မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, March 13, 2015

ရွှေဖရုံစေ့

ရွှေဖရုံစေ့
။။။။။။။။။။။။။
     မြန်မာလူမျိုးများအဖို့ ရွှေဖရုံသီးကို အထူးတလည် မိတ်ဆက်ပေးဖို့ လိုမည်မဟုတ်ပေ။
ယခုလို မိုးတွင်းရာသီ ရွှေဖရုံသီးဟာ ရာသီစာဖြစ်၍ ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့ ခပ်စေးစေး
လေး နှပ်ထားတဲ့ ရွှေဖရုံသီးဟင်း တစ်ခွက်ဟာ ခံတွင်းတွေ့စရာ မြန်မာဟင်းတစ်ခွက်
ဖြစ်ပါတယ်။ ဖရုံစေ့ဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အလွန် အသုံးဝင်လှတယ်
လို့သိရပါတယ်။ အမျိုးသားတွေမှာ သုတ်ရည်ဂလင်းကြီးလာတဲ့အခါ ဆီးသွားတဲ့အချိန်
အခက်အခြဲဖစ်ရပါတယ်။ ဒီအဖြစ်ဆိုးကို ဖရုံစေ့ စားပေးခြင်းက သက်သာလျော့ပါးစေနိုင်
စွမ်းရှိပါသတဲ့။ နောက်တစ်ခုက ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ဖရုံစေ့
စားပေးခြင်းက အကူအညီပေးနိုင်ပါကြောင်း လေ့လာမှုတွေထဲမှာ တွေ့ရပြန်ပါတယ်။

     ဒါ့အပြင် ဖရုံစေ့ထဲမှာ Ltryptophan ပါရှိလို့  စိတ်ကျရောဂါကို ကုသပေးတဲ့ သဘာဝ
ဆေးပါလို့ ဆိုထားပြန်ပါတယ။် သူ့ ထဲမှာ ဇင့်ဓာတ် မြင့်မားစွာပါရှိတဲ့အတွက် အရိုးပွ
ရောဂါကို တားဆီးပေးပါတယ်။ တကယ်တော့  လူတွေရဲ့ အစားအသောက်မှာ ဇင့်ဓာတ်
ပါဝင်မှုနည်းရင် အရိုးပွ ရောဂါဆိုတာ ဖြစ်လာစေနိုင်တာပါ။ ခန္ဓာကိုယ်ရောင်ရမ်းမှု ဖြစ်တဲ့
အခါမှာ အရောင်ကျဆေးဝါးတွေသောက်တာက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေး
တယ်။ ဖရုံစေ့စားသုံးခြင်းက ထိထိရောက်ရောက် လျော့ကျစေတယ်လ့ို ပြောထားပါတယ။်
နောက်ထပ် လေ့လာတွေ့ရှိချက်တွေအရ ပြောရရင် ဆီးကျောက်တည်တာတွေကိုပါ
ကြွေကျစေနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ တုတ်ပြားကောင်၊ သန်ပြားကောင်စတဲ့ ကိုယ်တွင်း
နေ ကပ်ပါးကောင်တွေကို တိုက်ထုတ်နိုင်လောက်အောင် အစွမ်း ထက်တယ်လို့ သိရပါ
တယ်။ တကယ်လို့ များ ဖရုံစေ့ လက်တစ်ဆုပ်စာစားရင် နေစဉ်လိုအပ်တဲ့ မက်ဂနီဆီယမ်
၉၂ ရာခိုင်နှုန်းကို ရစေပါတယ။် များလိုက်တဲ့ အကျိုးကျေးဇူးတွေပါ။ ဖရုံစေ့ကPhytosterols
ဒြပ်ပေါင်းတွေ ပါရှိလို့ ဝိတ်ကျစေပါတယ။် အဲဒီလို ဝိတ်ကျမှုကနေတစ်ဆင့် ကင်ဆာရောဂါ
များစွာတိုကိုပါ တားဆီး ပေးနိုင်ပါကြောင်း လေ့လာမှုတွေက ဆိုထားတာပါ။

     ဒါကြောင့်  ““အစာလည်းဆေး၊ ဆေးလည်းအစာ””ဆိုသလို ဖရုံစေ့လေး တဖြောက်
ဖြောက် ဝါးရင်း မဖြစ်ပွားသင့်တဲ့ရောဂါတွေ မလာရအောင် ကာကွယ်ထားကြမယ်နော်။

+ဆုလာဘ်တိုး+
**Public Health**

No comments:

Post a Comment