မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, October 4, 2014

တွင်းထွက်ကျောက်မျက်များကို ကျန်းမာရေးအတွက် အသုံးပြုခြင်း

တွင်းထွက်ကျောက်မျက်များကို ကျန်းမာရေးအတွက် အသုံးပြုခြင်း

တိုမလင်းဆိုတာ





Ion Tester ဖြင့်စမ်းသပ်ပုံ



 ကျောက်စိမ်း၊ သလင်းကျောက်၊ တော်မလင်း၊ မဟူရာ စသဖြင့်  အနုတ်အိုင်းယွန်းနှင့် အနီအောက်ရောင်ခြည် ထွက်ရှိမှုအားအကောင်းဆုံးသော  ကျောက်မျက် လေးငါးခြောက်မျိုးကို ရောနှောကျိုချက်၍ ရရှိလာသော ကြွေထည်(Ceramic)များကို လက်ကောက်၊ လည်ဆွဲ စသည့်ဖြင့်
ကျန်းမာရေးထောက်ကူပြုပစ္စည်းများအဖြစ် ဈေးကွက်တင် ထုတ်လုပ်ရောင်းချကြပါသည်။
ဝတ်ဆင်ရာတွင် အဆင်ပြေစေရန် ပျော့ပြောင်းသော အထည်ကို ထုတ်လုပ်ရာတွင် ယင်းကျောက်မျက်များကို ကျိုချက်သည့်အခါ ဆီလီကွန်(silicon)ကိုရောနှောပေးကြပါသည်။
ယင်းသို့ ကျန်းမာရေးထောက်ကူပြု အထည်ပစ္စည်းများ ထုတ်လုပ်ကြရာတွင် လည်ဆွဲ၊ လက်ကောက်သာမက လူတိုင်းကောင်းမွန်စွာ အသုံးပြုနိုင်သည့်အရွယ် ငယ်၊ လတ်၊ ကြီးမှသည် နှစ်ယောက်အိပ်မွေ့ရာအရွယ်ထိအောင် အစားစားရှိကြပါသည်။
ခေတ်မီနည်းပညာများဖြင့် အမျိုးမျိုးသော ကျန်းမာရေးထောက်ကူပြု လူ့အသုံးအဆောင်
ပစ္စည်းအမျိုးမျိုး အစားစားထုတ်လုပ်ကြရာတွင် အနုတ်အိုင်းယွန်းနှင့်အနီအောက်ရောင်ခြည်
ရရှိစေသော ဒူးစွပ်၊ ခြေကျင်းဝတ်စွပ် စွပ်ကျယ်များတွင်သာမက အမျိုးသမီးလစဉ်သုံးပစ္စည်းများတွင်ပါမကျန်
အထက်ပါနည်းပညာများအသုံးပြုထည့်သွင်းပေးထားကြပါသည်။
သို့ပါ၍့ ပင်ကိုယ်သဘာဝအလျှောက် Negative Ions, Fir Infrared, Alpha Wave စသည်တို့
ကောင်းမွန်စွာထွက်ရှိစေသော တွင်းထွက်ကျောက်များကို  ခေတ်မီနည်းပညာများဖြင့် ကျန်းမာရေး အထောက်အကူအဖြစ် ထုတ်လုပ်ထားသော အထည်ပစ္စည်းများကို ဝတ်ဆင်သုံးစွဲခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

