မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

ကမၻာ့ယံုၾကည္​ကိုးကြယ္​မႈမ်ား (အစၥလာမ္ဘာသာ)

အစၥလာမ္ဘာသာ


✤ အစၥလာမ္ဘာသာ ✤
--------------------------
တည္ေထာင္သူ
- အာရပ္လူမ်ိဳး မိုဟာမက္။

ေမြးဖြားသည့္ႏွစ္
- ခရစ္ႏွစ္ ၅၇၀ (ေအဒီ ၅၇၀)။

တည္ေထာင္သည့္ႏွစ္
- ခရစ္ႏွစ္ ၆၁၀ (ေအဒီ ၆၁၀)။

မဒီနာသို႔ထြက္ခြာသည့္ႏွစ္
- ခရစ္ႏွစ္ ၆၂၂ (ေအဒီ ၆၂၂)။

ကြယ္လြန္သည့္ႏွစ္
- ခရစ္ႏွစ္ ၆၃၂ (ေအဒီ ၆၃၂)။

စတင္ေပၚေပါက္ရာဌာန
- အာေရဗ် ႏိုင္ငံ၊ မကၠာၿမိဳ႕။

ဘာသာ၏ အထြတ္အထိပ္ပုဂၢိဳလ္
- အလႅာဟ္ဘုရားသခင္။

ပဓာနက်မ္းဂန္
- ကိုရန္က်မ္းျမတ္။

အေျခခံ ယံုၾကည္ခ်က္မ်ား
-----------------------------
"အစၥလာမ္" သည္ အာရဗီ ဘာသာစကား ျဖစ္၏။ "နာခံျခင္း" ဟု အဓိပၸာယ္ရ၏။ အလႅာဟ္ ဘုရားသခင္၏ အမိန္႔ေတာ္ကို နာခံျခင္းကိုပင္ အစၥလာမ္ဟု ေခၚျခင္းျဖစ္သည္။ အလႅာဟ္ ဘုရားသခင္၏ အမိန္႔ေတာ္ကို နာခံသူတိုင္း အစၥလာမ္ ဘာသာကို ကိုးကြယ္ေသာ မူဆလင္မ်ား ျဖစ္ၾကသည္။ ဘာသာကို အစၥလာမ္ ဟုေခၚ၍ ထိုဘာသာ ကိုးကြယ္သူကို မူဆလင္ဟု ေခၚျခင္းျဖစ္သည္။ မိုဟာမက္ တည္ေထာင္ေသာ ဘာသာျဖစ္၍ မဟာေမဒင္ ဘာသာဟုလည္း ေခၚၾကသည္။

ကမ႓ာႀကီးႏွင့္ သတၱဝါေတြကို အလႅာဟ္ အရွင္ျမတ္က ဖန္ဆင္းသည္။ အလႅာဟ္ အရွင္ျမတ္သည္ ကမ႓ာ၏ ပထမဆံုး လူသားအျဖစ္ အာဒမ္ ( Adam ) အမ်ိဳးသား ႏွင့္ ဧဝ ( Eve ) အမ်ိဳးသမီးတို႔ကို ဖန္ဆင္းသည္။ သူတို႔ ႏွစ္ေယာက္ လူသားေတြ ဆက္ကာဆက္ကာ ေပါက္ပြါးလာၾက၏။

အစၥလာမ္ ဘာသာတြင္ ပဓာနအားျဖင့္ ယံုၾကည္ရမည့္ အခ်က္ႀကီးမ်ားမွာ-
ကမ႓ာကို ဖန္ဆင္းအုပ္စိုးေသာ အလႅာဟ္ အရွင္ျမတ္ကို ယံုၾကည္ရမည္။
အလႅာဟ္ ၏ အမိန္႔အတိုင္း ေဆာင္ရြက္ရေသာ ေကာင္းကင္ တမန္မ်ားကို ယံုၾကည္ရမည္။
တမန္ေတာ္ႀကီး၊ တမန္ေတာ္ကေလးမ်ားကို ယံုၾကည္ရမည္။ တမန္ေတာ္ႀကီးမ်ားမွာ အာဒမ္၊ ေနာဧ၊ ေအဗရာဟင္၊ မိုးဇက္၊ ေယ႐ႈတို႔ ျဖစ္ၾကသည္။ မိုဟာမက္မွာ အႀကီးျမတ္ဆံုး တမန္ေတာ္ျဖစ္သည္။
တရား ဆံုးျဖတ္မည့္ေန႔ကို ယံုၾကည္ရမည္။ တရား ဆံုးျဖတ္မည့္ေန႔တြင္ လူေတြအားလံုး ေသရာမွ ျပန္ရွင္လာၾကၿပီး အလႅာဟ္အရွင္ျမတ္ အထံ၌ တရားအဆံုးျဖတ္ ခံရမည္။
တေလာကလံုး ျဖစ္ပ်က္သမွ်သည္ အလႅာဟ္ အရွင္ျမတ္၏ အလိုေတာ္အတိုင္းသာ ျဖစ္ပ်က္ေနျခင္း ျဖစ္သည္။
အစၥလာမ္ ဘာသာ၌ အေျခခံ အခ်က္ႀကီး ငါးခ်က္ရွိသည္။

ယင္းတို႔မွာ-
အလႅာဟ္ အရွင္ျမတ္သည္ တဆူတည္းေသာ ဘုရားသခင္ ျဖစ္သည္။ မိုဟာမက္ သည္ အႀကီးျမတ္ဆံုးေသာ တမန္ေတာ္ ျဖစ္သည္။
တေန႔လွ်င္ ၅ ႀကိမ္ ဘုရား ဝတ္ျပဳရမည္။
ဆင္းရဲသားမ်ားအား ေကၽြးေမြး ေပးကမ္း ရမည္။
ရမ္မဇမ္လ၌ ဥပုသ္ ေစာင့္ရမည္။
ေငြေၾကး တတ္ႏိုင္သူမ်ား ေဆာ္ဒီအာေရဗ် ႏိုင္ငံ မကၠာၿမိဳ႕သို႔ ဘုရားဖူး သြားရမည္။ ( ဟာ့ဂ်္ သြားသည္ ဟု ေခၚၾကသည္။ )
အစၥလာမ္ ဘာသာ၏ အေရးႀကီးလွေသာ သင္ၾကားခ်က္တခုမွာ "႐ုပ္တုကို ႐ွိမခိုးရ၊ မကိုးကြယ္ရ" ဟူ၍ ျဖစ္သည္။

