နေလောင်ကာခရင်မ် ရွေးချယ်နည်းလမ်းညွှန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နွေရောက်ပါပြီ။ နေရောင်ထဲမှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့
အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်တွေကို တိုက်ခိုက်ပါတော့
တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိသာသာ ပူနွေးလာတဲ့ ကမ္ဘာကြီးအတွက် သင့်
အသားအရေကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။
UV Rays ဆိုတာ
------------------
ခရမ်းလွန်ရောင်ခြည်လို့ခေါ်နေတဲ့ Ultraviolet (UV) မှာ UVA နှင့် UVB ဆိုပြီး
နှစ်မျိုးရှိပါတယ်။ (၁) UVA က "အိုမင်းရင့်ရော်ခြင်း"ကို ဖြစ်စေတဲ့အပြင် အရေပြားအောက်
ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေ အဖတ်လန်ခြင်း၊ ခြောက်သွေ့ခြင်းနှင့်
အရွယ်မတိုင်မီ အရေပြားအိုမင်းခြင်းကို ဖြစ်စေပါတယ်။ (၂) UVB က "နေလောင်ခြင်း"
ကို ဖြစ်စေတာကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း နေပူဒဏ်မခံရင် အကောင်း
ဆုံးပါပဲ။ ခရမ်းလွန်ရောင်ခြည်ဒဏ် သက်သာစေဖို့ နေပူထဲထွက်တဲ့အခါမှာ..
(က) ချည်သားအဝတ်အထည် ချောင်ချောင်ပွပွတွေကိုသာ ဝတ်ဆင်ပါ။
(ခ) အရောင်ဖျော့ဖျော့လေးတွေ ရွေးဝတ်ပါ။
(ဂ) ဦးထုပ်၊ ထီး ဆောင်းပါ။
(UV ကာကွယ်တဲ့ရောင်ပြန်ထီးတွေက လုံခြုံမှုကို ပေးပါတယ်။)
(ဃ) မျက်စိအမြင်အာရုံတစ်ခုလုံးကို ဖုံးအုပ်ပေးနိုင်တဲ့ နေကာမျက်မှန် ကြီးကြီးတပ်ပါ။
(င) နေပူခံခရင်မ်တွေ လိမ်းပေးပါ။
(စ) ရော်ဘာဖိနပ်တွေ မစီးပါနဲ့။
Sunscreen ဆိုတာ
--------------------
Sunscreen ဆိုတာ နေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်တစ်မျိုးပါ။ အကယ်၍
Sunscreen ကို ကြိုတင်လိမ်းထားတဲ့အခါ ထိုခရင်မ်က ခရမ်းလွန်ရောင်ခြည်တွေ အရေ
ပြားထဲသို့ ဝင်မလာအောင် ဆီးကြိုစုပ်ယူပြီးတော့ ပြင်ပသို့ ပြန်ကန်တိုက်ထုတ်ပေးတဲ့
အတွက် အသားအရေပေါ် မလိုလားအပ်တဲ့ အမည်းစက်ပြောက်တွေ၊ အရေပြားတွန့်ခြင်း
တွေ ဖြစ်မလာစေတော့ပါဘူး။ Sunscreen ကို မိတ်ကပ်အောက်ခံအဖြစ် သုံးနိုင်ပါတယ်။
သို့သော် အလှကုန်ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Sunscreen အများစုဟာ UVB ကို
ကာကွယ်ဖို့အတွက်သာ အဓိကထား ထုတ်လုပ်လေ့ရှိတာကြောင့် ပစ္စည်းဝယ်တဲ့အခါ
ဘူးခွံပေါ်မှာ PA+ စာတန်းပါတဲ့အမျိုးအစားကို ရွေးဝယ်ခြင်းဖြင့် UVA နှင့် UVB နှစ်မျိုး
စလုံးကို ကာကွယ်ပေးပါလိမ့်မယ်။
