အုံးသီးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါသလား။
မြန်မာအများစုက အုံးသီးမှာ ပြည့်ဝ အဆီတွေပါလို့ သွေးအဆီများစေတယ် သွေးတိုး
ရောဂါရှိသူများအတွက် မကောင်းဘူးလို့ ယူဆပါတယ်။ ကျမ ရန်ကုန်မှာ ဆေးခန်း
ဖွင့်စဉ်က ကျမရဲ့ သွေးတိုးလူနာတစ်ဦး အလှူမှာ အုံးနို့ခေါက်ဆွဲစားပြီးတိုင်း သွေးတိုးလို့
ဆေးခန်းကိုရောက်လာလေ့ရှိပါတယ်။ ကျမကိုယ်တိုင်လည်း အုံးနို့ခေါက်ဆွဲစားပြီးရင်
သွေးတက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယိုးဒယားတွေကတော့ ဒီအချက်ကို လက်မခံပါဘူး။
သူတို့ အစာတော်တော်များများမှာ အုံးသီးပါကြောင်းပြောဆိုပါတယ်။ ယခု အင်တာနက်
မှာ ရှာကြည့်တော့ အုံးသီးမှာ ပြည့်ဝ အဆီပါပေမဲ့ အဲ့ဒီအဆီတွေက အရွယ်အားဖြင့်
အလတ်စားသာ ရှိကြပါတယ်။ ကျမတို့ ခန္ဓာကိုယ်က အဆီအသေးနဲ့ အလတ်စားတွေကို
အလွယ်တကူ ခြေဖျက်နိုင်တာမို့ အရွယ်ကြီးမားတဲ့ တိရိစ္ဆာန်အဆီတွေလို သွေးအဆီကို
မများစေတာကြောင့် နှလုံးရောဂါစတာတွေကို မဖြစ်စေနိုင်ရုံသာမက အဆီဓာတ်ကိုပင်
ထိန်းနိုင်၊ ကျစေနိုင်တယ်လို့ဆိုပါတယ်။
ဒါဆိုရင် မြန်မာပြည်က အုံးနို့ခေါက်ဆွဲဟာ အုံးနို့ကြောင့်မဟုတ်ဘဲ ခေါက်ဆွဲမှာထဲ့တဲ့
ဆိုဒါတွေကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဆိုဒါဆိုတာလည်း ဆားတစ်မျိုးဖြစ်တာမို့ ကိုယ်တွင်း
ဆားဓာတ်ကို များစေနိုင်ပါတယ်။ ကြားရတာတော့ မြန်မာပြည့်က ဝိသမာလောဘသား
တွေက စားဆိုဒါတောင်မထဲ့ပဲ ဈေးအလွန်ပေါတဲ့ အဝတ်လျော်ဆိုဒါတွေ သုံးကြတယ်တဲ့။
အုံးသီးဟာ ကမ္ဘာပေါ်မှာရှိသမျှ အစားအစာတွေထဲမှာ အာဟာရအရှိဆုံးအစာ ဖြစ်တဲ့
အပြင် ကိုယ်ခန္ဓာကို ကုသ ပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ အောက်ပါအချက်များက
အုံးသီးစားသင့်ကြောင်း ဖေါ်ပြပါတယ်။
၁။ ဗီတာမင်၊ သတ္ထုဓာတ်တွေနဲ့ antioxidants များစွာပါရှိခြင်း။
ဗီတာမင်၊ သတ္ထုဓာတ်တွေဟာ ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့အပြင် antioxidants
တွေက ကိုယ် ရောင်ရမ်းခြင်းနဲ့ စိတ်ပင်ပမ်းမှုများကို တိုက်ထုတ်ပေးပါတယ်။
၂။ အမျှင်ဓာတ်များစွာပါရှိခြင်း။ အုံးသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခြေချက်လို့
မရပါဘူး။ ဒါကြောင့် သူတို့ကြောင့် ကိုယ်ခန္ဓာမှာ စွမ်းအင်တွေ မရရှိပဲ ဗိုက်ပြည့်တဲ့
ခံစားမှုကိုဖြစ်စေပြီး၊ ဝမ်းမှန်စေပါတယ်။
၃။ အုံးသီး၊ အထူးသဖြင့် အုံးဆီဟာ အနာများကို လျှင်မြန်စွာကျက်စေပါတယ်။
၎။ အုံးသီးမှာ သဘာဝ အစာခြေ အင်ဇိုင်း enzymes များ ပါဝင်တဲ့အတွက် အုံးသီးကို
ခြေချက်ရန် ပင်ကရိယ (pancreas) မှ အစာခြေရည်များထုတ်ရန်မလိုပဲ ၎င်းဘာသာ
အစာခြေတဲ့အတွက် အစာလမ်းကြောင်းအတွက် ဆေးသဖွယ်ဖြစ်ပါတယ်။
၅။ အုံးသီးမှာ အဆီ ၃ မျိုး ပါဝင်ပါတယ်။ lauric acid, caprylic acid, capric acid တို့
ဖြစ်ပါတယ်။ သူတို့က ရောင်ရမ်းခြင်း အမျိုးမျိုးကို ထိန်းနိုင်တဲ့အတွက် bacteria,