ေပၚေပါက္လာပံု
-------------------
အာေရဗ်ႏိုင္ငံ မကၠာၿမိဳ႕သည္ တမန္ေတာ္ မိုဟာမက္ မေပၚထြြန္းမီ ေအဒီ ၆ ရာစု အစပိုင္းကတည္းက ဘုရားဖူးမ်ားျဖင့္ စည္ကား၏။ ယင္းသို႔ စည္ကားျခင္းမွာ ဘာသာေရး အရ အခ်က္အခ်ာ က်ေသာေၾကာင့္သာ မဟုတ္၊ အေရွ႕ေတာင္ဘက္တြင္ အိႏၵိယျပည္ႏွင့္ ပါးရွားျပည္၊ ေျမာက္ဘက္တြင္ ဆီးရီးယားႏိုင္ငံ၊ အေနာက္ေျမာက္ဘက္တြင္ အီဂ်စ္ ႏိုင္ငံမ်ားရွိရာ ကုန္သြယ္ေရး လမ္းေၾကာင္း ဗဟို၌ တည္ရွိေနသျဖင့္ စီးပြါးေရး အရ အခ်က္အခ်ာ က်ေသာေၾကာင့္လည္း ဤမွ် စည္ကားေနျခင္း ျဖစ္ဟန္တူေပသည္။

ဤ အခ်က္သည္ပင္ အစၥလာမ္ဘာသာ ေပၚထြန္းလာရျခင္း၏ အေၾကာင္း တစိတ္တေဒသ ျဖစ္ႏိုင္ေပသည္။ ႏိုင္ငံရပ္ျခား စီးပြါးေရး သမားမ်ားသည္ ဘာသာေရး သမားမ်ား စုေဝးရာျဖစ္ေသာ ကအာဗာ ဝတ္ေက်ာင္းေတာ္ႏွင့္ အစၥေမးလ္ ၏ ေရၾကည္ေတာ္ တြင္းတို႔၌ လူစည္ကား ေနသည္ကို ေတြ႕ရေသာအခါ စီးပြါးေရး လာဘ္ျမင္သူမ်ား ျဖစ္ၾကသည့္အတိုင္း စီးပြားေရးအရ အျမတ္ထုတ္ၾကျခင္း ျဖစ္ေလသည္။ ထို႔ေၾကာင့္ပင္ မကၠာသည္ ေဈးၿမိဳ႕ ျဖစ္လာ႐ံုမွ်မက ကအာဗာ ဝတ္ေက်ာင္းေတာ္ တဝိုက္သည္လည္း ေဈးရပ္ကြက္သဖြယ္ ျဖစ္လာရဟန္ တူေပသည္။

ဤသို႔ေသာ ေနရာမ်ားသည္ အေပ်ာ္အပါး ေလာင္းကစား သမားမ်ား၊ အမူးသမားမ်ား က်က္စားစရာ ျဖစ္ေပသည္။ လူမ်ိဳးစံုေသာ ေနရာ၌ ကိုးကြယ္မႈ မ်ိဳးစံုလာကာ ကိုးကြယ္စရာ ႐ုပ္တုေတြလည္း မ်ားျပားလာျခင္း ျဖစ္ေပသည္။

ကအာဗာ ဝတ္ေက်ာင္းေတာ္၌ ဘုရားဖူး စည္ကားသည္ကို ေထာက္ဆျခင္းအားျဖင့္ တမန္ေတာ္ မိုဟာမက္ မေပၚထြန္းမီ အခ်ိန္က ဂ်ဴးဘာသာ ခရစ္ယာန္ ဘာသာတို႔ကို ကိုးကြယ္သူ မ်ားၾကဟန္ တူေပသည္။ ဇို႐ိုအက္စတား ဘာသာဝင္မ်ားလည္း မရွိဟု မဆိုႏိုင္ေခ်။ သို႔ေသာ္ အမ်ားစုသည္ စင္ၾကယ္ေသာ ဘာသာတရားကို ကိုးကြယ္ၾကဟန္ မတူေပ။

မိုဟာမက္ ဖြားျမင္ျခင္း
--------------------------
ဤသို႔ေသာ အေျခအေနတြင္ တမန္ေတာ္ မိုဟာမက္ကို ေမြးဖြားလာျခင္း ျဖစ္၏။ သူသည္ မကၠာၿမိဳ႕တြင္ ခရစ္ႏွစ္ ၅၇၀ ခုႏွစ္၌ ဖြားျမင္သူျဖစ္သည္။ မိခင္မွာ အာေမနတ္၊ ဖခင္မွာ အဗၺဒူလာ ျဖစ္သည္။ သူ မေမြးဖြားမီ ကေလးတြင္ ဖခင္ ကြယ္လြန္သြား၍ ဖခင္၏ မ်က္ႏွာကို သူ မျမင္လိုက္ရေပ။ မိခင္သည္လည္း သူေျခာက္ႏွစ္သား အရြယ္တြင္ ကြယ္လြန္သြား၏။ သူ႕ကို သူ႕ ဦးေလး အဘူတလစ္က ေကၽြးေမြး ေစာင့္ေရွာက္ ထားရ၏။

မိုဟာမက္ လူလားေျမာက္လာ ေသာအခါ ဆီးရီးယား ႏိုင္ငံသို႔ ကုလားအုပ္မ်ားျဖင့္ ကုန္ကူးသြားေသာ ကုန္သည္မ်ားကို ဦးေဆာင္လမ္းျပ လုပ္ရ၏။ သူ၏ အလုပ္အကိုင္ ကၽြမ္းက်င္မႈေၾကာင့္ ပစၥည္းခ်မ္းသာလွေသာ ကေလးသံုးေယာက္ မိခင္ မုဆိုးမႀကီး ခဒီဂ်ာက မိုဟာမက္ကို သူ၏ ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ကာ အဆိုပါ ႏိုင္ငံမ်ားသို႔ ကုန္ကူးသန္းရန္ ေစလႊတ္၏။ မိုဟာမက္၏ ကၽြမ္းက်င္မႈ၊ သစၥာရွိမႈ၊ စိတ္ေကာင္းရွိမႈ တို႔ေၾကာင့္ ခဒီဂ်ာက မိုဟာမက္ကို အိမ္ေထာင္ဘက္အျဖစ္ ေရြးလိုက္၏။ ထိုအခ်ိန္၌ ခဒီဂ်ာက အသက္ ၅၀ ရွိၿပီ ျဖစ္၍ မိုဟာမက္က ၂၅ ႏွစ္မွ်သာ ရွိေသး၏။ သို႔ေသာ္ အိမ္ေထာင္ေရး သုခကို ရၾကသည္ဟု ဆို၏။