SPF နံပါတ်တွေဆိုတာ
------------------------
UVB ကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာ
ကရင်မ်၏ စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို Sun Protection Factor (SPF) နံပါတ်
တွေနဲ့ စံညွှန်းထား သတ်မှတ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် SPF 50 ကို လိမ်းထားတဲ့
သူဟာ နေလောင်ခရင်မ်လုံးဝမလိမ်းတဲ့သူထက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အဆ ၅၀
ကာကွယ်ရာရောက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် SPF ပမာဏများတဲ့
နေလောင်ကာခရင်မ် လိမ်းထားနိုင်လေ အသားအရေကို ပိုမို ကာကွယ်နိုင်လေပါပဲ။
UVA ပါဝင်မှုဆိုတာ
--------------------
အလှကုန်ပစ္စည်းတွေအတွက် UVA ကို PA လို နာမ်စားသုံးစွဲခေါ်ဝေါ်လေ့ရှိပါတယ်။
UVA အကာအကွယ်ပါဝင်နှုန်း အနည်းအများပမာဏကိုတော့ ခရင်မ်ဘူးတွေပေါ်မှာ
PA+ (သို့) PA++ (သို့) PA+++ စသည်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ " + " ပါဝင်မှုများ
လေ နေရောင်ခြည်ကြောင့် အသားအရေအိုမင်းမှုကို ပိုမို ကာကွယ်နိုင်လေပါပဲ။
နေလောင်ကာခရင်မ်ရွေးချယ်နည်း
------------------------------------
နေလောင်ကာခရင်မ်တွေကို အိမ်ပြင်သို့မထွက်မီ အနည်းဆုံး မိနစ် ၂၀ခန့် အလိုမှာ
ကြိုလိမ်းထားပေးရပါမယ်။
(က) မွေးရာပါအသားမည်းသူများအတွက် -
မွေးရာပါ အသားမည်းသူတွေမှာ သဘာဝတရားကြီးရဲ့လက်ဆောင်အဖြစ် အသား
အရောင်ဖျော့သူတွေထက် အသားအရေ ဖွဲ့စည်းကြံ့ခိုင်မှုသိပ်သည်းဆ ပိုရှိနေကြပါတယ်။
ဒါကြောင့် SPF 10 PA+ (သို့) SPF 15 PA+ လောက်သာ သုံးပေးနိုင်ပါတယ်။
(ခ) ရုံးတက်၊ ကျောင်းတက်သူများအတွက် -
များသောအားဖြင့် ရုံးတက်၊ ကျောင်းတက်သူများဟာ နေပူထဲ တစ်နေကုန် မထွက်
ကြရပါဘူး။ ရုံးသွား၊ ကျောင်းပြန် အချိန်လောက်သာ နေပူထဲထွက်ရပြီး ကျန်တဲ့အချိန်
တွေမှာ နေရိပ်ထဲ (သို့) Air con အအေးခန်းထဲ နေရသူတွေဖြစ်တာကြောင့် ခရမ်းလွန်
ရောင်ခြည်ဒဏ်ကို ရာနှုန်းပြည့်မခံရ၍ SPF 24 PA++ (သို့) SPF 30 PA++ အမျိုးအစား
ကရင်မ်ကို နေ့စဉ်လိမ်းပေးရုံနဲ့ လုံလောက်ပါပြီ။
(ဂ) နေ့စဉ် နေပူထဲ မကြာခဏထွက်နေရသူများအတွက် -
ခရမ်းလွန်ရောင်ခြည်သင့်ခံရသူဖြစ်တာကြောင့် မျက်နှာအစ၊ ခြေဖျားအဆုံး နေလောင်
ကာခရင်မ် လိမ်းပေးထားသင့်ပါတယ်။ ထိုသူများအတွက် အသင့်တော်ဆုံးခရင်မ်များမှာ -
SPF 30 PA++ (သို့) SPF 50 PA+++ တို့ ဖြစ်ပါတယ်။
(ဃ) အလည်အပတ်ဈေးဝယ်ထွက်သူများအတွက် -
