မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Thursday, March 19, 2015

နွေရာသီနဲ့ ရှောင်ရန်၊ ဆောင်ရန်များ

နွေရာသီနဲ့ ရှောင်ရန်၊ ဆောင်ရန်များ
--------------------------------------
(မဖြစ်မနေ နေပူပူကို ဖြတ်သန်းသွားလာပြီး အလုပ်လုပ်ကိုင်နေကြရတဲ့သူတွေအတွက်
ဆောင်ရန် ရှောင်ရန်တွေကို Onway Beauty Land မှ ဒေါ်လှလှဝင်းက အောက်ပါအတိုင်း
အကြံပေးထားပါတယ်။)

     တစ်နေ့ကို အနည်းဆုံး ရေ ၁၅ခွက်ကနေ ခွက် ၂၀လောက် သောက်ပေးပါ။
ဒါမှ အသားအရေ အစိုဓာတ်ကို ထိန်းထားနိုင်မှာဖြစ်သလို မလိုအပ်တဲ့ အဆိပ်အတောက်
တွေကိုလဲ ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

Monday, March 16, 2015

အသည်းအကြောင်း သိကောင်းစရာ...

အသည်းကျန်းမာရေးပြဿနာ -

          ရောဂါပေါင်းများစွာနဲ့ အခြေအနေပေါင်းများစွာဟာ အသည်းကို ပျက်စီးစေတယ်။
အသည်းဟာ အလတ်စား ဖရဲသီး အရွယ်လောက်ရှိတဲ့ ခန္ဓာကိုယ်ထဲက အကြီးဆုံးအင်္ဂါ
တစ်ခုပါပဲ။ အပိုင်း (၂)ပိုင်းပါပြီး သပ် (wedge) ပုံရှိတယ်။ ညာဘက်ပိုင်း၊ ဘယ်ဘက်ပိုင်း
ရှိပြီး ညာဘက်ပိုင်းက ကြီးတယ်။ ဘယ်ဘက်ပိုင်းက ငယ်တယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်
အထက်ပိုင်းမှာ ချိတ်ဆွဲထားတယ်။ အသည်းမရှိဘဲ အစာမခြေဖျက်နိုင်ဘူး။ အစာ မစုပ်
ယူနိုင်ဘူး။ ခန္ဓာကိုယ်ထဲဝင်တဲ့ အဆိပ်အတောက်တွေကိုလည်း ရှင်းမပစ်နိုင်ဘူး။

Friday, March 13, 2015

ရွှေဖရုံစေ့

ရွှေဖရုံစေ့
။။။။။။။။။။။။။
     မြန်မာလူမျိုးများအဖို့ ရွှေဖရုံသီးကို အထူးတလည် မိတ်ဆက်ပေးဖို့ လိုမည်မဟုတ်ပေ။
ယခုလို မိုးတွင်းရာသီ ရွှေဖရုံသီးဟာ ရာသီစာဖြစ်၍ ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့ ခပ်စေးစေး
လေး နှပ်ထားတဲ့ ရွှေဖရုံသီးဟင်း တစ်ခွက်ဟာ ခံတွင်းတွေ့စရာ မြန်မာဟင်းတစ်ခွက်
ဖြစ်ပါတယ်။ ဖရုံစေ့ဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အလွန် အသုံးဝင်လှတယ်
လို့သိရပါတယ်။ အမျိုးသားတွေမှာ သုတ်ရည်ဂလင်းကြီးလာတဲ့အခါ ဆီးသွားတဲ့အချိန်
အခက်အခြဲဖစ်ရပါတယ်။ ဒီအဖြစ်ဆိုးကို ဖရုံစေ့ စားပေးခြင်းက သက်သာလျော့ပါးစေနိုင်
စွမ်းရှိပါသတဲ့။ နောက်တစ်ခုက ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ဖရုံစေ့
စားပေးခြင်းက အကူအညီပေးနိုင်ပါကြောင်း လေ့လာမှုတွေထဲမှာ တွေ့ရပြန်ပါတယ်။

ကျောက်ချဉ်၏ကျန်းမာရေးအကျိုးကျေးဇူးများ

အံ့ဖွယ်ကျောက်ချဉ်

     ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်
ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

     ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့
ခိုင်းနှိုင်း တင်စားလေ့ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ်
ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း
အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ပိုက်ဆံမသုံးတဲ့ဘဝ...