အစၥလာမ္ဘာသာ၏ အစ
-----------------------------
ခဒီဂ်ာႏွင့္ လက္ထပ္ၿပီးေသာအခါ မိုဟာမက္၌ အခ်ိန္အား ရသျဖင့္ အားလပ္သည့္ အခ်ိန္မ်ားတြင္ တဦးတည္း တိတ္ဆိတ္စြာ ထိုင္လ်က္ တရားႏွလံုးသြင္း ဆင္ျခင္၏။ အထူးသျဖင့္ သူသည္ မကၠာ၏ လက္ရွိ ဘာသာေရး အေျခအေနကို ဘဝင္မက် ႏိုင္သျဖင့္ ဘာသာတရားကို ပိုမို တိုးတက္ ေကာင္းမြန္ေအာင္ ျပဳျပင္ႏိုင္မည့္ နည္းလမ္းကို အျပန္ျပန္ အလွန္လွႏ္ ဆင္ျခင္ သံုးသပ္ ရွာေဖြေန၏။

ထိုသို႔ ဆင္ျခင္ သံုးသပ္ေနစဥ္ တညတြင္ ေကာင္းကင္တမန္ ေဂဗရီယယ္ သူ႕ေရွ႕၌ ေပၚလာၿပီးလွ်င္ ဘုရားသခင္၏ ဗ်ာဒိတ္ေတာ္ကို ေပး၍ အဖတ္ခိုင္း၏။

မိုဟာမက္သည္ ဝမ္းသာအားရႏွင္ အိမ္သို႔ ေျပးသြားၿပီးလွ်င္ သူ၏ ထူးဆန္းေသာ အျဖစ္အပ်က္မ်ားကို သူ႕ဇနီးအားေျပာျပ၏။ ခဒီဂ်ာက အၾကြင္းမဲ့ ယံုၾကည္၏။ ကာလ အတန္ၾကာေသာ္ မိုဟာမက္သည္ သူ႕ကိုယ္သူ ဘုရားသခင္ ေရြးခ်ယ္ေသာ တမန္ေတာ္အျဖစ္ ယံုၾကည္ယူဆကာ သူ႕မိသားစုႏွင့္ ေဆြမ်ိဳးမ်ားကို စ၍ တရားေဟာေတာ့၏။

ဘုရားဖူးသူမ်ားအား တရား စေဟာျခင္း
--------------------------------------------
ေဆြမ်ိဳးမ်ားထဲမွ သူ႕တရားကို ယံုၾကည္လက္ခံသူ အေတာ္မ်ားမ်ား ရွိလာေသာ အခါ ကအာဗာ ဘုရား ဝတ္ေက်ာင္းေတာ္သို႔ သြား၍ ဘုရားဖူး သူမ်ားအား တရားေဟာ ေလသည္။ သူ႕တရားကို "အလႅာဟ္ အရွင္ျမတ္မွတပါး ဘုရားမရွိ၊ မိုဟာမက္ဟာ အလႅာဟ္ အရွင္ျမတ္၏ တမန္ေတာ္ျဖစ္သည္" ဟူေသာ စကားမွ စ၍ ေဟာသည္။ လူေတြက သူ႕တရားကို မယံုၾကည္ ၾက႐ံုမွ်မက သူ႕ကို ေျပာင္ေလွာင္ ရယ္ေမာၾက၏။ သို႔ေသာ္ မိုဟာမက္ကား မေလွ်ာ့။ ဆက္လက္၍ ေဟာၿမဲ ေဟာေလ၏။

မဒီနာသို႔ ေရႊ႕ေျပာင္းရျခင္း
-------------------------------
အတန္ၾကာေသာ္ တမန္ေတာ္ မိုဟာမက္သည္ ႐ုပ္တု ကိုးကြယ္မႈ ဆန္႔က်င္ေရး၊ အရက္ႏွင့္ ေလာင္းကစား ဆန္႔က်င္ေရး တရားမ်ားကိုပါ ေဟာေလသည္။ ကအာဗာ ဝတ္ေက်ာင္း ေတာ္ႏွင့္ အစၥေမးလ္ ေရၾကည္ေတာ္တြင္းကို မွီ၍ စီးပြါးရွာ ေနၾကေသာ စီးပြါးေရး သမားမ်ား၏ မူမမွန္ေသာ လုပ္ရပ္မ်ားကိုပါ ထုတ္ေဖာ္ ထိပါး၍ ေဟာၾကား၏။ ဤတရားမ်ားက တမန္ေတာ္ကို ရန္မ်ားလာေစသည္။

သို႔ႏွင့္ အထိပါးခံရ သူမ်ားသည္ တမန္ေတာ္ကို သတ္ရန္ စီစဥ္ၾက၏။ သူတို႔၏ အစီအစဥ္ကို တမန္ေတာ္ ႀကိဳတင္ သိ၍ သတ္မည့္ညတြင္ ကုလားအုပ္စီးလ်က္ ေနာက္ပါ အခ်ိဳ႕ႏွင့္ အတူ ယသရစ္ၿမိဳ႕သို႕ ေရႊ႕ေျပာင္း လြတ္ေျမာက္သြား၏။ ယသရစ္ၿမိဳ႕ကိုလည္း မဒီနာဟု နာမည္ ေျပာင္းလုိက္၏။

ယင္းသို႔ ထြက္ေျပးသြားေသာ ႏွစ္မ်ာ ခရစ္ႏွစ္ ၆၂၂ ခုႏွစ္ ျဖစ္၏။ ထို အခ်ိန္တြင္ တမန္ေတာ္၏ အသက္ ၅၃ ႏွစ္ရွိေပၿပီ။

