မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, March 12, 2015

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

 ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မတစ်ယောက်ဟာ သူ့မိသားစု
စားဖို့အတွက် ပေါင်မုန့် ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူး တစ်ခု
ရပြီး ပေါင်မုန့်အပို တစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေ
တဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်
မှာ ထားထား လိုက်ပါတယ်။ အဲဒီ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ
အဝေး တစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ် ကင်းရှင်းပါစေကြောင်း
ဆုတောင်း တတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့
ဆိုပြီး မြို့ကိုထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက်
သတင်း မကြားရတာ ကြာပြီဖြစ်တဲ့ သူမသားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့
ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ်ကင်းရှင်းအောင် ဆုတောင်းနေရတာ
ဖြစ်ပါတယ်။

     အိမ်ရှင်မရဲ့ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ စထားတဲ့နေ့ကစပြီး လာလာ ယူတဲ့သူက
ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ် တဲ့။ အဲဒီ အဖိုးကြီးဟာ
ပေါင်မုန့်ကိုယူပြီးတိုင်း အိမ်ရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား
စကားတစ်ခွန်းကိုသာ ထပ်တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာ သွားတတ်ပါတယ်။
သူဆိုသွားတဲ့ စကားက "မကောင်းတာ လုပ်ရင် မကောင်းသလို ခံစားရမယ်။ ကောင်းတာ
လုပ်ရင်လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

     အိမ်ရှင်မဟာ နေ့တိုင်း နေ့တိုင်း ပေါင်မုန့် တစ်လုံး တစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်
မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန်ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း
ဆုတောင်းလေ့ရှိသလို ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ
ယူမြဲ ဖြစ်ပါတယ်။ လာယူတိုင်းလည်း သူ့ ပါးစပ်ကနေ "မကောင်းတာ လုပ်ရင် မကောင်း
သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကား
ကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ ရှိပါတယ်။ အဲဒီ အဖြစ်အပျက်ဟာ ကြာလာတဲ့
အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရ ခက်လာပါတယ်။ ပေါင်မုန့်ကို နေ့တိုင်းလာယူ
ပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်းမှ ပြောဖော်မရဘဲ သူ ပြော
နေကျ စကားကိုသာ သူ့ ဖာသူ တီးတိုး ရေရွတ် ပြောဆို သွားခဲ့ပါတယ်။

     "မကောင်း တာ လုပ်ရင် မကောင်းသလို ခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း
ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသ
ထွက်သလို ဖြစ်လာပါတော့တယ်။ "ဒီ ခါးကုန်းကြီးဟာ နေ့တိုင်း နေ့တိုင်း ငါထားထားတဲ့
ပေါင်မုန့် လာလာယူပြီး ကျေးဇူးတင်စကား တစ်ခွန်းတောင် ပြောဖို့မသိတတ်ဘူး ။
ဘာ မဟုတ်တဲ့ စကားတွေပဲ ပြောပြောသွားတယ်။ ဘယ်လို လူစားမျိုးလဲ မသိဘူး" လို့
တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်
တဲ့ ဒီ ခါးကုန်းကြီး နောက်ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့အောင် တစ်ခုခု
လုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူး ရေရွတ်မိပါတယ်။

     အဲ ဒီလိုနဲ့ မိုး ခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး
ဖုတ်မဲ့အထဲ အဆိပ်တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ်
ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ
လုပ်ဖို့ စိတ်ကူး နေတာလဲ။ ပေါင်မုန့်ကို မရှိ နွမ်းပါးသူ ဘယ်သူဘဲ ယူယူ ဆိုတဲ့ စိတ်ကူးနဲ့
ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ် ဖုတ်နေတာပဲ။ ဒီ ခါးကုန်းကြီး ကျေးဇူး တင်တင်
မတင်တင်၊ ငါ စေတနာ ပျက်စရာ လိုလို့လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်
ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချလိုက်ပြီး နောက်ထပ် အသစ်တစ်လုံးကို ထပ်မံ
ပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက်ပါတော့တယ်။

     လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မ ထားထားတဲ့ ပေါင်မုန့်ကို ယူပြီး
ခါတိုင်းလို "မကောင်းတာ လုပ်ရင် မကောင်းသလို ခံစားရမယ်။ ကောင်းတာ လုပ်ရင်
လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့ စကားကို ရေရွတ်ပြီး ထွက်သွား ပြန်ပါတယ်။
အဲဒီနေ့ ညနေမှာတော့ သူမတို့အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။
တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာ
သတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။
သူမရဲ့သားဟာ ကျုံလှီ ပိန်ချုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့
နေပါတယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှ ဆာလောင်
ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။

     သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး
" မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ
စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများ ဖြစ်ခဲ့လဲ
သားရယ် .. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သား ဖြစ်သူက " ကျွန်တော်
မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီး လာခဲ့ရတယ်။
တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့
ကျွန်တော့်မှာ ဘာမှ စားစရာ မရှိတော့ဘူး၊ ဝယ်စားဖို့ငွေလည်း မရှိတော့ဘူး။ အစာ မစား
ရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တော့ သေတော့
မယ် လို့ကို အောက်မေ့တော့တာပဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်း အဖိုးကြီးတစ်ယောက်က
ကျွန်တော့် ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ ပေါင်မုန့်တစ်လုံးကို
တွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့် တစ်ဖဲ့လောက် ကျွေးပါလို့ တောင်းပန်ပါတယ်"
လို့ ပြောပြပါတယ်။

     အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လားလို့ မိခင်ကမေးတော့
"ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံး
လုံးကို ပေးခဲပြီး " ဒီ ပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျ ရိက္ခာပဲ။ ဒါပေမဲ့ ဒီ ပေါင်မုန့်
တစ်လုံးလုံး မင်းကို ပေးခဲ့ပါ့မယ် .... ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ ငါ့ထက် မင်းက
ဒီ ပေါင်မုန့်တစ်လုံးကို ပို လိုအပ်နေတဲ့သူ ဖြစ်နေလို့ပါပဲ" လို့ ပြောသွားခဲ့တာပါ။
ကတယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေ ရေ .... အဲဒီ ပေါင်မုန့်
သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင်လာနိုင်ဖို့ မမြင်တော့ပါဘူး။
ကျွန်တော်ဟာ အစာငတ်ပြီး သေရုံသာ ရှိပါတော့တယ်လို့ ပြောပြလိုက်ပါတယ်။

     သားရဲ့စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြ ထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး
ဖြူဖျော့ ပြီး မူးမေ့ လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်း
လိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါ
သေးတယ်။ ဒီ မနက်မှာ အဲဒီ ပေါင်မုန့်ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်
ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံးသားလေး ဖြစ်မှာ အသေအချာပါ။
အဲဒီလိုသာဆိုရင် သူမ သားလေးကိုလည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။
အဲဒီ တော့မှ ခါးကုန်းကြီး ပြောပြောသွားတဲ့ "မကောင်းတာ လုပ်ရင် မကောင်းသလို
ခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကားရဲ့
အဓိပ္ပါယ်ကို သဘောပေါက် နားလည်မိရပါတော့တယ်။

     ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့
မိရင် အဲဒီ မကောင်းတဲ့စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။
ခုတော့ မကောင်းတဲ့ စိတ်ရိုင်းကိုဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်း
ကိုသာ ဖုတ်ဖြစ်ခဲ့တဲ့ အတွက် သူမသားလေး ပြန်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမ ပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသား အသက်ကို
ကယ်လိုက်တာသာ ဖြစ်ပါတော့ တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ
မကောင်းမှုကို လုပ်ဖို့ ဘယ်တော့မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။

     ကောင်းမှု တစ်ခုခု ( သို့မဟုတ် ) ကောင်းသည်၊ မှန်သည် ဟု မိမိ လေးနက်စွာ
ယုံကြည်ထားသည့်အရာ တစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ
အသိအမှတ် ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း
ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိ လုပ်လက်စ ကောင်းမှုဟု မိမိ ယုံကြည်သော
အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထို ကောင်းမှုနှင့် ထိုက်တန်သော ကောင်းကျိုးကို
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန်လည် ခံစားရမည်ဖြစ်သည်။

ချော ( အစိမ်းရောင် လွင် ပြင် )
The Good You Do, Comes Back To You
( Author Unknown) ကို ဘာသာပြန်ပါသည်။

No comments:

Post a Comment