ကယ်လ်စီယမ်ဆိုတာ…။
“ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်တွေဖြစ်ပြီး အဲဒီအထဲက
၉၉ ရာခိုင်နှုန်း ကိုတော့ အရိုးနဲ့ သွားတွေမှာ သုံးကြပါတယ်၊ ကျန်တာတွေ ကိုတော့
တခြား အင်္ဂါအစိတ်အပိုင်းတွေမှာ တခြားအလုပ်တွေလုပ်ဖို့ သုံးစွဲကြပါတယ်” လို့ ပညာရှင်
တွေက ဆိုထားကြပါတယ်။ ဒါကြောင့် ကျွန်မတို့ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသတ္တု
ဓာတ်တွေထဲမှာ ကယ်လ်စီယမ်လည်း တခုအပါအဝင်အဖြစ် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
ကယ်လ်စီယမ်ဟာ ဘယ်နေရာအတွက် အရေးပါတယ် ဆိုတာကို မသိခင်အချိန်
ကတည်းက လူတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဟာ လူတွေကို
အထောက်အကူပြုတယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။