ခုႏွစ္ ေရတြက္ပံု အစၥလာမ္ ဘာသာ၌ တမန္ေတာ္ မဒီနာ သို႔ ေရႊ႕ေျပာင္းေသာ ညသည္ အလြန္အေရး ပါလွ၏။ အေၾကာင္းမွာ မိုဟာမက္၏ တရားေတာ္မ်ားကို မဒီနာမွစ၍ ထိေရာက္စြာ ေဟာေျပာ ျဖန္႔ျဖဴးႏိုင္ ေသာေၾကာင့္ ျဖစ္၏။ ထို႔ေၾကာင့္ မူဆလင္တို႔သည္ ခုႏွစ္ကို ေရတြက္လွ်င္ တမန္ေတာ္ မိုဟာမက္ မဒီနာသို႔ ထြက္ခြာေသာ ႏွစ္မွ စ၍ ေရတြက္ၾက၏။ သို႔ျဖစ္ရာ ခရစ္ႏွစ္ ၆၂၂ ခုႏွစ္သည္ မူဆလင္တို႔ ဟိဂ်ရိ ႏွစ္အရ ၁ ႏွစ္ ျဖစ္ေလသည္။

ဗုဒၶသာသနာႏွစ္ ေရတြက္ပံုမွာ ဗုဒၶျမတ္စြာ ပရိနိဗၺာန္စံေသာ ႏွစ္မွ စ၍ ေရတြက္၏။ ကမ႓ာသံုး ခရစ္ႏွစ္ ေရတြက္ပံုမွာ ေယ႐ႈခရစ္ ေမြးဖြားေသာ ႏွစ္မွ စ၍ ေရတြက္၏။ ထို႔ေၾကာင့္ ေယ႐ႈခရစ္ မေမြးဖြားမီ ႏွစ္မ်ားကို (B.C) ဟု အတိုေကာက္ ေရး၍ ေမြးဖြားၿပီးေနာက္ ႏွစ္မ်ားကို (A.D) ဟု အတိုေကာက္ ေရးၾက၏။

တိုက္ယင္း ျဖန္႔
-------------------
မဒီနာၿမိဳ႕၌ တမန္ေတာ္ မိုဟာမက္၏ တရားမ်ားကို လူ အမ်ားအျပား ယံုၾကည္ လက္ခံၾက၏။ ဂ်ဴးတို႔ကမူ လက္မခံၾကေခ်။ မိုဟာမက္ ကို မဒီနာၿမိဳ႕သားတို႔ ေလးစား ခ်စ္ခင္ၾက၏။ ၿမိဳ႕၏ အႀကီးအကဲ အျဖစ္ တင္ေျမႇာက္ၾက၏။

မကၠာမွ တမန္ေတာ္၏ ရန္သူမ်ားသည္ တမန္ေတာ္ကို မဒီနာအထိ လိုက္၍ သတ္ရန္ စီစဥ္ၾက၏။ သူသည္ ထိုရန္ကို ခုခံ တြန္းလွန္ႏိုင္ရန္ စစ္သားမ်ား စုေဆာင္း၍ စစ္တပ္ ဖြဲ႕လိုက္ၿပီးလွ်င္ ရန္သူမ်ားႏွင့္ ရင္ဆိုင္ တိုက္ခုိက္ခဲ့ရာ တျဖည္းျဖည္း စစ္ပြဲအျဖစ္ ေရာက္သြားေတာ့၏။ စစ္ပြဲေပါင္း မ်ားစြာတြင္ တမန္ေတာ္၏ တပ္သားမ်ားက ေအာင္ႏိုင္ၾက၏။ ဤ နည္းျဖင့္ မိုဟာမက္သည္ အစၥလာမ္ သာသနာကို တည္ေထာင္ ျဖန္႔ျဖဴးရ၏။ မကၠာကိုကား မသြားႏိုင္ေသးေပ။

ေအာင္ပြဲ
----------
ခရစ္ႏွစ္ ၆၃၀ ခုႏွစ္၊ တိဂ်ရိ (အစၥလာမ္ႏွစ္) ၈ ႏွစ္ေျမာက္ေသာအခါ မိုဟာမက္သည္ တပ္သားတေသာင္း ပါဝင္ေသာ တပ္မႀကီးျဖင့္ မကၠာသို႔ ခ်ီတက္သြားရာ မကၠာ ၿမိဳ႕သားတို႔က ေၾကာက္လန္႔၍ ၿမိဳ႕မွ ထြက္ေျပးၾက၏။ တမန္ေတာ္သည္ မည္သူ႕ကိုမွ် ရန္မျပဳပဲ ကအာဗာ ဝတ္ေက်ာင္းေတာ္သို႔သာ တန္းတန္း မတ္မတ္ ခ်ီတက္သြားၿပီးလွ်င္ သံုးရာေျခာက္ဆယ္ေသာ ႐ုပ္တုတို႔ကို ဖ်က္ဆီး ေစၿပီးေနာက္ ေအးေဆးစြာ ဘုရားဝတ္ျပဳ ေနေလ၏။

ဟာ့ဂ်္ သြားျခင္း၏ ရည္ရြယ္ခ်က္ ကအာဗာ (Kaaba) ဆိုသည္မွာ ေက်ာက္တံုးနက္ ျဖစ္၏။ ယင္း ေက်ာက္တံုးနက္ကို ကမ႓ာဦးလူ တမန္ေတာ္ အာဒမ္က ေကာင္းကင္ဘံုမွ ယူခဲ့ၿပီးလွ်င္ ဤမကၠာၿမိဳ႕ ျဖစ္လာမည့္ ေနရာ၌ ေက်ာင္းေဆာက္ကာ သိမ္းဆီးထားခဲ့ျခင္း ျဖစ္သည္ဆို၏။ မကၠာသို႔ ကမ႓ာ့ႏိုင္ငံ အႏွ႔ံအျပားမွ ဘုရားဖူး သြားၾကသူမ်ားသည္ ဤ ေက်ာက္တံုးနက္ကုိ ဖူးေျမာ္ရန္ သြားၾကျခင္း ျဖစ္သည္။ အျခား ဝတ္ျပဳမႈေတြ ရွိေသးေသာ္လည္း ဤေက်ာက္တံုးနက္သည္ လိုရင္း ျဖစ္သည္ဆို၏။

