ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ
ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိအောင် တွေ့ရှိချက် အသစ်တွေနဲ့ ကျန်းမာရေး အမြင်သစ်များကို စာဖတ်သူဂျာနယ် အောက်တိုဘာ(၂ဝ၁၃)မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။
*ကော်ဖီသောက်ပါ
ကော်ဖီတစ်ခွက် နေ့တိုင်းသောက်ရင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ မဖြစ်နိုင်ပါ။ လေ့လာမှု ၁ဝ ခုမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်သူထက် သောက်တဲ့သူက ဘဝနေထိုင်မှု စနစ်မြင့်စေပါတယ်။
*ငါးစားခြင်း
ဘဝနေထိုင်မှု စနစ်မြင့်တက်ဖို့ တစ်ပတ်မှာ အနည်းဆုံး ပင်လယ်ငါးနှစ်ကြိမ်၊ သုံးကြိမ် စားပေးရမယ်။ ပင်လယ်ငါးမှာ ပါဝင်တဲ့ အိုမီဂါ (၃)၊အိုမီဂါ (၆)နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်၊ နားကြားမှု စွမ်းရည် ၅ဝ ရာခိုင်နှုန်း သန်စွမ်းစေတယ်။
*စာရေးခြင်း
စာရေးခြင်းဟာ လူ့စိတ်ဂနာမငြိမ် ဖြစ်ခြင်းကို ငြိမ်းအေးစေတယ်။ သင့်ထင်မြင်ချက်၊ ရည်ရွယ်ချက်၊ ခံစားမှုတို့ကို စိတ်ဖိစီးမှု မခံရအောင် စာရေးသားခြင်းဖြင့် ဖြေဖျောက်ပါ။ လူတစ်ယောက် နေ့စဉ် နာရီဝက်လောက် စာရေးသားခြင်းဖြင့် ဘာသာရပ်တစ်ခု သို့မဟုတ် စာအရေးအသား သို့မဟုတ် ရည်ရွယ်ချက်ကို ပုံဖော်စေတယ်။ ကိုယ့်ကိုအကျိုးရှိစေတယ်။
*အထိုင်များခြင်းရှောင်ပါ
အမေရိကန် ကင်ဆာအဖွဲ့တစ်ခုမှ နည်းပြဆရာမနဲ့ နည်းပြမလုပ်တဲ့ အမျိုးသမီးများ တွေ့ဆုံခဲ့ရာမှ နည်းပြတွေမှာ ရင်သားကင်ဆာ ဖြစ်မှုနှုန်း ၄ဝ ရာခိုင်နှုန်း လျော့စေတယ်လို့ ဆိုတယ်။ ထိုင်နေတဲ့ အမျိုးသမီးများကတော့ သေဆုံးနှုန်း ၁၈ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ ဆိုတယ်။
*ဈေးကြီးတဲ့ ဆီးရွှင်ဆေးများ ရှောင်ပါ
ဈေးမြင့်တဲ့ ဆီးရွှင်ဆေးများဟာ သွေးပေါင် မြင့်မားမှုကို တားဆီးပေးပြီး သွေးပေါင်ချိန် ကျဆင်းစေတယ်။ လေမဖြတ်အောင် တားဆီးပေးပြီး သွေးပေါင်ချိန်ကျပေမဲ့ လူအများဟာ ဆီးဆေးမသုံးဘဲ ဆီးများများ သွားသင့်တယ် ဆိုသော်လည်း တကယ် သွေးတိုးလာရင်တော့ ဆီးဆေးတိုက်ပါ။ ဆီးရွှင်ဆေးအစား သွေးပေါင်ကျဆေး ငုံပေးပါ။
*ကျန်းမာရေးအသိ(စိတ်ဖိစီးမှုလျှော့ပါ)
လေ့လာမှုတစ်ခုမှာ စိတ်ဓာတ်ကျဆင်းခြင်းဖြင့် ဦးနှောက် ကျုံ့သွားတတ်တယ်။ စိတ်ဓာတ် မကျအောင် မိမိအနေဖြင့် နေပျော်အောင် ၊ ရောင့်ရဲတတ်အောင် သည်းခံစိတ်နဲ့ မေတ္တာစိတ်တို့ကို မွေးမြူပေးရမယ်။ ကျင့်ပေးရမယ်။ စိတ်ဓာတ် မကျရအောင် ပတ်ဝန်းကျင်ဖန်တီးမှု လုပ်ပေးဖို့လိုတယ်။ လူထုကြားမှာ ကျန်းမာရေး အမြင်မရှိခဲ့ရင် ကျန်းမာရေး ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဥပမာ ပညာပေး ဆွေးနွေးတာမျိုး လုပ်သင့်တယ်။ ဒါမှ ကျန်းမာရေး အသိကြောင့် ဘဝမှာ ပိုပြီး အဓိပ္ပာယ် ရှိလာစေပါတယ်။ အေးငြိမ်း ချမ်းသာမှု ရှိလာနိုင်တယ်။
ဒေါက်တာလွင်သန့်(ဆေး-၂)

No comments:
Post a Comment