virus, fungus ရောဂါပိုးများကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
၆။ အုံးသီးဟာ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
သူ့မှာအလတ်စား အရွယ် ပြည့်ဝအဆီတွေ ပါရှိပါတယ်။ အဲ့ဒီအဆီတွေကို ကိုယ်ခန္ဓာက
အလွယ်တကူ ခြေဖျက်နိုင်ပါတယ်။ အဲ့ဒီအဆီတွေက သွေးထဲမှာရှိတဲ့ အဆီဓာတ်ကို
ထိန်းခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ၎င်းအပြင် အဲ့ဒီ အဆီ
တွေက စားသောက်သမျှ အစာတွေကို ကိုယ်ခန္ဓာထဲကို အလွယ်တကူ စုပ်ယူစေခြင်း
အားဖြင့် အစာလမ်းကြောင်းနဲ့ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို ကုသပေးပါတယ်။
အထူးသဖြင့် နာတာရှည်ရောဂါသည်များကို သက်သာစေပါတယ်။ အစာလမ်းကြောင်း
မှာဖြစ်တဲ့ ရင်ပြည့်ခြင်း၊ လေချုပ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်း၊ ကြွက်တက်ခြင်း
များကို သက်သာစေပါတယ်။ အဲ့ဒီအဆီတွေက တခြား အဆီတွေလို အသဲနဲ့ ပင်ကရိယ
ဆီရောက်စရာမလိုတဲ့အတွက် အခြားဆီတွေလို ကိုယ်ခန္ဓာရဲ့ အဆီအဖြစ်ကို မပြောင်း
လဲပါဘူး။ ဆိုလိုတာက အုံးသီးအဆီက ကိုယ်အလေးချိန်ကို မတိုးစေပါဘူး။
ရ။ အုံးရည်မှာ သတ္ထုဓာတ်များစွာ ပါရှိပါတယ်။ အုံးရည်မှာပိုတက်ဆီယမ်များစွာပါဝင်ပြီး၊
မဂ္ဂနီစီယမ် သိပ် မများပါဘူး၊ တခြားသတ္ထုဓာတ်များလည်း များစွာပါတဲ့အတွက်
ဝမ်းလျောရောဂါသည်များနဲ့ မီးလောင်ခံရသောလူနာများ၊ အားကစားကြောင့် ချွေးထွက်
များသူများအတွက် အလွန်ကောင်းမွန်ပါတယ်။ အုံးရည်မှာ သဘာဝအချိုဓာတ် ပါရှိတဲ့
အတွက် အားကစားသမားများအပါအဝင် လူတိုင်း၊ အသက်အရွယ်တိုင်းအတွက်
စက်ရုံထုတ်အချိုရည်တွေထက် ပိုမို ကောင်းမွန်ပါတယ်။
၈။ အုံးဆီဟာ အပူဒဏ်ကိုခံနိုင်ပါတယ်။ ၅၀၀ C အထိ အပူပေးနိုင်ပါတယ်။
ဒါကြောင့် အကြော်ကြော်ရာတွင်၎င်း၊ မုန့်လုပ်ရာတွင်၎င်း အသုံးပြုသင့်ပါတယ်။
၉။ အုံးသီးဟာ ကြွက်သားများတည်ဆောက်ဖို့အတွက် အထောက်အကူပြုတာကြောင့်
ပိန်ချုံးချည့်နဲ့သော လူနာများအတွက် သင့်တော်ပါတယ်။
၁၀။ အုံးနို့ဟာ လည်ချောင်းနာရောဂါနဲ့ အစာအိမ်ရောဂါများကို သက်သာစေပါတယ်။
၁၁။ အုံးရည်ဟာ ကျောက်ကပ်ရောဂါသည်များအတွက် ကောင်းမွန်ပါတယ်။
၁၂။ အုံးရည်ဟာ အရေပြားကျန်းမာရေးကို အထောက်အကူပြုတာကြောင့် ကျောက်ကြီး
ရောဂါ၊ ရေကျောက်ရောဂါ၊ ဝက်သက်ရောဂါများမှာ အရေပြားပေါ်က အဖုအပိန့်များ
ကို သက်သာစေပါတယ်။
၁၃။ အုံးရည်ကို သံကောင်စသည့် ဝမ်းတွင်းသံများကို သေစေနိုင်ပါတယ်။
၁၄။ အုံးရည်ဟာ အစာအိမ်နဲ့ ဆီးလမ်းကြောင်းပြဿနာများကို သက်သာစေပါတယ်။
၁၅။ အုံးရည်ဟာ ဆီချိုရောဂါသည်တွေအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။
၁၆။ လေ့လာချက်များက AIDS ရောဂါသည်တွေရဲ့ ပိုးများကို
လျော့ကျစေတာ တွေ့ရပါတယ်။
၁၇။ အုံးသီးမှာပါဝင်တဲ့ အိုင်အိုဒင်းဓာတ်က လည်ပင်းကြီးရောဂါကို ကာကွယ်ပေးပါတယ်။
၁၈။ အုံးဆီဟာ အရေပြားနဲ့ ဆံပင်များသန်မာစေသည့်အပြင်
အောက်ပါ ရောဂါများကိုလည်း သက်သာစေပါတယ်။