 ပိုက်ဆံမသုံးတဲ့ဘဝ
။။။။။။။။။။။။။။။။။။။။။။။။
     ဂျာမဏီနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အိမ်မရှိ၊ ကားမရှိ၊ ပိုက်ဆံအိတ်မရှိတဲ့ဘဝနဲ့
ဘဝကို ဖြတ်သန်းနေခဲ့တာ ၁၈နှစ်ရှိခဲ့ပြီဖြစ်တယ်။ သူ့နာမည်က Heidemarie Schwermer
လို့ခေါ်ပါတယ်။ ၁၉၉၆ခုနှစ်မှာ သူဟာ အလုပ်ကထွက်ပြီး၊ အိမ်ကို အိမ်ရှင်ဆီပြန်အပ်ပြီး၊
ပိုင်ဆိုင်သမျှပစ္စည်းတွေ လူများကိုပေးပစ်ပြီး ပိုက်ဆံမသုံးတဲ့ဘဝကို စတင်ခဲ့တာဖြစ်တယ်။
သူရဲ့စားဝတ်နေရေးကိုတော့ လူများကို ပန်းဥယျာဉ်ပြင်ပေးတာ၊ အိမ်သန့်ရှင်းရေးလုပ်ပေးပြီး
အစားအစာ၊ အိပ်ဖို့နေရာနဲ့ လဲလှယ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီနှစ်မှာ ၇၂နှစ်ပြည့်ပါပြီ။

Thursday, March 12, 2015

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

 ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မတစ်ယောက်ဟာ သူ့မိသားစု
စားဖို့အတွက် ပေါင်မုန့် ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူး တစ်ခု
ရပြီး ပေါင်မုန့်အပို တစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေ
တဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်
မှာ ထားထား လိုက်ပါတယ်။ အဲဒီ ပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ
အဝေး တစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ် ကင်းရှင်းပါစေကြောင်း
ဆုတောင်း တတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့
ဆိုပြီး မြို့ကိုထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက်
သတင်း မကြားရတာ ကြာပြီဖြစ်တဲ့ သူမသားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့
ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ်ကင်းရှင်းအောင် ဆုတောင်းနေရတာ
ဖြစ်ပါတယ်။

အုန်းသီးနှင့်ကျန်းမာရေးအကျိုးကျေးဇူးများ

အုံးသီးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါသလား။

   မြန်မာအများစုက အုံးသီးမှာ ပြည့်ဝ အဆီတွေပါလို့ သွေးအဆီများစေတယ် သွေးတိုး
ရောဂါရှိသူများအတွက် မကောင်းဘူးလို့ ယူဆပါတယ်။ ကျမ ရန်ကုန်မှာ ဆေးခန်း
ဖွင့်စဉ်က ကျမရဲ့ သွေးတိုးလူနာတစ်ဦး အလှူမှာ အုံးနို့ခေါက်ဆွဲစားပြီးတိုင်း သွေးတိုးလို့
ဆေးခန်းကိုရောက်လာလေ့ရှိပါတယ်။ ကျမကိုယ်တိုင်လည်း အုံးနို့ခေါက်ဆွဲစားပြီးရင်
သွေးတက်လေ့ရှိပါတယ်။ ဒါပေမဲ့ ယိုးဒယားတွေကတော့ ဒီအချက်ကို လက်မခံပါဘူး။
သူတို့ အစာတော်တော်များများမှာ အုံးသီးပါကြောင်းပြောဆိုပါတယ်။ ယခု အင်တာနက်
မှာ ရှာကြည့်တော့ အုံးသီးမှာ ပြည့်ဝ အဆီပါပေမဲ့ အဲ့ဒီအဆီတွေက အရွယ်အားဖြင့်
အလတ်စားသာ ရှိကြပါတယ်။ ကျမတို့ ခန္ဓာကိုယ်က အဆီအသေးနဲ့ အလတ်စားတွေကို
အလွယ်တကူ ခြေဖျက်နိုင်တာမို့ အရွယ်ကြီးမားတဲ့ တိရိစ္ဆာန်အဆီတွေလို သွေးအဆီကို
မများစေတာကြောင့် နှလုံးရောဂါစတာတွေကို မဖြစ်စေနိုင်ရုံသာမက အဆီဓာတ်ကိုပင်
ထိန်းနိုင်၊ ကျစေနိုင်တယ်လို့ဆိုပါတယ်။

Wednesday, March 11, 2015

ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ

 ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     ကျနော်က ဦးမောင်မောင်ရဲ့ ဦးနှောက်ပါ။ ကျနော်နဲ့ယှဉ်ရင် စကြာဝဠာမှာ ရှိသမျှ
အံ့သြဖွယ်အားလုံး မှေးမှိန်ပျောက်ကွယ်သွားကြပါမယ်။ ကျနော်က တစ်ကီလိုခွဲ လေးပြီး၊
ချွဲတဲတဲနဲ့ မီးခိုးရောင်လွှမ်းတဲ့ အရောင်ရှိပါတယ်။
(မြတ်ဘုရားက မုန့်ညက်ဖတ် အခဲကဲ့သို့ ပြစ်ခဲသည်ဟု ဟောတော်မူပါတယ်)။

