မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, February 5, 2015

အနီအောက်ရောင်ခြည်နှင့်ရောင်စဉ်လှိုင်းများ

Infrared
======
    ကျွန်တော် ဒီ Electromagnetic Spectrum အကြောင်းဆွေးနွေးခဲ့တာ
အတော်ကြာပါပြီ... အဲ့အချိန်တုန်းကလည်း ဖတ်မိမှတ်မိသမျှကို နားလည်သလိုပြန်လည်
မျှဝေဆွေးနွေးခဲ့တာပေါ့ဗျာ... အကြောင်းအရာတစ်ရပ်ဆိုတာကလည်း လေ့လာလေလေ
ပိုပြီးကျယ်ပြန့်လေလေပါပဲ.... အရာအားလုံးခရေစေ့တွင်းကျ သိမြင်နားလည်ဖို့ဆိုတာက
တော့ ကျွန်တော်တို့ဥာဏ်အဆင့်အတန်းနဲ့ မဖြစ်နိုင်ဘူးလို့ထင်တာပါပဲဗျာ....

Wednesday, February 4, 2015

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး


(၁)  ကိုယ်ခံစွမ်းအားနစ်ကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့်
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးတာကြောင့်
ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ
လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။

အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ

 အသား ငါး တို့ကို ဘယ်လို စားသင့်သလဲ
=========================

     အစားအသောက်မှ ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင် လတ်ဆတ်သည့်
အသားငါးများကို နူးနပ်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးကြရပါမည်။

Infrared (IR) light အနီအောက်ရောင်ခြည် နှင့် ကျန်းမာရေး

Infrared (IR) light အနီအောက်ရောင်ခြည် နှင့် ကျန်းမာရေး







• အလင်းရောင်မှာ သက်တန့်လိုဘဲ အရောင် ၇ မျိုးပါတာကို ပဉ္စမတန်း အထွေထွေ
  သိပ္ပံမှာ စသင်ကြရတယ်။ အောက်ဆုံးအနီအောက်ကို အနီအောက်ရောင်ခြည်လို့
  ခေါ်ပြီး၊ အပေါ်ဆုံး ခရမ်းရောင်ကနေ ကျော်လွန်တာကို ခရမ်းလွန်ရောင်ခြည်လို့
  ခေါ်တယ်။

အစားအသောက်ဖြင့် ဓာတ်စုလွတ် ( Free Radical )များ ရှင်းထုတ်နည်း

အစားအသောက်ဖြင့် ဓာတ်စုလွတ် ( Free Radical )များ ရှင်းထုတ်နည်း။


    ဓာတ်စုလွတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ပြုမှုဖြစ်စဉ်အတွင်း ပေါ်ပေါက်တဲ့
ဘေးထွက်ပစ္စည်းဖြစ်တယ်။ ဒီအောက်ဆီရိုင်ဗိုနျူကလီအစ် အက်စစ် Deoxyribonucleic
acid (D.N.A)၊ ကိုလက်ဂျင်ပရိုတင်းနှင့် တစ်သျှူးဆဲလ်များကို ဖျက်စီးပစ်နိုင်တယ်။