မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, July 5, 2020

စက္တပ္ယာဥ္ေတြ ေမာင္းႏွင္ခြင့္မရွိတဲ့ US က တစ္ခုတည္းေသာ အေဝးေျပးလမ္း

စက္တပ္ယာဥ္ေတြ ေမာင္းႏွင္ခြင့္မရွိတဲ့
US က တစ္ခုတည္းေသာ အေဝးေျပးလမ္း
-------------------------------------------------

အေမရိကန္ႏုိင္ငံ မီခ်ီကန္( Michigan ) ျပည္နယ္မွာ ရွိတဲ့ M-185 အေဝးေျပးလမ္းဟာ အေမရိကရဲ႕ အႏၱရာယ္အကင္းဆုံးလမ္း ၿဖစ္ပါတယ္။ မည္သည့္ စက္တပ္ယာဥ္မွ အဲဒီလမ္းေပၚမွာ ေမာင္းႏွင္ခြင့္ 
မရွိလုိ႔ ျဖစ္ပါတယ္။ ဒီဥပေဒကုိ ထုတ္ထားတာ ၁၉၈၉ ခုႏွစ္ ကတည္းကပါ။



ဒီလမ္းဟာ ဘယ္ေနရာမွာမွ မေတြ႔ႏုိင္တဲ့ ထူးျခားတဲ့လမ္းျဖစ္ၿပီး လမ္းေႀကာင္းကလည္း စက္၀ုိင္းပုံသ႑ာန္ ရွိပါတယ္။ အေဝးေျပးလမ္းျဖစ္ၿပီး စက္တပ္ယာဥ္ မေမာင္းရတာေႀကာင့္ ခရီးအသြားအလာ ခက္ခဲမယ္လုိ႔ 

မထင္လုိက္ပါနဲ႔။ ဒီလမ္းဟာ အျခား မည္သည့္ အေဝးေျပးလမ္းနဲ႔မွ မဆက္သြယ္ထားတဲ့အျပင္ ႏုိင္ငံတကာအေဝးေျပးလမ္း စနစ္ထဲမွာ မပါ၀င္ပါဘူး။ ကမာၻလွည့္ခရီးသြားေတြ လည္ပတ္ႏုိင္ဖုိ႔ ထူးျခားတဲ့လမ္း တစ္ခုအေနနဲ႔သာ ထားျခင္းျဖစ္ပါတယ္။

၁၉၃၃ ခုႏွစ္တည္းက အေဝးေျပးလမ္းျဖစ္ခဲ့တဲ့ ဒီလမ္းဟာ ၁၂.၈ ကီလုိမီတာ ရွည္လ်ားၿပီး ပုံမွန္အေဝးေျပးလမ္းေတြထက္ အမ်ားႀကီး က်ဥ္းပါတယ္။ ဒီလမ္းဟာ စက္ဘီးသမားေတြအႀကားမွာ
ေတာ့ အရမ္း နာမည္ႀကီးတဲ့လမ္း ျဖစ္ပါတယ္။ အႏၱရာယ္ကင္းၿပီး စိတ္ေအးလက္ေအး စက္ဘီးစီးလုိ႔ ရတဲ့အၿပင္ Peninsulas ကုိ ႏွစ္ပုိင္းပုိင္းထားတဲ့ျမင္ကြင္းနဲ႔ Huron ေရကန္ ေတြရဲ႕ ျမင္ကြင္းေတြကလည္း
စိတ္ကုိ လန္းဆန္းေစတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။


စက္တပ္ယာဥ္ေတြ မေမာင္းႏွင္ရဘူး ဆုိေပမယ့္ ျမင္းလွည္းတုိ႔လုိ ယာဥ္ေတြကေတာ့ ေမာင္းႏွင္ခြင့္ရွိပါတယ္။ ဒီလမ္းကုိ အႏၱရာယ္ အကင္းဆုံးလမ္းအျပင္ လွပတဲ့ သဘာဝ ပတ္ဝန္းက်င္ေၾကာင့္
စက္ဘီးစီးဖုိ႔အေကာင္းဆုံးလမ္း၊ လမ္းေလ်ာက္ဖုိ႔အေကာင္းဆုံးလမ္း အျဖစ္လည္း သတ္မွတ္ထားႀကပါတယ္။
via:ayesay
link -
https://www.amusingplanet.com/2015/09/m-185-only-us-highway-where-motor.html
October 3, 2015 ေန႔စြဲျဖင့္ မွ်ေဝထားခဲ့ေသာ ပုိ႔စ္ေဟာင္းတစ္ပုဒ္
==================================

