မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Tuesday, May 6, 2014

အထိရောက်ဆုံး ဝိတ်ချနည်းလေးများ



အထိရောက်ဆုံး ဝိတ်ချနည်းလေးများ

ကမ္ဘာနဲ့ အ၀ှမ်း အရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား/မ များဟာ ကျန်းမာရေး (သို့ မဟုတ်)
လှပမှုအတွက် အစာ-ဆေး-လေ့ကျင်ခဏ်း စတဲ့နည်းမျိုးစုံတို့ ဖြင့် ၀ိတ် ချနေကြ ပါတယ်။ မည်သို့ ပင် နည်းမျိုးစုံနဲ့ ၀ိတ်ချနေကြပါစေ ၂၀၁၃ ခုနှစ် တနှစ်တာ ကာလပတ်လုံး လေ့လာစမ်းစစ်ချက်များအရ
အောက်ပါဝိတ်ချနည်း (၈)မျိုးက အထိရောက် ဆုံးဖြစ်စေ ခဲ့တယ်လို့  Beauty High (ခေါ်) ကျမ္မာလှပမှု ဆိုင်ရာ အင်တာနက်သတင်း လွှာ မှာဖော်ပြထားပါတယ်။

ကျောက်ကပ်ကိုထိခိုက်စေတဲ့ဆိုးကျိုး


ကျောက်ကပ်ကိုထိခိုက်စေတဲ့ဆိုးကျိုး

(၁) အပေါ့သွားချင်လျက်နှင့် ဆီးအောင့်ထားခြင်း
(၂) ရေကို လုံလောက်စွာမသောက်သုံးခြင်း၊ရေသောက်နည်းခြင်း
(၃) အငန် စားများခြင်း
(၄) ခန္ဓာကိုယ်အတွင်းမှာ ဖြစ်တတ်တဲ့ ကူးစပ်ရောဂါတွေကို မကုသပဲ ပေါ့လျော့စွာနေထိုင်ပြုမှုခြင်း
(၅) အစားအသောက်ကို တင့်သင့်မျှတစွာမစားသောက်ပဲ အသားဟင်းကိုသာ အလွန်အကျွံ့ စားသောက်ခြင်း
(၆) အစားကိုအချိန်မှန်မှန် မစားသုံးခြင်း
(၇) အကိုက်ခဲပျောက်စေး မှီဝဲသုံးဆောင်ခြင်း
(၈) အနာနဲ့ဆေး လွဲမှားစွာသောက်သုံးခြင်း
(၉) အရက်ကို အလွန်အကျွံ သောက်သုံးခြင်း
(၁၀) လုံလောက်စွာအနားမယူခြင်း စတဲ့ ဆယ်ချက်ဟာ ကျောက်ကပ်တွေကိုအဆိုးရွားဆုံး ထိခိုက်စေနိုင်ပါတယ်.......

Ref:knowledge
ခွန်နေ(Khun Nay Tun Media)

လူ့သွေးကြော အကြောင်း သိစရာအချို့

လူ့သွေးကြော အကြောင်း သိစရာအချို့
ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော စီးဆင်းနေမှုကို ပြသထားခြင်း ဖြစ်ပါတယ်။

 ၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြောဟာ အကုန်ဆန့်လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။
၂။ အကျဉ်းဆုံး သွေးကြောအချင်းက ၈ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။
၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီးတစ်ဆုပ် အရွယ်သာ ရှိပေမယ့် သူ ညစ်ထုတ် လည်ပတ်နေစေတဲ့ သွေးပမာဏက တစ်ရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။ ယင်းဟာ တစ်ရက်ကို ၁၀ တန် ပမာဏ အလေးချိန်ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ ဆွဲတင် ပေးနေတာနဲ့ အား ညီမျှ ပါတယ်။
၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ် ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြား လာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိက အကြောင်း အရင်း များ ကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ သွေးချိုရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှု ပုံစံ၊ သွေးပေါင်ချိန် အတက်များခြင်း၊ ဗိုက် အဆီပို ထွက်ခြင်း၊ အထိုင်များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်ကူးဆက်လာမှု တို့ ကြောင့် ဖြစ်ပါတယ်။

Ref: medifacts
အောင်ခမ်း (ရိုးရာလေး)

Monday, May 5, 2014

ကျန်းမာစေဖို့ နှင်းသီးစားကြရအောင်...


ကျန်းမာစေဖို့ နှင်းသီးစားကြပါစို့ 

သူ့အမည်က နှင်းသီးဆိုပေမယ့် ဆောင်းတွင်းမှာ မသီးဘဲ အခုလို နွေနှောင်းမိုးဦးစမှာသီးတဲ့
ရာသီစာ သီးနှံတစ်မျိုးပါ။ ပူနွေးစိုစွတ်တဲ့ ရာသီကိုကြိုက်တဲ့ အပင်လို့ ဆိုနိုင်ပါတယ်။ သူ့ကို မြန်မာလို
“နှင်းသီး”၊ အင်္ဂလိပ်အခေါ်အဝေါ်အရ “Rose Apple or Plum Rose or Malaysia Apple” လို့
ခေါ်ဆိုကြပါတယ်။

Sunday, May 4, 2014

ဒိန်ချဉ် သောက်သင့်ရခြင်း အကြောင်းအရင်း


 Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက်
အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင်
ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ်
အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့်
အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။