားရပါမယ္

ဒါေတြဟာ ဆစ္ခ္အယူဝါဒရဲ႕ ရိုးသားမႈ၊ သာတူညီမ်ွမႈ၊ သစၥာရွိမႈ၊ ဘုရားသခင္ကို အျမဲတမ္း တမ္းတ ဆင္ျခင္ေနမႈ၊ မတရား ဖိႏွိပ္မႈအေပၚ ဘယ္ေတာ့မွ ဦးမညြတ္မႈ ေတြနဲ႕ အားနည္းသူ ေတြကို ကူညီျခင္း အကာအကြယ္ ေပးျခင္းနဲ႕ မိမိကိုယ္ကို ခုခံ ကာကြယ္ျခင္း အစရွိတဲ့ သေဘာ တရားေတြကုိ ေဖၚေဆာင္ျပီး ကိုယ္စားျပဳ ေဆာင္ထားရတဲ့ အရာေတြပဲ ျဖစ္တယ္လို႔ သိရပါတယ္။

ခါလ္ဆာကို စတင္ခ်မွတ္ ခါစမွာ လူမႈ အဆင့္အတန္း ကြဲျပားေနမႈ ေတြကို Guru Gobind Singh က ဖ်က္သိမ္းခဲ့တဲ့ အတြက္ ဇာတ္နိမ့္ေတြဟာ ဇာတ္ျမင့္ေတြနဲ႕ အတူတူ ျဖစ္လာပါတယ္။ ေရအိုး တစ္အိုးထဲ က ေရကို အတူတူ ေသာက္ၾက ရပါတယ္။

အရင္က ျပဳလုပ္ခဲ့တဲ့ မိသားစု အလုပ္အကိုင္ ဓေလ့ထံုးစံနဲ႕ အခန္းအနား ေတြဟာ အသံုးမဝင္ဘူးလို႔ ဂုရူက ေၾကျငာခဲ့ျပီး ခါလ္ဆာ အားျဖင့္သာ လြတ္ေျမာက္ ကယ္တင္ႏိုင္ျပီး ေအာင္ျမင္မႈ ရႏိုင္မယ္လုိ႔ ဆုိခဲ့ပါတယ္။ ဒီလို ေၾကျငာခဲ့မႈ အတြက္ ရိုးရာ က်င့္သံုးၾကတဲ့ ေနာက္လုိက္ေတြ အၾကားမွာ အဆင္မေျပ ဘူးလို႔ ခံစားၾကရျပီး ဆန္႔က်င္မႈေတြ ရွိခဲ့ပါတယ္။

ေဒလီမွာရွိတဲ့ ခါတရီ လုိ႔ေခၚတဲ့ ဇာတ္စနစ္ကို လက္ခံသူေတြနဲ႕ ပန္ဂ်ာဘ္ က ခါလ္ဆာကို လက္ခံသူေတြ အၾကား တင္းမာမႈေတြ အစပိုင္းမွာ ျဖစ္ပြားခဲ့ပါတယ္။

ခါတရီ ေကာင္စီဟာ ခါလ္ဆာ ကို လက္ခံသူ ေတြကို ဖိအားေပးဖို႕ ေစ်းေတြကို ပိတ္ျပစ္ခဲ့ပါတယ္။ ခါလ္ဆာ လက္ခံသူေတြက ျပည္နယ္ အာဏာပိုင္ေတြ ရဲ႕ အကူအညီနဲ႕ ျပန္လည္ဖြင့္လွစ္ ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အုပ္စု ၂ စုအၾကား ျငိမ္းခ်မ္းမႈ တည္ေဆာက္ႏုိင္ခဲ့ျပီး ဆန္ဂတ္လို႔ေခၚတဲ့ စုစည္းမႈ ရခဲ့ပါတယ္။ ဒါေပမဲ့လည္း တခ်ိဳ႕ ခါတရီနဲ ခါလ္ဆာ ေတြအၾကား ရန္လုိမႈေတြ ကေတာ့ ေနာက္ပိုင္း ႏွစ္ေတြမွာလည္း ရွိခဲ့ပါတယ္။

Credit: original writer
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
=============================

✤ ဆစ်ခ် အကြောင်း သိကောင်းစရာ ✤
----------------------------------------------
 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ခေါင်းပေါင်း ရောင်စုံတွေ ပေါင်းတတ်ပြီး နှှုတ်ခမ်းမွှေး မုတ်ဆိတ်မွေးတွေ အရှည်ကြီး ထားတတ်တဲ့ ဆစ်ခ် လူမျိုးတွေကို တခါတရံ တွေ့ဘူးကြပေမဲ့၊ ဆစ်ခ်တွေဟာ ဘာတွေလဲ..... ဘာကို ကိုးကွယ် ကြတဲ့ သူတွေလဲ .... ဆိုတာနဲ့ ပတ်သက်တဲ့ ဗဟုသုတ အင်မတန် နည်းပါး ကြပါတယ်။

မြန်မာပြည်မှာ ဆစ်ခ် ဟာ အလွန် နည်းပါတဲ့ လူနည်းစု ဖြစ်တဲ့အတွက် ကြောင့်လည်း ဖြစ်မယ် ထင်ပါတယ်။ အထက်မြန်မာပြည်ရဲ့ ဒေသ တစ်ချို့မှာတော့ သူတို့ကို ပန်ချာ ဆိုပြီး သိကြသလို၊ အောက်ဖက်မှာတော့ ပန်ချာပီလို့ အသိများ ကြပါတယ်။

ဆစ်တွေနဲ့ ပါတ်သက်ပြီး အများစုက ဆစ်တွေကို အိန္ဒိယ ဇာတိ ရယ်လို့ သိကြပေမဲ့ ဆစ်ခ် ဟာ လူမျိုးလား...... ဘာသာလား...... ဘယ်လို ဘာသာမျိုးလဲ ...... ဟိန္ဒူဝါဒ ရဲ့ ဂိုဏ်းကွဲ တစ်ခုလား....... ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တစ်ခုလား ........ ဒါမှ မဟုတ် ဂျိမ်း ဝါဒနဲ့ အတူတူလား ........ အစ ရှိသဖြင့် ကွဲကွဲပြားပြား သိသူ ရှားပါတယ်။

စာရေးသူကိုယ်တိုင် ဆစ်တွေကို အာရိယာ ဆမာဂျ် တွေနဲ့ မကြာခဏ ရောထွေးမိတဲ့ အတွက် ဒီဆောင်းပါးကို စုဆောင်း ဘာသာပြန်ခဲ့ရ တာဖြစ်ပါတယ်။

