မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, February 4, 2015

မွေးလအလိုက် အဆောင်ကျောက်မျက်များ

မွေးလအလိုက် အဆောင်ကျောက်မျက်များ

01 JANUARY
ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်

   ပထမဆုံး ဇန်နဝါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ်
ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်နဝါရီလဖွားများ
အတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ
ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့

FREE RADICAL

FREE RADICAL

(ခန္ဓာကိုယ်ဟာ အစာတွေကို ချေဖျက်လိုက်တဲ့အခါ ဖရီးရယ်ဒီကယ် ဆိုတဲ့ မော်လီကျူး
တွေကို ထုတ်ပါတယ်။ စီးကရက်မီးခိုးနဲ့ တခြား ဓာတ်ရောင်ခြည်တွေဟာလည်း ခန္ဓာကိုယ်

Monday, February 2, 2015

မက်မန်းစိမ်း၏ ဆေးဘက်ဝင်အာနိသင်များ

မက်မန်းစိမ်း ( Green Plum )


    အက်စစ်နှင့် အယ်ကာလီတို့ကို ညီမျှနေအောင် ထိန်းညှိပေးနိုင်တယ်။
မက်မန်းစိမ်းဟာ အရသာချဉ်ပေမယ့် ၎င်းထဲမှာ အယ်ကာလီနွယ်တဲ့ သတ္တုဓာတ်များက
အက်စစ်နွယ်တဲ့ သတ္တုဓာတ်များထက် ပိုများတယ်။ ဒါကြောင့် သွေးရည်ရဲ့ အက်စစ်ဓာတ်
ကို လျော့နည်းစေပြီး အယ်ကာလီပျော့ အနေအထား ဖြစ်စေတယ်။ အကျိုးဆက်အားဖြင့်
ပင်ပန်းနွမ်းလျမှု ပပျောက်စေခြင်း၊ ကာယ ဥာဏစွမ်းအားကို ပွားစေခြင်းတွေဖြစ်စေတယ်။

Sunday, February 1, 2015

တတိယ သစ်ခုတ်သမားပုံပြင်


တတိယ သစ်ခုတ်သမား ပုံပြင်




တစ်ခါတုန်းက မိန်းမအရမ်းကြောက်ရတဲ့ သစ်ခုတ်သမားတစ်ယောက်ရှိသတဲ့..
သူ့ မိန်းမက နေ့တိုင်း ဆူပူဟိန်းဟောက် ပူညံပူညံလုပ်လွန်းလို့ သစ်ခုတ်သမားဟာ အရမ်းစိတ်ညစ်နေ ပါတယ်တစ်နေ့တော့ သစ်ခုတ်သမားဟာ မိန်းမနားပူတာက သက်သာအောင် မြစ်ဆိပ်ဘေးမှာ အေးအေးဆေးဆေး သစ်သွားခုတ်နေပါတော့တယ် သစ်ခုတ်နေရင်းနဲ့ သူ့ပုဆိန်ဟာ ဟိုပုံပြင်ထဲကအတိုင်း မြစ်ထဲကို ကျသွားပါလေ ရော. အဲဒီမှာ သစ်ခုတ်သမားလည်း အိမ်ရောက်ရင် ပုဆိန်ပျောက်လို့ သူ့မိန်းမ တစ်ညလုံး ပွက်လောရိုက်မှာကို စိုးရိမ်ပြီး ငိုနေပါတဲ့.. အဲဒီမှာ မြစ်စောင့်နတ်ကြီးပေါ်လာပြီး..

ပူစီနံ(ပူဒီနာ)၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ပူဒီနာ (ပူစီနံ) ရွက်နှင့် ကျန်းမာရေး


    ပူဒီနာ (ပူစီနံ) ဟာရှေးကျသော ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်
လူသိများပါတယ်။ ကမ္ဘာပေါ်တွင်ပူစီနံပင် အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး၊ အပူအအေး
မျှတသော ဥရောပနှင့် အာရှတိုက်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းကြ၏။ အာရှတိုက်ရှိ
ပူစီနံသည် ဥရောပတိုက်ရှိ ပူစီနံထက် အရသာမှာ အနည်းငယ်ပို၍ စူးရှပါတယ်။
ပူစီနံပင်သည် ခရမ်း (သို့မဟုတ်) မရန်းနုရောင် ပန်းပွင့်ကလေးများ ဝေဝေဆာဆာ
ဖူးပွင့်ကာ သဲဆန်သောမြေတွင် ပိုမိုဖြစ်ထွန်းကြ၏။ ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး၊
မြေပြင်ပေါ်တွင် လျင်လျင်မြန်မြန် အမြစ်တွယ်ဖြန့်ကျက်၍ ပေါက်ရောက်လေ့ရှိကြပါတယ်။