ဆိတ်ကွယ်ရာ နှင့် အမှန်တရား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တိကအင်္ဂုတ္တိုရ်၊ ၄-ဒေဝဒူတဝဂ်တွင် မြတ်ဗုဒ္ဓက လောက၌ မကောင်းမှုပြုသော
သူအား လူသူ ဆိတ်ကွယ်ရာ အရပ်မည်သည် မရှိ။ လူတွေမမြင်သော်လည်း နတ်များ
မြင်နိုင်သည်၊ အဘိဥာဉ်ရသောသူများ မြင်နိုင်သည်။ အနည်းဆုံး မိမိပြုသောအမှုကို
မိမိကိုယ်တိုင် သိ၏ ဟု ဟော်တော်မူပါတယ်။
ဒါပေမဲ့ မသမာသူများက သက်သေခံ လက်စလက်နများ မကျန်အောင် ပိပိရိရိ
လုပ်နိုင်ရင် ဘယ်သူမှ မသိနိုင်ဟု မှတ်ယူကာ ရာဇဝတ်မှုများကို ကျူးလွန်ကြပါတယ်။
ယခုခေတ် (DNA technology) ဒီအန်အေ နည်းပညာအပါအဝင် နည်းပညာသစ်များ
ကြောင့် ယခင်က တရားခံ ရှာမရသည်များ၊ မည်သူက မှန်သည်၊ မှားသည် စသည်အမှု
များကို မှန်ကန်စွာ ဖြေရှင်းပေးနိုင်လာပါတယ်။
အောက်ပါမှုခင်းက ဆိတ်ကွယ်ရာမရှိ ဆိုတာကို သက်သေပြနေပါတယ်။
၁၉၅၀ ခုနှစ်မှာ နာဇီတို့လက်မှ လွတ်မြောက်လာသူများကို အမေရိကန်နိုင်ငံတွင်
နိုင်ငံရေး ခိုလှုံခွင့်များ ပေးခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ဦးကတော့ Viorel Trifa ဖြစ်ပါတယ်။
သူဟာ ရိုမေးနီးယားလူမျိုး (Romanium) ဖြစ်ပြီး နာဇီတို့ရဲ့ ဖမ်းဆီးခံရပြီးနောက်၊ နာဇီ
အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်လာသူ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းသည် အမေရိကန်နိုင်ငံ ရိုမေးနီးယားဘုရားကျောင်းတွင် သင်းအုပ်ဆရာအဖြစ်
ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ၎င်း၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ရာထူး
အဆင့်ဆင့် တက်ခါ ရိုမေးနီးယား ဘုရားကျောင်း ၃၅ ကျောင်းကိုပင် အုပ်ချုပ်ရသော
သင်းအုပ်ဆရာကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၅၅ ခုတွင် သမတအိမ်တော်တွင် ကျင်းပသည့်ပွဲတွင်
ပင့်ဖိတ်ခြင်း ခံခဲ့ရပါတယ်။ ၎င်း၏ကျော်ကြားမှုမှာ အမေရိကန်တွင်သာမက ရိုမေးနီးယား
နိုင်ငံရှိ ဘုရားကျောင်းများအထိ ပြန့်နှံ့ခဲ့ပါတယ်။
ရိုမေးနီးယားမှ လူတစ်ချို့က ၎င်းသည် ရိုမေးနီးယား ဂျုး ၂၀၈ ဦးအား ရက်ရက်စက်စက်
အစုလိုက် သတ်ခဲ့သည့် Viorel Trifa အမည်ရှိ နာဇီစစ်ရာဇဝတ်ကောင် ဖြစ်တယ်လို့