မကၠာ ၿမိဳ႕သားတို႔သည္ မိုဟာမက္ ရန္ျပဳရန္ လာျခင္း မဟုတ္ေၾကာင္း သိၾကေသာအခါ ၿမိဳ႕သို႔ ျပန္လာၿပီးလွ်င္ မိုဟာမက္ထံ စုေဝး ေရာက္လာၾက၏။ တမန္ေတာ္က ဆံုးမ ဩဝါဒစကား ေျပာၾကားၿပီးလွ်င္ တရားေဟာ၏။ ၿမိဳ႕သား အမ်ားစု ေက်ေက်နပ္နပ္ျဖင့္ တမန္ေတာ္၏ တရားကို ယံုၾကည္ လက္ခံၾက၍ မူဆလင္ေတြ ျဖစ္လာၾက၏။

ေနာက္ဆံုး ဩဝါဒ
---------------------
တမန္ေတာ္ မိုဟာမက္သည္ စစ္သား တေယာက္မွ် မကၠာတြင္ ခ်န္မထားခဲ့ပဲ မဒီနာသို႔ ေအးေဆးစြာ ျပန္ခဲ့၏။ ေနာင္ ၂ ႏွစ္ အၾကာတြင္ မကၠာသို႔ ဘုရားဖူး တဖန္ သြားျပန္ၿပီးေနာက္ မဒီနာသို႔ ျပန္ေရာက္ေသာအခါ တပည့္တို႔ကိုေခၚ၍ ေနာက္ဆံုး ဩဝါဒကို ေပးေလသည္။ ယင္း ဩဝါဒမွာ "အလႅာဟ္ အရွင္ျမတ္ကို ယံုၾကည္ရမည္။ ႐ုပ္တုကို ဘယ္ေတာ့မွ မကိုးကြယ္ရ။ ဆင္းရဲသူမ်ားကို သနားၾကင္နာရမည္။ အလုပ္သမားကို သူ၏ ကိုယ္မွ ေခၽြးမေျခာက္မီ သူ၏ လုပ္ခကို ေပးရမည္" ဟု စေသာ ေဟာေနက် တရားမ်ားပင္ ျဖစ္၏။

သံုးလ ၾကာေသာအခါ အသက္ ၆၃ ႏွစ္ အရြယ္တြင္ တမန္ေတာ္ မိုဟာမက္သည္ အလႅာဟ္အရွင္ျမတ္၏ အမိန္႔ေတာ္ကို နာခံသြားေလသည္။
.
Credit: original writer
ဗဟုသုတ​ေက်းရြာ
credit : Knowledge Village KV
===============================

✤ အစ္စလာမ်ဘာသာ ✤
-----------------------------
တည်ထောင်သူ
- အာရပ်လူမျိုး မိုဟာမက်။

မွေးဖွားသည့်နှစ်
- ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀)။

တည်ထောင်သည့်နှစ်
- ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀)။

မဒီနာသို့ထွက်ခွာသည့်နှစ်
- ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂)။

ကွယ်လွန်သည့်နှစ်
- ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂)။

စတင်ပေါ်ပေါက်ရာဌာန
- အာရေဗျ နိုင်ငံ၊ မက္ကာမြို့။

ဘာသာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်
- အလ္လာဟ်ဘုရားသခင်။

ပဓာနကျမ်းဂန်
- ကိုရန်ကျမ်းမြတ်။

အခြေခံ ယုံကြည်ချက်များ
-----------------------------
"အစ္စလာမ်" သည် အာရဗီ ဘာသာစကား ဖြစ်၏။ "နာခံခြင်း" ဟု အဓိပ္ပာယ်ရ၏။ အလ္လာဟ် ဘုရားသခင်၏ အမိန့်တော်ကို နာခံခြင်းကိုပင် အစ္စလာမ်ဟု ခေါ်ခြင်းဖြစ်သည်။ အလ္လာဟ် ဘုရားသခင်၏ အမိန့်တော်ကို နာခံသူတိုင်း အစ္စလာမ် ဘာသာကို ကိုးကွယ်သော မူဆလင်များ ဖြစ်ကြသည်။ ဘာသာကို အစ္စလာမ် ဟုခေါ်၍ ထိုဘာသာ ကိုးကွယ်သူကို မူဆလင်ဟု ခေါ်ခြင်းဖြစ်သည်။ မိုဟာမက် တည်ထောင်သော ဘာသာဖြစ်၍ မဟာမေဒင် ဘာသာဟုလည်း ခေါ်ကြသည်။

ကမ္ဘာကြီးနှင့် သတ္တဝါတွေကို အလ္လာဟ် အရှင်မြတ်က ဖန်ဆင်းသည်။ အလ္လာဟ် အရှင်မြတ်သည် ကမ္ဘာ၏ ပထမဆုံး လူသားအဖြစ် အာဒမ် ( Adam ) အမျိုးသား နှင့် ဧဝ ( Eve ) အမျိုးသမီးတို့ကို ဖန်ဆင်းသည်။ သူတို့ နှစ်ယောက် လူသားတွေ ဆက်ကာဆက်ကာ ပေါက်ပွါးလာကြ၏။

အစ္စလာမ် ဘာသာတွင် ပဓာနအားဖြင့် ယုံကြည်ရမည့် အချက်ကြီးများမှာ-
ကမ္ဘာကို ဖန်ဆင်းအုပ်စိုးသော အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။
အလ္လာဟ် ၏ အမိန့်အတိုင်း ဆောင်ရွက်ရသော ကောင်းကင် တမန်များကို ယုံကြည်ရမည်။
တမန်တော်ကြီး၊ တမန်တော်ကလေးများကို ယုံကြည်ရမည်။ တမန်တော်ကြီးများမှာ အာဒမ်၊ နောဧ၊ အေဗရာဟင်၊ မိုးဇက်၊ ယေရှုတို့ ဖြစ်ကြသည်။ မိုဟာမက်မှာ အကြီးမြတ်ဆုံး တမန်တော်ဖြစ်သည်။
တရား ဆုံးဖြတ်မည့်နေ့ကို ယုံကြည်ရမည်။ တရား ဆုံးဖြတ်မည့်နေ့တွင် လူတွေအားလုံး သေရာမှ ပြန်ရှင်လာကြပြီး အလ္လာဟ်အရှင်မြတ် အထံ၌ တရားအဆုံးဖြတ် ခံရမည်။
တလောကလုံး ဖြစ်ပျက်သမျှသည် အလ္လာဟ် အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
အစ္စလာမ် ဘာသာ၌ အခြေခံ အချက်ကြီး ငါးချက်ရှိသည်။