ဆစ်ခ် လူမျိုး
---------------

တကယ်တော ဆစ်ခ် ဆိုတာ လူမျိုးတစ်မျိုး မဟုတ်ပါ၊ အယူဝါဒ ယုံကြည် ကိုးကွယ်မှု သာ ဖြစ်တဲ့အတွက် ဆစ်ခ်လူမျိုး ရယ်လို့ မခေါ်နိုင်ဘဲ ဆစ်ဘာသာကို လက်ခံ ယုံကြည်သူ လို့သာ ခေါ်နိုင်ပါတယ်။ ဆစ်ဘာသာ ဝင်များကို ဆစ်ခီ များလို့ ခေါ်ကြတယ်။

ဆစ်ခ်ဘာသာဝင် အများစုဟာ အိန္ဒိယ တိုက်ငယ် မြောက်ပိုင်း ( အိန္ဒိယနဲ့ ပါကစ္စတန် ) မှာရှိတဲ့ ပါရှန်း ဘာသာစကားနဲ့ မြစ်ငါးသွယ် ပေါင်းစုံရာလို့ အဓိပ္ပါယ်ရတဲ့ ပန်ဂျပ် ပြည်နယ်သားတွေ ဖြစ်ကြပြီး သူတို့တွေဟာ ပန်ချာပီတွေ ဖြစ်ကြပါတယ်။

မြန်မာပြည် အလယ်ပိုင်းမှာတော့ သူတို့ကို ပန်ချာ တွေလို့ ခေါ်ကြပါတယ်။ ပန်ချာပီ အားလုံးဟာ ဆစ်ခ် ဘာသာဝင်တွေ မဟုတ်ကြပါဘူး၊ တချို့တွေဟာ ဟိန္ဒူ ဘာသာဝင်တွေ ဖြစ်ကြသလို၊ တချို့တွေဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဆစ်ခ် အများစုက တော့ ပန်ချာပီတွေ ဖြစ်ကြတဲ့အတွက် ပန်ချာပီလို့ ပြောရင် ဆစ်ခ် တွေလို့ မြင်မိ တတ်ကြပါတယ်။

ဂုရု ဂိုဘစ်ဒ် ဆင်း ရဲ့နောက်ပိုင်းမှာတော့ အမျိုးသားများက သူတို့ရဲ့ အမည်မှာ ခြင်္သေ့လို့ အဓိပ္ပါယ်ရတဲ့ ဆင်း ဆို့တဲ့ စာလုံးကို ထည့်သွင်းပြီး အမျိုးသမီး များကတော့ မင်းသမီးလို့ အဓိပ္ပါယ်ရတဲ့ ခေါ် ဆိုတဲ့ စာလုံးကို ထည့်သွင်းမှည့်ခေါ် လာတာကို တွေ့ရပါတယ်။

ဆစ်ခ် ဝါဒ
------------

ဆစ်ခ်ဝါဒ ဟာ အိန္ဒိယတိုက် ပန်ဂျပ်ပြည်နယ် မှာ လွန်ခဲ့တဲ့ ခရစ် သက္ကရာဇ် ၁၅ ရာစု မှာ စတင်ခဲ့ပါတယ်။

ကမ္ဘာ့ဘာသာ တရားတွေထဲက စုစည်းမှု အားအကောင်းဆုံး နံပါတ် ၅ အဆင့်မှာ ရှိတဲ့ ဘာသာ တစ်ခုဖြစ်ပြီး၊ ဦးဆောင်သူ ၁ဝ ဦးအပြင် ဆစ်ခ် ဂုရုတွေရဲ့ သင်ကြားမှု တွေကို စုစည်းထားတဲ့ ကျမ်းစာကို ၁၁ ဦးမြောက် ထာဝရ ရှင်သန်တဲ့ ဂုရုအဖြစ် ခံယူခဲ့ ကြပါတယ်။

လူပုဂ္ဂိုလ် ၁ဝ ဦးနဲ့ ကျမ်းစာ ၁ အုပ် စုစုပေါင်း ဂုရု (၁၁) ဂုရု ရှိတယ်လို့ သူတို့ ခံယူ ကြပါတယ်။ သင်ကြားမှုတွေကို ပဉ္စမမြောက် ဂုရုကစ တင်စုစည်း ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့လူဦးရေ ရဲ့ သန်း ၃ဝ လောက် လိုက်နာ ကျင့်သုံးကြတဲ့ ဘာသာ တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ ပန်ဂျပ် ပြည်နယ်ဟာ ဆစ်ခ် လူဦးရေ အများဆုံး ရှိတဲ့ပြည်နယ် တစ်ခု ဖြစ်ပါတယ်။

ဆစ်ခီ သို့မဟုတ် ဆစ်ဘာသာဝင်များ
------------------------------------------

ဆစ်ခီ ဆိုတဲ့ စကားလုံးဟာ ဆရာကြီးများရဲ့ ကျောင်းသားများ လို့ ဆိုပါတယ်။ ဂုရုများ နောက်ကို လိုက်နာသူများ ဖြစ်ပါတယ်။ အင်္ဂလိပ် မှာတော့ ဆစ်ခ်ဝါဒီ များလို့ ခါ်ကြပါတယ်။

Sewa Singh Kalsi ရဲ့ အဆိုအရ ဆစ်ခ်ဝါဒရဲ့ အဓိက သွန်သင်မှု က ဘုရားသခင် တပါးတည်း ရှိကြောင်း ဖြစ်ပါတယ်။ ဆစ်ခ်ဝါဒ ဟာ စိတ်ဝိဉာဉ် ဘဝနဲ့ ရုပ်ဘဝကို အပြန်အလှန် ရစ်နွယ်ထားတဲ့ ဝါဒဖြစ်ပါတယ်။ ဘာသာတရား အားလုံးဟာ နောက်လိုက်တွေကို ဉာဏ်အလင်း ဖွင့်ပေး နိုင်တယ်လို့ ဆိုပါတယ်။

ဆစ်ဝါဒ ရဲ့ အဓိက သင်ကြားမှု တွေဟာ ဂုရုနာနတ် နဲ့ သူ့ကို ဆက်ခံသူ ဂုရုတွေဆီက စတင်ခဲ့ပါတယ်။ ဆစ်ခ် သင်ကြားမှုရဲ့ အဓိက အနှစ်သာရက သစ္စာတရားကို သိမြင်ခြင်းဟာ အရာအားလုံးထက် မြင့်မားပါတယ် လို့ ဆိုပါတယ်။

လူသားတွေ အားလုံးဟာ အတူတူ ပဲဖြစ်ပြီး ဇာတ်ခွဲခြားမှု အယူဝါဒ ခွဲခြားမှု နဲ့ ဖိုမ ခွဲခြားမှုတွေကို ငြင်းပယ်ခဲ့ ပါတယ်။ ဆစ်ခ်တွေဟာ မိသားစုဘဝ နေထိုင်ဖို့ကို အားပေးပါတယ်။

