မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, March 13, 2015

ပိုက်ဆံမသုံးတဲ့ဘဝ...

 ပိုက်ဆံမသုံးတဲ့ဘဝ
။။။။။။။။။။။။။။။။။။။။။။။။
     ဂျာမဏီနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အိမ်မရှိ၊ ကားမရှိ၊ ပိုက်ဆံအိတ်မရှိတဲ့ဘဝနဲ့
ဘဝကို ဖြတ်သန်းနေခဲ့တာ ၁၈နှစ်ရှိခဲ့ပြီဖြစ်တယ်။ သူ့နာမည်က Heidemarie Schwermer
လို့ခေါ်ပါတယ်။ ၁၉၉၆ခုနှစ်မှာ သူဟာ အလုပ်ကထွက်ပြီး၊ အိမ်ကို အိမ်ရှင်ဆီပြန်အပ်ပြီး၊
ပိုင်ဆိုင်သမျှပစ္စည်းတွေ လူများကိုပေးပစ်ပြီး ပိုက်ဆံမသုံးတဲ့ဘဝကို စတင်ခဲ့တာဖြစ်တယ်။
သူရဲ့စားဝတ်နေရေးကိုတော့ လူများကို ပန်းဥယျာဉ်ပြင်ပေးတာ၊ အိမ်သန့်ရှင်းရေးလုပ်ပေးပြီး
အစားအစာ၊ အိပ်ဖို့နေရာနဲ့ လဲလှယ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီနှစ်မှာ ၇၂နှစ်ပြည့်ပါပြီ။

Thursday, March 12, 2015

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

 ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မတစ်ယောက်ဟာ သူ့မိသားစု
စားဖို့အတွက် ပေါင်မုန့် ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူး တစ်ခု
ရပြီး ပေါင်မုန့်အပို တစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေ
တဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်
မှာ ထားထား လိုက်ပါတယ်။ အဲဒီ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ
အဝေး တစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ် ကင်းရှင်းပါစေကြောင်း
ဆုတောင်း တတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့
ဆိုပြီး မြို့ကိုထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက်
သတင်း မကြားရတာ ကြာပြီဖြစ်တဲ့ သူမသားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့
ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ်ကင်းရှင်းအောင် ဆုတောင်းနေရတာ
ဖြစ်ပါတယ်။

အုန်းသီးနှင့်ကျန်းမာရေးအကျိုးကျေးဇူးများ

အုံးသီးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါသလား။

   မြန်မာအများစုက အုံးသီးမှာ ပြည့်ဝ အဆီတွေပါလို့ သွေးအဆီများစေတယ် သွေးတိုး
ရောဂါရှိသူများအတွက် မကောင်းဘူးလို့ ယူဆပါတယ်။ ကျမ ရန်ကုန်မှာ ဆေးခန်း
ဖွင့်စဉ်က ကျမရဲ့ သွေးတိုးလူနာတစ်ဦး အလှူမှာ အုံးနို့ခေါက်ဆွဲစားပြီးတိုင်း သွေးတိုးလို့
ဆေးခန်းကိုရောက်လာလေ့ရှိပါတယ်။ ကျမကိုယ်တိုင်လည်း အုံးနို့ခေါက်ဆွဲစားပြီးရင်
သွေးတက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယိုးဒယားတွေကတော့ ဒီအချက်ကို လက်မခံပါဘူး။
သူတို့ အစာတော်တော်များများမှာ အုံးသီးပါကြောင်းပြောဆိုပါတယ်။ ယခု အင်တာနက်
မှာ ရှာကြည့်တော့ အုံးသီးမှာ ပြည့်ဝ အဆီပါပေမဲ့ အဲ့ဒီအဆီတွေက အရွယ်အားဖြင့်
အလတ်စားသာ ရှိကြပါတယ်။ ကျမတို့ ခန္ဓာကိုယ်က အဆီအသေးနဲ့ အလတ်စားတွေကို
အလွယ်တကူ ခြေဖျက်နိုင်တာမို့ အရွယ်ကြီးမားတဲ့ တိရိစ္ဆာန်အဆီတွေလို သွေးအဆီကို
မများစေတာကြောင့် နှလုံးရောဂါစတာတွေကို မဖြစ်စေနိုင်ရုံသာမက အဆီဓာတ်ကိုပင်
ထိန်းနိုင်၊ ကျစေနိုင်တယ်လို့ဆိုပါတယ်။

Wednesday, March 11, 2015

ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ

 ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ။ ကျနော်နဲ့ယှဉ်ရင် စကြာဝဠာမှာ ရှိသမျှ
အံ့သြဖွယ်အားလုံး မှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊
ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။
(မြတ်ဘုရားက မုန့်ညက်ဖတ် အခဲကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။

ဆိတ်ကွယ်ရာနှင့်အမှန်တရား

 ဆိတ်ကွယ်ရာ နှင့် အမှန်တရား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     တိကအင်္ဂုတ္တိုရ်၊ ၄-ဒေဝဒူတဝဂ်တွင် မြတ်ဗုဒ္ဓက လောက၌ မကောင်းမှုပြုသော
သူအား လူသူ ဆိတ်ကွယ်ရာ အရပ်မည်သည် မရှိ။ လူတွေမမြင်သော်လည်း နတ်များ
မြင်နိုင်သည်၊ အဘိဥာဉ်ရသောသူများ မြင်နိုင်သည်။ အနည်းဆုံး မိမိပြုသောအမှုကို
မိမိကိုယ်တိုင် သိ၏ ဟု ဟော်တော်မူပါတယ်။