Facebook ကို သုံးသပ်ကြည့်ခြင်း
“လူသားတွေ တစ်ယောက်နှင့်တစ်ယောက် အွန်လိုင်းပေါ်မှာ ဆက်နွယ်ချိတ်ဆက်နေတဲ့
ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ လူမှုကွန်ယက်တွေကို မြန်မာနိုင်ငံမှာ စီးပွားဖြစ် စပြီးတော့
သုံးလာနေကြပါတယ်။ ကုန်ပစ္စည်းကြော်ငြာတွေကို လူအများဆီ လျင်လျင်မြန်မြန်နဲ့
လွယ်လွယ်ကူကူရောက်အောင် ဖြန့်နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေက မြန်မာ
အများစု သုံးနေတဲ့ Facebook တွေကို ကြော်ငြာကြားခံတစ်ခုအဖြစ်နဲ့ သုံးလာကြတာပါ။
ရိုးရာလေး Website တည်ထောင်သူ ကိုထွန်းထွန်းပြောစကားအရဆိုရင် တစ်နှစ် နှစ်နှစ်
အတွင်းမှာကို အခုလို အသုံးများလာကြတာ ဖြစ်ပါတယ်..”