စွပ်စွဲကြပါတယ်။ နာဇီ Viorel Trifa ဟာ ၁၉၄၉ ခုနှစ်မှာ ရိုမေးနီးယားကျောင်းသား
ခေါင်းဆောင်အဖြစ် ဟောပြောခဲ့ပြီးနောက် ဂျူးလူမျိုး ၂၀၈ ယောက်ကို ရက်စက်စွာ
သတ်ခဲ့ပါတယ်။
သင်းအုပ်ဆရာကြီး Viorel Trifa ကတော့ နာမည်တူသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပြီး
၎င်း၏ သိက္ခာကျစေသော စွပ်စွဲပြောဆိုမှုများအား အဆုံးသတ်စေရန်အတွက် အမေရိကန်
အစိုးရအနေနဲ့ အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရမှ အနောက်ဂျာမနီနိုင်ငံကို နာဇီ Viorel Trifa နှင့်ပတ်သက်သည့်
သက်သေ အထောက်အထားများကို စစ်ဆေးနိုင်ရန် တောင်းဆိုခဲ့ရာ Viorel Trifa ရေးသား
ခဲ့သော ပို့စကတ် ၂၂ ခုကိုသာ တွေ့ရှိရသဖြင့် အမေရိကန်သို့ (copy) ကော်ပြီများ ပို့ပေး
ခဲ့ပါတယ်။
ပို့စကတ် ၂၂ ခုမှာ သူငယ်ချင်းများထံ ပို့သော ပို့စကတ်များဖြစ်ပြီး၊ သာကြောင်း
မာကြောင်း စသည်များသာ ပါရှိပြီး အမှုအတွက် ဘာအထောက်အကူမှ မပေးနိုင်ခဲ့ပါဘူး။
ပို့စကတ် ၂၂ ခုပေါ်မှ နာဇီ Viorel Trifa ၏ လက်ရေးနှင့် သင်းအုပ်ဆရာ Viorel
Trifa ၏ လက်ရေးတို့ကို စစ်ဆေးရန် လက်ရေးဖတ် ကျွမ်းကျင်သူထံ ပို့လိုက်ပါတယ်။
လက်ရေးဖတ် ကျွမ်းကျင်သူများအတွက် လူတစ်ဦးစီရဲ့လက်ရေးဟာ လက်ဗွေပုံစံလို
တစ်မူထူးခြား (၀ါ) အတူမရှိ (Unique) လို့ ဆိုပါတယ်။ ဥတစ်ခုထဲမှဖြစ်လာသော DNA
စသည် လုံးဝတူသည့် အမွှာ (monozygotic Identical twins) များပင် လက်ရေးမတူကြ
ဟု ဆိုပါတယ်။
လက်ရေးဖတ်ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်များက နာဇီ Viorel Trifa ရဲ့
လက်ရေးနှင့် သင်းအုပ်ဆရာ Viorel Trifa ရဲ့ လက်ရေးတို့ တူညီနေပါတယ်တဲ့။
တစ်နည်းအားဖြင့် နာဇီ Viorel Trifa နဲ့ သင်းအုပ် ဆရာ Viorel Trifa တို့ဟာ လူတစ်ဦး
တည်းလို့ ဆိုလိုပါတယ်။
သက်သေပိုမို ခိုင်လုံရန်အတွက် လက်ရေးထက်ပိုပြီး အသုံးများတဲ့ ကမ္ဘာနှင့်အဝှမ်း
လက်ခံထားတဲ့ လက်ဗွေရာကို နာဇီ Viorel Trifa ရဲ့ ပို့စကတ်တွေမှာ ရှာဖို့ ဆုံးဖြတ်ပြီး
အနောက်ဂျာမနီနိုင်ငံမှ Viorel Trifa ရဲ့ မူလပို့စကတ် (original) တွေကို တောင်းဆိုခဲ့
ပါတယ်။ ဒါပေမဲ့ လက်ဗွေရာယူသော နည်းများက မူလပို့စကတ်ကို ထိခိုက်နိုင်တဲ့အတွက်
အနောက်ဂျာမနီနိုင်ငံမှ လက်ဗွေရာ ယူခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်တွင်