ဆိတ်ကွယ်ရာနှင့်အမှန်တရား

 ဆိတ်ကွယ်ရာ နှင့် အမှန်တရား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     တိကအင်္ဂုတ္တိုရ်၊ ၄-ဒေဝဒူတဝဂ်တွင် မြတ်ဗုဒ္ဓက လောက၌ မကောင်းမှုပြုသော
သူအား လူသူ ဆိတ်ကွယ်ရာ အရပ်မည်သည် မရှိ။ လူတွေမမြင်သော်လည်း နတ်များ
မြင်နိုင်သည်၊ အဘိဥာဉ်ရသောသူများ မြင်နိုင်သည်။ အနည်းဆုံး မိမိပြုသောအမှုကို
မိမိကိုယ်တိုင် သိ၏ ဟု ဟော်တော်မူပါတယ်။

Tuesday, March 10, 2015

ကယ်လ်စီယမ်နှင့်ကျန်းမာရေး

ကယ်လ်စီယမ်ဆိုတာ…။ 

     “ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်တွေဖြစ်ပြီး အဲဒီအထဲက
၉၉ ရာခိုင်နှုန်း ကိုတော့ အရိုးနဲ့ သွားတွေမှာ သုံးကြပါတယ်၊ ကျန်တာတွေ ကိုတော့
တခြား အင်္ဂါအစိတ်အပိုင်းတွေမှာ တခြားအလုပ်တွေလုပ်ဖို့ သုံးစွဲကြပါတယ်” လို့ ပညာရှင်
တွေက ဆိုထားကြပါတယ်။ ဒါကြောင့် ကျွန်မတို့ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသတ္တု
ဓာတ်တွေထဲမှာ ကယ်လ်စီယမ်လည်း တခုအပါအဝင်အဖြစ် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
     ကယ်လ်စီယမ်ဟာ ဘယ်နေရာအတွက် အရေးပါတယ် ဆိုတာကို မသိခင်အချိန်
ကတည်းက လူတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေဟာ လူတွေကို
အထောက်အကူပြုတယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။

Sunday, March 8, 2015

နေလောင်ကာခရင်မ် ရွေးချယ်နည်းလမ်းညွှန်

နေလောင်ကာခရင်မ် ရွေးချယ်နည်းလမ်းညွှန်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

     နွေရောက်ပါပြီ။ နေရောင်ထဲမှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားရဲ့
အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်တွေကို တိုက်ခိုက်ပါတော့
တယ်။ ဒါကြောင့် တစ်နေ့တခြား သိသိသာသာ ပူနွေးလာတဲ့ ကမ္ဘာကြီးအတွက် သင့်
အသားအရေကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်တားဆီးဖို့ လိုအပ်ပါတယ်။

Friday, March 6, 2015

ငှက်ပျောသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 ငှက်ပျောသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


 ၁။ ငှက်ပျောသီးသည် ကြွက်သားများလိုအပ်သော ကစီဓာတ်စွမ်းအင်ကို ထုတ်ပေးသည်။

Tuesday, March 3, 2015

သွေး...

သွေး
။။။။။။။

          သွေးဆိုတာ သာမန်မျက်စိနဲ့ကြည့်ရင် နီတဲ့အရည်လို့သာ မြင်ပါလိမ့်မယ်။
တကယ်ကသွေးမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ သွေးဥနီ (သူ့ကြောင့်အနီရောင်ဖြစ်တာပါ)၊
သွေးဥဖြူ (အရောင် မရှိပါဘူး)၊ သွေးဥမွှား (အသားစအမွှာလို အရွယ်အစားအမျိုးမျိုး
ရှိပါတယ်) တွေဟာ အဝါနု ရောင်ရှိတဲ့ သွေးရည်ကြည်ထဲမှာ မျောနေကြတာပါ။

ခုံးကောင်အစွမ်း


ခုံးကောင်အစွမ်း
=========
    ယခုအခါ နိုင်ငံတော်တော်များများတွင် ခုံးကောင်(ကမာ)ကို လူတော်တော်
များများ စားသုံးခြင်း များလာကြသည်။ ခုံးကောင်၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ
ငန်၏။ အသည်းနှင့် ကျောက်ကပ်တို့အတွက် ကောင်းကျိုးပေး၏။