ဘုရားသခင် အယူအဆ
----------------------------

ဆစ်ဝါဒမှာ ရှိတဲ့ ဘုရားသခင် အယူအဆမှာ ဗါဟိဂုရု လို့ခေါ်တဲ့ ဘုရားသခင်ဟာ ပုံသဏ္ဍာန်မရှိ၊ အချိန် ကန့်သတ်ချက်က ကင်းလွတ်တယ်၊ လူသားရဲ့ မျက်စိကနေ မမြင်နိုင်ပါဘူး။

ဆစ်ခ်ကျမ်းစာရဲ့ ပထမဆုံး ဖေါ်ပြချက်က ၁ ဖြစ်ပါတယ်၊ ဆိုလိုတာ ကတော့ စကြဝဠာ ခပ်သိမ်းတို့ရဲ့ အရှင်ဖြစ်ပါတယ်။ ဘုရားသခင် နဲ့ပတ်သက်တဲ့ အယူအဆ ကို IK Onker လို့ ခေါ်ပါတယ်။

အိတ် IK ဆိုတာ ၁ ဖြစ်ခြင်း သို့မဟုတ် တစ်စုတစည်းထဲ ဖြစ်ခြင်း လို့ အဓိပ္ပါယ်ရပြီး ॐ:Om ဆိုတာကတော့ အလွန်အင်မတန် ကြီးကျယ်ခြင်း အထွဋ်အထိပ် ဖြစ်ခြင်း သို့မဟုတ် အမြင့်ဆုံး ဘုရား ဖြစ်ခြင်းလို့ ဆိုပါတယ်။

အတ္တမ ဆိုတာက စကြဝဠာ တစ်ခုလုံး သို့မဟုတ် စနစ်တစ်ခုလုံး ဝိညာဉ်တော် လို့ အဓိပ္ပါယ်ရ ပါတယ်။ kar ကာရ် ဆိုတာက အကြောင်းတရား သို့မဟုတ် ပဲ့ကိုင်ရှင် လို့ဆိုပါတယ်။

ယေဘုယအားဖြင့် IK Onker ဆိုတာ အကြောင်းတရား များရဲ့အစ စကြဝဠာ တစ်ခုလုံးရဲ့ ဝိညာဉ်တော် တစ်ဆူတည်း ဖြစ်တော်မှုသော အရှင် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

နာနတ်က် ရဲ့ အဆိုအရ လူသားဟာ ဘုရားသခင်ကို နှလုံးသားအတွင်း အတွင်းမျက်စိ နဲ့သာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ ယုံကြည်သူတွေဟာ နိဗ်ဗန် ရောက်ဖို့ အတွက် ဉာဏ်စဉ် ပွင့်လင်းဖို့ တရားထိုင်ခြင်းဖြင့် ရောက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဂုရုနာနတ်ဟာ တရားထိုင်ရာကနေ ဘုရားသခင်ဆီက တရားတွေကို ပြန်လည် ဟောကြားခဲ့တာ ဖြစ်ပါတယ်။

ဂုရုဂရန့် ဆာဟိဘ် ကျမ်းစာ
--------------------------------

ဆစ်ခ် တွေရဲ့ ကျမ်းစာ ဖြစ်တဲ့ ၁၁ ခုမြောက်ဂုရု - ဂုရုဂရန့် ဆာဟိဘ် ကို တေးသွားတွေနဲ့ အပိုင်းတွေ ခွဲထားပြီး စာမျက်နှာ ၁၄၃ဝ ရှိပါတယ်။

ကျမ်းစာမှာ အပိုင်း ၂ ပိုင်း ပါရှိပြီး ပထမပိုင်းမှာ ပထမဆုံးဂုရု ဖြစ်တဲ့ ဂုရု နာနတ် ရေးသားချက် တွေဖြစ်တဲ့ မူလ်မန်သာ၊ ဂျပ်ဂျီ နဲ့ ဆိုဟီလာ ဆိုပြီး ကဏ္ဍတွေနဲ့ ဖွဲ့စည်း ထားပါတယ်။

ကျမ်းစာရဲ့ အစဖြစ်တဲ့ မူလ်မန်သာ လို့ခေါ်တဲ့ ကဏ္ဍမှာ ---

"စကြဝဌာကြီးတစ်ခုလုံး ဖြန့်ကျက်လျက် ရှိနေသော တစ်ဆူတည်းသော ဝိညာဉ်တော် နှင့် ပြောင်းလဲမှုမရှိ မူလသစ္စာသည် သူ၏ အမည်နာမတည်း၊ ဖန်ဆင်းမှုတိုင်းတွင် သူသည်ရှိပြီး၊ ကြောက်ရွံ့ခြင်း မရှိ၊ အချိန်အကန့် အသတ်မရှိ ထို့ပြင် ထာဝရ နှင့် မိမိဘာသာ တည်ရှိပြီး၊ သူ့ကို အသင်တို့ သည် ဉာဏ်ပညာနှင့် လေ့လာသင်ယူခြင်း အားဖြင့်သာ သိမြင်နိုင်ပေမည်။ " လို့ ရေးထားပါတယ်။

ဒုတိယပိုင်း ကို တော့ Ragas လို့ခေါ်တဲ့ သံစဉ်တွေနဲ့ စီစဉ်ထားပြီး ဂုရုခြောက်ပါးနဲ့ Bhagets လို့ခေါ်တဲ့ သူတော်စင်တွေက စုစည်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဂုရုနာနတ်
-------------

ဆစ်ခ်ဝါဒကို စတင်ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်က ဂုရုနာနတ် ဆိုတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သူ့ကို ဒီကနေ့ ပါကစ္စတန် နိုင်ငံအတွင်းမှာ ရှိတဲ့ နန်ကာနာ ဆာအီဗ် ဆိုတဲ့ မြို့မှာ ၁၄၆၉ ဧပြီလ ၁၅ ရက် နေ့မှာ ဟိန္ဒူဘာသာဝင် မိဘနှစ်ပါးက မွေးဖွားခဲ့ပါတယ်။

သူတို့ဟာ ကုန်သည် ဇာတ်မျိုးရိုးက ဆင်းသက် လာသူတွေ ဖြစ်ပါတယ်။ သူ့မှာ သူ့ထက် အသက် ၅ နှစ်ကြီးတဲ့ ဘီဘီ နာနာကီ ဆိုတဲ့ အမတစ်ယောက် ရှိပါတယ်။