မိမိအသားအရေနှင့်ထိထားရုံမျှ ခန္ဓာကိုယ်၏အပူချိန်နှင့်ပင်လျှင် အနုတ်အိုင်းယွန်းနှင့် အနီအောက်ရောင်ခြည် ဖြာထွက်မှုကို ပိုမိုမြှင့်မားစေသည်။ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများအတွင်း စေးကပ်နေသော သွေးမှုန်များကို စေးကပ်မှုမရှိအောင် ပြိုကွဲစေနိုင်သဖြင့် ဦးနှောက်အတွင်းသို့ အောက်စီဂျင်များ ပိုမိုရရှိစေပါသည်။
ဆဲလ်တို့၏ အစွမ်းကို လှုံ့ဆော်၍ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးသည်။
ကိုယ်ခံအားကိုတက်စေပြီး သွေးကိုသန့်စေသည်။
အလိုလျောက်အာရုံကြော စနစ်ကို တည်ငြိမ်စေသည်။
အသားအရေကို ရေဓာတ်ထိန်းပေးသည်။
ဆံခြည်မျှင်သွေးကြောကို ကျယ်စေပြီး သွေးကို သန့်စေသည်။
သွေးလှည့်ပတ်မှုကို အားကောင်းစေသည်။
ဓာတ်တိုးဆန့်ကျင် လှုပ်ရှားမှုကို တိုးမြှင့်ပေးခြင်းဖြင့် အိုမင်းမှု၏ အကြောင်းရင်းကို ဖယ်ရှားပေးသည်။
(ဓာတ်တိုးမှုကြောင့် အိုမင်းရင့်ရော်ရခြင်းဖြစ်ရာ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို လှုပ်ရှားတက်ကြွစေခြင်းဖြင့်
အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါသည်။)
တစ်ရှူးလှုပ်ရှားမှုကို လှုံ့ဆော်ပေးသည်။ အပူဓာတ်နှင့်ဆိုင်သော အာနိသင်ရှိသည်။ ပင်ပမ်းမှုကို ပြေပျောက်စေသည်။ အာရုံကြောဝေဒနာကို အာနိသင်ရှိသည်။ ၀.၀၆ မီလီအမ်ပီယာရှိသော အားပျော့လျှပ်စီးမှုကို ဖြစ်စေ၍ ကိုယ်ခန္ဓာ၏ လျှပ်စစ်ဓာတ်ကို လှုံ့ဆော်ပေးပြီး အာရုံခံအချက်ပေးစနစ်ကို တိုးမြှင့်ပေးသည်။ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းဖြင့် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတို့ကို လျော့ပါးသက်သာ စေပါသည်။   မီဂန်စင်တာကပေးတဲ့ လိပ်ကလေးကို ရေစိမ်သောက်ပါက ရေဓာတ်ကို အယ်လ်ကာလီအဖြစ် ပြောင်းပေးပါတယ်။ သတ္တုဓါတ်ကြွယ်ဝသောရေအဖြစ် ပြောင်းပေးနိုင်ပြီး ရေထဲမှာရှိတတ်တဲ့ ကလိုရင်းအနံ့ကို ဖယ်ရှားပေးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်ရေသန့်ဖြစ်သွားပြီပေါ့။

သို့ပါ၍ ယနေ့ခေတ်နည်းပညာများဖြင့် ထုတ်လုပ်ထားသော ကျန်းမာရေးထောက်ကူပြု အသုံးအဆောင်
ပစ္စည်းများစွာမှာ ဈေးကွက်ထဲတွင်လည်း (Brand) အမည်နာမမျိုးစုံ၊ တံဆိပ်မျိုးစုံရှိနေကြပါသော်လည်း
အခြေခံအားဖြင့်တော့ သဘာဝအလျှောက် အနုတ်အိုင်းယွန်းနှင့် အနီအောက်ရောင်ခြည်ဖြာ သတ္တိရှိကြကုန်သော လူသားတို့၏ကျန်းမာရေးနှင့် သင့်လျော်သော တွင်းထွက်ကျောက်မျက်များဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါကြောင်းနှင့် အသုံးပြုသူများအနေဖြင့်လည်း အသုံးပြုသည့်ပစ္စည်း၏ အမျိုးအစားကောင်းလျှင် ကောင်းသလို ထိုက်သင့်သည့်အထောက်အကူပြု ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း...။



No comments:

Post a Comment