မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, October 15, 2014

အချိုမှုန့်

အချိုမှုန့်


အချိုမှုန့်ဆိုသည်မှာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါသည်။
Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုးပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင်
Free Glumate တွေအဖြစ် ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်းဖြစ်သည်။


ပုံမှန်သုံးသင့်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ။ နည်းနည်းစားစား၊ များများစားစား ရေရှည်စားလျှင် အန္တရာယ်ကတော့ ရှိသည်ဟု ပညာရှင်များက ဆိုသည်။ Good Manufacturing Practice (GMP) ဟုခေါ်သော ကမ္ဘာ့အဆင့် ထုတ်လုပ်မှုစနစ်ကောင်း (GMP စနစ်)၏ အစားအသောက်များ
ထုတ်လုပ်သောနေရာတွင် အချိုမှုန့် လုံးဝ မပါပါ။

 အချိုမှုန့်စားသုံးမှုဆိုးကျိုး

(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင်ဟော်မုန်း (Insulin)၏ လုပ်ငန်းဆောင်တာတွင်
အနှောက်အယှက်တစ်ရပ်ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။
(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော
ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်းဖြစ်လာလျှင် သွေးတိုး၊
ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။
(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်းစေပါသည်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီးမေ့တတ်သော ရောဂါများဖြစ်စေရန် အလားအလာ အရမ်းများစေပါသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသောကလေးများမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှုရှိတာကို တွေ့ရှိရပါသည်။
(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့်သုံးစွဲမှုကို လုံးဝ ဖြတ်တောက်ရှောင်ကြဉ်ဖို့အမျိုးသားအဆင့် ကြေငြာချက်များ၊
ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့်စားသော ကိုယ်ဝန်ဆောင်များ မွေးလာသည့် ကလေးများသည်
အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါဖြစ်လာခြင်း
တွေ့ရပါသည်။ ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင်ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်ပါသည်။
ထိုအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။
(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင်မိခင်များမှ မွေးလာသော ကလေးများ၏ medulla ablongata, Thalamus,or hypothalamus ဆိုသည့် ဦးနှောက်အစိတ်အပိုင်းများတွင်ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေပါသည်။
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ Chinese Resturant Syndrome ခေါ်တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက်စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်း ထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကြပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်လေးခြင်း၊ ဗိုက်အောက်ခြင်း၊ ခါးနာခြင်းများဖြစ်စေသည်။ 
အချိုမှုန့်နှင့် ဓာတ်မတည့်ရောဂါဖြစ်သည်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ရောဂါ ရှိနေသူတွေ၊သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေအထူး
 ရှောင်ကြဉ်သင့်ပါသည်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားဟာ Sodium Chloride၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုစလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်း ဆိုဒီယမ်မြင့်တက်မှု အရမ်းများလာစေကာ
 သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ
အချိုမှုန့်ကို အထူး ရှောင်ကြဉ်သင့်ပါတယ်။
ဘယ်လိုလျှော့ချသုံးစွဲကြမလဲ...

(၁) လျှော့ချစားသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့
အသီးအနှံတွေမှာ လုံးဝ မသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်)ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေဝယ်ရင် လေဘယ်လ်ပေါ်မှာပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။
အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေအားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List)ရဲ့
အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုဇွန်ခြောက်၊ ငါးပိ စတာတွေ)ကို ပြန်လည်အစားထိုး
သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာဟာ
အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

ကိုးကား-
ဒေါက်တာသီဟသစ်
my.wikipedia.org

No comments:

Post a Comment