နာနတ်ဟာ ငယ်စဉ်ကတည်းက ဘုရားသခင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို စိတ်ဝင်စားခဲ့ပါတယ်။ အသက် ၇ နှစ်မှာ သူ့ဖခင်ဟာ ရွာကကျောင်းကို ပို့ခဲ့ပါတယ်။

နာနတ်ဟာ အဲဒီအချိန် ကတည်းက ပါရှန်း/အာရဗီ ဝေါဟာရ ရဲ့ ပထမဆုံး အက္ခရာ အလိဖ် ရဲ့ ထူးခြားတဲ့ မျဉ်းဖြောင့်ကို စုတ်တံ တချက်ထဲ ဆွဲရေးရတဲ့ ရေးပုံကနေ သင်္ချာဗေဒ အရ ၁ သဘော ဆောင်ခြင်းဟာ ဘုရားသခင် တစ်ပါးတည်း ဖြစ်ကြောင်း ဖွင့်ဆိုပြခဲ့တဲ့ အတွက် သူ့ဆရာဟာ အလွန်အမင်း အံအားသင့် သွားခဲ့ပါတယ်။

နာနတ်ဟာ ဆက်လက်ပြီး ပါရှန်း/အာရဗစ် ဘာသာ စကားကိုလဲ မွတ်စလင်မ် ဆရာတွေဆီမှာ တတ်မြောက်ခဲ့ပါတယ်။

အသက် ၁၂ နှစ် အရွယ် ရောက်တဲ့ အချိန်မှာ သူ့ရဲ့ ဖခင်ဟာ သူ့ကို ရူပီး ၂ဝ ပေးပြီး စီပွားရေးတစ်ခု စလုပ်ခိုင်း ခဲ့ပါတယ်။ တကယ်တော့ စီးပွားရေး လုပ်တတ်အောင် သင်ကြားပေးဖို့ ရည်ရွယ်ခဲ့ ပါတယ်။ ဒါပေမဲ့ သူဟာ ဒီငွေတွေကို လမ်းမှာတွေ့တဲ့ သူတော်စင်တွေနဲ့ ဆင်းရဲတဲ့ သူတွေအတွက် အစားအသောက် တွေဝယ်ပြီး ငွေနဲ့ အစားအသောက် အားလုံးကို လှူဒါန်းခဲ့ပါတယ်။ သူ့အဖေက မေးတဲ့အခါ သူက ဒါက စစ်မှန်တဲ့ စီးပွားရေး တစ်ခု လုပ်တာပါလို့ ပြန်လည် အဖြေပေးခဲ့ပါတယ်။

၁၄၇၅ ခုနှစ်မှာ ဘီဘီ နာနာကီဟာ အိမ်ထောင်ကျပြီး ဆူလ်တန်ပူရ် ကို ပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။

နာနတ်ဟာ သူ့ အမနဲ့ အတူ ဆူလ်တန်ပူရ်ကို လိုက်ပြီးနေထိုင် ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာ သူ့ယောက္ဖတော်ရဲ့ အလုပ်ရှင် ဖြစ်တဲ့ ဒေါလတ်ခန်း လိုဒီ ဆီမှာ အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။

၁၄၈၇ ခုနှစ် စက်တင်ဘာလ မှာ မာတာဆူလာခါနီ နဲ့ ဘာတာလာ မြို့မှာ အိမ်ထောင်ပြုခဲ့ပြီး ဆရီချန်ဒ် နဲ့ လရှ်မီးချန်ဒ် ဆိုတဲ့ သား ၂ ယောက် ဖားမြင်ခဲ့ ပါတယ်။

ဆရီချန်ဒ် ဟာ ဂူရုနာနတ်ရဲ့ သင်ကြားမှုတွေကို လက်မခံပဲ ငြင်းဆန်ခဲ့ပြီး ဆစ်ခ် ဘာသာကို စွန့်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဟိန္ဒူဘာသာ ဂိုဏ်းခွဲတစ်ခု ဖြစ်တဲ့အူဒါဆီ ဂိုဏ်းကို ထူထောင်သူ တစ်ဦး ဖြစ်လာပါတယ်။

ဆစ်ခ် ဝါဒ စတင်ခြင်း
-------------------------

လူငယ် နာနတ်ခလေး မှာ ရှိတဲ့ ထူးခြားတဲ့ အရည်အချင်း တွေကို စပြီး သတိပြုမိတဲ့ သူတွေကတော့ ရိုင် ဘူလာ လို့ ခေါ်တဲ့ အရပ်ထဲ က မြေပိုင်ရှင်ကြီး နဲ့ နာနတ် အမ ဘီဘီ နာနတ်တို့ပဲ ဖြစ်ပါတယ်။

တစ်နေ့မှာ နာနတ်ဟာ ကာလီ ဗိန်လို့ခေါ်တဲ့ ချောင်းမှာ ရေသွားချိုးပြီး ပြန်မလာပဲ သူ့ရဲ့ အဝတ်အစား တွေပဲ ချောင်းဘေးနားမှာ ကျန်ခဲ့တာကိုပဲ အရပ်ထဲက သူတွေက တွေ့ခဲ့ပါတယ်။ ဒါကြောင့် ရပ်သူရွာသား တွေက ရေနစ်သွားပြီလို့ ယူဆခဲ့ပါတယ်။ သူ့ရဲ့ အလုပ်ရှင်ဖြစ်တဲ့ လာဟို အုပ်ချုပ်ရေးမှုး ဒေါလတ်ခန်းဟာ ချောင်းထဲကို ရေငုပ် ကယ်ဆယ်တဲ့ သူတွေနဲ့ ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။

အဲဒီလို ပျောက်ဆုံးသွားပြီး ၃ ရက်အကြာမှာ နာနတ်ပြန်လည် ပေါ်ထွက်လာပြီး ငြိမ်သက်စွာ နေခဲ့ပါတယ်။ နောက်တစ်ရက် မှာတော့ နာနတ်ဟာ ယခုလို ကြွေးကြော်ခဲ့ပါတယ်။

"ဟိန္ဒူလဲ မဟုတ် မွတ်စလာမန်(မွတ်စလင်မ်)လဲ မဟုတ်တဲ့ အတွက် ဘယ်လမ်းကို ငါလိုက်ရမလဲ .. ငါဟာ ဘုရားသခင်ရဲ့ လမ်းကို လိုက်ရမည်။ ဘုရားသခင်သည် ဟိန္ဒူလဲ မဟုတ် မွတ်စလာမန်(မွတ်စလင်မ်)လဲ မဟုတ်တဲ့ အတွက် ငါလိုက်သည့် လမ်းသည် ဘုရားသခင်၏ လမ်းသာဖြစ်သည်" ဟု သူက စတင်ပြောကြား ခဲ့ပါတယ်။

