မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, May 5, 2014

ကျန်းမာစေဖို့ နှင်းသီးစားကြရအောင်...


ကျန်းမာစေဖို့ နှင်းသီးစားကြပါစို့ 

သူ့အမည်က နှင်းသီးဆိုပေမယ့် ဆောင်းတွင်းမှာ မသီးဘဲ အခုလို နွေနှောင်းမိုးဦးစမှာသီးတဲ့
ရာသီစာ သီးနှံတစ်မျိုးပါ။ ပူနွေးစိုစွတ်တဲ့ ရာသီကိုကြိုက်တဲ့ အပင်လို့ ဆိုနိုင်ပါတယ်။ သူ့ကို မြန်မာလို
“နှင်းသီး”၊ အင်္ဂလိပ်အခေါ်အဝေါ်အရ “Rose Apple or Plum Rose or Malaysia Apple” လို့
ခေါ်ဆိုကြပါတယ်။


အဲဒီအသီးထဲမှာ ကယ်လိုရီနည်းပါးခြင်း၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါကြွယ်ဝခြင်း၊ ဗီတာမင်အေနှင့်
ဗီတာမင်စီများပါရှိခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ သစ်သီးလေးပါ။ အခွံရဲလေ
ပိုချိုလေဖြစ်ပြီး အပေါ်ယံအခွံမာတင်းတင်း အသီးတွေက လတ်ဆတ်မှုရှိတာကြောင့် အရည်ပိုရွှမ်းပါတယ်။
မြန်မာပြည်မှာ သရေစာသစ်သီးအဖြစ် အဆာပြေ၊ အပျင်းပြေစားကြပြီး အခြားနိုင်ငံတွေမှာတော့ နှင်းသီးကို
အချိုရည်၊ ယို၊ ဂျယ်လီအဖြစ်ပါ ပြုလုပ် စားသုံးကြပါတယ်။

(၁) အမျိုးသားများ ဆီးကျိတ်ကင်ဆာဖြစ်စေမယ့် အခွင့်အလမ်းကို နည်းပါးစေပါတယ်။
(၂) အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၃) တစ်နေ့ကိုနှင်းသီးသုံးလုံးကျစီ ရက်သတ္တတစ်ပါတ်တိတိ စားပေးခြင်းဖြင့်သွေးထဲရှိ        ကိုလက်စထရောလ်ကို ၁၉ရာခိုင်နှုန်းမျှ လျှော့ချပေးပါတယ်။
(၄) နှင်းသီးမှည့်မှည့် နီနီရဲရဲလေးတွေက အရသာချိုမြသော်လည်း ဂလူးကို့စ်ဓါတ် မပါရှိပါဘူး။ ပန်ကရိယကို ကောင်းကျိုးပြုတာကြောင့် ဆီးချိုရောဂါသည်တွေအတွက် အထူးသင့်တော်တဲ့ အသီးလေးပါပဲ။
(၅) အဆီဓါတ်မပါခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ ရေဓါတ်ပေါကြွယ်ဝစွာပါရှိတို့ကြောင့် ကိုယ်အလေးချိန်
မတက်စေပါဘူး။
(၆) အိန္ဒိယနိုင်ငံမှာတော့ အဲဒီအပင်ရဲ့အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့အဖြစ် အသုံးပြုကြပါတယ်။
(၇) မြန်မာ့ဆေးကျမ်းထဲမှာ အပူငြိမ်းတဲ့ အအေးစာအသီးလို့ ဖော်ပြထားတာကြောင့် ယခုလို နေပူပူမှာ
စားသုံးဖို့ရာ အလွန်သင့်တော်တဲ့ အသီးပဲဖြစ်ပါတယ်။

တစ်နှစ်တစ်ကြိမ်သာ စားရတဲ့ ရာသီစာသီးနှံဖြစ်သော်လည်း အရသာကလဲရှိ၊ ဈေးနှုန်းကလည်းချိုသာတဲ့အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လို့ စားဖြစ်အောင် စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်...

(ပေါက်ပေါက်)         ၅-၅-၂၀၁၄ခုနှစ်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကောက်နှုတ်တင်ပြပါသည်။

No comments:

Post a Comment