မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, February 19, 2015

သခွားသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ


"အံသြဖွယ်ရာ သခွားသီး အစွမ်းများ"
======================

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။
    သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ်
    အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်
    စီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။

Tuesday, February 17, 2015

ဘဝပြောင်းသလား...

ဘဝပြောင်းသလား...

 ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ဝိဉာဉ်ဟာ
ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ်လို့ ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ဝိဉာဉ်အယူရောပါ
လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိ
သာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓဝါဒဟာ “အတ္တ” ကို လက်မခံတဲ့
“အနတ္တ” ဝါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘဝပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့
အယူအဆကို လက်ခံပေမယ့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းသွားလာနေတဲ့ ဝိဉာဉ်
(ခေါ်) အတ္တ ကောင် မရှိပါဘူး။

အစာလည်းဆေး ဆေးလည်းအစာ


အစာလည်းဆေး ၊ ဆေးလည်းအစာ
( ကင်ဆာကိုလည်း ကာကွယ်ပါသည် )

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

   ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ၊
ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီ
ဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ
အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်း
တွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

Thursday, February 12, 2015

အင်တီအောက်စီဒင့် ခရင်မ် ( Antioxidant Cream )

အင်တီအောက်စီဒင့် ခရင်မ် ( Antioxidant Cream )


   ခရင်မ်အများစုမှာ ဖရီးရက်ဒီကယ်တွေကြောင့် အသားအရေထိ ခိုက်ပျက်စီးခြင်းကို
ကာကွယ်ပေးတဲ့ အင်တီအောက်စီးဒင့်တွေ ပါဝင်နေပါတယ်။ အကယ်၍ အင်တီအောက်

Wednesday, February 11, 2015

ခရမ်းချဉ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ


အစွမ်းထက် ခရမ်းချဉ်သီး
==============
ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်
သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေ
ပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။