နာနတ်ရဲ့ အဆိုအရ သူကို ဘုရားသခင်ရဲ့ တရားစီရင်ရာ နေရာဆီကို ခေါ်ဆောင် သွားခြင်းခံရပြီး နတ်သုဒ္ဓါ တစ်ခွက်ကို တိုက်ကြွေးခြင်း ခံရပြီး အခုလိုမိန့်ကြား ခံရပါတယ် လို့ ဆိုပါတယ်။

"ဒီခွက်ဟာ ဘုရားသခင်ရဲ့ အမည်နဲ့ ချစ်ခင်မှုနဲ့ ပေးတဲ့ခွက် ဖြစ်တယ်။ သောက်လော့၊ ငါသည်အသင်နှင့် အတူရှိသည်။ ငါသည်သင့်ကို ကောင်းချီးပေးသည် ထို့ပြင် ပြုစုပျိုးထောင် တော်မူမည်။ သင့်ကိုသတိရသူ မည်သူမဆိုသည် ငါ၏ မျက်နှာသာ ပေးခြင်းကို ခံရမည်။ သွားလော့၊ ငါ၏ အမည်နာမနှင့် သင်ကြားမှုတို့ကို အခြားသူများ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်ခြင်း ဖြစ်စေလော့၊ ငါ၏ နံမည်အား အသင့်ကို လက်ဆောင်အဖြစ် ငါချီးမြှင့် လိုက်သည်။ ယင်းသည်ပင် သင့်၏ ခေါ်ဆိုမှု ဖြစ်ပါစေ"

အဲဒီအချိန်က စပြီး နာနတ်ကို ဂုရုလို့ သတ်မှတ် ဖေါ်ပြခဲ့ပြီး ဆစ်ခ် ဝါဒ စတင်ပေါ်ပေါက် လာပါတယ်။

အူဒါဆစ် - ခရီးထွက်ခြင်း
-----------------------------

ဂူရုနာနတ် ခရီးသွားခဲ့တဲ့ အကြိမ် အရေအတွက် အတိအကျ နဲ့ ပတ်သက်ပြီး အငြင်းပွား မှုတွေ ရှိနေပေမဲ့ သူရဲ့ ခရီးစဉ် ၄ ခု မှာ ကီလိုမီတာ ထောင်ပေါင်းများစွာ ရောက်ခဲ့ပါတယ်။

ပထမဆုံး ခရီးစဉ်မှာတော့ အရှေ့ဖက် ဘန်ဂေါပြည် အာသံ နဲ့ မဏိပူရ် ဒေသ ၊ ဒုတိယ ခရီးစဉ်မှာ တောင်ဖက် ပိုင်းကို သီရိလင်္ကာ အထိ ရောက်ခဲ့ပါတယ်၊ တတိယ ခရီးစဉ်မှာတော့ မြောက်ပိုင်း ကရှ်မီးယား၊ လာဒက်၊ တိဗက်နဲ့ အာရူနာချလ် ပရဒေရှ့် နောက်ဆုံး ခရီးစဉ်မှာတော့ အနောက်ဖက် ဘဂ္ဂဒက်၊ အာရေဗျ ကျွန်းဆွယ်မှာရှိတဲ့ မက္ကာ နဲ့ မဒီနဟ် တွေကို သွားခဲ့ပါတယ်။

ကမ္ဘာလူသားတွေရဲ့ အကျပ်အတည်း တွေနဲ့ပါတ်သက်ပြီး ဘုရားသခင်ထံက စစ်မှန်တဲ့ သတင်းစကားကို ပို့ဆောင်ပေးဖို့ နာနတ်ဟာ ခရီးတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့လူသား တွေဟာ ဘုန်းကြီးတွေ ပန်ဒစ်တွေ ကာဇီတွေ နဲ့ မွတ်လ္လာတွေ အစရှိတဲ့ ဘာသာရေး ဆရာတွေ ကပေးတဲ့ သတင်းစကားတွေ တစ်ခုနဲ့ တစ်ခု ဝိရောဓိဖြစ်ပြီး ရှုပ်ထွေးနေပါတယ်။

ဒါကြောင့်သူဟာ လူသားအားလုံးထံ သူရဲ့ မြင့်မြတ်တဲ့ တာဝန်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ကြင်နာတတ်မှုတွေကို ဖြန့်ဝေပေးဖို့ ၁၄၉၉ မှာ သတင်းစကားကို စတင်ဟောကြား ခဲ့ပါတယ်။

သူ့ရဲ့ ခရီးစဉ် အများစုဟာ ခြေလျင် သွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ ခရီးစဉ်တွေ တလျောက် ဘိုင်မရ်ဒါနာ လို့ခေါ်တဲ့ သူရဲ့ မွတ်စလင်မ် မိတ်ဆွေ ဂီတ ပညာရှင်က သူနဲ့ အတူ လိုက်ပါခဲ့ပါတယ်။ အရှေ့အနောက် တောင်မြောက် အရပ် လေးမျက်နှာမှာ ရှိတဲ့ ဟိန္ဒူ ၊ မွတ်စလင်မ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဝါဒ ၊ ဆူဖီဝါဒ၊ ယောဂီတွေနဲ့ ဆစ်ဒါလို့ ခေါ်တဲ့ ဆာဒူး တွေရှိတဲ့ နေရာဌာန တော်တော်များများ ဆီကို သွားရောက်လည်ပတ် ခဲ့ပါတယ်။

ဆစ်ခ် ဝါဒ အစနှင့် မဂိုအင်ပါယာ
--------------------------------------

ဆစ်ဝါဒ စတင်ခဲ့တဲ့ အချိန်ဟာ အိန္ဒိယ မြောက်ပိုင်းကို မဂို အင်ပါယာကို ထူထောင်ခဲ့တဲ့ Zahir-ud-din Muhammad Babur မင်းဆက် သိမ်းပိုက်တဲ့ ကာလတစ်ဝိုက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့မြေးဖြစ်တဲ့ အက္ကဘာ ဘုရင်ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို လွန်စွာမှ အလေးပေးခဲ့တဲ့ မင်းတစ်ပါး ဖြစ်ပါတယ်။

