အမှိုက်ကြုံးသူတစ်ဦး
အမှိုက်ကြုံးစဉ် အမှိုက်ထဲမှာခရီးသွားသေတ္တာတစ်လုံးတွေ့လို့ ဖွင့်ကြည့်လိုက်တော့ ကိုယ်တုံးလုံးနှင့်
အမျိုးသမီးအလောင်း တစ်လောင်း ခေါက်ထဲ့ ထားတာ တွေ့လိုက် ရပါတယ်။ သေတ္တာထဲမှာ ဘာစာရွက်စာတမ်း၊
ဘာအဝတ်အစားမှ မပါတာကြောင့် သေဆုံးသူဘယ်သူမှန်း မသိနိုင် ဖြစ်နေပါတယ်။ သေသူရဲ့ ညာဘက်ခြေကျင်းဝတ်
မှာတော့ summer ဆိုတဲ့ စာတမ်းထိုးထား တာ တွေ့ရပါတယ်။ သေသူရဲ့အဆုတ်မှာ လေနည်းလို့ သေဆုံးတယ်
ဆိုတဲ့ ဆရာဝန်ရဲ့စစ်ချက်အရ ၎င်းသတိမေ့နေစဉ် သေတ္တာအတွင်းပိတ်ခဲ့လို့ အသက်ရှုကျပ် သေဆုံးခဲ့မှန်းသိရပါတယ်။
သေဆုံးသူရဲ့ လက်ဗွေရာကနေ သေဆုံးသူဟာ အသက် ၂၉ နှစ်ရှိ ခလေး ၄ ယောက်အမေ ဆိုတာသိကြရပါတယ်။
summer ဟာ လွန်ခဲ့ တဲ့ ၂၄ နာရီက အသတ်ခံရပြီး၊ လိင်ဆက်ဆံခံထားရကြောင်း သိရှိရပါတယ်။
Tuesday, January 20, 2015
Monday, January 19, 2015
ပြုံးပုံဆွဲထားပေမယ့် မပြုံးနိုင်ပါ
ပြုံးပုံ (smiley) ဆွဲထားပေမဲ့ မပြုံးနိုင်ပါ။
=========================
အမေရိကန်နိုင်ငံ Maryland နဲ့ kilometer ၅၀ အကွာရှိ မြို့ငယ်လေးမှာ အသက် ၃၂ နှစ်အရွယ် Kaye Robinson ဟာ သူရဲ့၁၁ နှစ်ရွယ်သားငယ်နှင့် နှစ်ယောက်အတူနေကြပါတယ်။ ဒီမြို့လေးဟာ
အေးဆေးတဲ့လူလတ်တန်းစာများ နေထိုင်တဲ့မြို့လေးဖြစ်ပါတယ်။ တစ်နေ့ နံနက် ၃ နာရီမှာ

အနှစ်နှစ်ဆယ် ကြာပေမယ့်လည်း
အနှစ် ၂၀ ကြာခဲ့ပေမဲ့လည်း
================
၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ Colorado မှာ အိမ်အရောင်းအဝယ်လုပ်သူ Allan ကို ၎င်းအိမ်ရှိ အလုပ်ခန်းထဲမှာသေဆုံးနေတာကို ၎င်း၏မိန်းမဖြစ်သူ အပြင်က ပြန်အလာမှာတွေ့လို့ ပုလိပ်ကို အကြောင်း
ကြားပါတယ်။ Allan ရဲ့ခေါင်းနောက်မှာ သေနတ်ဒဏ်ရာတစ်ခုရှိပါတယ်။ ၂၅ caliba သေနတ် ကျည်ဆံ

Sunday, January 18, 2015
သက်စောင့်ဓာတ် ဗီတာမင်များအကြောင်း
ဗီတာမင်
(သက်စောင့်ဓာတ်)
ခန္ဓာကိုယ်ရဲ့
ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းပါ။ ပိုလန်သိပ္ပံပညာရှင်
တစ်ဦးကတွေ့ရှိပြီး ဒီအမည်ပေး မှည့်ခေါ်ခဲ့တာပါ။ "အသက်ကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့
အာဟာရဓာတ်" လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အတွင်း ဗီတာမင်ဟာ အင်ဇိုင်း (Enzyme)နဲ့အတူ
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်စဉ်မှာ ပါဝင် အသုံးတော်ခံရတယ်။ ခန္ဓာကိုယ်ရဲ့ စွမ်းရည်အရပ်ရပ်ကို
ထိရောက်စွာ ထိန်းညှိပေးရတယ်။
Subscribe to:
Posts (Atom)