မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, May 8, 2014

ကျွဲကောသီးအကြောင်းသိကောင်းစရာ


ကျွဲကောသီးတို့သည် အချဉ်ဓာတ် အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ “တရုပ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုတ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ အသီး၏ ပုံသဏ္ဍာန်မှာ လုံးဝန်းပြီး၊ အချင်းမှာ၃၀-စင်တီမီတာလောက် ရှိတတ်ပါသည်။ ရေမြေသဘာဝနှင့် အမျိုးအစားပေါ်လိုက်၍ အသီး၏ အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန် ရှိတတ်ပါသည်။

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်




  1. ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်းမှလဲ ကာကွယ်ပေးခြင်း 
  2. လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း
  3. ကင်ဆာရောဂါ ကာကွယ်မှုနှင့် အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း
  4. ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း
  5. ဖျားနာ နေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့ အဓိကအချက်ကတော့ နေမကောင်းဖြစ်ချိန်တွင် ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်း
  6. အသားအရည်တွင် မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်တင်းပေးပြီး ဝက်ခြံများထွက်ခြင်းမှ သက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာလိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေခြင်း
  7. ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။
  8. ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး အမျှင်ဓါတ်နှင့် ပရိုတိန်းတို့လည်း ပါဝင်ပါတယ်။
  9. သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင် သင့်အစားအစာထဲမှာ သကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့ ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကိုပိုမို တောက်ပြောင်လာစေမှာပါ။
  10. ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါ ထိန်းသိမ်းပေးပြီး သင့်သွားတွေတောက်ပြောင်စေဖို့နဲ့ ပိုးစားခြင်းမှ ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။
  11. အသားဝါရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးတာကြောင့် ယခုပဲ လတ်ဆတ်တဲ့ကြံရည်တစ်ခွက် အမြန်သောက်လိုက်ပါ။

Ref: ZK(ကနောင်)

Tuesday, May 6, 2014

လူဖြစ်ရှုံးရသည့်လေဖြတ်ရောဂါ ကြိုတင်ကာကွယ်ပါ

လူဖြစ်ရှုံးရသည့်လေဖြတ်ရောဂါ ကြိုတင်ကာကွယ်ပါ


လူသားတိုင်း ကြီးပွားချမ်းသာ တိုးတက်မှု ရရှိနိုင်ရေးအတွက် ကျန်းမာရေး ကောင်းမွန်ရန် အဓိက လိုအပ်လှပေသည်။ ကျန်းမာရေး ပြည့်စုံပါမှ ကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်းအတွက် အလုပ်လုပ်နိုင် ကြမည်သာဖြစ်သည်။ ကျန်းမာရေး ချို့တဲ့ပါက စိတ်သွားတိုင်း ကိုယ်မပါ လိုရာဆန္ဒ မပြည့်ဝ ဖြစ်ကြရပေတော့မည်။ ထိုသို့ အဓိက အရေးပါလှသည့် ကျန်းမာရေး နယ်ပယ်တွင် လူသားအတော် များများကို ဒုက္ခပေးနေသည့် ရောဂါဆိုး တစ်မျိုးမှာ လေဖြတ်ခြင်းပင် ဖြစ်လေသည်။ လေဖြတ်ခံရပြီ ဆိုပါက မိမိကိုယ်တိုင် စိတ်ဆင်း ရဲရမည်သာမက မိမိပတ်ဝန်းကျင်ရှိ ဆွေမျိုး ညီအစ်ကို မောင်နှမများပါ စိတ်ဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ကြရပေလိမ့်မည်။

ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ချိုမြပြီး ကြက်သွန်နီလို အနံ့မျိုးရှိတဲ့ ဂျူးဖူးကို အသားတွေ ကြော်ရာမှာ ရောထည့်လေ့ ရှိကြပါတယ်။
ဂျူးဖူးအရသာကို ကြိုက်နှစ်သက် သူတို့ အတွက် ဂျူးဖူးမှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို
ရေးသား ဖော်ပြလိုက်ရပါတယ်။

ရေမှာပျော်ဝင်သော သက်စောင့်ဓာတ်များ


ဗီတာမင်ဘီဝမ်းဓာတ်
ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်တဲ့ဓာတ်ဖြစ်တယ်။ ထို့ပြင်အစာကြေဖို့နဲ့ နှလုံးသားအကြောများ သန်မာကောင်းမွန်စေဖို့ အားပေးတယ်။ ဘီဝမ်းချို့ယွင်းရင် ဆုံနာစို၊ ဆုံနာခြောက် ဖြစ်ခြင်း၊ အကြောများ အင်အားလျော့၍ ခြေ၊လက် မသယ်ချင်ဖြစ်ခြင်း၊ နှလုံးတုန်မောပန်းခြင်း၊ အစာမကြေခြင်း၊ ဖောရောင်ခြင်း၊ ကလေးများ တက်ခြင်းတို့ဖြစ်ပြီး အတက်ကြမ်းပါက ရုတ်တရက် သေဆုံးတတ်သည်။ ဘီဝမ်းဓာတ်ဟာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးသူငယ်များအတွက် လိုအပ်တဲ့ ဓာတ်ဖြစ်တယ်။ ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့ အစာတွေက မောင်းထောင်း ဆန်၊ ပြုတ်ဆန်၊ ဆန်လုံးညို၊ပဲ၊ အသား၊ အသည်းနဲ့ ဥတို့ဖြစ်တယ်။