သူဟာ ဂုရု အမာဒါစ် တည်ခင်းဧည့်ခံတဲ့ လန်ကာ အလှုပွဲကြီးကို တက်ရောက်ခဲ့ပြီး ဆစ်ဝါဒ ကို ချီးမြှောက်ခဲ့ ပါတယ်။ ဒါ့အပြင် လန်ကာအတွက် မြေကိုလဲ လှုဒါန်းခဲ့ပြီး ဆစ်တွေနဲ့ မဂို တွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ သူ့ကိုဆက်ခံတဲ့ ဂျဟန်ဂီး ဘုရင်လက်ထက်မှာ တော့ ဂျဟန်ဂီးဘုရင်ဟာ ဆစ်ခ် တွေကို နိုင်ငံရေးအရ ချိမ်းခြောက် နိုင်တယ်လို့ ယူဆခဲ့ပါတယ်။
ခွစ်ရူ မီးရ်ဇာ သူပုန်တွေကို ထောက်ခံအားပေး ခဲ့တဲ့အတွက် ဂုရု အရ်ဂျွန်ဒေဗ် Guru Arjun Dev ကို ဖမ်းဆီးဖို့ အမိန့် ထုတ်ခဲ့ပါတယ်။ ဂုရုက သူ့ရဲ့ အမိန့်ကို ဖီဆန်ခဲ့တဲ့ အတွက် ကွက်မျက်ခဲ့ပါတယ်။

Guru Arjun Dev ပြီးနောက် ဆဌမမြောက်ဂုရု အဖြစ် Guru Har Gobind ဂုရု ဟာဂိုဘင်းဒ် ဆက်ခံခဲ့ပါတယ်။ သူဟာ ဆစ်ဘာသာရဲ့ ဗဟိုဌာလို့ ပြောလို့ ရတဲ့ အမရစ်ဆာ ဒေသ ကို ကာကွယ်ဖို့ အတွက် ခံတပ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။

ဂျဟန်ဂီးလ် ဘုရင်ဟာ ဆစ်ခ် တွေကြားမှာ အစိုးရ အာဏာ သက်ရောက်မှု ရှိစေဖို့ အတွက် Guru Har Gobind ကို အုပ်ချုပ်ရေးမြို့တော် Gwalior မှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး သူဟာ အုပ်ချုပ်မှုကို ချိမ်းခြောက်မှု တစ်ရပ် မဖြစ်နိုင်တော့ဟု ယူဆရတဲ့ အချိန် နှစ်အတန်ကြာ နောက်ပိုင်းမှ ပြန်လွှတ်ပေး ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျဟန်ဂီးလ် ဘုရင် ကွယ်လွန်တဲ့အချိန် ၁၆၂၇ ခုနှစ် အထိ ဆစ်ခ် တွေနဲ့ မဂို အင်ပါယာအကြား နောက်ထပ် ပြသနာ ကြီးကြီးမားမား မရှိခဲ့ပါ။

ဂျဟန်ဂီးလ် ရဲ့ သား ရှားဂျဟန် ခေတ်မှာတော့ Guru Har Gobind ရဲ့ အချုပ်အချာကို တိုက်ခိုက်ခဲ့ပြီး အမရစ်ဆာ ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် ဆစ်ခ် တွေဟာ ဟိမဝန္တာ တောင်ခြေ က ဆီဗါလစ် တောင်ကုန်း Sivalik Hills တွေ အထိ ဆုတ်ခွာခဲ့ရ ပါတယ်။

နောက်ထပ် ဂုရုတစ်ယောက် ဖြစ်တဲ့ Guru Har Rai က သူရဲ့ ဂုရုဘွဲ့ကို ဒီတောင်တန်းတွေ ပေါ်ကနေပဲ ခံယူခဲ့ပါတယ်။ တောင်တန်းတွေပေါ်မှာ နေထိုင်ရင်း ဒေသခံတွေက ဆစ်ခ် တွေရဲ့ လယ်မြေတွေကို သိမ်းဖို့ ကြိုးစားမှုတွေကို ကာကွယ်နေ ခဲ့ပါတယ်။

တဖက်မှာ ရှားဂျဟန်ရဲ့ သား ၂ ယောက်ဖြစ်တဲ့ အောရန်ဇဘ် နဲ့ ဒါရာရှီခို တို့ မဂို အင်ပါယာကို ထိမ်းချုပ်ဖို့ အားပြိုင်မှုတွေ ကြားထဲမှာ ဘက်မလိုက်ပဲ နေထိုင်ခဲ့ပါတယ်။

နဝမမြောက် ဂုရု Guru Tegh Bahadur ကတော့ ဆစ်ခ် လု့ အသိုင်းအဝိုင်းကို အာနန္ဒာပူရ် မြို့ကို ပြောင်းရွှေ့ခဲ့ပြီး သူ့အရင် ဂုရု Guru Har Rai ရဲ့သား Ram Rai ကို ဂုရုအဖြစ် တင်ဖို့ကြိုးစားတဲ့ အော်ရန်ဇဘ်ကို ဆန့်ကျင်တဲ့ တရားတွေ ဟောဖို့အတွက် ခရီးရှည် ထွက်ခဲ့ပါတယ်။

သူဟာ ဘာသာ ကူးပြောင်းရေးကို ဆန့်ကျင်တဲ့ ကက်ရှ်မီးရီး ပန်ဒစ် (ဟိန္ဒူ) ဘုန်းကြီးကို အကူအညီပေးရင်း အော်ရန်ဇဘ် ဘုရင်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဘုရင့်အမိန့်ကို မလိုက်နာပဲ ခံယူချက်ကို အသက်နဲ့လဲ ကာကွယ်ခဲ့ပါတယ်။

Guru Gobind Singh နှင့် Khalsa တပ်ဖွဲ့
----------------------------------------------

Guru Gobind Singh ဂုရု ဂိုဘင်ဒ် ဆင်း ဂုရုဘွဲ့ကို ၁၆၇၅ ခုနှစ်မှာ ခံယူခဲ့တယ်လို့ ယူဆကြပါတယ်။ သူဟာ ဆီဗါလစ် တောင်ကုန်းက ရာဂျာတွေ နဲ့ တိုက်ပွဲမဖြစ်အောင် Paunta ဆိုတဲ့ ဒေသကို ပြောင်းရွေ့ ခဲ့ပါတယ်။

အဲဒီနေရာမှာ ခံတပ်ကြီးတစ်ခုကို တည်ဆောက်ခဲ့ပြီး ခံတပ်ကို ကာကွယ်ဖို့ စစ်တပ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ တဖြည်းဖြည်း တိုးပွားလာတဲ့ ဆစ်ဦးရေနဲ့ အင်အားကြောင့် ဆီဗာလစ် တောင်ကုန်း ရာဂျာ ဟာ မြို့တော်ကို ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂုရုဂိုဘင်းဒ်ဆင်းရဲ့ တပ်ဖွဲ့ဟာ ဘန်ဂါနီစစ်ပွဲမှာ ရာဂျာတွေကို အနိုင်တိုက် နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ အနန္ဒပူရ် ကို ပြောင်းရွေ့ခဲ့ပြီး ၁၆၉၉ မတ်လ ၃ဝ မှာ ဆစ်ခ် နောက်လိုက်တွေကို စုစည်းပြီး Khalsa လို့ခေါ်တဲ့ ဆစ်နေရှင်း ကို ထူထောင်ခဲ့ပါတယ်။