ယင်းတို့မှာ-
အလ္လာဟ် အရှင်မြတ်သည် တဆူတည်းသော ဘုရားသခင် ဖြစ်သည်။ မိုဟာမက် သည် အကြီးမြတ်ဆုံးသော တမန်တော် ဖြစ်သည်။
တနေ့လျှင် ၅ ကြိမ် ဘုရား ဝတ်ပြုရမည်။
ဆင်းရဲသားများအား ကျွေးမွေး ပေးကမ်း ရမည်။
ရမ်မဇမ်လ၌ ဥပုသ် စောင့်ရမည်။
ငွေကြေး တတ်နိုင်သူများ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူး သွားရမည်။ ( ဟာ့ဂျ် သွားသည် ဟု ခေါ်ကြသည်။ )
အစ္စလာမ် ဘာသာ၏ အရေးကြီးလှသော သင်ကြားချက်တခုမှာ "ရုပ်တုကို ရှိမခိုးရ၊ မကိုးကွယ်ရ" ဟူ၍ ဖြစ်သည်။

ပေါ်ပေါက်လာပုံ
-------------------
အာရေဗျနိုင်ငံ မက္ကာမြို့သည် တမန်တော် မိုဟာမက် မပေါ်ထွန်းမီ အေဒီ ၆ ရာစု အစပိုင်းကတည်းက ဘုရားဖူးများဖြင့် စည်ကား၏။ ယင်းသို့ စည်ကားခြင်းမှာ ဘာသာရေး အရ အချက်အချာ ကျသောကြောင့်သာ မဟုတ်၊ အရှေ့တောင်ဘက်တွင် အိန္ဒိယပြည်နှင့် ပါးရှားပြည်၊ မြောက်ဘက်တွင် ဆီးရီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် အီဂျစ် နိုင်ငံများရှိရာ ကုန်သွယ်ရေး လမ်းကြောင်း ဗဟို၌ တည်ရှိနေသဖြင့် စီးပွါးရေး အရ အချက်အချာ ကျသောကြောင့်လည်း ဤမျှ စည်ကားနေခြင်း ဖြစ်ဟန်တူပေသည်။

ဤ အချက်သည်ပင် အစ္စလာမ်ဘာသာ ပေါ်ထွန်းလာရခြင်း၏ အကြောင်း တစိတ်တဒေသ ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြား စီးပွါးရေး သမားများသည် ဘာသာရေး သမားများ စုဝေးရာဖြစ်သော ကအာဗာ ဝတ်ကျောင်းတော်နှင့် အစ္စမေးလ် ၏ ရေကြည်တော် တွင်းတို့၌ လူစည်ကား နေသည်ကို တွေ့ရသောအခါ စီးပွါးရေး လာဘ်မြင်သူများ ဖြစ်ကြသည့်အတိုင်း စီးပွားရေးအရ အမြတ်ထုတ်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် မက္ကာသည် ဈေးမြို့ ဖြစ်လာရုံမျှမက ကအာဗာ ဝတ်ကျောင်းတော် တဝိုက်သည်လည်း ဈေးရပ်ကွက်သဖွယ် ဖြစ်လာရဟန် တူပေသည်။

ဤသို့သော နေရာများသည် အပျော်အပါး လောင်းကစား သမားများ၊ အမူးသမားများ ကျက်စားစရာ ဖြစ်ပေသည်။ လူမျိုးစုံသော နေရာ၌ ကိုးကွယ်မှု မျိုးစုံလာကာ ကိုးကွယ်စရာ ရုပ်တုတွေလည်း များပြားလာခြင်း ဖြစ်ပေသည်။

ကအာဗာ ဝတ်ကျောင်းတော်၌ ဘုရားဖူး စည်ကားသည်ကို ထောက်ဆခြင်းအားဖြင့် တမန်တော် မိုဟာမက် မပေါ်ထွန်းမီ အချိန်က ဂျူးဘာသာ ခရစ်ယာန် ဘာသာတို့ကို ကိုးကွယ်သူ များကြဟန် တူပေသည်။ ဇိုရိုအက်စတား ဘာသာဝင်များလည်း မရှိဟု မဆိုနိုင်ချေ။ သို့သော် အများစုသည် စင်ကြယ်သော ဘာသာတရားကို ကိုးကွယ်ကြဟန် မတူပေ။

မိုဟာမက် ဖွားမြင်ခြင်း
--------------------------
ဤသို့သော အခြေအနေတွင် တမန်တော် မိုဟာမက်ကို မွေးဖွားလာခြင်း ဖြစ်၏။ သူသည် မက္ကာမြို့တွင် ခရစ်နှစ် ၅၇၀ ခုနှစ်၌ ဖွားမြင်သူဖြစ်သည်။ မိခင်မှာ အာမေနတ်၊ ဖခင်မှာ အဗ္ဗဒူလာ ဖြစ်သည်။ သူ မမွေးဖွားမီ ကလေးတွင် ဖခင် ကွယ်လွန်သွား၍ ဖခင်၏ မျက်နှာကို သူ မမြင်လိုက်ရပေ။ မိခင်သည်လည်း သူခြောက်နှစ်သား အရွယ်တွင် ကွယ်လွန်သွား၏။ သူ့ကို သူ့ ဦးလေး အဘူတလစ်က ကျွေးမွေး စောင့်ရှောက် ထားရ၏။

