စပါးလင်ကို ရုက္ခဗေဒအမည်အရ Cymbopogon လို.ခေါ်တွင်ပြီးအင်္ဂလိပ်လိုတော့..lemon grass , citronella grass , barbed wire grass လို.လဲ ခေါ်တွင်ကြပါတယ်...။ စပါးလင်ကိုစတင်တွေ.ရှိရာ မူရင်းဒေသက အိန္ဒိယဖြစ်ပြီး.. ယခုအခါ မြန်မာ ၊ထိုင်း၊ ဗီယက်နမ်အပြင်..အာရှတိုက်အပြင် အခြားနိုင်ငံ များမှာလည်း တွေ.ရှိနေရပြီဖြစ်ပါတယ်..။ စပါးလင်ဟာ ရနံ.ရှိတဲ့ မြက်( ၄၅) မျိုးစာရင်းမှာပါဝင်ပြီး.. အမြင့်ပေ (၅-၆) ပေ (သို.) ၂ မီတာအထိရှည်လျားတတ်ကြပါတယ်..။ ပင်စည်ကအပြင်မှာ အနီရောင် သန်းပေမယ့် အပေါ်ယံအခွံမာများ ဖယ်ရှားလိုက်တဲ့အခါ ..ဆင်စွယ်ရောင်ကဲ့သို့ ရှိတတ်ပါတယ်... အရွက်တွေကတော့.. သေးသွယ်ရှည်လျားပြီး အသွားထက်တဲ့ဓါးသွားကဲ့သို.ရှတတ်ပါတယ်...။
စပါးလင်မှာ Citric ဓါတ်ပေါကြွယ်ဝစွာပါဝင်ပြီး... လူ.ခန္စာကိုယ်အတွက် ဗိုက်တာမင်( A ) ဓါတ်ကို ကောင်းစွာပံ့ပိုးပေးနိုင်ပါတယ်...။
စပါးလင်ရဲ.ပင်စည်အဖြူရောင်အပိုင်းတွေကို အာရှ မှာ ဟင်းချို ၊ အသားဟင်း တွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာ အသုံးပြုပေမယ့် အချို.သောအာဖရိကနဲ. အချို.သော လက်တင်အမေရိက နိုင်ငံများမှာလက်ဖက်ရည်နှင့်တွဲပြီး သောက်သုံးလေ့ရှိပါတယ်..
( ဥပမာ ..တိုဂို ၊ မက္ကဆီကို စသောနိုင်ငံများ )
စပါးလင်မှာ lemonal လို.သတ်မှတ်တဲ့ သင်းပျံ့.မွှေးကြိုင်ခြင်းဂုဏ်သတ္တိကြောင့်..ယခုအခါ ဆပ်ပြာ ၊
ရမွှေး .. စသည့် အလှကုန်ပစ္စည်းများမှာပါ အသုံးပြုနေကြပြီဖြစ်ပါတယ်...။
ထို.အပြင်စပါးလင်ရဲ.ရနံ.ကြောင့်အစားစာချင်စိတ်ကိုဖြစ်ပေါ်စေပြီး..
ထမင်းမြိန်စေခြင်းလို.ခေါ်တဲ့..လျှာရင်းမြက် စေခြင်းကိုပံ့ပိုးကူညီပေးပါတယ်..။
စပါးလင်သုံးစွဲခြင်းကြောင့် ထူးခြားတဲ့ရနံ.ကိုရရှိစေတတ်သလို...
ခေါင်းကိုက်ခြင်း ၊ အစာအိမ်ရောင်နာခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ၊အကြော
တက်ခြင်းစတဲ့ ဝေဒနာများကိုလည်း..ထိရောက်စွာပံ့ပိုးကူညီပေးနိုင်ပါတယ်..။
ခံတွင်းရနံ.ဆိုးသူများ..နေ.စဉ်တိုင်း..စပါးလင်ကိုပါးပါးလေးလှီးကာ..ဆား
အနည်းနှင့်အတူစားသုံးပေးပါကလုံးဝပျောက်ကင်းစေတယ်လို.ဆိုပါတယ်..။
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေသား..။
ချစ်ခြင်းများစွာဖြင့်....။
No comments:
Post a Comment