ခလ်ဆာ ဟာ အရာရှိတွေ စစ်ဘက်နဲ့ အရပ်ဖက် အာဏာပိုင်တွေ အားလုံးကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ၁၇ဝ၁ ခုနှစ် မှာ ဆီဗာလစ် ရာဂျာတွေနဲ့ မဂိုတွေဟာ ဝါဇီခန်း လက်အောက် စုစည်းပြီး အနန္ဒပူရ် ကို တိုက်ခိုက်ခဲ့ပါတယ်။ ခါလ်ဆာ တပ်ဖွဲ့တွေဟာ ဆုတ်ခွာခဲ့ ရပေမဲ့ ပြန်လည်စုစည်းပြီး မုခ်ဆာ တိုက်ပွဲမှာ မဂိုလ်တွေကို အနိုင်တိုက်နိုင် ခဲ့ပါတယ်။

၁၇ဝ၇ မှာတော့ အော်ရန်ဇဘ်ကို ဆက်ခံတဲ့ ဗဟာဒူးရှား ၁ ဘုရင်ရဲ့ ဖိတ်ခေါ်မှုကို Guru Gobind Singh ဟာ လက်ခံခဲ့ပြီး တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အာဂရာမှာ ၁၇ဝ၇ ဇူလိုင်လ ၂၃မှာ ပြုလုပ်ခဲ့ပါတယ်။ ဂုရုဟာ အင်ပါယာအရှင် ဗဟာဒူးရှားရဲ့ ဂုဏ်ပေးမှုကို ခံခဲ့ရပြီး နိုဝင်္ဘာလအထိ အတူနေထိုင် ခဲ့ပါတယ်။

ဆစ်အင်ပါယာ
-----------------
၁၇ဝ၈ ခုနှစ်မှာ Guru Gobind Singh ဟာ နန်ဒတ်မြို့ကို သွားရောက် လည်ပတ်ခဲ့ပြီး ဘန်ဒါဆင်း ဗဟာဒူးဟာ သူ့ကို ဆက်ခံသူ ဖြစ်လာ ခဲ့ပါတယ်။ ၁၇၁၆ ကနေ ၁၇၉၉ အထိကာလ တွေဟာ ပန်ဂျပ် ဒေသဟာ မဂိုအင်ပါယာကို လုံးလုံး ဆန့်ကျင်ခဲ့ပြီး နိုင်ငံရေးရော စစ်ရေး အရပါ ရှုပ်ထွေးနေ ခဲ့ပါတယ်။

ဒီအခြေအနေမှာ အာဖဂန် တွေရဲ့ ဒူရာနီ အင်ပါယာ က ကြိမ်ဖန်များစွာ ကျူးကျော်ခဲ့မှုတွေကို ဆစ်တွေဟာ တွန်းလှန်ခဲ့ပါတယ်။ မြို့တော် အမရစ်ဆာဟာ မကြာခဏ တိုက်ခိုက်ခံ ခဲ့ရပြီး ၁၈ဝ၁ ခုနှစ်မှာတော့ ဆစ်အင်ပါယာကို ရန်ဂျစ်ဆင်းရဲ့ ဘိသိတ်ခံပွဲကနေ စပြီးထူထောင် နိုင်ခဲ့ပါတယ်။

ဆစ်အင်ပါယာဟာ ပန်ဂျပ်ပြည်နယ်ကနေ အနောက်ဖက် ခိုင်ဘာ တောင်ကြားအထိ၊ မြောက်ဖက်မှာ ကရှ်မီး ဒေသအထိ၊ တောင်ဖက်မှာ ဆင်ဒ် ဒေသ အထိ နဲ့ အရှေ့ဖက်မှာ တိဗက် အထိ ပါဝင်ခဲ့ ပါတယ်။

၁၈၃၉ ခုနှစ်မှာ ရန်ဂျစ်ဆင်း သေဆုံးပြီးနောက် အတွင်းပိုင်း ကွဲပြားမှုတွေနဲ့ နိုင်ငံရေးအရ စီမံခန့်ခွဲမှု လွဲချော်မှုတွေကြောင့် အင်ပါယာဟာ အားချိနဲ့ ခဲ့ရပါတယ်။

ဒါကို အခွင့် ကောင်းယူနိုင် ခဲ့တာကတော့ အင်္ဂလိပ်တွေရဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီဖြစ်ပြီး အင်္ဂလိပ် - ဆစ်ခ် စစ်ပွဲတွေ ဆင်နွဲခဲ့ပါတယ်။

၁၈၄၉ မှာဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ် - ဆစ်ခ် စစ်ပွဲ အပြီးမှာတော့ ဆစ်ခ် အင်ပါယာ ပျက်ပျယ် သွားခဲ့ပြီး ဗြိတိန် ဘုရင်ခံ တစ်ယောက်က လာဟိုကနေ တိုက်ရိုက် အုပ်ချုပ်တဲ့ ဗြိတိသျှ ပန်ဂျပ်ပြည်နယ် ပေါ်ပေါက်လာ ခဲ့ပါတယ်။

Khalsa ခါလ်ဆာ
--------------------

မဂိုအင်ပါယာ အစောပိုင်းကာလ မှာ ဆစ်တွေနဲ့ မဂိုအင်ပါယာ အကြား ပြေလည်ခဲ့ကြပေမဲ့ ဂျဟန်ဂီးဘုရင် လက်ထက်ကနေ စပြီး ဆစ်ခ်တွေဟာ ဘာသာရေးအရ ခွဲခြားဆက်ဆံ ခံရတယ်လို့ ခံယူလာ ခဲ့ပါတယ်။

တဖက်မှာလည်း ဆစ်ခ် တွေရဲ့ အင်အားနဲ့ လူဦးရေ ဟာ မဂိုအင်ပါယာ ကို ချိန်းခြောက်တယ်လို့ မဂိုဘုရင်တွေက မြင်လာခဲ့ရာ ကစပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ ရပါတယ်။

ဆစ်ခ်ဂုရုတွေဟာ ရုပ်ပိုင်းအင်အားကို ပါ စိတ်ပိုင်းအင်အား နဲ့အတူ အရေးပေးလာရပြီး Guru Har Gobind လက်ထက်ကနေစပြီး စစ်အင်အား တည်ဆောက်ခဲ့ ရပါတယ်။ ဂုရု ဂိုဘင်ဒ်ဆင်း လက်ထက်မှာတော့ ခါလ်ဆာလို့ခေါ်တဲ့ လွတ်မြောက်ရေး တပ်ဖွဲ့ကို ဖွဲ့ခဲ့ရပါတယ်။