(၁) စိတ်ပူပန်ခြင်း Stress
(၂) နှလုံးရောဂါ Heart Diseases
(၃) သွေးအဆီများခြင်း High Cholesterol Levels
(၄) ကိုယ်အလေးချိန်များခြင်း Too Much Weight
(၅) ကျောက်ကပ်ပြဿနာ Kidney Problems
(၆) အစာမကြေခြင်း Poor Digestion
(၇) ဇီဝဖြစ်ပျက်မှုနှေးကွေးခြင်း Low Metabolism
(၈) သွေးတိုးခြင်း High Blood Pressure
(၉) ခုခံအားနည်းခြင်း Low Immunity
(၁၀) သွားပြဿနာများ Dental Problems
(၁၁) အရိုးပါးခြင်း Low Bone Density
(၁၂) ကင်ဆာ Cancer
(၁၃) အိုလွယ်ခြင်း Premature Aging
(၁၄) ပင်ကရိယရောင်ခြင်း Pancreatitis
အုံးသီးအသား ၁၀၀ g တွင် ပါဝင်သောအာဟာရဓာတ်များ။
၁။ ကဆီဓာတ် (Carbohydrates) - 15.23 gm
၂။ သကြားဓာတ် (Sugars) - 6.23 gm
၃။ အမျှင်ဓာတ် (Dietary Fiber) - 9.0 gm
၎။ ပြည့်ဝ အဆီ (Saturated Fat) - 29.70 gm
၅။ တစ်ခုချင်းရှိသော ပြည့်ဝ အဆီ (Monounsaturated Fat) - 1.43 gm
၆။ အတွဲလိုက်ရှိသော ပြည့်ဝ အဆီ (Polyunsaturated Fat) - 0.37 gm
၇။ အသားဓာတ် (Protein) - 3.3 gm
၈။ ဗီတာမင် Thiamin (Vitamin B1) - 0.066 mg
၉။ ဗီတာမင် Riboflavin (Vitamin B2) - 0.02 mg
၁၀။ ဗီတာမင် Niacin (Vitamin B3) - 0.54 mg
၁၁။ ဗီတာမင် Pantothenic Acid (Vitamin B5) - 0.300 mg
၁၂။ ဗီတာမင် Vitamin B6 - 0.054 mg
၁၃။ ဗီတာမင် Folate (Vitamin B9) - 26 μg
၁၄။ ဗီတာမင် Vitamin C - 3.3 mg
၁၅။ သတ္ထုဓာတ် Calcium - 14 mg
၁၆။ သတ္ထုဓာတ် Iron - 2.43 mg
၁၇။ သတ္ထုဓာတ် Magnesium - 32 mg
၁၈။ သတ္ထုဓာတ် Phosphorus - 113 mg
၁၉။ သတ္ထုဓာတ် Potassium - 356 mg
၂၀။ သတ္ထုဓာတ် Zinc - 1.1 mg
၂၁။ စွမ်းအင် Energy - 350 kcal (1480 kJ)
အုံးရည်တွင်ပါဝင်သော ဓာတ်သတ္ထုများနဲ့ သကြားဓာတ်ပမာဏဟာ ဆားနဲ့အချိုပါတဲ့
ဆေးရည်ပုလင်း (Drip of 5% glucose in normal saline) မှာပါဝင်တဲ့ သကြားဓာတ်နဲ့
ဓာတ်သတ္ထုများ နည်းတူဖြစ်တဲ့အပြင် ပိုးလုံးဝ မပါရှိသော သဘာဝ အရည် (naturally
sterile) ဖြစ်တာကြောင့် လူ့ကိုယ်ထဲသို့ လိုအပ်ပါက အကြောမှထိုးသွင်းပေးနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးမလုံလောက်သော လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်
ကျေးရွာများတွင် ကာလဝမ်းရောဂါမျိုး အရေးပေါ် သွေးထဲသို့ ဆေးရည်ထိုးသွင်းကုသရန်
လိုအပ်ပါက အုံးသီးမျက်လုံးများကို ပိုးမဝင်အောင်ဖောက်၍ ဆေးရည်ပုလင်းအဖြစ်
အသုံးပြုရန် ညွှန်ကြးခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အသုံးပြုခဲ့ဖူးပါသည်။
(မြတ်ပန်းရဂုံ)
ကျမ်းကိုး
၁။ http://lifestyle.iloveindia.com/lounge/benefits-of-coconut-1718.html
၂။ http://www.be-healthy-with-coconuts.com/coconut-nutrition.html
၃။ http://scientificlogic.blogspot.fr/2010/05/coconut-or-rice-water-for-diarrhoea.html

No comments:
Post a Comment