မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, March 6, 2015

ငှက်ပျောသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 ငှက်ပျောသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


 ၁။ ငှက်ပျောသီးသည် ကြွက်သားများလိုအပ်သော ကစီဓာတ်စွမ်းအင်ကို ထုတ်ပေးသည်။

 ၂။ ငှက်ပျောသီးတွင် ပိုတက်စီယံဓာတ် များစွာပါဝင်သဖြင့် သွေးလှည့်ပတ်မှုကို
     ကောင်းမွန်စေသဖြင့် ဦးနှောက်သို့ သွေးစီးမှုကောင်းစေသည်၊ နှလုံးခုန်မှန်စေသည်၊
     ကိုယ်တွင်း ရေဓာတ်ကို မျှတစေသည်။

 ၃။ ငှက်ပျောသီးတွင် ဗီတာမင် B6 ပါရှိသည်။ ၎င်း ဗီတာမင် B6 သည် သွေးတွင်းသကြား
     ဓာတ်ကို မျှတစေသဖြင့် အခက်အခဲများ ကျော်လွှားရာတွင် အထောက်အကူ ပေးသည့်
     အပြင် စိတ်တို၊ စိတ်ရှုပ်  (cranky moods) ခြင်းများမှလည်း ကင်းလွတ်စေသည်။

 ၄။ ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်စီယံဓာတ်သည် ကျောင်းသူကျောင်းသားများအား
     နိုးကြားစေခြင်းဖြင့် ပညာရေးတွင် အထောက်အကူပေးသည်။ နံနက်နှင့် နေ့လည်တွင်
     ငှက်ပျောသီးစားသော ကျောင်းသားများ ဥာဏ်ပိုကောင်းပြီး စာမေးပွဲပိုမိုဖြေနိုင်ကြောင်း
     တွေ့ရသည်။

 ၅။ ငှက်ပျောသီးသည် စိတ်နေစိတ်ထား (moods) ကိုထိန်းချုပ်သော tryptophan ကို
     ထွက်စေသည်။ tryptophan ကို ဦးနှောက်ထဲတွင် serotonin အဖြစ်ပြောင်းလဲသည်။
     ငှက်ပျောသီးစားသူများ စိတ်တက်ကြွပြီး ပိုမိုပျော်ရွှင်ကြသည်။

 ၆။ ငှက်ပျောသီးတွင် ဗီတာမင် B များနှင့် အခြားသော ဓာတ်သတ္ထုများ ပါရှိသဖြင့်
     ဆေးလိပ်တွင်ပါဝင်သည့် နစ်ကိုတင်း (nicotine) အဆိပ်ဓာတ် စွဲလမ်းမှုကို
     နည်းစေသည်။ ထိုကြောင့် ဆေးလိပ်ဖြတ်သူများ၏ ကိုယ်ရော၊ စိတ်ပါ ခံစားရမှုများ
     ကို လျော့နည်းစေသည်။

 ၇။ ငှက်ပျောသီးတွင် သံဓာတ်များစွာပါရှိသဖြင့်
     သွေးအားနည်းရောဂါကို သက်သာစေသည်။

 ၈။ ငှက်ပျောသီးတွင် ပျော်ဝင် အမျှင်ဓာတ် (soluble fibre) အများအပြား ပါရှိသဖြင့်
     ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေသည်။

(မြတ်ပန်းရဂုံ)

No comments:

Post a Comment