ခါလ်ဆာ စည်းမျဉ်းတွေအတိုင်း သန့်စင်ခြင်းမင်္ဂလာ ပြုပြီးတဲ့နောက်မှာ အမျိုးသားတွေ ဟာ ဆင်း တွေအဖြစ် အမျိုးသမီးတွေဟာ ခေါ်တွေ အဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။

ခါလ်ဆာ ဆိုတာကတော့ အာရဗီ ဘာသာစကားအရ သန့်စင်စေခြင်း လို့ အဓိပ္ပါယ် ရပါတယ်။

ခါလ်ဆာ စည်းမျဉ်းတွေကို ချမှတ်ခဲ့သူက တော့ Guru Gobind Singh ဖြစ်ပြီး အဲဒီမှာ ဆောင်ရန် ရှောင်ရန်တွေ ပါရှိပါတယ် ။ အကယ်လို့ ဆစ်ခ် တစ်ယောက်ဟာ ခါလ်ဆာရဲ့ ရှောင်ရန် ၄ ခုထဲက ၁ ခုခုကို ကျူးလွန် ဖေါက်ဖျက်ခဲ့ယင် သန့်စင်ခြင်း မင်္ဂလာ ပြန်ခံယူ ရမယ်လို့ သတ်မှတ် ထားရှိပါတယ်။

ရှောင်ရန်
----------

ခါလ်ဆာ စည်းမျဉ်းအရ ရှောင်ရန် ၄ ချက်ရှိပါတယ်။
၁. သဘာဝ အလျောက် ပေါက်နေသော ခန္ဓာကိုယ်မှ အမွေး အမျှင်များကို အနှောက်အယှက် မပြုရ (မရိတ်ရ)
၂. ခူဒါ အသား ( ဂျူးများနှင့် မွတ်စလင်မ် ထုံးစံဖြင့် သတ်သော တိရစ္ဆာန် အသား မစားရ)
၃. မိမိ၏ ဇနီးခင်ပွန်းမှ အပ တခြားသူနှင့် ကာမ ပေါင်းသင်း ဆက်ဆံခြင်း မပြုရ
၄.ဆေးရွက်ကြီး ( ဆေးလိပ် ) နှင့် တမာဂူ ရှုခြင်း မပြုရ

ဆောင်ရန်
------------

ဆစ်ခ် / ခေါ် တွေရဲ့ ယူနီဖေါင်း လို့ဆိုရမယ့် ဆောင်ရန်မှာ က ငါးပါး ပါဝင်ပါတယ်

၁. ကက်ရှ် - ခေါင်း မျက်နှာ နဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ အမွှေးတွေကို မဖြတ်ဘဲ ဆောင်ထားရပါမယ်
၂. ကန်ဂ - သစ်သားနဲ့ပြုလုပ်တဲ့ ဘီးကို ဆောင်ထားရပါမယ်
၃. ကာရာ - သံ လက်ကောက် စွပ်ထားရပါမယ်
၄. ကချီရာ - ချည်အတွင်းခံ တစ်စုံ ဆောင်ထားရပါမယ်
၅. ကစ်ရ်ပန် - ဓါးမြှောင်တစ်ချောင်း ဆောင်ထားရပါမယ်

ဒါတွေဟာ ဆစ်ခ်အယူဝါဒရဲ့ ရိုးသားမှု၊ သာတူညီမျှမှု၊ သစ္စာရှိမှု၊ ဘုရားသခင်ကို အမြဲတမ်း တမ်းတ ဆင်ခြင်နေမှု၊ မတရား ဖိနှိပ်မှုအပေါ် ဘယ်တော့မှ ဦးမညွတ်မှု တွေနဲ့ အားနည်းသူ တွေကို ကူညီခြင်း အကာအကွယ် ပေးခြင်းနဲ့ မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်း အစရှိတဲ့ သဘော တရားတွေကို ဖေါ်ဆောင်ပြီး ကိုယ်စားပြု ဆောင်ထားရတဲ့ အရာတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

ခါလ်ဆာကို စတင်ချမှတ် ခါစမှာ လူမှု အဆင့်အတန်း ကွဲပြားနေမှု တွေကို Guru Gobind Singh က ဖျက်သိမ်းခဲ့တဲ့ အတွက် ဇာတ်နိမ့်တွေဟာ ဇာတ်မြင့်တွေနဲ့ အတူတူ ဖြစ်လာပါတယ်။ ရေအိုး တစ်အိုးထဲ က ရေကို အတူတူ သောက်ကြ ရပါတယ်။

အရင်က ပြုလုပ်ခဲ့တဲ့ မိသားစု အလုပ်အကိုင် ဓလေ့ထုံးစံနဲ့ အခန်းအနား တွေဟာ အသုံးမဝင်ဘူးလို့ ဂုရူက ကြေငြာခဲ့ပြီး ခါလ်ဆာ အားဖြင့်သာ လွတ်မြောက် ကယ်တင်နိုင်ပြီး အောင်မြင်မှု ရနိုင်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို ကြေငြာခဲ့မှု အတွက် ရိုးရာ ကျင့်သုံးကြတဲ့ နောက်လိုက်တွေ အကြားမှာ အဆင်မပြေ ဘူးလို့ ခံစားကြရပြီး ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။

ဒေလီမှာရှိတဲ့ ခါတရီ လို့ခေါ်တဲ့ ဇာတ်စနစ်ကို လက်ခံသူတွေနဲ့ ပန်ဂျာဘ် က ခါလ်ဆာကို လက်ခံသူတွေ အကြား တင်းမာမှုတွေ အစပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ခါတရီ ကောင်စီဟာ ခါလ်ဆာ ကို လက်ခံသူ တွေကို ဖိအားပေးဖို့ ဈေးတွေကို ပိတ်ပြစ်ခဲ့ပါတယ်။ ခါလ်ဆာ လက်ခံသူတွေက ပြည်နယ် အာဏာပိုင်တွေ ရဲ့ အကူအညီနဲ့ ပြန်လည်ဖွင့်လှစ် ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အုပ်စု ၂ စုအကြား ငြိမ်းချမ်းမှု တည်ဆောက်နိုင်ခဲ့ပြီး ဆန်ဂတ်လို့ခေါ်တဲ့ စုစည်းမှု ရခဲ့ပါတယ်။ ဒါပေမဲ့လည်း တချို့ ခါတရီနဲ ခါလ်ဆာ တွေအကြား ရန်လိုမှုတွေ ကတော့ နောက်ပိုင်း နှစ်တွေမှာလည်း ရှိခဲ့ပါတယ်။

No comments:

Post a Comment