မိုဟာမက် လူလားမြောက်လာ သောအခါ ဆီးရီးယား နိုင်ငံသို့ ကုလားအုပ်များဖြင့် ကုန်ကူးသွားသော ကုန်သည်များကို ဦးဆောင်လမ်းပြ လုပ်ရ၏။ သူ၏ အလုပ်အကိုင် ကျွမ်းကျင်မှုကြောင့် ပစ္စည်းချမ်းသာလှသော ကလေးသုံးယောက် မိခင် မုဆိုးမကြီး ခဒီဂျာက မိုဟာမက်ကို သူ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကာ အဆိုပါ နိုင်ငံများသို့ ကုန်ကူးသန်းရန် စေလွှတ်၏။ မိုဟာမက်၏ ကျွမ်းကျင်မှု၊ သစ္စာရှိမှု၊ စိတ်ကောင်းရှိမှု တို့ကြောင့် ခဒီဂျာက မိုဟာမက်ကို အိမ်ထောင်ဘက်အဖြစ် ရွေးလိုက်၏။ ထိုအချိန်၌ ခဒီဂျာက အသက် ၅၀ ရှိပြီ ဖြစ်၍ မိုဟာမက်က ၂၅ နှစ်မျှသာ ရှိသေး၏။ သို့သော် အိမ်ထောင်ရေး သုခကို ရကြသည်ဟု ဆို၏။

အစ္စလာမ်ဘာသာ၏ အစ
-----------------------------
ခဒီဂျာနှင့် လက်ထပ်ပြီးသောအခါ မိုဟာမက်၌ အချိန်အား ရသဖြင့် အားလပ်သည့် အချိန်များတွင် တဦးတည်း တိတ်ဆိတ်စွာ ထိုင်လျက် တရားနှလုံးသွင်း ဆင်ခြင်၏။ အထူးသဖြင့် သူသည် မက္ကာ၏ လက်ရှိ ဘာသာရေး အခြေအနေကို ဘဝင်မကျ နိုင်သဖြင့် ဘာသာတရားကို ပိုမို တိုးတက် ကောင်းမွန်အောင် ပြုပြင်နိုင်မည့် နည်းလမ်းကို အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ် ရှာဖွေနေ၏။

ထိုသို့ ဆင်ခြင် သုံးသပ်နေစဉ် တညတွင် ကောင်းကင်တမန် ဂေဗရီယယ် သူ့ရှေ့၌ ပေါ်လာပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ပေး၍ အဖတ်ခိုင်း၏။

မိုဟာမက်သည် ဝမ်းသာအားရနှင် အိမ်သို့ ပြေးသွားပြီးလျှင် သူ၏ ထူးဆန်းသော အဖြစ်အပျက်များကို သူ့ဇနီးအားပြောပြ၏။ ခဒီဂျာက အကြွင်းမဲ့ ယုံကြည်၏။ ကာလ အတန်ကြာသော် မိုဟာမက်သည် သူ့ကိုယ်သူ ဘုရားသခင် ရွေးချယ်သော တမန်တော်အဖြစ် ယုံကြည်ယူဆကာ သူ့မိသားစုနှင့် ဆွေမျိုးများကို စ၍ တရားဟောတော့၏။

ဘုရားဖူးသူများအား တရား စဟောခြင်း
--------------------------------------------
ဆွေမျိုးများထဲမှ သူ့တရားကို ယုံကြည်လက်ခံသူ အတော်များများ ရှိလာသော အခါ ကအာဗာ ဘုရား ဝတ်ကျောင်းတော်သို့ သွား၍ ဘုရားဖူး သူများအား တရားဟော လေသည်။ သူ့တရားကို "အလ္လာဟ် အရှင်မြတ်မှတပါး ဘုရားမရှိ၊ မိုဟာမက်ဟာ အလ္လာဟ် အရှင်မြတ်၏ တမန်တော်ဖြစ်သည်" ဟူသော စကားမှ စ၍ ဟောသည်။ လူတွေက သူ့တရားကို မယုံကြည် ကြရုံမျှမက သူ့ကို ပြောင်လှောင် ရယ်မောကြ၏။ သို့သော် မိုဟာမက်ကား မလျှော့။ ဆက်လက်၍ ဟောမြဲ ဟောလေ၏။

မဒီနာသို့ ရွှေ့ပြောင်းရခြင်း
-------------------------------
အတန်ကြာသော် တမန်တော် မိုဟာမက်သည် ရုပ်တု ကိုးကွယ်မှု ဆန့်ကျင်ရေး၊ အရက်နှင့် လောင်းကစား ဆန့်ကျင်ရေး တရားများကိုပါ ဟောလေသည်။ ကအာဗာ ဝတ်ကျောင်း တော်နှင့် အစ္စမေးလ် ရေကြည်တော်တွင်းကို မှီ၍ စီးပွါးရှာ နေကြသော စီးပွါးရေး သမားများ၏ မူမမှန်သော လုပ်ရပ်များကိုပါ ထုတ်ဖော် ထိပါး၍ ဟောကြား၏။ ဤတရားများက တမန်တော်ကို ရန်များလာစေသည်။

သို့နှင့် အထိပါးခံရ သူများသည် တမန်တော်ကို သတ်ရန် စီစဉ်ကြ၏။ သူတို့၏ အစီအစဉ်ကို တမန်တော် ကြိုတင် သိ၍ သတ်မည့်ညတွင် ကုလားအုပ်စီးလျက် နောက်ပါ အချို့နှင့် အတူ ယသရစ်မြို့သို့ ရွှေ့ပြောင်း လွတ်မြောက်သွား၏။ ယသရစ်မြို့ကိုလည်း မဒီနာဟု နာမည် ပြောင်းလိုက်၏။

ယင်းသို့ ထွက်ပြေးသွားသော နှစ်မျာ ခရစ်နှစ် ၆၂၂ ခုနှစ် ဖြစ်၏။ ထို အချိန်တွင် တမန်တော်၏ အသက် ၅၃ နှစ်ရှိပေပြီ။

ခုနှစ် ရေတွက်ပုံ အစ္စလာမ် ဘာသာ၌ တမန်တော် မဒီနာ သို့ ရွှေ့ပြောင်းသော ညသည် အလွန်အရေး ပါလှ၏။ အကြောင်းမှာ မိုဟာမက်၏ တရားတော်များကို မဒီနာမှစ၍ ထိရောက်စွာ ဟောပြော ဖြန့်ဖြူးနိုင် သောကြောင့် ဖြစ်၏။ ထို့ကြောင့် မူဆလင်တို့သည် ခုနှစ်ကို ရေတွက်လျှင် တမန်တော် မိုဟာမက် မဒီနာသို့ ထွက်ခွာသော နှစ်မှ စ၍ ရေတွက်ကြ၏။ သို့ဖြစ်ရာ ခရစ်နှစ် ၆၂၂ ခုနှစ်သည် မူဆလင်တို့ ဟိဂျရိ နှစ်အရ ၁ နှစ် ဖြစ်လေသည်။