လေဆာရောင်ခြည်ဖြင့် လက်ဗွေရာ ယူနည်းသစ် ပေါ်ပေါက် လာပါတယ်။ ဒီနည်းက
မူလလက်ဗွေရာကို လုံးဝ မထိခိုက်စေပါဘူး။ ဒါကြောင့် ၁၉၈၂ မှာ နာဇီ Viorel Trifa ရဲ့
ပို့စကတ်တွေကို အစောင့်အရှောက်နဲ့ အမေရိကန်နိုင်ငံကို ပို့ပေးခဲ့ပါတယ်။
ပို့စကတ်တွေမှာ လက်ဗွေရာရှိခဲ့မယ် ဆိုရင်တောင် အနှစ် ၄၀ နီးပါး ကြာနေပြီမို့
အစွမ်းထက်ပါတယ် ဆိုတဲ့ လေဆာရောင်ခြည်က ရှာဖွေနိုင်ပါ့မလားလို့ သံသယတွေ
ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာ နာဇီ Viorel Trifa ရဲ့ ပို့စကတ်တွေကို လေဆာ
ရောင်ခြည်အောက်မှာ ကြည့်လိုက်တော့ ပို့စကတ်တစ်ခုမှာ လက်ဝဲဘက်လက်မ
လက်ဗွေကို ထင်ထင်ရှားရှား တွေ့လိုက်ရပါတယ်။ တွေ့တဲ့လက်ဗွေကို ဓာတ်ပုံရှိုက်ပြီး
သင်းအုပ်ဆရာ Viorel Trifa အမေရိကားကို ဝင်လာစဉ်က ယူထားတဲ့ လက်ဗွေနဲ့
တိုက်ကြည့်တဲ့အခါမှာတော့ တစ်ထပ်ထဲ ဖြစ်နေပါတယ်။
နာမည်ကျော်ကြားပြီး တရားဘက်တော်သား သင်းအုပ်ဆရာကြီးက အတည်နဲ့
သူခိုးက လူ..လူ ဟစ်ခဲ့လို့ အများလူထုက သူကသာ အမှန်ပြောတယ်လို့ ထင်ခဲ့ကြပေမဲ့
ခေတ်မှီသိပ္ပံနည်းသစ်တွေကြောင့် အမှန်တရားကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နည်းအား
ဖြင့် သူ့ရဲ့ ရာဇဝတ်မှုဟာ နှစ်များစွာ ကြာခဲ့ပေမဲ့ ဆိတ်ကွယ်ရာ မဟုတ်ခဲ့ပါဘူး။
ဒီအဖြစ်အပျက်မှာ လူသေအလောင်းတို့၊ လူသတ်လက်နှက်တို့၊ မျက်မြင်သက်သေတို့
မရှိခဲ့ပေမဲ့ အမှန်တရားကို ဖုံးကွယ်လို့မရနိုင်ဘဲ ဘူးပေါ်သလို ပေါ်ခဲ့ပါတယ်။
မကောင်းမှုမှာ ဆိတ်ကွယ်ရာ မရှိ ( အရှင်ကောဝိဒဓဇ )
မကောင်းမှုမှာ၊ ပြုဖို့ရာ၊ ဆိတ်ကွယ်ရာ မရှိ။
လူမမြင်ငြား၊ နတ်မြင်ထား၊ မှတ်သား သတိရှိ။
မိမိပြုရာ၊ မကောင်းမှုမှာ၊ မိမိသာ ရှေးဦးသိ။
ကိုယ့်အပြစ်ကိုပင်၊ ကိုယ်သိလျှင်၊ ဆင်ခြင် သတိရှိ။
(မြတ်ပန်းရဂုံ)
၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက် မှာတင်ဆက်ခဲ့တဲ့ NT1 impossibles investigation
series မှ ဇတ်လမ်းအား သင့်လျော်အောင် ဘာသာပြန်ပါသည်။
=================================
ဝီကီမှာတော့ သူ့ရဲ့အမည်ကို Valerian Trifa ဟုတွေ့ရပါသည်။
http://en.wikipedia.org/wiki/Valerian_Trifa

No comments:
Post a Comment