စက်တပ်ယာဉ်တွေ မောင်းနှင်ခွင့်မရှိတဲ့
US က တစ်ခုတည်းသော အဝေးပြေးလမ်း

------------------------------------------------
အမေရိကန်နိုင်ငံ မီချီကန်( Michigan ) ပြည်နယ်မှာ ရှိတဲ့ M-185
အဝေးပြေးလမ်းဟာ အမေရိကရဲ့ အန္တရာယ်အကင်းဆုံးလမ်း
ဖြစ်ပါတယ်။ မည်သည့် စက်တပ်ယာဉ်မှ အဲဒီလမ်းပေါ်မှာ မောင်းနှင်
ခွင့် မရှိလို့ ဖြစ်ပါတယ်။ ဒီဥပဒေကို ထုတ်ထားတာ ၁၉၈၉ ခုနှစ်
ကတည်းကပါ။

ဒီလမ်းဟာ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ထူးခြားတဲ့လမ်းဖြစ်ပြီး
လမ်းကြောင်းကလည်း စက်ဝိုင်းပုံသဏ္ဍာန် ရှိပါတယ်။ အဝေးပြေးလမ်း
ဖြစ်ပြီး စက်တပ်ယာဉ် မမောင်းရတာကြောင့် ခရီးအသွားအလာ ခက်ခဲ
မယ်လို့ မထင်လိုက်ပါနဲ့။ ဒီလမ်းဟာ အခြား မည်သည့် အဝေးပြေးလမ်း
နဲ့မှ မဆက်သွယ်ထားတဲ့အပြင် နိုင်ငံတကာအဝေးပြေးလမ်း စနစ်ထဲမှာ
မပါဝင်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်နိုင်ဖို့ ထူးခြားတဲ့လမ်း
တစ်ခုအနေနဲ့သာ ထားခြင်းဖြစ်ပါတယ်။

၁၉၃၃ ခုနှစ်တည်းက အဝေးပြေးလမ်းဖြစ်ခဲ့တဲ့ ဒီလမ်းဟာ
၁၂.၈ ကီလိုမီတာ ရှည်လျားပြီး ပုံမှန်အဝေးပြေးလမ်းတွေထက်
အများကြီး ကျဉ်းပါတယ်။ ဒီလမ်းဟာ စက်ဘီးသမားတွေအကြားမှာ
တော့ အရမ်း နာမည်ကြီးတဲ့လမ်း ဖြစ်ပါတယ်။ အန္တရာယ်ကင်းပြီး
စိတ်အေးလက်အေး စက်ဘီးစီးလို့ ရတဲ့အပြင် Peninsulas ကို နှစ်ပိုင်း
ပိုင်းထားတဲ့မြင်ကွင်းနဲ့ Huron ရေကန် တွေရဲ့ မြင်ကွင်းတွေကလည်း
စိတ်ကို လန်းဆန်းစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

စက်တပ်ယာဉ်တွေ မမောင်းနှင်ရဘူး ဆိုပေမယ့် မြင်းလှည်းတို့လို
ယာဉ်တွေကတော့ မောင်းနှင်ခွင့်ရှိပါတယ်။ ဒီလမ်းကို အန္တရာယ်
အကင်းဆုံးလမ်းအပြင် လှပတဲ့ သဘာဝ ပတ်ဝန်းကျင်ကြောင့်
စက်ဘီးစီးဖို့အကောင်းဆုံးလမ်း၊ လမ်းလျောက်ဖို့အကောင်းဆုံးလမ်း
အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။

via:ayesay
link -
https://www.amusingplanet.com/2015/09/m-185-only-us-highway-where-motor.html
October 3, 2015 နေ့စွဲဖြင့် မျှဝေထားခဲ့သော ပို့စ်ဟောင်းတစ်ပုဒ်

No comments:

Post a Comment