ဗုဒ္ဓသာသနာနှစ် ရေတွက်ပုံမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသော နှစ်မှ စ၍ ရေတွက်၏။ ကမ္ဘာသုံး ခရစ်နှစ် ရေတွက်ပုံမှာ ယေရှုခရစ် မွေးဖွားသော နှစ်မှ စ၍ ရေတွက်၏။ ထို့ကြောင့် ယေရှုခရစ် မမွေးဖွားမီ နှစ်များကို (B.C) ဟု အတိုကောက် ရေး၍ မွေးဖွားပြီးနောက် နှစ်များကို (A.D) ဟု အတိုကောက် ရေးကြ၏။

တိုက်ယင်း ဖြန့်
-------------------
မဒီနာမြို့၌ တမန်တော် မိုဟာမက်၏ တရားများကို လူ အများအပြား ယုံကြည် လက်ခံကြ၏။ ဂျူးတို့ကမူ လက်မခံကြချေ။ မိုဟာမက် ကို မဒီနာမြို့သားတို့ လေးစား ချစ်ခင်ကြ၏။ မြို့၏ အကြီးအကဲ အဖြစ် တင်မြှောက်ကြ၏။

မက္ကာမှ တမန်တော်၏ ရန်သူများသည် တမန်တော်ကို မဒီနာအထိ လိုက်၍ သတ်ရန် စီစဉ်ကြ၏။ သူသည် ထိုရန်ကို ခုခံ တွန်းလှန်နိုင်ရန် စစ်သားများ စုဆောင်း၍ စစ်တပ် ဖွဲ့လိုက်ပြီးလျှင် ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ တဖြည်းဖြည်း စစ်ပွဲအဖြစ် ရောက်သွားတော့၏။ စစ်ပွဲပေါင်း များစွာတွင် တမန်တော်၏ တပ်သားများက အောင်နိုင်ကြ၏။ ဤ နည်းဖြင့် မိုဟာမက်သည် အစ္စလာမ် သာသနာကို တည်ထောင် ဖြန့်ဖြူးရ၏။ မက္ကာကိုကား မသွားနိုင်သေးပေ။

အောင်ပွဲ
----------
ခရစ်နှစ် ၆၃၀ ခုနှစ်၊ တိဂျရိ (အစ္စလာမ်နှစ်) ၈ နှစ်မြောက်သောအခါ မိုဟာမက်သည် တပ်သားတသောင်း ပါဝင်သော တပ်မကြီးဖြင့် မက္ကာသို့ ချီတက်သွားရာ မက္ကာ မြို့သားတို့က ကြောက်လန့်၍ မြို့မှ ထွက်ပြေးကြ၏။ တမန်တော်သည် မည်သူ့ကိုမျှ ရန်မပြုပဲ ကအာဗာ ဝတ်ကျောင်းတော်သို့သာ တန်းတန်း မတ်မတ် ချီတက်သွားပြီးလျှင် သုံးရာခြောက်ဆယ်သော ရုပ်တုတို့ကို ဖျက်ဆီး စေပြီးနောက် အေးဆေးစွာ ဘုရားဝတ်ပြု နေလေ၏။

ဟာ့ဂျ် သွားခြင်း၏ ရည်ရွယ်ချက် ကအာဗာ (Kaaba) ဆိုသည်မှာ ကျောက်တုံးနက် ဖြစ်၏။ ယင်း ကျောက်တုံးနက်ကို ကမ္ဘာဦးလူ တမန်တော် အာဒမ်က ကောင်းကင်ဘုံမှ ယူခဲ့ပြီးလျှင် ဤမက္ကာမြို့ ဖြစ်လာမည့် နေရာ၌ ကျောင်းဆောက်ကာ သိမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဆို၏။ မက္ကာသို့ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ဘုရားဖူး သွားကြသူများသည် ဤ ကျောက်တုံးနက်ကို ဖူးမြော်ရန် သွားကြခြင်း ဖြစ်သည်။ အခြား ဝတ်ပြုမှုတွေ ရှိသေးသော်လည်း ဤကျောက်တုံးနက်သည် လိုရင်း ဖြစ်သည်ဆို၏။

မက္ကာ မြို့သားတို့သည် မိုဟာမက် ရန်ပြုရန် လာခြင်း မဟုတ်ကြောင်း သိကြသောအခါ မြို့သို့ ပြန်လာပြီးလျှင် မိုဟာမက်ထံ စုဝေး ရောက်လာကြ၏။ တမန်တော်က ဆုံးမ ဩဝါဒစကား ပြောကြားပြီးလျှင် တရားဟော၏။ မြို့သား အများစု ကျေကျေနပ်နပ်ဖြင့် တမန်တော်၏ တရားကို ယုံကြည် လက်ခံကြ၍ မူဆလင်တွေ ဖြစ်လာကြ၏။

နောက်ဆုံး ဩဝါဒ
---------------------
တမန်တော် မိုဟာမက်သည် စစ်သား တယောက်မျှ မက္ကာတွင် ချန်မထားခဲ့ပဲ မဒီနာသို့ အေးဆေးစွာ ပြန်ခဲ့၏။ နောင် ၂ နှစ် အကြာတွင် မက္ကာသို့ ဘုရားဖူး တဖန် သွားပြန်ပြီးနောက် မဒီနာသို့ ပြန်ရောက်သောအခါ တပည့်တို့ကိုခေါ်၍ နောက်ဆုံး ဩဝါဒကို ပေးလေသည်။ ယင်း ဩဝါဒမှာ "အလ္လာဟ် အရှင်မြတ်ကို ယုံကြည်ရမည်။ ရုပ်တုကို ဘယ်တော့မှ မကိုးကွယ်ရ။ ဆင်းရဲသူများကို သနားကြင်နာရမည်။ အလုပ်သမားကို သူ၏ ကိုယ်မှ ချွေးမခြောက်မီ သူ၏ လုပ်ခကို ပေးရမည်" ဟု စသော ဟောနေကျ တရားများပင် ဖြစ်၏။

သုံးလ ကြာသောအခါ အသက် ၆၃ နှစ် အရွယ်တွင် တမန်တော် မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားလေသည်။
.

No comments:

Post a Comment