အလည်အပတ်ဈေးဝယ်ထွက်သူတွေ၊ ဘုရားသွားကျောင်းတက်သူတွေက နေရိပ်ထဲ
ဝင်လိုက်၊ နေပူပူအောက်ရောက်လိုက် ဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို
ရာနှုန်းပြည့်မခံရသော်ငြား နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးနိုင်တာမို့ မပေါ့ဆ
သင့်ပါဘူး။ အိမ်ပြင်မထွက်မီကတည်းက SPF 30 PA++ ကို ကြိုလိမ်းသွားပါ။
(င) အားကစားလိုက်စားသူများအတွက် -
ဥပမာ - နေပူပူအောက် စက်ဘီးစီးရသူများ၊ တာဝေးအပြေးသမားများ၊ တောင်တက်
သူများဟာ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝခံစားရတဲ့အပြင် ချွေးထွက်လွန်သူများ
ဖြစ်တာကြောင့် မိမိအသားအရေကို ကောင်းစွာမစောင့်ရှောက်နိုင်ပါက အရေပြားပျက်စီး
တတ်ပါတယ်။ ကံမကောင်းသူများအတွက် အရေပြားကင်ဆာအထိ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် နေလောင်ကာခရင်မ်ကို လိမ်းလေ့လိမ်းထမရှိတဲ့ နားရွက်အနောက်ဖက်ကို
လည်း ချန်မထားသင့်ပါဘူး။ နေရောင်ခြည်နဲ့ထိတွေမှု အများဆုံးနေရာဖြစ်တဲ့ နှာခေါင်းနဲ့
လက်မောင်းအပေါ်ဖက်ပိုင်းတွေကို ခရင်မ်ပို၍လိမ်းပေးပါ။ အိမ်မှမထွက်မီ SPA 50
PA+++ ကို တစ်ကိုယ်လုံးလိမ်းပေးရုံသာမက ခရင်မ်ဘူးကို မိမိနှင့်အတူ တစ်ပါတည်း
ဆောင်ထားပြီး နေပူထဲထွက်ရှိမှုကြာချိန်ပေါ်မူတည်၍ နှစ်နာရီ၊ သုံးနာရီခြား တစ်ကြိမ်
ခရင်မ်ကို ထပ်မံလိမ်းပေးပါ။ လှေလှော်ရွက်တိုက်သူများ၊ ရေကူးသူများက water proof
sunscreen SPF 50 PA+++ ကို ရွေးချယ်သုံးစွဲပါ။
(စ) အပန်းဖြေကမ်းခြေထွက်လည်သူများအတွက် -
နေလောင်ဒဏ်အပြင် ရေလောင်ဒဏ်ပါ ခံစားရတာကြောင့် ရေစိုခံနေရောင်ခြည်ကာ
ကရင်မ် အမျိုးအစားဖြစ်တဲ့ (water proof sunscreen) ကိုသာ ရွေးချယ်ပေးပါ။ SPF 50
PA+++ ကိုသုံးပါ။ အဲဒါတွေထက် မမာဏများတဲ့ နေလောင်ကာခရင်မ်ကို သုံးနိုင်ရင်
အကောင်းဆုံးဖြစ်ပါတယ်။ (မဟာသင်္ကြန်ရေကစားသူများ ကျား/မ အားလုံး သုံးစွဲသင့်တဲ့
နေလောင်ကာ အမျိုးအစားဖြစ်ပါတယ်။
အလှအပမြတ်နိုးသူတိုင်း လှသည်ထက်ပို၍ လှနိုင်ကြပါစေရှင်။
(ပေါက်ပေါက်)
၂၀၁၅-ခုနှစ်၊ မတ်လ ၈-ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ။
ထပ်မံလေ့လာလိုပါလျှင် -
http://www.cancer.org.au/preventing-cancer/sun-protection/sun-protection-products/
http://www.medicaldaily.com/sunscreen-does-not-protect-against-deadliest-skin-cancer-uv-light-accelerates-dna-288134

No comments:
Post a Comment